Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu


စာပေမြို့ တော်သို့  လာရောက်ကြသူ အပေါင်း ကျန်းမာချမ်းသာ ကြပါစေလို့  ဆုမွန်ကောင်းတောင်းလိုက်ပါသည်ခင်ဗျာ...>>အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ...မန်ဘာဝင်ပြီးအားပေးနော်..။

စာပေမြို့တော်တွင် Member၀င်ရန်

Followers


စာလုံးပြောင်းရန်
အသေး ပုံမှန် +ကြီး ++ကြီး
Showing posts with label အလှအပနှင့်ကျန်းမာရေး. Show all posts
Showing posts with label အလှအပနှင့်ကျန်းမာရေး. Show all posts

Monday, March 10, 2014

အမျိုးသားတို့ကို နုပျိုကျန်းမာစေမည့် အချက်များ


အမျိုးသားတို့ကို နုပျိုကျန်းမာစေမည့် အချက်များ
==========================
အိုမင်းမှုဖြစ်စေတဲ့ ၇၀ ရာခိုင်နှုန်းနီးပါးကို ကာကွယ် ထိန်းချုပ်လို့ ရပါတယ်။ လူတစ်ယောက်က အရင်ဆုံး ကိုယ့်ကိုယ်ကိုယ် နုပျိုတယ်လို့ ယူဆနေရင် ကြည့်ကောင်း နေတတ်ပါတယ်။ ဒါကြောင့် အမျိုးသားတိုင်း သိထားသင့်တဲ့ နုပျိုကျန်းမာရေး နည်းလမ်းတွေကို ရေးသား လိုက်ရပါတယ်။

နုပျိုစေမည့် နေထိုင်နည်း

အမျိုးသားတွေက မကြာခဏ မျက်မှောင်ကြုတ်လေ့ ရှိတာကြောင့် မျက်ခုံးနှစ်ခုကြား အရေးကြောင်းက ပိုသိသာတတ်ပါတယ်။ လတ်တလော လေ့လာမှုတစ်ခုအရ လူငယ် ၄၇ ဦးကို မျက်မှောင်ကြုတ်ပြီး ဓာတ်ပုံရိုက်တဲ့အခါ ပိုရင့်ရော်တဲ့ အသွင် ဖြစ်ပေါ်နေကြောင်း သိရပါတယ်။ ဒါကြောင့် မျက်မှောင် မကြုတ်မိအောင် အထူးသတိထားပါ။ ဒါ့အပြင် နေရောင်အောက် သွားတဲ့အခါ မျက်မှောင် မကြုတ်မိစေဖို့ နေကာနိုင်စွမ်း SPF အဆ ၃၀ ပါဝင်တဲ့ နေကာခရင်မ်ကို လိမ်းသင့်ပါတယ်။

အသက်ကြီးလာလျှင် ပိုဂရုစိုက်နည်း

အသက်ကြီးလာတဲ့အခါ ဆဲလ်အသစ် ဖြစ်ပေါ်နှုန်းက နှေးလာပါတယ်။ အသက် ၂၀ အရွယ်မှာ နှစ်ပတ်ကြာတိုင်း အရေပြား အပေါ်ယံလွှာက ကွာကျလေ့ရှိပြီး အသက် ၅၀ အရွယ်မှာ နှစ်ဆလောက် အချိန်ကြာတတ်ပါတယ်။ အရေပြားက ကော်လာဂျင် ဓာတ်ဆုံးရှုံးမှုလည်း ဖြစ်လာတာကြောင့် အရေးကြောင်း၊ အထူးသဖြင့် မျက်ဝန်းတစ်ဝိုက်မှာ ဖြစ်ပေါ်လာတတ်ပါတယ်။ အရေးကြောင်း ထင်တဲ့အခါ သင့်ကို ပိုမိုအိုမင်း ရင့်ရော်စေပါတယ်။ ဒါကြောင့် အိုမင်းမှု တားပေးတဲ့ အစိုဓာတ်ထိန်း ခရင်မ်ကို မှန်မှန် လိမ်းသင့်ပါတယ်။

အမွေးမှန်မှန် ရိတ်ပြီး နုပျိုစေသော နည်း

Thursday, March 6, 2014

ဆီး (ဇီး) သီး၏ ကျန်းမာရေး အကျိုးကျေးဇူးများ



ဆီးသီးမှာ ကာဗိုဟိုက်ဒရိတ်၊ ဆိုဒီယမ်၊ သတ္တုဓာတ်၊ အမိုင်နိုအက်စစ်၊ သကြားဓာတ်၊ ဗီတာမင်၊ ပျော်ဝင်တဲ့ အမျှင်ဓာတ်နဲ့ မပျော်ဝင်တဲ့ အမျှင်ဓာတ်၊ ဖက်တီးအက်စစ်နဲ့ တခြား အာဟာရဓာတ်တွေ ပါဝင်တာကြောင့် အောက်ပါ က...ျန်းမာရေး အကျိုးကျေးဇူးတွေကို ရရှိနိုင်ပါတယ်။

(၁) အောက်ဆီဂျင် ရယ်ဒီကယ်ကြောင့် ထိခိုက်မှု မဖြစ်အောင် ကာကွယ်ခြင်း

ဆီးသီးမှာ ကိုယ်တွင်း ထိခိုက်မှုတွေ မဖြစ်အောင် ကာကွယ်ပေးတဲ့ဓာတ်တွေ ပါဝင်တာကြောင့် အောက်ဆီဂျင်အခြေခံတဲ့ ထိခိုက်မှု မဖြစ်အောင် ကာကွယ်ပေးပါတယ်။

