မိဿအချစ်ဒဿန (ARIES)

မိဿရာသီဖွားတို့၏ နှလုံးသားသည် အလွန်မြင့်မြတ်သိမ်မွေ့သည်ဟု
ကမ္ဘာ့နက္ခတ်ပညာရှင်များက တညီတညွတ်တည်း သတ်မှတ်ထားသည်။
"နှလုံးသားစစ်ပွဲများ။ဒဏ်ရာဒဏ်ချက်များ၊မီးတောက်၊မီးလျှံများကြားမှ
အလွန်ချစ်တတ်သော နှလုံးသားပိုင်ရှင်၊ မြင့်မြတ်သော အချစ်ရှိသူ"ဟု
ဖော်ကျူးထားသည်။
အပြင်သဏ္ဌာန်တွင် ကြမ်းတမ်းသည်ဟု ထင်ရလင့်ကစား အတွင်းစိတ်မှာနုညံ့သည်။
မေတ္တာရေးတွင် အပေးသမားဖြစ်သည်။ရယူခြင်းထက် ပေးဆပ်ခြင်းကို ဦးစားပေးမည်။
လူတစ်ဦးတစ်ယောက်ကိုချစ်မိလျှင် မျက်စိအောက်ကအပျောက်မခံ။
မုန်းမိလျှင်လည်း မမေ့နိုင်။ သံယောဇဉ်တနွယ်နွယ် ဖြစ်တတ်သည်။
သဘောထားကြီးမြတ်မည်။ သည်းခံခွင့်လွှတ်တတ်သော အချစ်နှင့် နှလုံးသားကို
ပိုင်ဆိုင်သည်။
"အလွန်အချစ်ခံလိုသော အချစ်ကို ပိုင်ဆိုင်ထားသည်။အချစ်အားလိုလားသည်။
မိမိအပေါ် အေးအေးချမ်းချမ်း သိမ်သိမ်မွေ့မွေ့ နူးနူး ညံ့ညံ့ အလေးပေး၍
ဆက်ဆံသူအား လိုလားသည်။ ထို့အပြင် သနားချစ်၊အားနာချစ်ကိုလည်း
ဦးစားပေးတတ်သည်"
အချစ်ရေးကိစ္စ၊အိမ်ထောင်ရေးကိစ္စ အားလုံးစုံတွင် ဦးနှောက်ကို
ဦးစားမပေး၊ နှလုံးသားနှင့် ဆုံးဖြတ်တတ်သည်။ အချစ်အတွက်
ဘာမဆိုပေးဆပ်ရဲသော သတ္တိရှိသည်။ တဇွတ်ထိုး လုပ်ခြင်း
၊စိတ်ဒေါသကြီးခြင်းများ ရှိလင့်ကစား မေတ္တာဘဝလမ်းကြေားင်းတွင်
အနှောက်အယှက်ဖြစ်လောက်အောင်အထိ မကျရောက်နိုင်ပါ။
ဤရာသီဖွားများသည် မျက်နှာများလိမ့်မည်။အပြိုင်ရည်းစားထားလိမ့်မည်။
နောက်ဆုံးအိမ်ထောင်ပြုသောအခါတွင် နီးစပ်မုအရှိဆုံးသောသူနှင့်
အိမ်ထောင်ကျမည်။ အချစ်ဦးနှင့် ဆုံစည်းကိန်းမရှိ။သို့သော်
အိမ်ထောင်ပြုသောအခါ အိမ်ထောင်တဆက်တည်းနှင့် မြဲစေရန်
အမြဲထိန်းသိမ်းကြိုးစားမည်။
မိမိသည် နာမည်ပျက်ရှိသူ (သို့) တစ်စုံတစ်ရာဘဝတွင် အချစ်ကံခေခဲ့သူအား
ပို၍ တိမ်းညွတ်ချစ်တတ်သော နှလုံးသားကို ပိုင်ဆိုင်သည်။ အချစ်ကို
