Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu


စာပေမြို့ တော်သို့  လာရောက်ကြသူ အပေါင်း ကျန်းမာချမ်းသာ ကြပါစေလို့  ဆုမွန်ကောင်းတောင်းလိုက်ပါသည်ခင်ဗျာ...>>အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ...မန်ဘာဝင်ပြီးအားပေးနော်..။

စာပေမြို့တော်တွင် Member၀င်ရန်

Followers


စာလုံးပြောင်းရန်
အသေး ပုံမှန် +ကြီး ++ကြီး

Thursday, February 28, 2013

"သင့်ဘ၀အဖော်မွန်အကြောင်းများ"

သင့်ဘ၀အဖော်မွန်အကြောင်း(၁)

အကယ်၍သင်၏ဘ၀အဖော်မွန်သည် ၁၂၈၂ ၊ ၁၂၈၉ ၊ ၁၂၉၆ ၊ ၁၃၀၃ ။ ၁၃၁၀ ၊ ၁၃၁၇ ၊ ၁၃၂၄ ၊ ၁၃၃၁ ၊ ၁၃၃၈ ၊ ၁၃၄၅ ၊ ၁၃၅၂ ၊ ၁၃၅၉ စသော မြန်မာမွေးသက္ကရာဇ်များတွင် မွေးဖွားသူဖြစ်ပါက....
သူ၏စိတ်ပိုင်းဆိုင်ရာ=
သူသည် လူဖြောင့်စိတ်တိုဖြစ်၏။ နေရာတကာတွင် ဦးဆောင်လိုသောသူဖြစ်၏။ စိတ်လည်း အလွန်မြန်သူ ဖြစ်၏။ သည်းခံလိုသော စိတ်လည်း မရှိ။ မည်သည့်အရာကိုမျှ အားမနာတတ်ပေ။ သူသည် ခက်ထန်၏။ မခံချင် စိတ်လည်း အလွန်ကြီးမားသူဖြစ်လေသည်။

သူ၏ရုပ်ပိုင်းဆိုင်ရာ=
သူ့ကိုကြည့်လျှင် အစဉ်အမြဲ ဖြတ်လတ်နေ၏။ ဘာကိုပဲလုပ်လုပ် လျင်လျင်မြန်မြန် ဆောင်ရွက်လေ့ရှိ၏။ သူ၏ ကိုယ်ခန္ဓာသည် မာကျော၍ ကျစ်လစ်နေ၏။ အရပ်အနည်းငယ် ပုဟန်ရှိ၏။ ဟန်ဆောင်ကောင်း၏။ ရဲရင့်၏။ သူ၏အသံသည် အစဉ်ကျယ်၏။ သူသည် ပိန်ပါက ရောဂါမကင်းချေ။

သူ၏စီပွားရေး၊လူမှု့ရေးဆိုင်ရာ=
ဈေးသည်၊ ကုန်သည်လုပ်ငန်း အကျိုးမပြုခြင်း ။ လူအများနှင့် ပူးတွဲပေါင်းစပ် အကျိုးမခံစားရခြင်း ၊ သူတစ်ပါး ကို အားကိုးယုံကြည်လျှင် ဒုက္ခဖြစ်လွယ်ခြင်း ၊ ကိုယ်ဒူး ကိုယ်ချွန်မှ အကျိုးခံစားရခြင်း ၊ မိဘ ၊ ဆွေမျိုး ၊အိမ်ထောင်ဖက် ၊ ဆရာတပည့်များ၏ အကျိုး မခံစားရခြင်း။

ကျန်မာရေးဆိုင်ရာ=
သူသည် လေရောဂါ ၊ လိပ်ခေါင်းရောဂါ ၊ ဒူလာရောဂါ ၊ မီးယပ်ရောဂါ ၊ ၀မ်းကိုက်ရောဂါ ၊ ရင်ခေါင်းစသည် တို့တွင် ဖြစ်တတ်တဲ့ ရောဂါများ။ အစာအိမ်ရောဂါ။ သည်းခြေရောဂါ။ ရေချိုးမှားခြင်း။ အဆုတ်ရေ၀င်ခြင်း စသောရောဂါများ ဖြစ်တတ်ပါတယ်။

လိုက်နာကျင့်ဆောင်ဖွယ်။
လူအောက်ကြို့ပေါင်းရမယ်တဲ့။ သူတစ်ပါးတွေကို လုံးဝ အားမကိုးရဘူး။ ကိုယ်ပေါင်း စိတ်ခွါပေါင်းသင်း ဆက်ဆံရမယ်။ လူတွေနဲ့ စိတ်ရှည် သီခံတတ်မယ်ဆိုရင် သင်၏ ဘ၀ကြင်ဖော်သည် မုချ အောင်မြင်သော ပုဂ္ဂိုလ်ဖြစ်လာပါလိမ့်မည်။

သင့်ဘ၀အဖော်မွန်အကြောင်း(၂)

အကယ်၍သင်၏ ဘ၀အဖော်မွန်သည် ၁၂၆၉ ၊ ၁၂၇၆ ၊ ၁၂၈၃ ၊ ၁၂၉၀ ၊ ၁၂၉၇ ၊ ၁၃၀၄ ၊ ၁၃၁၁ ၊ ၁၃၁၈ ၊ ၁၃၂၅ ၊ ၁၃၃၂ ၊ ၁၃၃၉ ၊ ၁၃၄၆ ၊၁၃၅၃ ၊ ၁၃၆၀ စသော မြန်မာသက္ကရာဇ်များတွင် မွေးဖွားသူဖြစ်ပါက

စိတ်ပိုင်းဆိုင်ရာ=
သူဟာ တစ်ဖက်သတ်တစ်ယူသန်ဆန်တယ်။ တရားတစ်ဖက် ဓားတစ်ဖက် ပြုကျင့်လွယ်တယ်။ သူ့ကို အုပ်ချုပ် မှုကကို အလွန်ဆန်ကျင်တတ်တယ်။ အယူအဆအစွဲအလမ်း ကြီးမားတတ်တယ်။ ဘာသာတရားနဲ့ နတ်ကိုယုံကြည်တတ်တယ်။
ရုပ်ပိုင်းဆိုင်ရာ=
အကြောများသန်စွမ်းမာကြောခြင်း၊ အနေအထိုင် သတ်ရပ်သိမ်မွေ့ဟန်ရှိခြင်း၊ အပေါင်းအသင်းနှင့် ပူးတွဲနေထိုင်ပျော်ပါးခြင်း။ ဟန်ဆောင်ကောင်းတယ်။ လက်တွေ့ဆန်လွန်းတယ်။
စီးပွားရေး၊လူမှု့ရေးဆိုင်ရာ=
မိမိသဘောအတိုင်း စွန့်စားလုပ်ကိုင်မယ်ဆိုရင် အမှားများမယ်။ ပျက်စီးမယ်။ ပူးတွဲပေါင်းစပ် အုပ်ချုပ်မှု့ အာက်မှာ လုပ်ကိုင်မယ်ဆိုရင် ကြီးပွားလွယ်တယ်။ အပေါင်းအသင်းကြောင့် ပျက်စီးလွယ်ခြင်း။ အုပ်ချုပ်မှု့ကို သီးမခံနိုင်တဲ့အတွက် သူ့မှာ အတိုက်အခံတွေ များမယ်။ စိတ်ဆင်းရဲရမယ်။

ကျန်းမာရေးဆိုင်ရာ=
ဦးနှောက်အာရုံကြောတွေ ပျက်စီးလွယ်တယ်။ နှလုံးရောဂါလည်း ဖြစ်ပွားလွယ်တယ်။ မျက်စေ့၊နား။ အာရုံခံစားမှုများ ပျက်စီးလွယ်တယ်။ သည်းခြေပျက် မှတ်ညာဏ်ပျက်ခြင်းများ ဖြစ်တတ်တယ်။

လိုက်နာကျင့်ဆောင်ရန်=
မိမိသဘောနဲ့ စိတ်ထင်ရာ မလုပ်နဲ့။ မိဘ ဆရာ အုပ်ထိမ်းသူတို့၏ သဘောကို လိုက်နာရမယ်။ အရမ်းကြီး လွတ်လွတ်လတ်လတ် မနေရဘူး။ ရုတ်တရက် စိတ်လိုက်မာန်ပါ မလုပ်ရဘူး။ ဒါဆိုသေချာပေါက် အောင်မြင်မယ်။

သင့်ဘ၀အဖော်မွန်အကြောင်း(၃)

အကယ်၍ သင်၏ ဘ၀အဖော်မွန်သည် ၁၂၇၀ ၊ ၁၂၇၇ ၊၁၂၈၄ ၊၁၂၉၁ ၊၁၂၉၈ ၊၁၃၀၅ ၊၁၃၁၂ ၊၁၃၁၉ ၊ ၁၃၁၉ ၊ ၁၃၂၆ ၊ ၁၃၃၃ ၁၃၄၀ ၊ ၁၃၄၇ ၊ ၁၃၅၄ ၊ ၁၃၆၁ ၊ စသောမြန်မာ သက္ကရာဇ်များတွင် မွေးဖွားသူ ဖြစ်ပါက................