(၂) သံဓာတ်စုပ်ယူမှု ကောင်းပြီး အင်တီအောက်ဆီးဒင့် ကာကွယ်မှု ရရှိစေခြင်း

ဆီးသီးရဲ့ အကျိုးကျေးဇူးတစ်မျိုးက ခန္ဓာကိုယ်မှ သံဓာတ်စုပ်ယူမှုကို ကောင်းစေတာပဲ ဖြစ်ပါတယ်။ အကြောင်းကတော့ ဗီတာမင်စီများစွာ ပါဝင်လို့ပါ။ ဒါကြောင့် ကိုယ်ခံစွမ်းအား စနစ်ကို ကောင်းမွန်စေပြီး တစ်သျှူးတွေကို ကျန်းမာစေပါတယ်။ နားတွင်း ပိုးဝင်မှု မကြာခဏ မဖြစ်အောင် ကာကွယ်ပေးကာ ဖရီး ရယ်ဒီကယ်တွေကိုလည်း တွန်းလှန်ပေးပါတယ်။ ဒါကြောင့် ပန်းနာရင်ကျပ်ရောဂါ၊ ရိုးဆစ်ရောင်ရမ်းနာ၊ အူမကြီးကင်ဆာနဲ့ ရူမတွိုက်အဆစ်ရောင်နာတို့ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဗီတာမင်စီပါတဲ့ သစ်သီးတွေ စားတာကြောင့် လေဖြတ်တာ၊ နှလုံးရောဂါနဲ့ ကင်ဆာရောဂါတို့ကြောင့် သေဆုံးမှုဖြစ်နှုန်းကို လျှော့ချပေးနိုင်ပါတယ်။

(၃) မက်ကူလာယိုယွင်းမှုကြောင့် မျက်စိထိခိုက်မှု မဖြစ်အောင် ကာကွယ်ခြင်း

တစ်နေ့ ဆီးသီး သုံးခွက်စားတာကြောင့် အသက်ကြီးလို့ဖြစ်တဲ့ မက်ကူလာ ယိုယွင်းပျက်စီးမှု (AMRD) ဖြစ်နှုန်းကို လျော့ကျစေပါတယ်။

(၄) ကယ်လိုရီနည်းသော အစာအဖြစ် သတ်မှတ်ခြင်း

Monday, February 17, 2014

ဝက်ခြံနဲ့ဆားဝက်ခြံကိုဘယ်လိုဖယ်ရှားမလဲ


ဝက် ခြံ ဆိုတာ အဆီရယ် ချွေးရယ်
ချးညှော် တွေရယ် ပေါင်းပြီး ထွက်လာ
ရတာပါ။အဲ့ဒိတော့ မပေါက်ခင် ကာကွယ်ချင်တယ်ဆိုရင်၊

၁။ မျက်နှာကို အမြဲ သန့်စင်အောင်ထားပါ။
ညအိပ်ခါနီးတိုင်း မျက်နှာကို သန့်စင်အောင် ဆေးပြီးမှ အိပ်တာ အကောင်းဆုံးပါ။ 
မိတ်ကပ်၊ သနပ်ခါး၊ တနေ့လုံး ကပ်ညိနေတဲ့ ဖုန် တွေ ကနေည အိပ်နေတဲ့ 
အချိန်မှာပိုးမွှားတွေ ပေါက်ဖွား နိုင်ပြီး ၀က်ခြံ တွေ ပေါက်ဖို့ လမ်း ဖြစ်လာတတ်လို့။

၂။ အဆီ ပြန် တတ်တဲ့ အသားအရည် ပိုင်ရှင် များက အစားအသောက် စားတဲ့အခါ 
အဆီအစိမ့် နဲ့ နို့ထွက် ပစ္စည်းကို ရှော့ စားပေးပါ။

တနေကုန် အလုပ် လုပ်၊ ကျောင်းသွား.. လှုပ်ရှားသွားလာနေရတဲ့ သူများ အနေနဲ့
တစ်ရှုးသန့်သန့်ကို ဆောင်ထား တတ်တဲ့ အလေ့အကျင့်လုပ်ပေးသင့်တယ်။

အဆီပြန်လာတဲ့အခါ တစ်ရှုးကို ၂ လွှာ ရှိရာကနေ တလွှာ ခွာပြီး ညင်ညင်သာသာ
သုတ်ပစ်ပြီး သန့်စင်ပေးပါ။
 
တစစထက် တစစ အဆီပြန်မှု နည်းသွားပါလိမ့်မယ်။နောက်တခုက။ ။ ခရမ်းချဉ်သီး နဲ့
 ပေါင်းတင် ပေးခြင်းက အဆီ ပြန်ခြင်းကို သက်သာ စေပါတယ်။
လွယ်လွယ်လေးနော်.။ ၂နည်းရှိ
တယ်။

နည်း ၁။
(၁) ခရမ်းချဉ်သီးကြီးကြီး နဲ့ မာမာ တလုံးကိုယူပြီး ထိပ် ဖူးကို စိတ်ပါ။
(၂) သကြားအဖြု တစ်ဇွန်းစာကို ပန်းကန်ပြားထဲထည့် ပြီး ခရမ်းချဉ်သီး ထိပ်ဖူး နဲ့ 
သုတ်လိမ်းပါ။

Sunday, February 16, 2014

အိမ်ထောင်သည် မိန်းမများ မိမိယောက်ျားကို ဒါတွေကျွေးပါ...

