Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu


စာပေမြို့ တော်သို့  လာရောက်ကြသူ အပေါင်း ကျန်းမာချမ်းသာ ကြပါစေလို့  ဆုမွန်ကောင်းတောင်းလိုက်ပါသည်ခင်ဗျာ...>>အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ...မန်ဘာဝင်ပြီးအားပေးနော်..။

စာပေမြို့တော်တွင် Member၀င်ရန်

Followers


စာလုံးပြောင်းရန်
အသေး ပုံမှန် +ကြီး ++ကြီး

Tuesday, February 11, 2014

“ကျွန်မလွမ်းမိ အပြစ်ရှိပါသလားမောင်”

 

“ကျွန်မလွမ်းမိ အပြစ်ရှိပါသလားမောင်”        

အခန်း(၁)

အိပ်ခန်းပြူတင်းပေါက်မှတစ်ဆင့် အခန်းတွင်းသို့  ဖြာကျနေသော လရောင်ကို ငေးကြည့်ရင်း သူမရင်ခုန်သံတို့  မြန်ဆန်လာလေသည်။ မကြာခင် ည(၁၂) နာရီတိတိထိုးတော့မည်။ (၁၂)နာရီထိုးတာနှင့်
သူမဆီသို့  ဖုန်းကောလ်တစ်ခု ၀င်လာမည်။ ထိုဖုန်းကောလ်သည် သူမအင်မတန်မျှော်လင့်ခဲ့ရသော ဖုန်းကောလ်တစ်ခု။ သူမဆီ
ဖုန်းဆက်လာမည့်သူမှာသူမစိတ်တစ်ခုလုံး၊သူမဘ၀တစ်ခုလုံး၊
သူမတန်ဖိုးထားကိုးကွယ်ခဲ့သော မာနတစ်ခုလုံး ပေးဆပ်ပြီး ချစ်ခဲ့ရ
သည့် သူမအချစ်ရဆုံးသောသူ။ သူမအားကိုးယုံကြည်စွာ မှီတွယ်ခဲ့ဖူး
သော ခိုလှုံရာရင်ခွင်။ တစ်နည်းဆိုရသော် သူမ မြတ်မြတ်နိုးနိုးနှင့် တစ်ရှိုက်မက်မက်ခေါ်ခဲ့ဖူးသည့် “မောင်” ဆိုသော လူသားလေးထံမှ လာမည့်ဖုန်းဖြစ်သည်။

သက်ပြင်းကို “ဟူး” ကနဲမှုတ်ထုတ်ရင်း ဖုန်းမှနာရီကိုကြည့်လိုက်မိသည်။ (၁၂)နာရီထိုးဖို့  တစ်မိနစ်အလို။ သူမရင်ခုန်သံကို သူမ ပြန်ကြားမိ
သည်အထိ စိတ်တို့ ယောက်ယက်ခတ်နေမိသည်။ ကြည့်နေရင်းမှပင်
ဖုန်းမှ နာရီသည် (၁၂)နာရီအတိသို့ ညွှန်ပြလေသည်။ တဆက်တည်း
လိုလိုပင် သူမဖုန်းသည်လည်း အသံမြည်လာလေသည်။ ဖုန်းမြည်သံ
သည် သူမနားထဲတွင် ကြေးစည်တစ်ခုကို နားနားကပ်လာတီးနေသည်
နှင့် တူသည်။ လှုပ်ရှားနေသော စိတ်ကို တည်ငြိမ်အောင် ကြိုးစားရင်း ဖုန်းကိုင်လိုက်သည်။

“ဟဲလို "

"စီစင်(န်)လား…မောင်ပါ…လွမ်းလိုက်တာစီစင်(န်)ရာ…တစ်လကြီး
များတောင် ခွဲနေလိုက်ရတာ…သေလို့ တောင်ရတယ်သိလား…
မောင်တို့  သရေနော်”

