![http://thumbs.dreamstime.com/z/boy-talking-8429468.jpg](http://thumbs.dreamstime.com/z/boy-talking-8429468.jpg)
ထိုအခါကောင်လေးကနည်းနည်းအတင့်ရဲလာပြီး အမျိုးမျိုးနှောပြန်သည်။ အသင့်ပါလာသော ဇီးထုပ်လေးအားလှမ်းပေးလိုက်သောအခါ သူမကတစ်ချက်ပြုံးပြပြီး ယူလိုက်သည်။ `သြော်..အခုခေတ်မိန်းကလေးတွေများ တော်တော်အညှာလွယ်ကြတာကိုး ´ လို့ ကျွန်တော်ကြည့်ပြီး ကောက်ချချမိလိုက်သည်။ သူကောင်းသားက စကားမပီလို့သာပေါ့ ..ပြောလိုက်တဲ့စကားက မွှန်ထနေတာပဲ သူပြောတာတွေကို ကောင်မလေးက ပြုံးပြလိုက် ခေါင်းငြိမ့်ပြလိုက်နဲ့အဆင်ကိုပြေလို့ ။ ကြာတော့ကျွန်တော်ကြည့်မရတော့သဖြင့် မျက်စိကိုမှိတ်ပြီး မှေးနေလိုက်သည်။ သူတို့နှစ်ဦး အတန်ကြာပြီးမှကောင်လေးက စကားစလာပြန်သည် ။ `မိန်းထရေးရယ် ကိုယ့်ကို စကားလေးဘာရေး ကြန်ကြောပါဦး ၊အိုတွာ ချင်းချင်းပြောရရင် ကိုယ်မိန်းထရေးကို ညင်ညင်ချင်း ချစ်မိနေတယ်ကွာ´ တောက်!..`.လူပါးက၀လို့ကွာဘေးကလူတွေကိုမှ အားမနာ´ ဟူသောအတွေးနဲ့ မျက်လုံးကို ဆက်ခနဲဖွင့်လိုက် ပြီးသူကောင်းသားကို ခပ်စူးစူးစိုက်စိုက် ကြည့်လိုက် တယ်။ ပြောပြောဆိုဆိုနဲ့ သူကောင်းသားက ကောင်မလေးလက်ကို လှမ်းကိုင်မယ်အလုပ် …ရုတ်တရတ်ကောင်မလေးရဲ့ ပြန်ဆက်ဆံလိုက်သောအမူအရာကြောင့် ကျွန်တော် မရယ်မိအောင် ပါးစပ်ကိုလက်ဝါးနဲ့ ကမန်းကတန်းအုပ်လိုက်ရတော့သည်။ ဒီကြားထဲ အသံက ခွီးကနဲ ထွက်သွားသေး ..။ငနဲသားလှမ်းလာတဲ့လက်ကိုကောင်မလေးက လက်နှစ်ဖက်ဖြင့် ပြူးပြူးပြဲပြဲ `အာဘာအာဘာ အာဘာဘာ´ ဟုဆိုကာခေါင်းနှင့်လက်ကို တွင်တွင်ခါရမ်းနေခြင်းပင်။
ဟိ…ဆုံတတ်ပါပေ့ အ တီးနဲ့ အ တ တို့ရယ်။………(တကယ် အဖြစ်ပပျက်လေးနော်..အဟိ..တိုတိုကြီးတို့ သတိထားကြနော် အဲ့လိုတွေ့နေမယ်)Writing By- Ye Tay Za Kyaw
good ko gyi အဲလိုမျိုးတွေအများကြီးရေးနော် ပိုးအမြဲတမ်းအားပေးနေပါမှာ
ReplyDelete