 




အမျိုးသား အများစုက အစာကို စနစ်တကျ ရွေးချယ်ပြီး စားလေ့ မရှိကြပါဘူး။ ဒါ့အပြင် ကျန်းမာရေး ကိုလည်း ဂရုမစိုက်ဘဲ လျစ်လျူရှုထားလေ့ ရှိကြပါတယ်။ ဒီအချက်ဟာ အမျိုး သားတွေ ရဲ့ သက်ရှည် ကျန်းမာရေးကို အဟန့် အတား ဖြစ်စေတဲ့ အချက်တစ်ခု ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဇနီးမယားတွေကပဲ သင့်အမျိုးသား အတွက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာတွေ ပါဝင်အောင် ပြင်ဆင်ပေးသင...့်ပါတယ်။


(၁)ဂျုံမှုန့်အကြမ်း

အမျိုးသားတွေအတွက် အကောင်းဆုံးနံနက်စာမှာ ဂျုံမှုန့်အကြမ်း ပါဝင်သင့်ပါတယ်။ ဒါမှ သာ နှလုံးရော ဂါ ဖြစ်နှုန်း လျော့ကျမှု ရှိမှာပါ။ ချက်ပြီးသား ဂျုံမှုန့်အကြမ်း တစ်ခွက်မှာ ပျော်ဝင်တဲ့ အမျှင်ဓာတ် သုံးဂရမ် ပါဝင်တာကြောင့် ကြာကြာ ဗိုက်ပြည့်စေပြီး သွေးတွင်း သကြားဓာတ် တည်ငြိမ်ကာ သွေးတွင်းကို လက်စထ ရောအဆင့် လျော့ကျမှု ရှိစေပါတယ်။ ဂျုံမှုန့်အကြမ်းမှာ ကိုယ်ခံစွမ်းအား ကောင်းစေတဲ့ သွပ်ဓာတ်၊ စိတ်ဖိစီးမှု တွန်းလှန်ပေးတဲ့ ဗီတာမင်ဘီနဲ့ အင်တီအောက်ဆီးဒင့် အစွမ်းရှိတဲ့ တခြား ဗီတာမင်နဲ့ သတ္တု ဓာတ်တွေ ပါဝင်ပါတယ်။

(၂)ငှက်ပျောသီး

ငှက်ပျောသီးမှာ ပိုတက်စီယမ် အများအပြား ပါဝင်တဲ့အတွက် အမျိုးသားတွေရဲ့ သွေးဖိအားကို ထိန်းညှိပေး နိုင်သလို ကြွက်တက်တာမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ ငှက်ပျောသီး မှာ ရောင် ရမ်း မှု လျော့ကျစေတဲ့ အစွမ်းရှိတာကြောင့် အဆစ်နဲ့ ကြွက်သားတွေကို တစ်နေ့လုံး နာကျင်ကိုက်ခဲမှု ကင်းဝေးစေ ပါတယ်။ အမျှင်ဓာတ်ပါဝင်မှု မြင့်မားတာကြောင့် ငှက်ပျောသီးကို စားပေးရင်ကို လက်စ ထရော လျော့ကျ စေပြီး အူမကြီးကင်ဆာ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ မဂ္ဂနီဆီယမ် ပါဝင် တာကြောင့် လေဖြတ်တဲ့ အန္တရာယ်ကိုလည်း လျော့ကျစေပါတယ်။

(၃)ခရမ်းချဉ်သီး

ခရမ်းချဉ်သီးမှာ လိုင်ကိုပင်း ပါဝင်ပြီး ဆီးကျိတ်ကျန်းမာရေး ကောင်းမွန်စေတဲ့အတွက် အမျိုးသားတွေ အတွက် စံပြ အစာပါ။ အစွမ်းထက် ကာရိုတီးနွိုက် ဖြစ်တာကြောင့် ခရမ်းချဉ်သီးကို အနီရောင် ဖြစ်စေ တဲ့အပြင် ဆီးကျိတ်ကင်ဆာ ဖြစ်နှုန်းကိုပါ လျော့ကျစေပါတယ်။ ခရမ်းချဉ်သီးကို မစားခင် အရင်ချက်ပါ။ အပူပေးလိုက်တဲ့အခါ လိုင်ကိုပင်းကို စုပ်ယူအား ပိုကောင်းစေလို့ပါ။

(၄)ဘလူးဘယ်ရီသီး

ဘလူးဘယ်ရီသီး တစ်အောင်စမှာ ဗီတာမင်၊ သတ္တုဓာတ်နဲ့ အမျှင်ဓာတ် များများ ပါဝင်ပါတယ်။ ဘလူး ဘယ်ရီသီးကို အပြာရောင် ဖြစ်စေတဲ့ အစွမ်းထက် အင်တီအောက်ဆီးဒင့်ဟာ အန်သိုဆိုင်ယာနင် ခန္ဓာ ကိုယ်ထဲက အစွမ်းထက် ဖရီးရယ်ဒီကယ်တွေကို တွန်းလှန်ပေးနိုင်ပါတယ်။

(၅)သံလွင်ဆီ

တစ်နေ့ သံလွင်ဆီ ထမင်းစားဇွန်း နှစ်ဇွန်းစားရုံနဲ့ ကိုယ်အလေးချိန် လျော့ကျစေပြီး စိတ်ခံစားမှု ကောင်းမွန် စေကာ ရောဂါဝေဒနာကို တွန်းလှန်ပေးနိုင်ပါတယ်။ သံလွင်ဆီမှာ မပြည့်ဝဆီအပြင် ဗီတာမင်အီးနဲ့ ကာရို တီးနွိုက်တွေလို အစွမ်းထက် အင်တီအောက်ဆီးဒင့်တွေလည်း ပါဝင် တာကြောင့် သွေး တိုး ကျစေပြီး ကင်ဆာရောဂါ ကြီးထွားနှုန်းကို ချိုးနှိမ်ပေးကာ ပန်းနာရင်ကျပ် ရောဂါနဲ့ အဆစ်ရောင် နာ ဖြစ်နှုန်းကို လျော့ကျစေပါတယ်။ သံလွင်ဆီမှာ ရောင်ရမ်းမှုကျစေတဲ့ အာနိသင်ရှိပြီး နာကျင်ကိုက်ခဲ မှုနဲ့ရောင်ရမ်းမှုကို လျော့ကျစေပါတယ်။