ဦးစားပေးမည်။ ချစ်သူကြောင့် မိမိဝန်းကျင် အသိုင်းအဝိုင်းအတွင်း
အပြောအဆို ခံရမည်။ သို့သော် ထိုအချစ်သည်ပင် မိမိအား ပျော်ရွှင်
ချမ်းမြေ့မှု့ကို ပေးလိမ့်မည်။
ဤရာသီဖွားများ၏ အချစ်ဒဿနမှာ အသက်အရွယ်ကိုလိုက်၍ ကွာခြားသွားမည်။ အသက်
၁၅ နှစ်မှ ၁၉နှစ်ကြား လူငယ်များသည် အချစ်ကို ရင်ခုန်စရာ
စိတ်လှုပ်ရှားစရာတစ်ခုဟု သတ်မှတ်မည်။အသက် ၂၀နှစ်မှ ၂၅ ကြားအရွယ်သည်
အချစ်ကို ကြေကွဲစေခြင်း၊ဝမ်းနည်းစေခြင်း နှလုံးသားအား နာကျင်စေသော အရာဟု
သတ်မှတ်မည်။ အသက်၂၅ နှစ်မှ ၃၀ နှစ်ကြားအရွယ်သည် အချစ်ကို ပေးဆပ်ခြင်းဟု
ယူဆသော ဒဿနရှိသည်။ အသက်၃၀ နှစ်အထက်တွင်မူ ချစ်ခြင်းမေတ္တာသည် မိမိက
ပေးမှသာလျှင် တစ်ပါးသူထံမှ ပြန်လည်ရရှိမည်ဟူသော ဒဿနကိုရင်ဝယ်ထားရှိမည်။
အသက်၄၀ အထက်တွင်မူ တစ်ပါးသူက မိမိအား သံယောဇဉ်ထားခြင်း၊ အလိုလိုက်ခြင်း၊
ဂရုစိုက်ခြင်းနှင့် ချစ်မြတ်နိုးမှုကို အလွန်တောင့်တသည်။
ဤကား မိဿရာသီဖွားတို့၏ အချစ်ဒဿနပင်ဖြစ်ပေသည်။
ပြိဿအချစ်ဒဿန (TAURUS)
ပြိဿရာသီဖွားတို့၏နှလုံးသား ချစ်ခြင်းမေတ္တာသည်
အလွန်သစ္စာတရားကြီးမားပြီး ပေးဆပ်ခြင်းကို ဦးစားပေးသော
မေတ္တာတရားကြီးမားသူများဟုကမ္ဘာ့နက္ခတ်ပညာရှင်များက သတ်မှတ်ထားသည်။
၅၂၈ နှင့်၁၅၀၀ မေတ္တာလွန်ပွဲများ ဘဝကွာခြားမှုများအကြား ကျောက်ဆစ်၊
ကျောက်တောင်ကဲ့သို့ မာကျောသော နှလုံးသားအလယ်မှ ထူးခြားစွာ ပွင့်လန်းသော
နတ်ပန်းကဲ့သို့ ပွင့်ခဲ၊ ချစ်ခဲသော၊ မွန်မြတ်သောအချစ်၊ တည်တဲ့သောမေတ္တာ
အချစ်နှလုံးသားအားပိုင်ဆိုင်သူဟု ဖော်ကျူးထားသည်။
မေတ္တာတရားအား ဆုံးဖြတ်သောအခါတွင် သေချာစွာ အချိန်ယူဆုံးဖြတ်ပြီးမှ
ချစ်တတ် တွယ်တာတတ်သည်။ ပြောခဲ့သောစကား၊ ဆုံးဖြတ်ထားသော အရာအား ဘယ်တော့မှ
ပြန်မပြင် ၊ သစ္စာတရားအား ရင်ဝယ်ပိုက်ထားသူဖြစ်သည်။
ငယ်ချစ်ကို ဦးစားပေးတတ်သည်။ ခိုင်မာသော မေတ္တာ ကိုပိုင်ဆိုင်သည်။