ဟူသည့် အသံနှင့်အတူ သူမသိပ်ချစ်ခဲ့သည့် မောင့်အသံ ချိုရှရှကို ကြားလိုက်ရသည်။

အော်..မောင်က ကျွန်မကိုလွမ်းတာ သေလို့ တောင်ရတယ်တဲ့လား..။
ကျွန်မလည်း မောင့်လိုပါပဲမောင်ရယ်..။မောင့်ကို သိပ်လွမ်းတာပေါ့။ စားလည်းမောင့်ကိုလွမ်းတဲ့စိတ်၊ သွားလည်း မောင့်ကိုလွမ်းတဲ့စိတ်၊ ဘာလုပ်လုပ် မောင့်ကိုလွမ်းတဲ့စိတ်တွေ ရင်မှာပိုက်ခဲ့တာပါမောင်။ ညအိပ်ရာဝင်ရင်တောင် တစ်ချိန်က မောင်ကိုယ်တိုင် ချော့သိပ်ခဲ့တဲ့ “ကောင်မလေး” သီချင်းလေးဖွင့်ပြီး မောင်တကယ်ချော့သိပ်သလို ကျွန်မခံစားပြီးမှ အိပ်လို့ ရခဲ့တာပါမောင်..။မောင့်ကို လွမ်းတိုင်း ကျွန်မမွေးနေ့ မှာ မောင်ပေးခဲ့တဲ့ ၀က်ဝံရုပ်လေးကို ရင်ခွင်ထဲထွေးပိုက်ထားပြီး မောင်အမှတ်နဲ့  စကားတွေ
တတွတ်တွတ်ပြောနေခဲ့တဲ့သူပါမောင်ရယ်…။


အခန်း(၂)

“စီစင်(န်)….ရော့ ဒါမောင့်မွေးနေ့ လက်ဆောင်နော်..မောင့်ကို
လွမ်းတိုင်း ဒီအရုပ်လေးကို မောင့်ကိုယ်ပွားအမှတ်နဲ့ ..စီစင်(န်)
ပြောချင်တာတွေ ပြော..ရင်ဖွင့်ချင်တာတွေ ရင်ဖွင့်နော်..။”

အဲဒီ ၀က်ဝံရုပ်ကလေး စရသည့်နေမှစပြီး မောင်နှင့်မတွေ့ ရသော အချိန်တော်တော်များများတွင် မောင့်ကိုယ်ပွားအရုပ်လေးနှင့်သာ သူမစကားတွေပြောနေခဲ့ရသည်။ မောင့်ကိုလွမ်းတဲ့ အလွမ်းတွေကို ဖြေသိမ့်ဖို့ ရန် တစ်ခုတည်းသော နည်းလမ်းမှာ ထိုအရုပ်လေးကို ရင်မှာပိုက်ထားပြီး သူမရင်ဖွင့်ခြင်းပင်ဖြစ်သည်။ ထိုအခါမှသာ အတော်အတန်ပြေပျောက်သွားသလို ခံစားရသည်။ မောင်နှင့်ချစ်သူသက်တမ်းတစ်လျောက်လုံးတွင် သူမ ထိုအရုပ်လေးနှင့်သာ အချိန်တော်တော်များများ ကုန်ဆုံးခဲ့ရသည်။ အကြောင်းမှာ သူမချစ်သော မောင်သည် သူမကိုအချိန်ပေးရန် အမြဲအကြောင်းပြ ငြင်းဆိုနေတတ်သောကြောင့်ဖြစ်သည်။