(၆)သစ်ကြားသီး

သစ်ကြားသီးမှာပါတဲ့ ပရိုတင်းဓာတ်၊ အမျှင်ဓာတ်၊ ဆီလီနီယမ်၊ မဂ္ဂနီဆီယမ်နဲ့ ဗီတာမင်အီးတို့ဟာ ဆီးကျိတ် ကို အကာအကွယ် ပေးနိုင်ပါတယ်။ သစ်ကြားသီးကို ပုံမှန်စားသူတွေဟာ သွေးတွင်းစုစုပေါင်း ကိုလက်စ ထရောအဆင့် ၅ ဒသမ ၄ ရာခိုင်နှုန်း၊ မကောင်းတဲ့ ကိုလက်စရော ၉ ဒသမ ၈ ရာခိုင်နှုန်း လျော့ကျမှု ရှိကြောင်း အမေရိကန် အာဟာရ ဂျာနယ်ရဲ့ လေ့လာမှုအရ သိရပါတယ်။

(၇)ပန်းဂေါ်ဖီစိမ်း

ပန်းဂေါ်ဖီစိမ်းမှာ ကိုယ်ခံစွမ်းအား ကောင်းစေတဲ့ ဗီတာမင်အေ၊ စီနဲ့ အီးတို့အပြင် မဂ္ဂနီဆီယမ်နဲ့ ပိုတက်စီ ယမ်စတဲ့ သတ္တုဓာတ်တွေလည်း ပါဝင်တာကြောင့် သွေးဖိအားကို ထိန်းနိုင်တဲ့ အပြင် နှလုံးရော ဂါနဲ့ ကင်ဆာ ဖြစ်နှုန်းကိုလျော့ကျစေပါတယ်


(၈)အဆီများသောငါး

အဆီများတဲ့ ငါးမှာ အိုမီဂါ ၃ ဖက်တီးအက်စစ် ပါဝင်တာကြောင့် နှလုံးရော ဂါ ဖြစ်နှုန်း ကို လျော့ ကျစေပါ တယ်။ ထရစ်ပတိုဖန် အာဟာရဓာတ်လည်း ပါဝင်တဲ့အတွက် တစ်နေ့လုံး စိတ်တည်ငြိမ် လန်းဆန်းစေပြီး အိပ်ရေးဝဝအိပ်ပျော်စေပါတယ်။

(၉)ပဲမည်း

ဆိုဒီယမ်၊ အဆီနဲ့ ကိုလက်စထရော ပါဝင်မှု နည်းပြီး အမျှင်ဓာတ်များတဲ့ ပဲမည်းကို စားတာကြောင့် တစ်နေ့လုံး စွမ်းအင် ပြည့်ဝစေပါတယ်။ ပဲက အရောင်ပိုရင့် လေလေ၊ အင်တီအောက်ဆီးဒင့် ပမာဏ ပိုများလေလေ ဖြစ်ပါတယ်။ အင်တီအောက်ဆီးဒင့် ပါဝင်မှုများတဲ့ အစာတွေကို စားတာကြောင့် ကင်ဆာနဲ့နှလုံးရောဂါဖြစ်နှုန်းကိုလျော့ကျစေပါတယ်။

(၁၀)လက်ဖက်စိမ်းလက်ဖက်ရည်

လက်ဖက်စိမ်း လက်ဖက်ရည် သောက်တာကြောင့် ကက်တီချင်လို အင်တီအောက်ဆီးဒင့် ရရှိစေပြီး ကင်ဆာဆဲလ်တွေကို ဟန့်တားပေးနိုင်ကာ ကိုယ်ခံစွမ်း အားကောင်းစေတဲ့ အင်ဇိုင်းထုတ်လုပ်မှုကို အားပေး ပါတယ်။