စိတ်ပိုင်းဆိုင်ရာ=
စိတ်တိုခြင်း ၊ စိတ်မြန်ခြင်း ၊ နှုတ်ထွက်စကားဆိုးခြင်း ၊ ကြမ်းခြင်း ၊ ဘုဘောက်ဆက်ဆံခြင်း ၊ အတိုက်အခံစိတ်ကြီးမားခြင်း ၊မမျိုသိပ်ထားနိုင်းခြင်း ။

ရုပ်ပိုင်းဆိုင်ရာ=
လှုပ်ရှားပြောင်းလဲမှုများခြင်း ၊သွေးသားအုပ်စုနှင့်မတည့်ခြင်း ၊မွေးရပ်မြေမှ လွင့်ပါးနေရခြင်း ၊ အိမ်ထောင်ရေးရုတ်တရက်ကျခြင်း ၊ပျက်စီးလွယ်ခြင်း ၊မွေးချင်းမိဘနှင့် ခွဲခွါရတတ်ခြင်း ။

စီးပွားရေး ၊ လူမှူ့ ရေးဆိုင်ရာ=
မခံချင်စိတ်ကြောင့် ပျက်စီးလွယ်ခြင်း ၊ စကားများများပြောက အတိုက်အခံကြုံရခြင်း ၊ ခရီးများများသွားက ရန်များခြင်း ၊ ကျန်းမားရေးညံ့ခြင်း ၊ သွားလေရာ အိမ်ထောင်ကျလွယ်ခြင်း ၊ အိမ်ထောင်ဆက်များခြင်း ။

ကျန်းမားရေးဆိုင်ရာ=
ခံတွင်းနှင့်သွား ပျက်စီးလွယ်ခြင်း ၊ လေအောင့် ရင်အောင့် ရောဂါရလွယ်ခြင်း ၊ ခြေထောက် ထိခိုက်ပျက်စီးခြင်း ၊ ခွဲစိပ်ရောဂါများ ဖြစ်ပွါးလွယ်ခြင်း ၊လေဖြတ်တတ်ခြင်း ။

လိုက်နာကျင့်ဆောင်ရန်=
စကားပြောသိမ်မွေ့ ပါ ၊ အတိုက်အခံသဘောရှောင် ၊ ခရီးသွားလာမှူ့  များခြင်းကိုရှောင်ကျဉ်ခြင်း ၊ စိတ်ပိုင်း ရုပ်ပိုင်းတည်ငြိမ်စွာနေခြင်း ၊ရုတ်တရက် တဇွတ်ထိုးစကားမပြောရ ။

သင့်ဘ၀အဖော်မွန်အကြောင်း(၄)

အကယ်၍ သင်၏ ဘ၀အဖော်မွန်သည် ၁၂၇၁ ၊ ၁၂၇၈ ၊၁၂၈၅ ၊၁၂၉၂ ၊၁၂၉၉ ၊၁၃၀၆ ၊၁၃၁၃ ၊၁၃၂၀ ၊ ၁၃၂၇ ၊ ၁၃၃၄ ၊ ၁၃၄၁ ၊ ၁၃၄၈ ၊ ၁၃၅၅ ၊ ၁၃၆၂ ၊ စသောမြန်မာ သက္ကရာဇ်များတွင် မွေးဖွားသူ ဖြစ်ပါက.....


စိတ်ပိုင်းဆိုင်ရာ =
မခံချင်စိတ်ကြောင့် လောဘကြီးဟန်ဖြစ်ခြင်း ၊ ဖြတ်လမ်းသဘောလုပ်ငန်းလုပ်လိုခြင်း ၊ မခံချင်စိတ်ဖြစ်လွယ် ခြင်း ၊ စိတ်ကျေနပ်ရောင့်ရဲမှူ့ နည်း၍ အပြောင်းအလဲမြန်ခြင်း ၊အယုံလွယ်ခြင်း ။

ရုပ်ပိုင်းဆိုင်းရာ =
ဟန်- မာန်-အကြွား သဘောဆောင်ခြင်း ၊ လုပ်ငန်းများလုပ်ရာတွင် မသေသပ်ခြင်း ၊ ဂဏာမငြိမ်သော အမူအ ရာဖြစ်ခြင်း ၊ ဘုမသိဘမသိ သဘောနှင့် အိမ်ထောင်ပြုရတတ်ခြင်း ။

စီးပွားရေး ၊ လူမှုရေးဆိုင်ရာ=
အတိုက်အခံ ရန်ပေါများခြင်း ၊ လုပ်ငန်းများ အမျိုးမျိုးပြောင်းလဲခြင်း ၊ လက်တွေ့ ဆန်ခြင်း ၊ စီးပွားရေးလော ဘကြီးသောကြောင့် ရုတ်တရက် ပျက်စီးတတ်ခြင်း ၊ ဧည့်ဝတ် မကျေပွန်တတ်ခြင်း ။

ကျန်းမာရေးဆိုင်ရာ =
သွေးနှင့်ပတ်သော ရောဂါများ ဖြစ်ပွားတတ်ခြင်း ၊ ခွဲစိတ်ဖြတ်တောက် ရောဂါများ ကြုံလွယ်ခြင်း ၊ ရုတ်တရက် ဘေးဥပါဒ်ကြုံခြင်း ၊ သွေးတိုး ၊ အကြောပြတ် ၊ သွေးသွန် ၊ သားပျက်ဖြစ်လွယ်ခြင်၏ ။

လိုက်နာကျင့်ဆောင်ရန် =
ဖြတ်လမ်းသဘောပါသော စီးပွားရေးများမလုပ်ခြင်း ၊မခံချင်စိတ် လောဘစိတ် ၊ထိန်းသိမ်းနိုင်ခြင်း ၊ လုပ်ငန်း အမျိုးမျိုးမပြောင်းလဲခြင်း ၊ တစ်ခုခုကို ဇောက်ချလုပ်ကိုင်ခြင်းပြုပါ 

သင့်ဘ၀အဖော်မွန်အကြောင်း(၅)

အကယ်၍ သင်၏ ဘ၀အဖော်မွန်သည် ၁၂၇၂ ၊ ၁၂၇၉ ၊၁၂၈၆ ၊၁၂၉၃ ၊၁၃၀၀ ၊၁၃၀၇ ၊၁၃၁၄ ၊၁၃၂၁ ၊ ၁၃၂၈ ၊ ၁၃၃၅ ၊ ၁၃၄၂ ၊ ၁၃၄၉ ၊ ၁၃၅၆ ၊ ၁၃၆၃ ၊ စသောမြန်မာ သက္ကရာဇ်များတွင် မွေးဖွားသူ ဖြစ်ပါက.....

စိတ်ပိုင်းဆိုင်ရာ....
တစ်သီးတစ်သန့် နေလိုစိတ်ကြီးမားတယ်။ သွေးသားဆွေမျိုးသားချင်းတွေနဲ့ မပျော်မွေ့ခြင်း။ အိမ်ထောင်ရေးကို စိတ်ကုန်မြန်ခြင်း။ အတွေးအခေါ်နှင့် ပေါင်းသင်းဆက်ဆံရေးတွင် တည်ငြိမ်ခန့်ငြားတယ်။

ရုပ်ပိုင်းဆိုင်ရာ.....
အနေအထိုင်သန့်ပြန်တယ်။ လူနေဟန်ထား ခန့်ခြားတယ်။ အိမ်ထောင်ဖက်၏ ကောင်းကျိုးကို မခံစားရခြင်း။ အပြင်လုမျာ၏ လေးစားခံရလွယ်ခြင်း အထင်ကြီးခံရခြင်း။

စီးပွားရေးနှင့် လူမှု့ရေးဆိုင်ရာ.....
အိမ်တွင်းစီးပွားရေး မထွန်းကားဘူး။ ဆွေမျိုးသားချင်းတွေနဲ့ ပေါင်းစပ်ပြီး စပ်တူစီးပွားရေး လုပ်ကိုင်မရဘူး။ အိမ်အပြင်မှာဆိုရင်တော့ အောင်မြင်လွယ်တယ်။ ကျော်ကြားလွယ်တယ်။ ဆွေမျိုးသားချင်းတွေပေးတဲ့ ဒုက္ခကို ခါးစီးခံရမယ်။

ကျန်းမာရေးဆိုင်ရာ....
ဦးခါင်း၊ဦးနှောက်ရောဂါဖြစ်ပွားလွယ်တယ်။ ခေါင်းမူးမယ်။ သွေးတက်တယ်။ ဆီးရောဂါဖြစ်ပွားလွယ်တယ်။ ဒူလာမုတ်ကျရောဂါ ဖြစ်လွယ်တယ်။ ဒူးခေါင်းကိုက်ခြင်း၊ ဦးခေါင်းကိုက်ခြင်း၊ ရောင်ခြင်းများနှင့် အမျိုးသမီးဆိုပါက သားအိမ်တွင်ရောဂါ ဖြစ်တတ်ပါတယ်။

လိုက်နာကျင်ဆောင်ရန်.....
တစ်ကိုယ်ကောင်းမဆန်သင့်ပါဘူး။ တစ်ယောက်တည်း အထီးကျန်ဆန်စွာ မနေသင့်ပါဘူး။ ဆွေမျိုးတွေနှင့် သိုက်သိုက်ဝန်းဝန်း ပျော်ပျော်ရွှင်ရွှင်နေထိုင်သင့်ပါတယ်။ အိမ်ထောင်ရေးကို ပျော်ရွှင်အောင် ကြိုးစားသင့်ပါတယ်။ ကိုယ့်ရဲ့ မိသားစုအပေါ်မှာ တစ်ဖက်သတ် အနိုင်မယူသင့်ပါဘူး။

သင့်ဘ၀အဖော်မွန်အကြောင်း(6)

အကယ်၍ သင်၏ ဘ၀အဖော်မွန်သည် ၁၂၇၃ ၊ ၁၂၈၀ ၊၁၂၈၇ ၊၁၂၉၄ ၊၁၃၀၁ ၊၁၃၀၈ ၊၁၃၁၅ ၊၁၃၂၂ ၊ ၁၃၂၉ ၊ ၁၃၃၆ ၊ ၁၃၄၃ ၊ ၁၃၅၀ ၊ ၁၃၅၇ ၊ ၁၃၆၄ ၊ စသောမြန်မာ သက္ကရာဇ်များတွင် မွေးဖွားသူ ဖြစ်ပါက.....