မောင်နှင့်သူမသည် တူညီသော အရာအနည်းငယ်နှင့် မတူညီသော အရာအများစု ပေါင်းစပ်ထားသော လူသားနှစ်ဦးဖြစ်သည်။ မဟုတ်မခံစိတ်ရှိတာ၊ ပွင့်ပွင့်လင်းလင်းပြောဆိုဆက်ဆံတတ်တာ
တူသည်။ မတူသည်မှာ သူမက ကတိတစ်လုံးကို တန်ဖိုးထားသည်။ ကတိတစ်ခုပေးပြီးပြီဆိုလျှင်လည်း တည်အောင်ကြိုးစားသည်။
ထို့ ကြောင့် ကတိမတည်သော သူများကို သူမစိတ်ဝယ် သဘော
မကျတတ်ချေ။ မောင်ကား ကတိတစ်ခုကိုလွယ်လွယ်ပေးပြီး လွယ်လွယ်ဖျက်တတ်သောသူဖြစ်သည်။ ကတိမတည်လို့ သူမ
အပြစ်တင်တိုင်းလည်း အကြောင်းပြချက်တစ်ခုခုက မောင့်နှုတ်ဖျား
ဝယ် အမြဲတွဲခိုနေသည်။ ခဏခဏပြောရဖန်များလာတော့လည်း
သူမသာ နားလည်မှုဆိုသော ဝေါဟာရကို ရင်ဝယ်ပိုက်ခဲ့ရသည်။

နောက်တစ်ချက် မောင်နှင့်သူမ မတူညီသောအချက်မှာ ဖေ့ဘွတ်ခ်
သူငယ်ချင်းများနှင့် ပတ်သက်သည်။ သူမက ဖေ့ဘွတ်ခ်ပေါ်တွင်
ဝါသနာအရ ကဗျာများ၊အက်ဆေးများနှင့် ၀တ္ထုတိုများရေးသည်။ သူမကိုချစ်သော အွန်လိုင်းပေါ်မှ သူငယ်ချင်းမောင်နှမများ၏
အားပေးမှုကို အတော်အသင့်တော့ သူမရရှိသည်။ အပြင်မှာ တစ်ခါ
မှ မမြင်ဖူးသော်လည်း ဖေ့ဘွတ်ခ်မှသူငယ်ချင်းများက သူမကို
ချစ်ကြသည်။ သူမဘက်မှလည်း တကယ့်မောင်နှမရင်းချာလို သံယောဇဉ်တွယ်မိသည်။သူမနှင့် သူမသူငယ်ချင်းများ၏ ဆက်ဆံရေးသည် ယောကျာ်းလေး၊မိန်းကလေးမခွဲဘဲနှင့် ပကတိဖြူစင်သော မေတ္တာကို အခြေခံထားသည်။

မောင်နှင့် မောင့်သူငယ်ချင်းများ၏ ဆက်ဆံရေးသည်ကား သူမ
ဘယ်လိုမှ မနှစ်မြို့ သော ဆက်ဆံရေးဖြစ်သည်။ တစ်ယောက်
နှင့်တစ်ယောက် အီစီကလီ၊ အပြောအဆိုများကျတော့လည်း သူငယ်ချင်းလည်းမကရည်းစားလည်းမကျသော ငြိတိတိအပြောမျိုးတွေ
ဖြစ်သည်။ သူမအင်မတန်အထင်သေးသော အပြုအမူများရှိသည့် မောင့်
ကို သူမသိပ်ချစ်မိသွားခဲ့သည်ကတော့ ကံတရားလို့ ပဲ ဆိုရမလိုဖြစ်သည်။ လူတော်တော်များများ မိမိမစဉ်းစားတတ်တော့သော အခြေအနေမျိုးနှင့် ကြုံလာရသောအခါတိုင်း “ကံစီမံရာပေါ့” ဆိုသည့် စကားလေးနှင့် ကံကိုယိုးမယ်ဖွဲ့ တတ်ကြသည်။ သူမလည်း ထိုနည်း၎င်းပင်။ “မောင့်ကိုဘာ့ကြောင့်ချစ်မိသွားတာလဲ” ဟု တစ်စုံတစ်ဦးက လာမေး
ခဲ့သော် သူမတွင်အဖြေမရှိ။ ရေစက်ကြောင့်ပင် ဆန့် ကျင်ဘက်အရာ
များ စုစည်းထားသည့် သူမတို့ နှစ်ဦး ချစ်သူတွေဖြစ်သွားကြသည်ဟု
သာ သူမပြောနိုင်ပါသည်..။