ကေအမ်(link)
By Good Health

Tuesday, February 11, 2014

ဝမ်းဗိုက်ချပ်ရပ်သွားစေမည့် ၁၅ မိနစ် လေ့ကျင့်ခန်း


ဖော်ပြပါလေ့ကျင့်ခန်းတွေက ၁၅ မိနစ်လောက်သာ လေ့ကျင့်ရပြီး အလေးမပစ္စည်းအနေနဲ့ ရေသန့်တစ်ဘူးကို သုံးကာ လေ့ကျင့်ပေးနိုင်ပါတယ်။ တစ်နေ့ကို ၁၅ မိနစ်နေ့စဉ် လေ့ကျင့်ပေးပါ။ ၀မ်းဗိုက် ချပ်ရပ်လှပနေစေပါလိမ့်မယ်။
ဦးခေါင်းနှင့်ခြေထောင်မြှင့်တင်ပါ
ဖျာပေါ်မှာ ပက်လက်နေပြီး သင့်ဦးခေါင်းအောက်မှာ လက်ခံထားပါ။ ဒူးတစ်ဖက်ကို ကွေးထောက်ထား ကာ ကျန်ခြေထောက်တစ်ဖက်က ဆန့်တန်းထားပါ။ ခြေထောက်တစ်ဖက် နဲ့ ခေါင်းကို ပြိုင်တူ မြှင့်တင်လိုက်၊ ဖျာပေါ်ပြန်ချထိလိုက် အကြိမ် ၂၀ ပြုလုပ်လေ့ကျင့်ပြီး ဆန့်ကျင်ဘက်ပုံစံပြောင်းကာ အကြိမ် ၂၀ လေ့ကျင့်ပါ။
ခါးနေရာ လှုပ်ရှားပါ
ခြေထောက်တွေကို သင့်ပခုံးအကျယ်အတိုင်း ခွာပြီး မတ်တတ်ရပ်နေပါ။ လက်နှစ်ဖက်နဲ့ ရေသန့်တစ်လီတာတစ်ဘူးကို ကိုင်ပြီး အပေါ်သို့ဆန့်တန်းထားပါ။ ခါးနေရာကနေ ခန္ဓာကိုယ်ကို ဘယ်ယိမ်းလိုက်၊ ညာယိမ်းလိုက် အကြိမ် ၃၀ လေ့ကျင့်ပါ။
ဒူးနှင့်တံတောင်လှမ်းထိပါ

Tuesday, February 4, 2014

အမျိုးသား၊ အမျိုးသမီးအားလုံး အသားအရေ လှပချောမွေ့ရန်အတွက် နေ့စဉ် လိုအပ်ချက်ငါးမျိုး



အခုခေတ်မှာ အမျိုးသမီးတွေသာမက အမျိုးသားတွေဟာလည်း အသားအရေ လှပအောင် ကြိုးစားလာကြပါပြီ။ အပြစ်အနာအဆာ ကင်းတဲ့ အသားအရေ အလှကို ပိုင်ဆိုင်တာက  ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနဲ့ လေးစားမှုကို တိုးစေတဲ့အတွက် အသားအရေ လှပရေးဆိုင်ရာ နေ့စဉ် အခြေခံ လိုအပ်ချက်တွေကို ရေးသားလိုက်ရပါတယ်။

(၁) အင်တီအောက်ဆီးဒင့်
အင်တီအောက်ဆီးဒင့်တွေက နှလုံးသွေးကြော ကျန်းမာရေးကို ကောင်းမွန်စေသလို ကင်ဆာကိုလည်း ကာကွယ်နိုင်ပါတယ်။ သစ်သီးဝလံတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ ပင်လယ်စာနဲ့ သံလွင်ဆီတွေထဲမှာ အင်တီအောက်ဆီးဒင့် အများအပြား ပါဝင်ပါတယ်။ အင်တီအောက်ဆီးဒင့်က ဆဲလ်ကောင်းတွေကို ထိခိုက်စေနိုင်တဲ့ ဖရီးရယ်ဒီကယ်တွေရဲ့ လုပ်ဆောင်မှုကို တွန်းလှန်ပေးပါတယ်။ ဒီလိုနည်းနဲ့ အရေပြား ဆဲလ်တွေကို ကျန်းမာစေတာ ဖြစ်ပါတယ်။ အင်တီအောက်ဆီးဒင့် နှစ်မျိုးဖြစ်တဲ့ ဗီတာမင်စီနဲ့ ဗီတာမင်အီးတို့က အရေပြားကို အောက်ပါနည်းတွေနဲ့ ကျန်းမာလှပစေပါတယ်။

ဗီတာမင်စီ -  အရေပြားတင်းရင်း ပြည့်ဖြိုးစေတဲ့ ကော်လာဂျင်တွေကို တည်ဆောက်ပေးပါတယ်။ အခွံချွတ်မထားတဲ့ ကောက်နှံစာ၊ ပန်းသီးနဲ့ ချဉ်တဲ့ သစ်သီးတွေထဲမှာ ဗီတာမင်စီ ပါဝင်ပါတယ်။

Tuesday, December 24, 2013

ထူးဆန်းထွေလာ လူ့ခန္ဓာ........ဗဟုသုတပေါ.


(1) သင့်ရဲ့ ခန္ဓာကိုယ်ထဲမှာ တချို့အရေးကြီးတဲ့ အစိတ်အပိုင်းတွေ မရှိတော့ ပေမယ့် ဆက်ပြီးအသက်ရှင်
နေနိုင်ပါသေးတယ်။ အစာအိမ် ၊သရက်ရွက် အသည်းရဲ့ ၇၅ရာခိုင်နှုန်း၊ အူလမ်းကြောင်းရဲ့ ၈၀ရာခိုင်နှုန်း၊
ကျောက်ကပ် တစ်ခြမ်း၊ အဆုတ်တစ်ခြမ်းနဲ့ ခန္ဓာကိုယ်အောက်ပိုင်းက တချို့ အစိတ် အပိုင်းတွေ မရှိရင်
တောင်.. လူကောင်း တစ်ယောက်လို မဟုတ်ပေမယ့် ဆက်ပြီး အသက်ရှင် နေနိုင် ပါသေးတယ် ။
(2) လူ့ခန္ဓာကိုယ်တစ်ခုလုံးမှာအသန်မာဆုံးကြွက်သားကလျှာဖြစ်ပြီးအမာကျောဆုံး အရိုးကတော့ မေးရိုးပါ။

Monday, December 23, 2013

အရေပြားနှင့် ဆံသား ကောင်းခြင်း တို့အပြင် ကင်ဆာ ရောဂါများကိုလည်း ကာကွယ် ပေးနိုင်တဲ့ ငှက်ပျောသီး …