စိတ်ပိုင်းဆိုင်ရာ.......
သူဟာ စိတ်ကူးအရမ်း ယဉ်တတ်တယ်။ လူတစ်ဖက်သားကို ခွင့်လွှတ်တတ်တယ်။ ဟန်ဆောင် အရမ်းကောင်း တယ်။ အားနာတတ်တယ်။ ပရိယာယ် ကြွယ်ဝတယ်။ လိမ်တတ်တယ် ၊ လှည့်စားတတ်တယ်။ စိတ်အပြောင်း အလဲ မြန်တယ်။

ရုပ်ပိုင်းဆိုင်ရာ........
ဟန်ကောင်းကောင်းနဲ့ ပျော်ပျော်နေတတ်တယ်။ စကားကို လွယ်လွယ်ပြောတတ်တယ်။ ဂတိပေး အရမ်းမြန် တယ်။ အာမခံ ရဲတယ်။ လူတွေကို အပေါ်ယံ သကာလောင်း ဆက်ဆံတတ်တယ်။

စီးပွားရေး-လူမှုရေးဆိုင်ရာ.......
ပေါင်းသင်းဆက်ဆံရေး ကောင်းပေမယ့် သူရဲ့ ဟန်ဆောင်တတ်တာရယ်၊ ကြွားတတ်တာရယ်ကြောင့် အောင်မြင်မှု့ မရတတ်ဘူး။ အားနာတတ်လို့လည်း မကြာမကြာ အခက်တွေ့ရတတ်တယ်။ သူတို့ဘ၀မှာ အချစ်ရေး အိမ်ထောင်ရေး အရှုပ်အထွေးတွေများတယ်။ နောက်ပြီး ဂတိပေးပြီး ဂတိပျက်တတ်သောကြောင့် လူတွေက သူ့ကို မယုံမကြည်ဖြစ်တတ်တယ်။

ကျန်းမာရေးဆိုင်ရာ......
အကြောနှင့်ပါတ်သက်သောရောဂါများ ဖြစ်တတ်တယ်။ အစာအိမ်ရောဂါ နှင့် လေထိုးလေအောင့်ရောဂါတွေ ဖြစ်တတ်တယ်။ နောက်ပြီး ခြေလက်ကပ်ခြင်း အကြောသေခြင်းတွေကိုလည်း သတိထားသင့်တယ်။

လိုက်နာကျင့်ဆောင်ရန်......
လူတွေကို ဟန်ဆောင်မှု့ မရှိဘဲ ဆက်ဆံပါ။ ပေးထားသော ဂတိတစ်ခုကို တန်ဖိုးထားပါ။ အားမနာတတ်အောင် ကြိုးစားပါ။ အချစ်ရေးနျင့် အိမ်ထောင်ရေးကိစ္စများတွင် သစ္စာရှိပါ။

သင့်ဘ၀အဖော်မွန်အကြောင်း(7)

အကယ်၍ သင်၏ ဘ၀အဖော်မွန်သည် ၁၂၇၄ ၊ ၁၂၈၁ ၊၁၂၈၈ ၊၁၂၉၅ ၊၁၃၀၂ ၊၁၃၀၉ ၊၁၃၁၆ ၊၁၃၂၃ ၊ ၁၃၃၀ ၊ ၁၃၃၇ ၊ ၁၃၄၄ ၊ ၁၃၅၁ ၊ ၁၃၅၈ ၊ ၁၃၆၅ ၊ စသောမြန်မာ သက္ကရာဇ်များတွင် မွေးဖွားသူ ဖြစ်ပါက.....

စိတ်ပိုင်းဆိုင်ရာ........
လျင်မြန်စွာ ဆုံးဖြတ်ချက်ချတတ်တယ်။ မခံချင်စိတ် အရမ်းကြီးမားတယ်။ ဒေါသလည်းကြီးတယ်။ မျိုသိပ်မထားတတ်ဘူး။ နောက် ပေါက်ကွဲလွယ်တယ်။

ရုပ်ပိုင်းဆိုင်ရာ........
သူက- အလှအပမက်မောတယ်။ နောက်ပြီး အရမ်းလည်း မွမ်းမံပြင်ဆင်တတ်တယ်တဲ့။ ခေတ်ဆန်တယ်။ မာန်မာနကတော့ ကြီးသလားမမေးနဲ့။ ကြည့်လိုက်ရင် သွက်သွက်လက်လက်ကလေးပဲ။ သိပ်တော့ တည်ငြိမ်မှု့ မရှိဘူး။

စီးပွားရေးနှင့်-လူမှု့ရေး......
လိုရင်တစ်မျိုး မလိုရင်တစ်မျိုးနဲ့ ပရိယာယ်ကြွယ်တယ်။ လူတွေနဲ့ ဆက်ဆံတဲ့နေရာမှာ ဟန်ဆောင် သိပ်ကောင်း တယ်။ အနုပညာတွေ ဘာတွေလုပ်ရင် ထွန်းပေါက် အောင်မြင်လွယ်တယ်။ အိမ်ထောင်ရေးကတော့ သူ့စိတ် ကြီးပဲဆိုတော့ သိပ်အဆင်မပြေလှဘူး။ အလျိုတွေ လူပျိုတွေဆိုရင်တော့ အချစ်ဇာတ်လမ်းလေးတွေ များတတ်တယ်ပေါ့။

ကျန်းမာရေးဆိုင်ရာ.......
နှလုံးရောဂါ ၊ သွေးအားနည်းတဲ့ရောဂါ ၊ ရင်တုန်ခြင်း ၊ သည်းခြေပျက်တဲ့ရောဂါ ၊ မူးဝေမောပန်းခြင်းများ ဖြစ်တတ် တယ်။

လိုက်နာကျင်ဆောင်ရန်.......
စိတ်ရှည်ရှည်ထားပါ။ သည်းခံစိတ်ကို အကျအန မွေးမြူပါ။ စိတ်လိုက်မာန်ပါ မလုပ်နဲ။ ဒီလောက်ပါပဲ....
ဆရာကြီးဟိန်းတင့်ဇော်ထံမှ
လေးစားလျှက်.......ရဲတေဇကျော် 

သင်၏ချစ်သူရွေးချယ်သောအရောင်မှတဆင့်

colorology


အရောင်များမှတဆင့် သင့်ချစ်သူ၏ နှလုံးသားအတွင်းသို့ ၀င်ကြည့်ကြ ရအောင်နော်။ အရင်ဆုံး သင်၏ ချစ်သူကို ဘာအရောင်ကို အကြိုက်ဆုံးလဲလို့ မေးကြည့်လိုက်ပါ။ အဲဒီမှာ သင်၏ ချစ်သူပြောတဲ့ အရောင်ကို ကြည့်ပြီး သင်၏ ချစ်သူရဲ့ စိတ်သဘာဝကို ခန့်မှန်းကြည့်လို့ ရတာပေါ့။ အိုကေနော်။ အောက်မှာ အရောင်တွေက ပြောတဲ့ လူသား တွေရဲ့ စိတ်သဘာဝတွေ။

သင်၏ချစ်သူက အပြာရောင်ကို နှစ်သက်တယ် ဆိုရင် သင်၏ ချစ်သူဟာ..

အေးအေးဆေးဆေး နေလိုသူ ဖြစ်တယ်။ ပျော်ပျော်ရွှင်ရွှင် နေလိုသူ ဖြစ်တယ်။ ဆရာသမားတို့ မိတ်ဆွေ အပေါင်း အသင်းတွေအပေါ်မှာ သစ္စာရှိတယ်။ လူတကာကို မေတ္တာထားတတ်သူပေါ့။ အများအကျိုးကို သယ်ပိုးရွက်ဆောင်လေ့ ရှိတယ်။ ပြောရရင်တော့ ပရဟိတ စိတ်ပေါ့။ လူမှု့ ၀န်ထမ်း စိတ်လည်း ရှိတယ်။ နောက်ပြီး ရည်ရွယ်ချက် မြင့်မားတယ်။ ကိုယ့်ရဲ စိတ်ခံစားချက်ကို ကြောင့် ဖြစ်ပေါ်လာတဲ့ စိတ်လှုပ်ရှားမှု့ကို ထိမ်းချုပ်နိုင်သူ တည်ငြိမ်သူလည်း ဖြစ်တယ်။ အိနြေ္ဒသိက္ခာနဲ့လည်း ပြည်စုံတယ်။ ဂတိစကား အလုပ်ကိုင်းစကား နဲ့ ပါတ်သက်လာရင်လဲ ယုံကြည် စိတ်ချရတယ်။ နောက်... သူဟာ ပါတ်ဝန်းကျင်နဲ့လဲ အဆင်ပြေပြေ ဖြစ်အောင် ပေါင်းသင်း ဆက်ဆံတတ်သူပါ။ ကိုယ့်ရဲ့ ချစ်သူအပေါ်မှာလဲ နားလည်ခွင့်လွှတ်တတ်သူ၊ အချစ်ကြီးသူ ဖြစ်တယ်။

သင်၏ချစ်သူက အနီရောင်ကို နှစ်သက်တယ် ဆိုရင် သင်၏ ချစ်သူဟာ..

သူဟာ ထက်မြက်တဲ့ တောက်ပြောင်တဲ့ အရည်အချင်း အရည်အသွေးတွေ ပိုင်ဆိုင်ထားသူ ဖြစ်တယ်။ သူ့ရဲ့ အနေအထိုင် အပြေအဆို အပြုအမူတွေဟာ သွက်လက်နေတယ်။ ရမ္မက်တော့ ပြင်းထန်တယ်။ နောက်ပြီး အကောင်းလေးလဲ ကြိုက်တတ်တယ်။ သည်းခံစိတ်နည်းပြီး ဒေါသတော့ နည်းနည်း ကြီးသလိုပဲ။ တစ်ကိုယ်ကောင်း ဆန်တတ်ပြီး လူတစ်ဖက်သားအပေါ် အနိုင်ယူချင်တဲ့စိတ်က များနေတယ်။ သူ့ရဲ့ စိတ်ဓာတ်က ခိုင်မာမယ်။ ရဲစွမ်းသတ္တိကတော့ အတော် ရှိပါတယ်။ နောက်ပြီး သူဟာ ဇွဲတော့ အတော် ကောင်းပါတယ်။ တစ်ခုခုကို မဖြစ်ဖြစ်အောင် လုပ်တတ်တဲ့ သဘောသဘာဝရှိတယ်။ မဟုတ်ရင်တော့ နည်းနည်းလေးမှကို သည်ခံမနေတတ်ဘူး။ မျှော်လင့်ချက်နဲ့ ရည်ရွယ်ချက်လည်း သူတို့က မြင့်မြင့်မားမား စိတ်ကူးလေ့ ရှိတယ်။ စွန့်စား လုပ်ကိုင် ဆောင်ရွက်ရတဲ့ အလုပ်ကိစ္စတွေကို ၀ါသနာပါသူ ဖြစ်တယ်။ ဒါကြောင့် များသောအားဖြင့် ထင်ပေါ်ကျော်ကြားသူတွေ ဖြစ်တယ်။ တော်လှန်တတ်တယ်။ ပုန်ကန်တတ်တယ်။ တိုက်ခိုက်တတ်တယ်။

သင်၏ချစ်သူက အဖြူရောင်ကို နှစ်သက်တယ် ဆိုရင် သင်၏ ချစ်သူဟာ..