အခန်း(၃)


လွန်ခဲ့သော တစ်လလောက်က မောင်နှင့်သူမအလောင်းအစားတစ်ခု
လုပ်ခဲ့သည်။တစ်ယောက်ကိုတစ်ယောက် ရင်ထဲ ဘယ်လောက်
ရှိသလဲဆိုတာ စမ်းသပ်ချင်လို့ ဖြစ်သည်။ တစ်လတိတိ ဖုန်းလည်း
မဆက်ကြေး၊ မက်ဆေ့ခ်ျလည်းမပို့ ကြေး၊ ကုန်ကုန်ပြောရလျှင် သူမဖေ့ဘွတ်ခ်တွင် တင်သည့် စတေးတပ်များ၊ကဗျာများတွင်ပါ လိုက်ခ်လည်းမလုပ်ရ၊ ကွန့် မန့် လည်းမပေးရဟု နှစ်ဦးသဘောတူ ကတိပြုခဲ့သည်။ တစ်လမပြည့်ခင် မနေနိုင်လို့  ဆက်သွယ်လာလျှင် ဆက်သွယ်လာသည့်သူက အရှုံးဖြစ်ပြီး၊ နိုင်သည့်သူတောင်းဆိုသည့် အရာတစ်ခုခုကို ပေးကြေးဟု လောင်းခဲ့သည်။

“စီစင်(န်) ငြိမ်လှချည်လား…အမယ်..ဒီကောင်မလေး ကြည့်ရတာ
မောင့်ကို လွမ်းလို့ ထင်တယ်…ဘာမှကိုမပြောနိင်တော့ဘူး။ မောင်တို့  ဘယ်သူမှ မနိုင်လည်းမနိုင်ဘူး …ဘယ်သူမှ မရှုံးလည်း မရှုံးဘူးနော်..သရေကျတယ်..အိုခေ??”

“နွေမိုးဆောင်း”ဟူသည့် သူမနာမည်ကို စီစင်(န်)ဟု မောင်ကခေါ်ခဲ့
သည်။ သူမကလည်း မောင်ခေါ်သည့် ထိုနာမည်လေးကို တစ်ခြားသူများခေါ်သည့် အမည်များထက် ပိုကြိုက်သည်။ ပိုတန်ဖိုးထားသည်။ ဘယ်သူမဆိုမိမိချစ်သူနဲ့ ပတ်သက်လာလျှင် အသက်ရှူသံလေးကအစ တခုတ်တရ တန်ဖိုးထားတတ်ကြတာ
မလား..။သူမလည်း မောင့်ကိုချစ်တာကြောင့် မောင်နဲ့ ပတ်သက်သမျှ ချိုချိုအီအီပြုံးတတ်တဲ့ မောင့်အပြုံးလေးကအစ…အီစီကလီလုပ်တတ်
တဲ့ မောင့်နှလုံးသားလေးအဆုံး စွဲမက်မဆုံးဖြစ်ခဲ့တာပဲမလား..။

“ဟင့်အင်း မောင်….ကျွန်မ မောင့်ကိုရှုံးခဲ့တယ်”

သူမပြန်ဖြေသံကိုကြားသည်နှင့် မောင့်ထံမှ “ဟင်”ကနဲ အာမေဋိတ်သံ
ကို သူမကြားလိုက်ရသည်။

“မောင် “White Jasmine” ဆိုတဲ့သူကို မောင်သိလား”