ငှက်ပျောသီးတွင် ဗီတာမင်ဓာတ်၊ သတ္တုဓာတ်များ အမြောက်အမြား ပါဝင်ပြီး စွမ်းအင်နှင့် အမျှင်ဓာတ်များကိုလည်း ပေးစွမ်းကာ အရေပြား၊ ဆံသား ကျန်းမာရေး အတွက်လည်း  အထောက်အကူပြုသည့် အပြင် ကင်ဆာရောဂါများကိုလည်း
ကာကွယ်ပေးနိုင်သော အစွမ်းရှိသည်။ ငှက်ပျောသီးတွင် အရေပြား ကျန်းမာ လှပရေး အတွက် အရေးပါသော ဗီတာမင်စီဓာတ်ကို ရရှိနိုင်သည် သာမက ရေဓာတ် ၇၅ ရာခိုင်နှုန်းပါဝင် သောကြောင့် ခန္ဓာကိုယ်ရေဓာတ်ကိုလည်း ရရှိနိုင်သည်။ ၎င်းအပြင် အရေပြား ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်သော (Pyridoxine) ခေါ် Vitamin B6 ကို ငှက်ပျောသီးတွင် အမြောက်အမြား ပါဝင်သည့်အပြင် အရေပြားကို Ree Radicals ရန်က ကာကွယ်ပေးသော Manganese များကိုလည်း ရရှိနိုင်သည်။
(ငှက်ပျောသီးက ပေးသော အိပ်စက်ခြင်း) ကျန်းမာရေးအတွက် အရေးကြီးသော အိပ်စက်ခြင်းကိုလည်း ငှက်ပျောသီးက အထောက်အကူ ပြုစေပြီး ဦးနှောက်ထဲ၌ ရှိသော Pineal Gland က ထုတ်လွှတ်လိုက်သော Melatonin ဟုခေါ်သော ဟော်မုန်းတစ်မျိုးက အိပ်စက်ခြင်းကို လည်ပတ် လှုံ့ဆော် ပေးနိုင်သည်။ ငှက်ပျော သီးတွင်ွှ Trypotophan အမြောက်အမြား ပါဝင်သောကြောင့် ညအိပ်ရာ မဝင်မီနာရီ အနည်းငယ် အလိုတွင် စားပေးခြင်းဖြင့် နှစ်ခြိုက်စွာ အိပ်ပျော်စေနိုင်သည်။
လူ့ခန္ဓာကိုယ်၏ လုပ်ငန်းစဉ် တော်တော်များများ အတွက် ပိုတက်စီယမ် လိုအပ်ပေသည်။ သွေးအား ထိန်းပေးခြင်း၊ နှလုံး သွေးလည်ပတ်မှု ကောင်းမွန်ရန်နှင့် ကြွက် သားများ ကျုံ့ဆန့်မှုများ အတွက် လိုအပ်သော ပိုတက်စီယမ်ကို ငှက်ပျော သီးမှ ရရှိနိုင်သည်။ ဝမ်းလျှော၊ ဝမ်းပျက်သူများ အနေဖြင့် ငှက်ပျောသီး စားသုံးခြင်းဖြင့် ပိုတက် စီယမ်များကို ပြန်လည် ဖြည့်တင်းနိုင်သည်။ ။
သိုက်ရာဇာ

Monday, December 2, 2013

" သွား " များ ဖြူဝင်းစေရန် နည်းလမ်းကောင်း ( 1 ) ခု

အခုတင်မယ့် သွားများ ဖြူဝင်းစေတဲ့ နည်းလမ်းကို တစ်ချို့ သူငယ်ချင်းများလည်း သိချင်သိမှာပါ . မသိတဲ့ သူငယ်ချင်းများလည်း ရှိမှာပါ ဘာပဲဖြစ်ဖြစ် အားလုံး ဗဟုသုတ ရစေတာပေါ့နော်
သွားများဖြူဝင်းစေဖို့ သီးမွှေး ဌက်ပျောသီးလေးက စွမ်းဆောင်ပေးမှာပါ

- သီးမွှေးဌက်ပျောသီးလေး တစ်လုံးကို အခွံနွှာလိုက်ပါ
- အသားကိုတော့ စားလိုက်ပေါ့နော် ……
- အခွံကို မပစ်လိုက်ပါနှင့် . သွားများဖြူဝင်းစေဖို့ အခွံလေးက စွမ်းဆောင်ပေးမှာပါ
- သီးမွှေးဌက်ပျောသီး အထဲက အခွံနှင့် သွားများအားလုံးကို ပွတ်တိုက်ပေးလိုက်ပါ
- ပွတ်တိုက်ပြီးတာနှင့် တစ်ရှုးလေးနှင့် စင်ကြယ်အောင် သုတ်ပေးလိုက်တာနှင့် ဖြူဝင်းနေတဲ့သွားများကို သင်တွေ့လိုက်ရပါမယ်
- ဒီနည်းလေးကတော့ အရိုးရှင်းဆုံးနည်းလမ်းလေး တစ်ခုပါ
- ပြီးတော့ သင့်အတွက်လည်း မပင်ပန်းစေမယ့် နည်းလမ်းလေးပါ
- နေ့တိုင်းမဟုတ်သည့်တိုင် တစ်ပတ်ကို ( 4 ) ရက်လောက် တိုက်ပေးနိုင်ပါတယ်
- အားလုံးအဆင်ပြေပါစေ

Monday, September 30, 2013

ဘ၀အောင်မြင်တိုးတက်ဖို့အတွက်

ရိုးတော့ရိုးပါ.မ အ ပါနဲ့
ယုံသင့်တာယုံပါ. အကန်းယုံမဖြစ်စေနဲ့
သုံးတော့သုံးပါမဖြုန်းပါနဲ့
လှူတော့လှူပါ.ဥာဏ်အမြင်မကန်းပါနဲ့
ဆုတောင်းချင်ဆုတောင်းပါ .အလုပ်လုပ်ဖို့ မမေ့ပါနဲ့
သူများတွေကိုမကြည်ညိုရင်နေ.ကိုယ့်ကိုကိုယ် အကြည်ညိုမမဲ့လေနဲ့

ဒီစာသားလေးကဆရာမတယောက်ရဲ့လက်စွဲဆောင်ပုဒ်လေးပါ.မူရင်းရေးသားသူက ဆရာမကိုယ်တိုင်လား.တခြားရေးသားသူလားကျွန်တော်မသိပါဘူး
ဒါပေမဲ့တွေးလေမှန်လေပါပဲ..ဒါကြောင့်မျှဝေလိုက်တာပါ.