အဖြူရောင်ကတော့ အေးချမ်းတည်ငြိမ်တဲ့သဘောရှိတယ်။ ဖြူစင်သန့်ရှင်းတဲ့ သဘောရှိတယ်။ ရိုးသားတဲ့ သဘောလည်း ရှိတယ်။ အဲဒီတော့ အဖြူရောင် ကြိုက်သူတဲ့ သင်၏ ချစ်သူကတော့ အေးအေးချမ်းချမ်း သာသာယာယာ နေလိုသူ ဖြစ်တယ်။ သူဟာ သူတစ်ပါးကိုလည်း ဘယ်တော့မှ နစ်နာအောင် မလုပ်တတ်ဘူး။ ကိုယ်မှာ ရှိသလောက်လေးနဲ့ ပျော်ရွှင်နေတတ်တယ်။ လုံးဝ မကြွားတတ်ဘူး။ ဟန်တစ်လုံး ပန်တစ်လုံးလည်း မနေတတ်ဘူး။ လူတွေနဲ့ ဆက်ဆံတဲ့ အခါတွေဆိုရင်လည်း ဘယ်တော့မှ မောက်မောက်မာမာ အထက်စီးက ဆက်ဆံလေ့ မရှိပဲ ကိုယ့်ကို အမြဲ နှိမ်ချ ဆက်ဆံတတ်သူ ဖြစ်တယ်။ ပျော်ပျော်နေတတ်ပေမယ့် စည်းကမ်းတော့ ရှိတယ်။ သူတွေးလိုက်ရင်လည်း ရိုးရိုးရှင်းရှင်းပု တွေးတယ်။ သစ္စာတရားကို တန်ဖိုးထားတတ်တယ်၊ မြတ်နိုးတယ်။ ဘာကိုပဲ ဖြစ်ဖြစ် အရာရာကို အကောင်မြင်တတ်တယ်။ နေတာထိုင်တာ ၀တ်တာ စားတာ အားလုံး သန့်သန့်ရှင်းရှင်း နေတတ် ထိုင်တတ်တယ်။ သူ့ရဲ့ စိတ်ထားဖြူစင်မှု့ကို မြင်နေနရတယ်။ ကိုယ့်ရဲ့ ချစ်သူ ကိုလဲ ဖြူဖြူစင်စင် ချစိတတ်တယ်။

သင်၏ချစ်သူက အစိမ်းရောင်ကို နှစ်သက်တယ် ဆိုရင် သင်၏ ချစ်သူဟာ..

စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မယ်။ ဂတိတည်မယ်။ သစ္စာရှိတယ်။ သူတပါးကို ကူညီတတ်တယ်။ သိမ်မွေ့နူးညံ့မယ်။ ဒေါသဖြစ်ခဲတယ်။ စိတ်ဆိုးခဲတယ်။ ကိုယ့်ချစ်သူ အပေါ်မှာလဲ နွေးထွေးမှု့ မရှိပဲ အေးစက်စက် ဖြစ်နေမယ်။ အား မလို အားမရဖြစ်ရမယ်။ ပွင့်ပွင့်လင်းလင်း မရှိဘူး။ အုံပုန်း ဆန်တာပေါ့။ ပါတ်ဝန်းကျင်နဲ့ ဆက်ဆံရေးကလည်း ခပ်ကြဲကြဲပဲ။ လူတွေနဲ့ ရောရောနှောနှော နေလေ့နေထမရှိဘူး။ ဒါကြောင့် သူလိုလူမှာ အပေါင်းအသင်း သိပ်မရှိတတ်ဘူး။

သင်၏ချစ်သူက အနက်ရောင်ကို နှစ်သက်တယ် ဆိုရင် သင်၏ ချစ်သူဟာ..

သွေးအေးတယ်။ အရာရာကို လေးလေးနက်နက် သဘောထားပြီး လေးလေးနက်နက်ပဲ လုပ်ကိုင်လေ့ရှိတယ်။ သူလုပ်ရင် ဘယ်တော့မှ ထင်ထင်ပေါ်ပေါ် မလုပ်တတ်ဘူး။ အရာရာကို လျှို့ဝှက်စွာ လုပ်ကိုင်တတ်သူပါ။ တစ်ခုခုကို အမြဲတမ်းလဲ ဖုံးကွယ်ထားတတ်သူ။ နောက်ပြီး လူတကာထက် ပိုပြီး အစွဲအလန်း ကြီးတဲ့ သူဖြစ်တယ်။ ပြီးတော့ မာနကလည်း အတော်ကို ကြီးတာ။ ကိုယ့်ကိုကို ယုံကြည်ချက်ကလည်း ပြင်းထန်လွန်းတယ်။ ငါလုပ်ရင် ဖြစ်ကို ဖြစ်ရမယ်ဆိုတဲ့ စိတ် ရှီတယ်။ ခေါင်းမာတယ်။ တယူသန်နိုင်တယ်။ တစ်ယောက်ထဲ သီးသန့် နေလိုစိတ် ရှိတယ်။ မကောင်းတာကို လုပ်ရရင် ပျော်မွေ့တဲ့ စိတ်ရှိတယ်။ ကိုယ်ချစ်သူအပေါ်မှာတော့ လေးလေးနက်နက် စွဲစွဲလန်းလန်း အရူးအမူး ချစ်မယ့်သူပေါ့။

သင်၏ချစ်သူက ခရမ်းရောင်ကို နှစ်သက်တယ် ဆိုရင် သင်၏ ချစ်သူဟာ..

ဆွဲဆောင်မှု့တော့ ရှိတယ်။ ပြဿနာတွေ ဘာတွေတော့ မဖြစ်စေနဲ့နော်။ ပြဿနာဖြစ်လာရင်တော့ ခေါင်း ရှောင်သွားလိမ့်မယ်။ ဘာပဲ လုပ်လုပ်သူဟာ လျှို့ဝှက်စွာ လုပ်ကိုင်လေ့ရှိတယ်။ ကိုယ့်အတွက်ကတော့ အရမ်း သိတတ်တယ်။ ဘယ်လိုအခြေအနေ ပဲ ရောက်ရောက် ဘ၀တိုးတက်ဖို့အတွက်ကတော့ အမြဲတမ်း ကြိုးစားအား ထုပ်နေလေ့ ရှိတယ်။ ထူးဆန်းတာ တစ်ခုကတော့ ဂမ္ဘီရ ပညာရပ်တွေကို ထူးထူဆန်းဆန်း စိတ်ဝင်စားလေ့ရှိ တယ်။ နောက်ပြီး သူဟာ အလှအပတို့ အနုပညာတို့ စာပေတို့ကိုလည်း မြတ်နိုးသူ ဖြစ်မယ်။ သူက အဲဒါတွေသာ လုပ်တဲ့လူဆိုလို့ ကတော့ သေချာပေါက်အောင်မြင်မယ်။ ဒါကြောင့် စိတ်ကူးလဲ အရမ်း ယဉ်တတ်တယ်။ လက်တွေ့မကျတဲ့ အိပ်မက်ဆန်ဆန် စိတ်ကူးတွေလဲ သူ့မှာ အပြည့်ရှိတယ်။ နောက်ဆုံး ကိုယ်ချစ်သူကို ချစ်ရင်တောင် သူက စိတ်ကူးယဉ် ဆန်ဆန်နဲ့ ချစ်ခင်တတ်ပါတယ်။

သင်၏ချစ်သူက လိမ္မော်ရောင်ကို နှစ်သက်တယ် ဆိုရင် သင်၏ ချစ်သူဟာ..

သူကတော့ အရာရာမှာ တက်တက်ကြွကြွ ရှိမယ်တဲ့။ နေတာ ထိုင်တာ ပြောတာဆိုတာကအစ ပျော်ပျော်ရွှင်ရွှင် နေတတ် ထိုင်တတ်တယ်။ နောက်ပြီး စကားအပြောအဆို ကောင်းသူလည်း ဖြစ်တယ်။ လူတွေကသာ သူ့ကို ဂရုစိုက်လို့ကတော့ သူက အရမ်းကြိုက်။ ဒါပေမယ့် သူဟာ ဘာပဲလုပ်လုပ် ပေါ့ပေါ့တန်တန် လုပ်တတ်တဲ့ သဘောရှိတယ်။ ပြောရရင်တော့ ပေါ့ပေါ့နေ ပေါ့ပေါ့စာဆိုတာ သူလိုလူကို ပြောသလိုပါပဲ။ အပျော်အပါးကတော့ ကြိုက်သလားမမေးနဲ့။ နေရာတကာမှာ ထင်ပေါ်ချင်တယ် ကျော်ကြားချင်တယ်။ အချစ်ဆိုသော အရာကိုတော့ ပေါ့ပေါ့တန်တန် သဘောထားတတ်တယ် ဆိုတော့ အင်း ဒီလိုလူမျိုးကတော့ သတိထားပေါ့နော်။

သင်၏ချစ်သူက အ၀ါရောင်ကို နှစ်သက်တယ် ဆိုရင် သင်၏ ချစ်သူဟာ..