မိမိက ချစ်ရသူအပေါ် အမြဲ စိတ်ချမ်းသာအောင် ဖြည့်ဆည်းပေးရမည် ဟူသော ဒဿန ကို
ပိုင်ဆိုင်သည်။
သံယောဇဉ်ကြီးသည်။ အချော့ကြိုက် အပျော့ကြိုက်ဖြစ်သည်။ ချစ်ခဲသည်။
အချစ်မြဲသည်။ အချစ်အတွက်ဆိုလျှင် ပတ်ဝန်းကျင်နှင့်
ဆန့်ကျင်ရန်လည်းကောင်း၊ မိသားစုနှင့်ဆန့်ကျင်ရန်လည်းကောင်း ဝန်မလေး။
ကိုယ်တိုင်ဆုံးဖြတ်မည်။ မေတ္တာလမ်းကြောင်းသည် မချောမွေ့ အခက်အခဲများမည်။
ချစ်သူနှင့်ပေါင်းဖက်ရန် ဆုံစည်း ရန်သာအဓိကထားသည်။ အပျော်ချစ်သူ
လုံးဝမထားတတ်။
အချစ်ကို ဦးစားပေးသည်။ မိမိကိုယ်တိုင်လည်း အယုအယကြိုက်မည်။
သစ္စာရှိသူကိုလည်းလိုလားမည်။ ချစ်ခြင်းမေတ္တာဆိုသည်မှာ သစ္စာတရားရှိမှ
ခိုင်မြဲသည်။ ပြီးပြည့်စုံသည်ဟု ခံယူထားသည်။
နှလုံးသားမှ အချစ်သည် သံယောဇဉ်အတွယ်အတာမှ တစ်စစ မြင့်မားလာသော
တိုးပွားလာသော ချစ်တတ်လာသော မေတ္တာအမျိုးအစားဖြစ်သည်။
ဤရာသီဖွားများသည် မိမိ ကသူတစ်ပါးအပေါ် ကောင်းသလောက် ပေးဆပ်သလောက်
မိမိကို ထပ်တူ ပြန်ကောင်းသူရရန် ခဲယဉ်းသည်။ မိသားစု ညီအကို
မောင်နှမများအား ၅၂၈ မေတ္တာ ဦးစားပေးရမှုကြောင့် ၁၅၀၀
မေတ္တာတွင်အညံ့ရှိမည်။
တခါတည်းထား တစ်ကြိမ်တည်းမြဲလိုသော ချစ်သူကိုလိုလားသည်။ သို့သော်
ဤရာသီဖွား ၈၀% သည် အချစ်ဦးနှင့်ဆုံစည်းကိန်းမရှိတတ်ပါ။
အချစ်အပေါ် ထားရှိသော ဒဿနအမြင်သည် အသက် ၁၆ နှစ်မှ ၂၂ နှစ်အတွင်း
မိမိကို တစိုက်မတ်မတ် စိတ်ဝင်စားသော နီးစပ်သူနှင့် သံယောဇဉ် တွယ်ပြီး
နီးစပ်မှုကြောင့် မေတ္တာတရားပေါ်ပေါက်သည်ဟုသတ်မှတ်သည်။ အသက်၂၃ မှ ၂၈
နှစ်ကြားတွင် ချစ်သူထက်မိဘကို ပိုချစ်သင့်သည်ဟူသော စိတ်ရှိသည်။ အသက်
၂၈နှစ်မှ ၃၅ နှစ်ကြားတွင် မေတ္တာတရားသည် ဘဝအတွက်
ထာဝရလက်တွဲရန်အဖော်ရှာခြင်းဟု သတ်မှတ်သည်။ အသက်၃၆နှစ်အထက်တွင်မူ
မေတ္တာတရားသည် သူတစ်ပါးအားပေးဆပ်ရန် အကောင်းဆုံးသော လက်ဆောင်မွန်ဟု
သတ်မှတ်သည်။
ဤကား ပြိဿရာသီဖွားတို့၏ အချစ်ဒဿနပင်ဖြစ်ပေသည်။
မေထုန် အချစ်ဒဿန (GEMINI)