ရိုးတော့ရိုးပါ.မ အ ပါနဲ့
အမှန်ပါပဲ.လူတောင်တော်များများကရိုးတာနဲ့အတာကိုတတွဲထဲထင်နေတတ်ကြပါတယ်.မဟုတ်ပါဘူး. ရိုးတယ်ဆိုတာ ရိုးသားခြင်းကို ဆိုလိုတာပါ.ရိုးသားခြင်းရဲ့ အနှစ်သာရက သစ္စာရှိခြင်း၊ကံ(၅)ပါးလုံခြင်းလို့ နားလည်မိပါတယ်.
အတယ်ဆိုတာက အရိပ်အခြေမသိတာ.နားမလည်တာ.အကင်းမပါးတာကိုဆိုလိုတာပါ. လည်တယ်ဆိုတဲ့မြန်မာစကားကို လူတွေကြောက်ကြပါတယ်. ကိုယ့်ကိုလည်တယ်ပြောရင် စိတ်ဆိုးတတ်ကြပါတယ်. အမှန်လည်တယ်ဆိုတဲ့
အဓိပယ်က လူရည်လည်ခြင်းပါ.လူရည်လည်ခြင်းဆိုတာက အကင်းပါးခြင်း.နားလည်ခြင်း တတ်ကျွမ်းခြင်းလို့ ဆိုလိုတာပါ. လူလောကမှာနေမှတော့ လူရည်လည်ရပါမယ်.လူအကြောင်းအကောင်းအဆိုးသိရပါမယ်.ကိုယ်နဲ့ပေါင်းသင်း
နေတဲ့သူတွေဟာ လူကောင်းလားလူဆိုးလား.နားလည်ခြင်း တတ်ကျွမ်းခြင်း ခွဲခြားနိုင်တဲ့အရည်အချင်း ရှိရပါမယ်.လူကောင်းလူဆိုးကို ဘယ်လိုခွဲခြားမလဲ.အကြမ်းဖျင်းတော့ ကိုယ့်ပေါ်ကောင်းရင်လူကောင်း.ကိုယ့်ပေါ်ဆိုးရင်လူဆိုးလို့သတ်မှတ်ကြပါတယ်.
ဒီမှာတဆင့်တက်လို့ လူအဖွဲ့အစည်းပေါ်ကောင်းရင်လူကောင်း.လူအဖွဲ့အစည်းပေါ်ပေါ်ဆိုးရင်လူဆိုး.တခါတဆင့်တက်ပြန်တော့ ဘာသာတရားတိုင်းရဲ့ အဆုံးအမ ကျင့်ဝတ်တွေကို ဖောက်ဖျက်ရင် လူဆိုး လိုက်နာရင် လူကောင်းလို့သတ်မှတ်
ကြပါတယ်.ဒီတော့ လူလုပ်နေရတဲ့လူတယောက်အဖို့ လူကောင်းလူဆိုး.သတ်မှတ်မှုက ကိုယ်ပိုင်စံနဲ့ ပဲဆိုင်ပါတော့တယ်.ဘယ်လိုပဲသတ်မှတ်ပါစေ ကိုယ်စံနဲ့ ကိုယ် လူဆိုးတွေကို ရှောင်နိုင်ဖို့က ကိုယ်က လည်မှ.တနည်းအားဖြင့်လိမ်မာပါးနပ်ဖို့လိုပါတယ်.
လူ့ဘ၀မှာ ကြုံလာတဲ့ ရလာတဲ့ အခွင့်အရေးတိုင်းကို အသုံးချရပါမယ်. ဒီလို အသုံးချတဲ့အခါ သူတပါးကို နင်းပြီးကိုယ်ကတက်သွားတာ မဖြစ်ဖို့ ဂရုပြုရမှာဖြစ်သလို ကိုယ်က သူတပါးရဲ့လှေခါးမဖြစ်အောင်လဲ သတိထားရပါမယ်.
လူတိုင်းက ကိုယ့်ဘ၀ကိုယ်လျှောက်. ကိုယ့်သမိုင်း ကိုယ်ရေးနေကြတာဖြစ်လို့ သူတပါးနဲ့ပြိုင်ဆိုင်နေစရာမလိုပါဘူး . ကံဆုံလို့တွေ့ပြီး ကံကုန်တော့လည်းခွဲရတာပါပဲ.ခဏတာကြုံတဲ့သူတွေကို ပြိုင်မနေပါနဲ့.ယှဉ်ပြိုင်မှုတိုင်းမှာ အနိုင်နဲ့အရှုံး (၂)ခုပဲရှိပါတယ်.
ကိုယ်နိုင်ရင် ပြုံးဖို့ ကျေနပ်ဖို့လိုသလို အရှုံးရှိလာရင်လည်း လက်ခံရဲတဲ့ သတ္တိရှိအောင် ကိုယ့်စိတ်ကိုကိုယ်လေ့ကျင့်ထားရပါမယ်.ဘယ်သူဖြစ်ဖြစ်ဘယ်လောက်တော်တော် လေ့ကျင့်ရေးသတ္တ၀ါတွေပါပဲ.
ကိုယ့်ကိုကိုယ်ပဲပြိုင်ပါ. မနေ့ကငါထက်ဒီနေ့ငါဟာ တိုးတက်သွားဖို့လိုအပ်ပါတယ်. ကိုယ်သွားမဲ့လမ်ူကိုသေချာသိဖို့ ပန်းတိုင်အရောက်လှမ်းဖို့က လူသားတွေရဲ့ သမိုင်းပေးတာဝန်ပါပဲ.အဲ..ကိုယ့်လမ်းကိုယ်လျှောက်နေတုန်းမှာတော့ သူများက ကိုယ်လမ်းကို ၀င်မနှောက်အောင် အမြဲသတိရှိဖို့လိုအပ်ပါတယ်.ဒါကြောင့် ရိုးသားမှုတော့ရှိပါစေ မအကြပါနဲ့.