အ၀ါရောင်ကို နှစ်သက်တဲ့ သူကတော့ သူဟာ အများအကျိုးကို သယ်ပိုးထမ်ဆောင်လိုတဲ့သူ ဖြစ်တယ်။ ပရဟိတ လုပ်ငန်းတွေကို လုပ်ဆောင်ရတာကို ၀ါသနာ ပါတယ်။ လူတွေကို ဘယ်လို ကူညီပေး၇မလဲ ဆိုတာကိုပဲ စဉ်းစား နေလေ့ရှိတယ်။ လူ့ပါတ်ဝန်းကျင်နဲ့ နွေးနွေးထွေးထွေး ရင်းရင်းနှီးနှီး နေထိုင်တတ်တဲ့ အကျင့်ရှိတယ်။ အပြောင်းအလဲကိုလည်း သဘောကျ လက်ခံတတ်တဲ့လူပေါ့။ သဘောကျ နှစ်ခြိုက်တတ်တဲ့ လူပါ။ သမရိုးကျ လမ်းဟောင်းကို မလိုက်ဘူး လမ်းသစ် ထွင်ဖောက် လျှောက်ချင်တဲ့ လူ။ လက်တွေ့တော့ ကျသား။ သူလည်း အနုပညာကို ၀ါသနာပါပြီး ကိုယ်ချစ်သူအပေါ်လည်း နွေးထွေးစွာ ဆက်ဆံတတ်သူဆိုတော့ ကောင်းပါတယ်။
ဆရာ ...ဟိန်းတင့်ဇော်ထံမှ
လေးစားလျှက် ..Ye Tay Za Kyaw*****

"လမင်းသို့ ....တမ်းခြင်း"


ကာရံညီညီ
အလွမ်းတေးသွား
စိတ်နွမ်းအိပ်ချိန်
မဟူရာည
သူ့အားမျှော်လျှက်
တမ်းတလျှက်.......။

************


မိုးလောက်မြင့်မား
မေတ္တာများက
ကတိမြဲခိုင်
သစ္စာတိုင်လျှက်
ရင်ခွင်လွှာမှာ
ခိုဝင်နားပါလမင်းလေးရယ်။

************

သူ့ရဲ့အလှ
တုဘက်ပြိုင်ကင်း
ငွေမင်းထိန်ထိန်
ညအခါဝယ်
အပြုံးများအား
ချမ်းမြေ့ကြည်နူး
ဘ၀င်မြူးခဲ့။

************

နှစ်လတွေဟာ
ကြာရှည်လွင့်မျော
ဝဲလယ်မျောခဲ့
သောကမငြိမ်
စိုးရိမ်ထိတ်တုန်
မဖြစ်နိုင်ဟု
သင်္ကာမကင်း
ရှိပြီး ငြားလည်း
ယုံယုံကြည်ကြည်
စိတ်မှာစွဲလျှက်
ဘယ်အချိန်၊ဘယ်အခါ
ပြောသော်ငြားလည်း
သူ့ကိုယုံကြည်
စောင့်နေမိ၏။

*************

လမင်းမသာ
ညအခါကား
ငါသည်လမ်းပျောက်
ငါသည်လမ်းပျောက်
နှလုံးမှောက်ခဲ့
ရှေ့သို့တူးရှု
မျှောသာမျှော်လျှက်
ေ၀၀ါးကြမ္မာ၊ငါ့ကမ္ဘာသည်
ကင်းမဲ့လွင့်စင်
စိတ်မရွင်ဘု။

***********

ကြည်ဖြူနှလုံး
ကိုယ်ရွှင်ပြုံးအောင်
ရင်ခွင်ကြားမှာ
သာပါလားကွယ်။

***********

ဖြူဖြူစင်စင်
နှလုံးအိမ်ဝယ်
သူ့အားကြိုလျှက်
စောင့်မျှော်လျှက်မို့
ခေတ္တတွေ့ရ
ဤဘ၀တွင်
ချမ်းမြေ့ကြည်နူး
စိတ်ရွှင်မြူးအောင်
စောင်ကြဉ်းပေးပါ
လမင်းလေး....ရယ်......။

Ye Tay Za Kyaw (ကာရံငယ်)**

နွေကြိုဌက်သို့တမ်းခြင်း

    
တချပ်ချပ်နှင့်
 စက္ကန့်လွင့်မျော...........
နရီကျောမှာ၊
လွမ်းမျောလွင့်ပါ
 ဆောင်းလကြာခဲ့ပြီ။
 ***********
နွဲ့ ကနွဲ့နှင့်
သဲ့သဲ့လွင်ချို
ဥသြပျိုရဲ့
နွေကြိုတေးသွား
စည်းဝါးလိုက်မှတ်
သတိချပ်ရင်း
ဖျတ်ကနဲနိုး
ဘ၀ဆိုးဆီ
နိုးပို့ပြီလား.......ဥသြငယ်။
**********
မနိုးတ၀က်
နိုးတ၀က်နှင့်
နိုးလျှက်မက်မြင်
အိမ်မက်ရှင်ကို
ငါလျှင်ကြင်ခွင့်ပြုပါဦး။
 *********
အိမ်မက်သခင်
ပန်းသခင်ရဲ့
ကြည်လင်မျက်နှာ
 စံထွဏ်လွှာကို
ရမက်ကင်းလွတ်
ရင်သည်းပွတ်မှ
နူးညွတ်ဖူးခွင့်ပြုပါဦး။
 **********
ခရီးကကြမ်း
ကိုယ်လက်ပန်းမို့
စိတ်နွမ်းအိပ်ချိန်
နှလုံးအိမ်မှာ
အေးငြိမ်ပုတ်နိုး
သူ့..ကကြိုးတွေ
ပြက်ပြိုပြခွင့်ပြုပါဦး။
 **********
နွေကြိုငှက်ရယ်
ခဏကလေး
သည်းခံပေးပါ
မင်းတေးဆိုတာရပ်ပေးပါ။
**********
အိမ်မက်ဝဌာ
ငါ့ကမ္ဘာသည်
နွေလာရင်ပျောက်
နွေကိုကြောက်တယ်၊
အိပ်မက်နေရ
ထိုခဏသည်.....
ဘ၀မို့ပါ......ဥသြရယ်........။
Ye Tay Za Kyaw(ကာရံငယ်)

Friday, February 15, 2013

``အမှောင်လမ်းက ၀ိညာဉ်ဆန်း(နာနာဘာဝ နှင့်ကျွန်တော်)´´(ပရလောက ၀တ္ထုတို)


