ကျရာဂြိုဟ်တွင်သက်ရောက်သည် ဟုမှတ်။ ဥပမာ - အသက် ၃၀ ရှိသော အင်္ဂါသား၏ သက်ရောက်
ကို တွက်လိုလျှင် အသက် ၃၀ ကိုတည်၍၊ ၈ - ခုနှင့်စားသော် ၆ ကြွင်းသည်။ မွေးနံအင်္ဂါကစ၍
လက်ယာရေသော် သောကြာမှာကျရောက်သည့်အတွက် သောကြာဂြိုဟ် သက်ရောက်သည်ဟုမှတ်။
၈) ၃၀ (၃
၂၄
၆ အကြွင်း
တနင်္ဂနွေနေ့  |
တနင်္လာ |
*အင်္ဂါ |
*သောကြာ |
ဂြိုဟ်နေခွင် |
ဗုဒ္ဒဟူး |
ရာဟု |
ကြာသပတေး |
စနေ |
တနင်္ဂနွေသက်ရောက်အဟော ။ ။ နေထိုင်မကောင်းဖြစ်တတ်သည်။ ခိုးကိန်း၊ မီးကိန်း
ကြုံတတ်သည်။ အရောင်းအ၀ယ်လုပ်လျှင် ရှူံးတတ်သည်။ အပြောအဆိုသတိထားပါ။ ဘုရား၌
တနင်္ဂနွေထောင့်တွင် ရေသက်စေ့လှူလေ။
တနင်္လာသက်ရောက်အဟော ။ ။ အလွန်ကောင်းသည်။ ရွှေ၊ ငွေ ၀င်မည်။ ကဆုန်၊
ဝါခေါင်၊ တန်ဆောင်မုန်း ဤသုံးလတွင် ကြာသပတေးသား တနင်္လာသားများ အရှေ့ အရပ်မှ လာ
ရောက်မစတတ်သည်။ တနင်္လာနံ ကုန်ပစ္စည်းအရောင်းအ၀ယ်လုပ်လျှင် အကျိုးရှိတတ်သည်။
အင်္ဂါသက်ရောက်အဟော ။ ။ ချစ်သူနှင့် ကွေကွင်းရတတ်သည်။ သွေးထွက်သံယိုစိတ်
မချမ်းမသာဖြစ်တတ်သည်။ အချုပ်အနှောင်ခံရတတ်သည်။ ၀ါခေါင်၊ ပြာသို၊ တပေါင်းလများတွင်
ခရီးသွားခြင်းကို ရှောင်ပါ။ သောကရောက်တတ်သည်။
ဗုဒ္ဒဟူးသက်ရောက်အဟော ။ ။ အရှေ့ တောင်အရပ်မှ ခြေနှစ်ချောင်းဝင်မည်။ အကြံအစည်
အဆင်ပြေမည်။ သို့ သော် ဆဒ္ဒန်ဆင်မင်းမြားမှန်ကိန်းကြုံသဖြင့် ၀မ်းမှာအနာရတတ်သည်။ လူပျို၊
အပျို ဖြစ်လျှင်အိမ်ထောင်ကျတတ်သည်။
စနေသက်ရောက်အဟော ။ ။ ဇနက္ကသင်္ဘောပျက်ကိန်းကြုံသဖြင့် အစစအရာရာ ပျက်စီး
ဆုံးပါးတတ်သည်။ မီးကိန်း၊ ခိုးကိန်းကြုံမည်။ ခြေနှင့်လက်တို့ တွင် အနာရတတ်သည်။ စကားများ
ရန်ဖြစ်တတ်သည်။ တရားဖြစ်လျှင် ရှူံးတတ်သည်။
ကြာသပတေးသက်ရောက်အဟော ။ ။ စုတ်၊ လာဘ်အနောက်အရပ်က ၀င်မည်။ မိဘ၊
ဆရာသမားမ စတတ်သည်။ လူပျို၊ အပျိုဖြစ်လျှင် အိမ်ထောင်ကျတတ်သည်။ ကြာသပတေးနံနှင့်
ပတ်သတ်ပြီး အကျိုးပေးတတ်သည်။ ပြုလုပ်သမျှ အောင်မြင်တတ်သည်။
ရာဟုသက်ရောက်အဟော ။ ။ စည်းစိမ်ဥစ္စာဆုံးရှူံးတတ်သည်။ အရပ်တပါးသို့ ပြောင်းရွေ့ 
နေထိုင်ရတတ်၏ ။ လင်မယားကွာရှင်းရတတ်၏ ။ စိတ်လေစိတ်ညစ်ဖြစ်တတ်၏ ။ လေနာရင်နာစွဲကပ်
တတ်သည်။ ခြေ လေးချောင်းနှင့် ပတ်သတ်ပြီး စကားများရတတ်၏ ။
သောကြာသက်ရောက်အဟော ။ ။ ရတနာ ရွှေငွေ တဖွဲဖွဲဝင်မည်။ ကြံသမျှအောင်မည်။
“ သုဓနုနှင့် ဒွေးမယ်နော်” ကိန်းကြုံသဖြင့် လူပျို၊ အပျိုဖြစ်လျှင် အိမ်ထောင်ကျတတ်သည်။ ကိုယ်
ကျန်းမာ၍ စိတ်ချမ်းသာမည်။ ကူညီစောင်မမည့်သူများ ပေါမည်။ ထင်ပေါ်ကျော်စောမည်။
ရာဟုသားဆိုရင် ဂြိုဟ်စား သက်ရောက်ကို ဘယ်လိုတွက်ရမလဲဆရာ
ReplyDelete