မောင်သိတာပေါ့ကွယ်..။မောင်သိပ်သိတာပေါ့…ကျွန်မသိသိကြီးနှင့်ကို
မောင့်ကိုမေးတာပါမောင်..မောင်မသိဘဲနေပါ့မလား။သူမနှင့်တစ်လ
တိတိအဆက်အသွယ်ပြတ်နေသောအချိန်တွင် မောင် ““White Jasmine”ဆိုသော တစ်ယောက်နှင့် ချစ်သူတွေဖြစ်ခဲ့ကြတာ ကျွန်မသိပ်သိတာပေါ့မောင်ရယ်။

“အင်း မောင်သိတယ်လေ..မောင့်ဖရန့် တွေထဲက တစ်ယောက်ပေါ့”

ဖရန့် တွေထဲက တစ်ယောက်တဲ့လားမောင်..။မောင်မညာတတ်ဘဲနဲ့  ဘာလို့ ညာချင်ရတာလဲဟင်..။အရင်က ကျွန်မသိပ်ချစ်ခဲ့တဲ့မောင်က မညာတတ်ပါဘူး..။”မဟုတ်တာကိုလုပ်ရင်တောင် ညာမပြောတတ်တဲ့
မောင့်ကို သူများရှို့ တဲ့မီးတွေနဲ့  လာလာမတို့ ပါနဲ့ ” ဆို..။မောင်ပဲပြောခဲ့တာလေ..။မေ့သွားပြီလားမောင်..။

“မောင်…. “White Jasmine” နဲ့  ကျွန်မကို ဘယ်သူ့ ပိုချစ်လဲဟင်”

“အာ…စီစင်(န်) ကလည်း သူက သူငယ်ချင်းလေ
စီစင်(န်)က မောင့်ချစ်သူလေ..။ယှဉ်မေးစရာလိုလို့ လားကွာ”

မောင်ရယ်..ခုချိန်ထိ မောင်ညာချင်နေသေးတယ်နော်..။ကျွန်မက မောင့်
ချစ်သူတဲ့လား..။ချစ်သူဆိုတာ ဘယ်လိုလူမျိုးကို သတ်မှတ်တာလဲမောင်
မောင့်သတ်မှတ်ချက်ကို ကျွန်မသိပါရစေလား..။မောင်ဘာလုပ်လုပ်..
မောင်ဘယ်သူနဲ့ ဘယ်လိုပဲပွေရှုပ်ရှုပ် တစ်ခွန်းမှမဟဘဲ..မောင်
လိုအပ်ချိန်တိုင်း ရှိနေပေးတတ်တာ မောင့်ချစ်သူလား..။မောင်တစ်လ
တိတိ ကျွန်မကိုမဆက်သွယ်ဘဲ မလွမ်းဘဲ နေနိုင်ခဲ့ပြီး တစ်ခြားမိန်းကလေးတစ်ယောက်နဲ့  ချစ်သူဖြစ်ခဲ့တာတောင် ကျွန်မက မောင့်ချစ်သူနေရာရှိသေးတယ်တဲ့လား..။
ရင်ထဲမှာ တွေးရင်းတွေးရင်းနှင့် တဆစ်ဆစ်နာကျင်လာသည်။
“ဟူး”ကနဲ သက်ပြင်းရှည်တစ်ချက်ကို မှုတ်ထုတ်လိုက်ရင်း သူမ အေးစက်စက်နှင့် တစ်ခွန်းချင်း ပြန်ပြောလိုက်သည်..။

“White Jasmine” ဆိုတာ တခြားသူမဟုတ်ဘူး..ကျွန်မပဲ…မောင်”