လူသူကင်းမဲ့သော လမ်းမကြီးတစ်ခုပေါ်တွင် အရာဝတ္ထုတစ်ခုသည်လှုပ်လှုပ်ရှားရှား ရှိနေလျှက် ကောင်းကင်ကြီးတစ်ခုလုံးမှာလည်း အနက်ရောင်ကတ္တီပါကြီး ဖုံးအုပ်ထားသလို မှောင်မည်းနေပြီး ပတ်ဝန်းကျင်တစ်ခုလုံးလည်းတိတ်ဆိတ်ငြိမ်သက်လျှက်ရှိသည်.။ အမှောင်ကိုအားကိုးပြီးလာနေသူမှာ မည်သူနည်.း။ စိတ်ဓာတ်ကျစွာ မလှမ်းချင်လှမ်းချင်ခြေလှမ်းများ ဖြင့် လမ်းလျှောက်လာသော အကျွန်ုပ် ပင်ဖြစ်သည်။ အကြောင်းမှာ -စိတ်ဓာတ်ရာမျိုးစုံကို တစ်ဦးထဲခံစားနေရသောကြောင့်ဖြေသိမ့်နိုင်ရန် ခြေဦးတည်ရာလျှောက်သွားနေခြင်းဖြစ်သည်။ ကျွန်တော့်၏လက်တွင် နာရီပါသော်လည်း ဘယ်အချိန်ဆို တာကိုမကြည့်ချင်တော့အဖော်ဆိုလို့ ဘေးလွယ်အိတ်ကလေးတစ်ခုပဲ ကျွန်တော့်ဘေးမှာပါတယ်။ လမ်းတစ်လျှောက်တွင် ကျွန်တော်မှလွဲပြီး သက်ရှိတစ်စုံတစ်ရာမှမရှိပေ။ အချိန်သည်လည်း ညဥ့်သထက်ညဥ့်နက်လာလေပြီ။ တစ်နေရာအရောက်တွင် လမ်းဘေးမှ `တဖျောဖျော´ အသံများကြားရသဖြင့် ရုတ်တရတ်လန့်ဖြန့်သလို ဖြစ်သွားပြီး သေသေချာချာကြည့်လိုက်သော အခါ ………………………….         လမ်းဘေးတွင်ပေါက်နေသော ၀ါးရုံပင်ကြီးသည် ယိမ်းထိုးလှုပ်ရှားနေသည်ကို တွေ့ရပေသည်။ ထိုဝါးရုံပင်ကြီး၏ လှုပ်ရှားပုံမှာ သာမာန်လေတိုက်၍ လှုပ်ရှားနေသည့်ပုံမျိုး မဟုတ်၊ကျွန်တော်ရှည်ရှည်ဝေးဝေး တွေးမနေတော့ပဲ  ရှေ့ကိုသာဆက်လျှောက်ခဲ့ သည် ။ လျှောက်ရင်းလျှောက်ရင်းနဲ့ တံတားလေးတစ်ခုအနားရောက်ခဲ့တယ်။ မြို့နဲ့လည်းအလွန်ဝေးကွာနေပြီ။ တံတားရဲ့ အနောက်ဖက်မှာ သင်္ချိုင်းကုန်းရှိသည်ကို ကျွန်တော်၏စိတ်တွင် သိနေသော်လည်း ကျွန်တော်သည် သရဲကြောက်တတ်သူမဟုတ်သောကြောင့် ဂရုမစိုက်ပေ။
          ထိုအချိန်တွင် ကျွန်တော်၏နားထဲ၌ စက်ဘီးနင်းသံလိုလို `တကျွီကျွီ´ မြည်သံကိုကြားနေသောကြောင့်  အနောက်သို့ရုတ်တရတ် လှည့်ကြည့်လိုက်တော့ ...........ဆိုက်ကားတစ်စီးဖြစ်နေတယ်။ ထိုဆိုက်ကားသည် ကျွန်တော်အနားမှ တအိအိနဲ့ ဖြည်းဖြည်းချင်း ဖြတ်သွားလေသည်။ မှောင်မည်းထဲတွင် မသဲမကွဲမြင်နေရသော ဆိုက်ကားသမားကို ကျွန်တော် လှမ်းပြောလိုက်သည်။ `ဟေ့လူ…ဆိုက်ကားဆရာ ၊ကျွန်တော့်ကိုခေါ်သွားပါလားဗျ ကြိုက်တဲ့နေရာကို ကျွန်တော်စိတ်အရမ်းညစ်နေလို့ ၊ ကျသလောက်ပိုက်ဆံ ကိုရှင်းပေးပါ့မယ်။ ´ ဆိုက်ကားသမားသည် ကျွန်တော့် အားခွန်းတုံ့ပြန်ခြင်းမရှိ ဘဲ ရပ်နေလေသည်။ ထိုအခါ ကျွန်တော်က ရပ်နေတဲ့ ဆိုက်ကားအနားကိုသွားပြီး `ကျွန်တော်လိုက်ခဲ့မယ်နော်´ `အင်းအင်း´ ဆိုက်ကားသမားရဲ့ဖြေပုံမှာ လူမမာတစ်ယောက်ညဉ်းသံ နှင့်ပင် တူနေလေသည်။ ကျွန်တော် ရှည်ရှည်ဝေးဝေး မစဉ်းစားနေတော့ပဲ  ဆိုက်ကားပေါ်တက်ထိုင်လိုက်သည်။ ကျွန်တော်ဆိုက်ကားပေါ်ရောက်သည်နှင့် ဆိုက်ကားသမားက စတင်ပြီးနင်းထွက်ခဲ့သည်။ ကျွန်တော်ဆိုက်ကားပေါ်ပါလာရင်း စကားတစ်ခွန်းမှမပြောပဲ ခေါင်းငိုက်စိုက်ချထားပြီး နင်းမြဲနင်းနေသော ဆိုက်ကားသမားကို အကဲခတ်နေမိသည်။ ဆိုက်ကားသမားသည် ခမောက်ကြီးတစ်လုံးကိုအောက်စိုက် ဆောင်းထားပြီး အနက်ရောင်အင်္ကျီလက်ရှည်ကို ၀တ်ဆင်ထားသည်။ ခန္ဒာကိုယ်မှာလည်း ပိန်လှီလွန်းလှသည်။ ဆိုက်ကားသမားက အားသွန်ခွန်စိုက် နင်းနေသည်မှန်သော်လည်း ဆိုက်ကားရဲ့ ရွှေ့လျှားနေပုံမှာ နှေးကွေးလွန်းနေပေသည်။ ကျွန်တော် တစ်ခုခုပြောမည်ကြံစီလိုက်ချိန်မှာ နှာခေါင်းထဲသို့ ညှီစို့စို့အနံ့ တစ်ခုဝင်လာသောကြောင့် နှာခေါင်းကိုလက်ဖြင့်ပိတ်ထားလိုက်သည်။ ကျွန်တော့်စိတ်တွင် တစ်နေရာရာမှာ တိရိစ္ဆာ န် အသေတစ်ကောင်ကောင်ရဲ့ အပုပ်နံ့ဖြစ်နိုင်သည်ဟုထင်သည်။ ကျွန်တော်လက်ဖြင့်နှာခေါင်းကိုပိတ်ရင်း ဆိုက်ကားသမားကိုကြည့်လိုက်တယ်။ ထိုအချိန်တွင် အပုပ်နံ့ကဆိုးဆိုးဝါးဝါးကြီးနံလာပြန်သည်။ ထိုသူရဲ့ ခန္ဒာကိုယ်မှနံနေသလား  လို့တောင်ထင်ရလောက်အောင်ပင်  ထောင်းခနဲဖြစ်သွား သဖြင့် မအောင့်မနိုင်တော့ပဲ အော့အန်ချင်စိတ်များ ဖြစ်ကာ ဆိုက်ကားသမားကိုပြောလိုက်လေသည်. ။
`မြန်မြန်နင်းပါ ဆိုက်ကားဆရာရယ် အပုပ့်နံကလည်း ဘယ်ကနံနေမှန်းမသိဘူး ခင်ဗျားဆိုက်ကားကလဲ နှေးလိုက်တာ´
`ဌဲဌဲ…ဌဲ´ ဆိုက်ကားသမားက ဘာမှပြန်မပြောပဲ ရယ်နေလေသည်။ သူ၏ရယ်သံမှာ ယောကျာ်းတစ်ယောက်ရဲ့ ရယ်သံနှင့်ပင် မတူပဲ မိန်းမတစ်ယောက်သည် ယောက်ျားတစ်ဦးအား ကြာပစ်၍ ရယ်သံမျိုးနှင့်တူနေပေသည်။  `ရယ်မနေပါနဲ့ ဗျာ စိတ်ညစ်နေရတဲ့ အထဲ မြန်မြန်နင်း´ နောက်တစ်ကြိမ်ကျွန်တော် စိတ်ဆိုးမာန်ဆိုးဖြင့်ပြောလိုက်သော အခါမှဆိုက်ကား သမားသည် အားကုန် အပြေးနင်းလေသည်။ ဆိုက်ကားသည်မြန်သည်ထက်မြန်လာပြီး လမ်းဘေးရှိမြောင်းထဲ့ သို့အရှိန်ပြင်းစွာထိုးဆင်းလိုက်လေသည်။  သို့ပေမယ့် ကျွန်တော် သတိကြီးစွာနဲ့ ဆိုက်ကားပေါ်မှခုန်ဆင်း လိုက်ခဲ့သည်။ အရှိန်ပြင်းစွာည ကျွန်တော် တစ်ဖက်သို့လွင့်စင်သွားပြီး ဆိုက်ကား သမားနဲ့ဆိုက်ကားကတော့ မြောင်းထဲသို့ အရှိန်ပြင်းပြင်း ထိုးဆင်းသွားပြီး `၀ုန်း´ဆိုသော အသံနှင ပတ်ဝန်းကျင်တစ်ခုလုံးကို ဆူညံသွားခဲ့ သည်။. ကျွန်တော်လွင့်စင် သွားတဲ့ အရှိန်ကြောင့် ခေါင်ကွဲသွားသော်လည်း လဲကျတဲ့နေရာမှ အမြန်ထကာ ထိုးကျသွားတဲ့ မြောင်းထဲသို့ ဆိုက်ကားသမားနှင့် ဆိုက်ကားကိုရှာတော့ လည်းမတွေ့ပေ။ ပတ်ဝန်းကျင်တစ်ခုလုံးမှာလည်း ပကတိ တိတ်ဆိတ်ငြိမ်သက်လျှက်ရှိသည်။ ကျွန်တော် အစဉ်းစားရကျပ်သွားခဲ့တယ် ၊။ ကျွန်တော့် စိတ်တွင် ဆိုက်ကား အရှိန်မထိန်း နိုင်ပဲ မြောင်းထဲ သို့ ထိုးကျသွား ခြင်းဟု ယူဆ၍ `ဗျို့…ဆိုက်ကား ဆရာ´ အော်ခေါ်ကြည့်ပြန်သော်လည်း မည်သည့်အသံတစ်စုံ တစ်ရာမျှမကြားရပေ။ ကျွန်တော် အနည်းငယ်ကျောချမ်းလာခဲံ့တယ် ၊ကြောက်စိတ်တွေလည်း အလိုလိုဝင်လာခဲ့တယ်။ နေရာလဲမမှတ်မိ….ဘယ်နေရာရောက်နေလဲတောင်မမှတ်မိတော့ပေ။ ကွမ်းတညက်ခန့်အကြာတွင် အရှိန်ပြင်းစွာမောင်းနှင်လာသော ဆိုင်ကယ်တစ်စီး၏ မီးရောင်သည် ကျွန်တော့်ရဲ့ မျက်နှာကိုထိုးနေပြီး အနားရောက်တော့ ထိုးရပ်လိုက်သည်။ ကျွန်တော် အရမ်းဝမ်းသာ သွားခဲ့တယ် ဒီနေရာမှ ဆက်ပြီးမနေချင်တော့ `အကို..မြို့ထဲကို ကျွန်တော်လမ်း ကြုံလိုက်ချင်လို့ရမလား ´ ဆိုင်ကယ်မောင်းသူက `မင်းကဒီမှာဘာလုပ်နေတာလဲ ၊ခေါင်းမှာလည်း သွေးတွေနဲ့မင်းဘာမဟုတ်တာ လုပ်ထားလဲ မှန်မှန်ပြောစမ်း´   `မဟုတ်ရပါဘူး အကိုရယ် ကျွန်တော်လူကောင်းပါ။….ဒီလိုဗျ....xx.x…x..x.x…x..x.x..x.´  ဖြစ်ကြောင်းကုန်စင်ရှင်းပြလိုက်သော အခါမှထိုသူကကောက်ချက်ချလိုက်ပြီး။ `မင်းပြောသလိုဆို ဒါဟာသွေးရိုးသားရိုး မဖြစ်နိုင်ဘူး …´ သက်ပြင်းတစ်ချက် ချလိုက်ပြီး`မြန်မြန်တက် ငါ့ညီမင်းအတွက် အန္တာရာယ်ရှိနေပြီ ´  ခေါင်းမှထွက်နေသောသွေး များတိတ်စေရန် ကျွန်တော်၏ အပေါ်အင်္ကျီ ချွတ်ကာ ခေါင်းတွင်စီးထားလိုက်ပြီး ဆိုင်ကယ်ပေါ်သို့တက်လိုက်သည် နှင့်တစ်ပြိုင်နက် ဆိုင်ကယ်မှာ စတင်၍ထွက်ခွာခဲ့သည်။  ထိုသူက ဆိုင်ကယ်မောင်းနေရင်း `ငါ့ညီက အဲ့ဒီဆိုက်ကားကို ဘယ်ကဌားခဲ့တာလဲ ´
`ကျွန်တော်..ဟိုး..မြို့အပြင် ၀ါးရုံပင်အောက်တံတားနားလေးက ဌားလာတယ်ပါ´ကျွန်တော်ပြောရင်း လက်ညိုးထိုးပြလိုက်သည်။
`ဘယ်လောက်ကြာပြီလဲ´ `အနည်းဆုံးတစ်နာရီ လောက်တော့ရှိမယ်ထင်တယ်´ `ဟုတ်လား…ဟောပြောရင်းဟိုမှာတွေ့လားငါ့ညီပြောတဲ့ တံတားဆိုတာ အဲ့တံတားမလား´ `ဟာ..ဟုတ်တယ် …..အဲ့တံတားပဲ´ ကျွန်တော် ထိတ်ထိတ်ပြာပြာနဲ့ ပြောလိုက်မိတယ်။ ကြောက်စိတ်တွေက တဖွားဖွား ၀င်လာပြီး တကိုယ်လုံးတုန်ရီလာခဲ့တယ်။ `အဲ့ဒီတံတား နားက၀ါးရုံပင်နောက်မှာသင်္ချိုင်းကုန်း ရှိတယ် …အကိုတို့တခြားလမ်းက သွားကြတာပေါ့´ ပြောပြောဆိုဆိုနဲ့ပဲ  လမ်းမအတိုင်းမသွားတော့ပဲ  တစ်ဖက်သို့ချိုးကွေ့ပြီး ဖြတ်လမ်းကနေမောင်းလေသည်။ အချိန်ကြာလာသည်နှင့်အမျှဝါးရုံပင်ကြီးနဲ့ တဖြည်းဖြည်းဝေးကွာ လာသောကြောင့် ကြောက်စိတ်များလည်းပြေ ပျောက်လာတယ်လို့ကျွန်တော် ခံစားလိုက်မိတယ်။ ဆိုင်ကယ်မောင်းသူက ကျွန်တော် ကြောက်စိတ်ပြေလောက်ပြီ ဟုထင်ပြီး စကားစပြန်သည်။ `ငါ့ညီကမြို့ပြင်ကိုဘာလို့တစ်ယောက်တည်း ဘာလို့ထွက်လာရတာလဲ ´ `ကျွန်တော်လည်း ဖြစ်ကြောင်းကုန်စင်ကိုပြောပြလိုက်သောအခါမှ ကျွန်တော့်ကိုနှစ်သိမ့်အားပေး စကားဆိုပြီး မြို့ထဲတစ်နေရာမှာ ချပေးခဲ့ပါသည်။ ကျွန်တော်တို့ နှစ်ယောက်အပြန်အလှန် ရင်းရင်းနှီးနှီးနူတ်ဆက်ခဲ့ပြီး ထိုသူက ဆိုင်ကယ်ကိုမောင်းကာထွက်ခွာသွားလေသည်။ သိပ်မကြာလိုက် ကျွန်တော်သူ့ကိုကြည့်နေရင်း၌ ပင် မျက်စိရှေ့မှ အလိုလိုပျောက်သွားခဲ့တယ်။ တကယ်လေလားအိမ်မက်လေလား အမျိုးမျိုးတွေမိနေပေမယ်… အဖြစ်အပျက်များကတကယ်ပင်ဖြစ်နေပါတော့သည်.။ ထိုညကအဖြစ်အပျက်များကို ကျွန်တော်ပြန်မြင်ယောင်နေရင်း ကြက်သိန်းများထနေပါတော့သည်။…(ဖြစ်ရပ်မှန်တစ်ခုကို အခြေခံထားပါသည်) ..
Writing by Ye Tay Za Kyaw*

`တစ္တေ ခြောက်သောည (တဲအတွင်းမှ နာနာဘာဝ)´(ပရလောက ၀တ္ထုတို)

`ဂျိမ်း…ဂျလိန်း ဂျိမ်း..ဝေါ..ဝေါ..ဝေါ´
မိုးမှာ သည်းကြီးမဲကြီး ရွာသွန်းနေလျှက် လေများကလည်း အဆက်မပြတ်တိုက်ခတ်နေသောကြောင့် လေသံနှင်မိုးသံ တို့မှာရောနှောနေခဲ့သည်။ ထိုအချိန်မှာ ညနေစောင်းမိုးချုပ်လုစ အချိန် ဖြစ်သည်။ ပတ်ဝန်းကျင်းကလည်းမှောင်မည်းစပြု နေပြီမိုးကလည်း တိတ်မည့်ပုံမပေါ်ပေ။ သည့်အတွက်ကျွန်တော်ဘယ်မှာ နားခိုရမည်နည်း။ ကျွန်တော့်တွင် တစ်ကိုယ်လုံးကို လုံစေတဲ့ မိုးကအကျီင်္ရှည်ကြီးတစ်ထည်မှလွဲ၍ ဘာမှမပါပေ။ လမ်းမှာလည်း တောလမ်းလေးဖြစ်သည့် အလျှောက် ရွှံ့ဗွက်များမှာထူထပ်နေပေသည်။ ဒီ့အပြင် မိုးချုပ်နေတဲ့ လောကကြီးကို ကျွန်တော်အဘယ်သို့မျှ ပုံကန်ရမည်နည်း.. မိုးအတွက် အကာအကွယ်ယူရပေဦးမယ်။ တခြားမစဉ်းစားတော့ပဲ ကျွန်တော်၏မျက်စိများက နားခိုရန်နေရာကောင်းကောင်းရဖို့ ဆော့ကစားရှာဖွေနေခဲ့ ပါသည်.။ မကြာမီ မှောင်လုနေသော ပတ်ဝန်းကျင် ထဲမှ မထင်ရှားသည့် ၀ိုးတိုးဝါးတား အရာဝတ္ထု တစ်ခုကိုကျွန်တော်တွေ့လိုက် ရတယ်။ ထိုအရာသည်သက်မဲ့ ဖြစ်ဟန်တူသည်။ ကျွန်တော်၏ခြေလှမ်းများကို ခပ်မြန်မြန်လျှောက်ကာ `ဒါဟာငါ့အတွက် တည်းခိုစရာနေရာဖြစ်ကောင်း ဖြစ်နိုင်တယ် ´ ဟုစိတ်ကရေ၇ွှတ်ရင်း မထင်မရှားမြင်နေရသော အရာဝတ္ထုဆီကို ဦးတည်ခဲ့ ပါသည်။ အနားရောက်မှ တဲလေးတစ်လုံးဖြစ်ကြောင်း သိလိုက်ရသည်။ ကျွန်တော် အတိုင်းမသိ ၀မ်းသာသွားခဲ့တယ်။
အဆိုပါတဲလေး၏ အမိုးမှာကောင်းမွန်၍ တဲအတွင်း၌ ခြောက်သွေ့နေမည်ဟု တဲ လေး၏အသွင်အပြင်ကိုကြည့် ၍ကျွန်တော်ယူဆ မိ လိုက်ခြင်းဖြစ်သည်။ တဲမှာလူနေဟန်ရှိမည်မတူ ။တံခါးမှာ သော့မရှိပေမယ့်ဂျလက် ထိုးထားလေသည်။ မိုးမှာလည်းပို၍ပင် သည်းလာသည်ဟုထင်ရပေသည်။ ထိုတဲအတွင်းမှာတစ်ညတာ တည်းခိုရန် ဆုံးဖြတ်လိုက်မိသည်။ ကျွန်တော်တွေဝေမနေတော့ပဲ တံခါးဂျလက်ကို ဖွင့်ကာတဲ ထဲသို့ဝင်ခဲတယ်။ တဲအတွင်းမှာ မှောင်ပြီးထိုင်းမှိုင်းနေသည်ကိုတွေ့ရပေသည်။ အသင့်ပါလာသောမီးခြစ်ကို တစ်ချက်ခြစ်လိုက်ရာ တဲအတွင်းသို့ဝင်ရောက်သည့် မည်းနက်သောလမ်းကို မီးရောင်ဖြင့်မြင်တွေ့လိုက်ရပေသည်။ ခုလိုစိတ်ပျက်ဖွယ်ရာညမျိုး လူသူမရှိတဲ့ အရပ်တွင် ရှိသည့်လမ်းကလေးမှ တစ်ဦးတစ်ယောက်ဖြတ်သွားမည်ကို အနည်းငယ်သာစိုးရိမ်ဖွယ်ရှိသော်လည်း တဲတံခါးဝကို လုံခြုံမှုရှိအောင် ဂရုတစိုက်ပိတ်လိုက်လေ၏။ ကျွန်တော်မီးခြစ်တစ်ချက်ထပ်ခြစ်ပြီး အတွင်းလမ်းလေးအတိုင်းဝင်ရောက်ခဲ့ရာ အခန်းငယ်တစ်ခန်းကိုတွေ့ရလေသည်။ ထိုအခန်းငယ်တွင်လေကောင်းလေသန့်ရသောကြောင့် နေသာထိုင်သာရှိသွားခဲ့ တယ်။ ထို့ပြင်သံချေးတက်နေသော မီးဖိုတစ်လုံးကို တွေ့ရှိရလေသည်။ ကျွန်တော်၏အတွင်းတွင်ခံ ၀တ်ထားသော အကျီင်္မှ အပိုင်း တစ်ချို့ကပါလာသောဓားဖြင့် ဖြတ်ယူပြီး မီးမွှေးလိုက်ရာ မကြာမီအချိန်အတွင် မီးလင်းလာခဲ့သည်။ မီးဖို၏အနောက်ဖက်တွင် သစ်သားများပုံထားတာကြောင့် မီးမွှေးရန် ကျွန်တော့်အတွက် အလုပ်ဖြစ်လိမ့်မယ်ဟု ထင်သည်.။  ကျွန်တော့်၏ ဘွတ်ဖိနပ်ကု ချွတ်ကာ ခြောက်သွားစေရန် မီးဖိုဘေးတွင်ထောင်ထား လိုက်တယ်။ အားလုံးအဆင်ပြေသွားပြီဖြစ်သောကြောင့် ကျွန်တော့် ၏ခန္ဒာကိုယ်ကို ကြမ်းပြင်ပေါ်သို့လှဲချလိုက်ပါသည်။ ခဏတာမှေးခနဲ အိပ်ပျော်သွားပေမယ်.. နိုးလာတဲ့ အခါ မီးဖိုမှမီးများက ၀င်လက်စွာတောက်လောင်နေသောကြောင့် ကျွန်တော်ကြာရှည်စွာ အိပ်မရပေ။
ထိုအပြင် ကျွန်တော်၏ ခန္ဒာကိုယ်ထုံထိုင်းကိုက်ခဲမှုကတစ်ကြောင်း ၊ကြမ်းပေါ်တွင်လှဲ၍ အိပ်ရသဖြင့် တစ်ဦးတစ်ယောက်၏သွား လာလှုပ်ရှားသံများကို ကြားနေရသဖြင့် ကြာကြာမအိပ်နိုင်ခြင်းလည်းဖြစ်သည်။ တဖက်သို့ ကိုယ်ကို လှည့်ပြီး အိပ်မည်ပြုရာ အခန်းဆီသို့လာသည့် ခြေသံကိုကြားနေရသောကြောင့် ကျွန်တော်ထိတ်လန့် သွားခဲ့ တယ်။ ပြတင်းပေါက်များက်ုပျဉ်ပြားနှင့် အသေပိတ်ထားသည့်အပြင် အ၀င်တံခါးကိုလည်းကျွန်တော် သေချာပိတ်ခဲ့ ခြင်းဖြစ်၍ တဲအတွင်းသို့ ၀င်ရန်အပေါက်မရှိပေ။ ထို့ကြောင့် ကျွန်တော်အတော်အတန်ကြောက်လန့် သွားသော်လည်း ထ၍ရင်ဆိုင်ရသည်မှ တစ်ပါး အခြားမရှိပါတော့ချေ။ ထိုဝင်လာသောလူစိမ်းသည် သွက်လက်ခြင်းမရှိ ၊မီးတောက်နေသောမီးဖို ဆီသို့တဖြေးဖြေး  လျှောက်၍သွားလေသည်။