ပြောပြီးသည်နှင့် မောင့်ထံမှ တုံ့ ပြန်သံမကြားရသေးခင် သူမဖုန်းချလိုက်မိသည်။ တလက်စတည်း ဖုန်းကိုပိတ်ပစ်လိုက်
သည်။မောင်ထပ်ခေါ်မည်ဆိုတာ သူမသိသောကြောင့်ပင်။ သူမ မပြောချင်တော့ပါ။သူမအပေါ်တွင် သစ္စာမရှိသော မောင်နှင့် သူမ
နောက်ထပ် မပတ်သက်လိုတော့ပါ။ မောင့်ကိုသိပ်လွမ်းလွန်းလို့  အကောင့်သစ်တစ်ခုထပ်ဖွင့်ပြီး မောင်နဲ့ ဆက်သွယ်ခဲ့တာကိုက သူမအမှားလား….။ဒါမှမဟုတ်..သူမမှန်းမသိလို့  တစ်ခြားမိန်းကလေး
တစ်ယောက်အမှတ်နှင့်ချစ်သူတွေဖြစ်ခဲ့ကြသောမောင့်အမှားလား။
သူမမဖြေတတ်ပါ..။ဖြေလည်းမဖြေချင်တော့ပါ..။ကံတရားအလိုကျ ဆုံဆည်းခဲ့သော မောင်နဲ့ သူမ …ကံတရားအလိုကျပဲ ခွဲခွာခဲ့ကြ
သည်ဟုသာသူမ သတ်မှတ်လိုက်ပါတော့မည်..။အနိုင်ရသော
မောင့်အတွက် သူမနှလုံးသားတစ်စုံကိုလက်ဆောင်အဖြစ်ပေးခဲ့ရင်း နှလုံးသားဗလာနှင့် မိန်းမတစ်ယောက် မောင့်ကိုမေ့နိုင်ရန် အချိန်တစ်ခုကိုသာ စောင့်ရပါတော့မည်။ မောင့်ကိုလွမ်းသည့်
စိတ်ကြောင့် အကောင့်သစ်တစ်ခုနှင့်ဆက်သွယ်မိသည့် သူမပဲအပြစ်ရှိတာလား…သူမအပေါ်သစ္စာမရှိတဲ့ မောင်ကပဲ
အပြစ်ရှိတာလား ဆိုပြီးတော့လည်း သူမအဖြေမထုတ်ချင်တော့
ပါ…။


မျက်ဝန်းမှ မျက်ရည်များက အဆီးအတားမရှိ တလဟောစီးကျ
လာသည်။ ရင်တစ်ခုလုံးလည်း ကြေမွအက်ကွဲစွာ သူမခံစားနေရသည်။ ထိုအက်ကွဲသံများနှင့်ပင် သူမညတိုင်းရေးနေကျ မောင့်အတွက်
ဒိုင်ယာရီလေးမှာ နောက်ဆုံးအနေနှင့် ချရေးလိုက်မိသည်။

“မရွာဖြစ်တဲ့မိုးတွေလည်း အတိတ်ရှိနေပါတယ်မောင်ရယ်
အပြစ်ယူတမ်းဆိုပါစို့ 
မောင့်ကို အပြစ်မတင်ရက်ပါဘူး
အိပ်လက်စနဲ့ ဆက်အိပ်နေလိုက်ပါကွယ်
လဲရင်ထူလို့ ရပေမယ့်
ပုန်းနေရင်တော့
ဘယ်မြို့ မှ အရိပ်မထိုးတော့ပါဘူးမောင်ရယ်…”


ချစ်ခင်လေးစားလျှက်
ဆုဂျေ

No comments:

Post a Comment

ဝေဖန်အကြံပြုပေးသွားပါဦး။
(သင်၏ Comment တစ်ခုဟာ စာရေးသူအတွက် ဆေးတစ်ခွက်ပါ။)

..

..
Free Explode Red - Handwriting Cursors at www.totallyfreecursors.com

လွတ်လပ်စွာပြောဆိုနိုင်ပါသည်..။

HTML Comment Box is loading comments...
လာရောက်လည်ပတ် ကျသည့် အတွက်ကျေးဇူး အထူးတင်ပါသည်ခင်ဗျာ။
Twitter Bird Gadget