သူသည်အခန်းထောင့်တစ်နေရာတွင်ရှိသော ကျွန်တော့်ကို သတိပြုမိဟန် မတူချေ။ ထိုလူမှာမီးဖို့ရှိရာသို့ တည့်မတ်စွာ လျှောက်သွားရင်း သူ၏စွတ်စိုနေသော လက်အစုံကို မီးကင်နေလေသည်။ ထိုလူကိုကျွန်တော် မျက်ချေမပြတ် သေသေချာချာ ကြည့်ပြီး အကဲခတ်နေမိသည်။ ထိုလူမှာခုလိုညမျိုးတွင် လူသားတစ်ယောက်ကြုံတွေ့ရသည့် စိုစွတ်မှုထက်ပင် ပို၍ ဆိုးဆိုးဝါးဝါး စိုစွတ် လျှက်ရှိသည်ကို တွေရပေသည်။ အ၀တ်အစားများက ဟောင်းနွမ်း စုတ်ပြတ်နေပြီး သူ့ခန္ဒာကိုယ်ပေါ်မှ ရေများဟာ ကြမ်းပြင်ပေါ်သို့ စီးကျလျှက်ရှိပေသည်။ ဦးထုပ်လည်းဆောင်းထားခြင်းမရှိပေ။ သူ့မျက်လုံးများအထက်ရှိ ထောင်နေသော ဆံပင်များမှ ရေစက်တိုက မီးကျီခဲ များ အပေါ်သို့စီးကျနေသောကြောင့် တစ် ရှဲ..ရှဲ မြည်နေပေသည်။ ထိုလူကိုကျွန်တော် မြင်လိုက်သည်နှင် တစ်ပြိုင်နက် ဥပဒေဘောင်အတွင်း မှလူမဟုတ်ဟု ယူဆမိလိုက်သော်လည်း လူကြီးလူကောင်းတစ်ယောက်ဖြစ်မည်ဟု တဖန်တွေးယူမိလိုက်ပြန်သည်။ ထို့ကြောင့်ကျွန်တော်ကပဲ သူ့ကို စတင်နူတ်ဆက်လိုက်လေရာ မကြာမီ ရင်းနှီးသွားကြပါသည်။ ကျွန်တော်က စကားစမိလိုက်သည်..။
`ကျွန်တော်တို့ လူသားတွေအတွက် တော့ သာယာတဲ့ မိုးလေ၀သ ဆိုတာ ဘယ်မှာရှိနိုင်မှာလဲ  မိတ်ဆွေရာ ။ ဒါပေမယ့် ဒီတဲကလေးက ခြောက်ခြောက်သွေ့သွေ့ ရှိနေလို့ တော်သေးတယ်လို့ဆိုရမှာပေါ့ဗျာ´
တဲအပြင်ဖက်တွင် ရှိနေသော သေလုမျောပါး နေကြာပင်များနှင့် အတိုင်းအဆမရှိ သန်စွမ်းနေကြသော ပေါင်းပင်ကြီးများသည်  မိုးရေကြောင့် ယိမ်းထိုးနေကြလေသည်။ ထိုလူစိမ်းက `တစ်ချိန်က ဒီတဲလေးဟာ သိပ်သန့်ရှင်းမှု မရှိခဲ့ဘူး။ ဒါပေမယ့် သာမာန် ဧည့်ရိပ်သာလေ တစ်ခု ဖြစ်ခဲ့တယ်။ အခုတော့နေတဲ့ အမြဲနေတဲ့သူ မရှိတော့ဘူး´ သို့သော် သူတောင်းစားများနေထိုင်သည့် နေရာတို့တွင် တွေ့ရတတ်သော ဘူးခွံ၊ပုလင်းခွံ စသည်တို့ကို ဤတဲ အတွင်းတွင် လုံးဝမတွေ့ရပေ။
 `ဒါနဲ့ … အဲ့ဒါတွေကို ဘာလို့မတွေ့တာလဲ…´
သူပြောခဲ့သလို သန့်ရှင်းမှုမရှိခဲ့ဘူး ဆိုရင် အခု ဘာကြောင့် အဲ့ အရာများ မတွေ့ရသနည်း။ ကျွန်တော်မေးခွန်း ထုတ်နေမိသည်။ ထိုလူက အဖြေစကားမဆိုမီ မသက်သာသောဟန်ဖြင့် သက်ပြင်းကို လေးလေးပင်ပင် ချကာ
 `ဒီတဲမှာ သရဲ…နေတယ်လေ…ဒီမှာသရဲရှိတယ်´
ကျွန်တော်မယုံနိုင်သော အကြည့်နှင့် မျက်မှောင်ကြုတ်ပြီး သူ့ကိုကြည့်မိလိုက်သည်။ `အဲ့ဒီသရဲက အလွန်အစွမ်းထက်တာ၊ သူ့ဇာတ်လမ်း အကျဉ်းကတော့ သူဟာ ဒီတဲအနောက်မှ ရှိတဲ့ ရေတွင်း ပျက်ထဲကို ကိုယ်တိုင် ဆင်းသေလိုက်တာပဲ ..´
ကျွန်တော်စိတ်ဝင်စား သွားပြီးသူ့အနားကို တိုးသွားမိတယ်။ ဒီ့နောက်သူက ဆက်ပြီးပြောတယ် `တွေ့တဲ့ လူတွေက ဆွဲတင်လိုက်တော့ သူ့တစ်ကိုယ်လုံး ရွှံ့တွေပေပြီးသေနေတယ်။ အဲ့ဒီ့သရဲက ဒီတဲပေါ်ကို တက်လိုက်ဆင်းလိုက်လုပ်နေတယ် ။ တစ်ခါ တခါ ဒီတဲထဲကို မိုးဝင်ခိုတဲ့ လူတွေဆိုရင် သူ့ခြေသံကြောင့် အိပ်ရေးပျက်ကြရတယ်..။ ´ ပြောရင်း ထိုလူစိမ်းက ထပ်ပြီး သက်ပြင်းချလိုက်ပြန်သည်။  ကျွန်တော်က-
 `ဒါပေမယ်.. ကျွန်တော်တို့ကိုတော့ ဒီသရဲကခြောက်မှာ တော့ မဟုတ်ပါဘူး ´
`ဟုတ်ကဲ့ ….ကျွန်တော်တို့ကိုသူက ခြောက်မယ်မထင်ပါဘူး´ သူ့စကားအဆုံးတွင် ကျွန်တော်က ရယ်လိုက်ပြီး ….`ဟား..ဟား..ဟားး… ဘယ်သူတွေဘာပဲပြောပြော ကျွန်တော်ကတော့ သရဲဆိုတာကို တစ်ခါမှမမြင်ဖူးပါဘူး´ ထိုလူစိမ်းက စိတ်ပျက်သည့်အသွင်ဖြင့် ကျွန်တော်ကို စူးစိုက်ကြည့်လေသည်။ ပြီးတော့.သူက……
` ဟုတ်ကဲ့ ခင်ဗျားဘယ်တော့မှမြင်ဘူးမှာ မဟုတ်ဘူး ။ ဒါပေ့မယ့် …ဒီတဲမှာ ၀င်တည်းကြတဲ့ သူတွေအားလုံး သရဲမခြောက်ခံရတာမရှိဘူး ။ အကုန်လုံးခြောက်ခံ ရတာကြီး ပဲ´
ထိုသူမည်သို့ပင်ပြောနေပါစေ ကျွန်တော်က မယုံကြည်ပါ။
`ကျွန်တော့်ကို အိပ်ရေးပျက်အောင်လုပ်နေတာ သရဲမဟုတ်ဘူး..။ မိတ်ဆွေ တဲပေါ်တက်လာလို့ ကျွန်တော်နိုးသွားတာ.. ´
ထိုအခါ ထိုသူက ကျွန်တော့်ကို လှောင်ပြောင်သလို ရယ်နေလေသည်။ `ဟား…ဟာ.း…ဟား…ဟား…ဟား´ သူ၏ကိုယ်မှစီးကျနေသော ရေထို့က အဆက်မပြတ် ကြမ်းပေါ်သို့ စီးကျ နေပေသည်။  သူ့ကိုယ်မှလည်း အနံ့ဆိုးများ ထွက်ပေါ်၍ လာလေပေသည်။
`ဘု ရားရေ….မိတ်ဆွေ ….အနေနဲ့ ဘယ်တော့မှ မခြောက်နိုင်တော့ဘူးလား…´ ဟု ကျွန်တော် ပြောလိုက်မိသည် ။ ထိုလူက အနည်းငယ်ရယ်လိုက်ပြီး ………
`မခြောက်တော့ဘူးတဲ့ လား …ဟ…ဟ….ဟ ကျွန်တော်က ဘယ်တော့မှခြောက်မှာ မဟုတ်ဘူး ၊ ကျွန်တော်တို့လို လူတွေဟာ မိုးလေ၀သ ကောင်းကောင်း ၊ ဆိုးဆိုး နွေဖြစ်ဖြစ်၊ဆောင်းဖြစ်ဖြစ် ဘယ်တော့မှ ခြောက်တယ်ဆိုတာ မရှိဘူး.. ဒီမှာကြည့်လေဗျာ´
ပြောပြောဆိုဆိုနှင့် သူ၏ရွံများပေနေသော လက်အစုံကို မီးထဲသို့ ထိုးသွင်းပြီးကျွန်တော့်ကို စူးစိုက်ကြညိ့နေလေသည်။ ကျွန်တော် အခုမှ သူပြောသမျှတွေသတိရ သွားပြီး ကျွန်တော့် ဘွတ်ဖိနပ်ကိုကောက်ယူကာ ကြောက်လန့်တကြားအော် ဟစ်ကာ မိုးသက်လေပြင်းကျနေသော ညအမှောင်ထဲသို့ ထွက်ပြေးခဲ့မိပါတော့သည်။
Writing by –Ye’ Tay Za Kyaw (ကာရန်ငယ်)
                               Thankyou.

..

..
Free Explode Red - Handwriting Cursors at www.totallyfreecursors.com

လွတ်လပ်စွာပြောဆိုနိုင်ပါသည်..။

HTML Comment Box is loading comments...
လာရောက်လည်ပတ် ကျသည့် အတွက်ကျေးဇူး အထူးတင်ပါသည်ခင်ဗျာ။
Twitter Bird Gadget