Saturday, September 28, 2013

စပျစ်ဝိုင်၏ အသုံးဝင်ပုံ



(၁) သင့်တင့်သော စပျစ်ဝိုင်ကို သောက်သုံးပေးခြင်းဖြင့် နှလုံးရောဂါဖြစ်ပွါးမှုကို ကာကွယ်ပေးနိုင်သည့်အပြင် နှလုံးသွေးကြောများကိုလည်း ပြုပြင်ထိန်းသိမ်းပေးနိုင်သည်။ တစ်ကြိမ်တွင် ၂၅~၅ဝဂရမ်ဖြင့် တစ်ရက်တွင် တစ်ကြိမ် (သို့) နှစ်ကြိမ်သောက်သုံးနိုင်သည်။

(၂) စပျစ်ဝိုင်ဖြူသည် ချိုမြပြီး ချဉ်စုတ်စုတ်အရသာရှိသည်။ ထမင်းစားပြီး သောက်သုံးခြင်းဖြင့် အစာချေရည်ကို နှိုးဆွခြင်း၊ သည်းခြေရည်ဖြစ်ပေါ်ခြင်း၊ အဆီကိုချေပေးခြင်းများ ပြုလုပ်ပေးသည်။

(၃) စပျစ်ဝိုင်တွင် သကြားဓာတ်၊ Amino acidများပါဝင်သည့်အပြင် ပြည့်ဝသော ဗီတာမင် B12, B1、B2 နှင့် ဗီတာမင်C များပါဝင်သောကြောင့် သွေးအားနည်းရောဂါအတွက် အကောင်းဆုံးဖြစ်သည်။

(၄)စပျစ်ဝိုင်ဖြင့် တုပ်ကွေးရောဂါကို ကုသနိုင်သည်။ ကုသနည်းမှာ စပျစ်ဝိုင် ၃ဝ~ ၉ဝgအား အနွေးဓာတ်ပေးပြီး တစ်နေ့ ၂ကြိမ်မှ ၃ကြိမ်အထိ သောက်ပေးခြင်းဖြစ်သည်။
=================================================================

လက်ဖက်ခြောက်

လက်ဖက်ခြောက်သည် သွေးတိုးရောဂါဖြစ်ခြင်းမှ ကာကွယ်ပေးသည်။ လက်ဖက်ခြောက်တွင်ပါဝင်သော catechins၊ ဗီတာမင်Cနှင့်ဗီတာမင်Pများသည် သွေးကြောပျော့ပျောင်းခြင်း၊ သွေးထဲတွင်ပါဝင်သော ကိုလက်စထရောအား လျော့ချပေးခြင်း၊ အသဲတွင်စုနေတတ်သော အဆီဓာတ်များကို ချေဖျက်ပေးခြင်းများ ပြုလုပ်ပေးခြင်းဖြင့် သွေးတိုးရောဂါ၊ နှလုံးလုပ်ဆောင်အားနည်းခြင်းနှင့် အသည်းအဆီဖုံးခြင်းကို ကာကွယ်ပေးသည်။ အသုံးပြုနည်းမှာ တစ်ကြိမ်တွင် Green Tea (မလှော်ရသေးသည် လက်ဖက်ခြောက်အစိမ်း) ၁~၂gနှင့် Crataegusအခြောက်၅gကို နေ့စဉ်အတူထည့်ခတ်သောက်ပါ။ အမြဲသောက်သုံးပေးရန် လိုပါသည်။

Wednesday, September 25, 2013

ထမင်းမစားမီ ဟင်းရည်တစ်ခွက်သောက်ဖို့ မမေ့ပါနှင့်





ထမင်းမစားမီ ဟင်းရည်ပူပူ အရင်သောက်ခြင်းဖြင့် ခန္ဓာကိုယ်ဝိတ်အား ထိန်းသိမ်းပေးသည်။ အမေရိကန်ပညာရှင်များက ခန္ဓာကိုယ် ဝဖြိုးသူအယောက်(၁ဝဝဝ)ဖြင့် လေ့လာဆန်းစစ်ရာတွင် ထမင်းမစားမီ ဟင်းရည်ပူသောက်သူသည် စားသောထမင်းနပ်တိုင်းတွင် ကယ်လိုရီ ၅၅ကတ် လျှော့နည်းရရှိစေသည်။ သာမန်အားဖြင့် ထမင်းစားမြန်သူသည် အဝလွယ်သည်။ အကြောင်းမှာ ဦးနှောက်အတွင်းရှိ (အာသာ) ချင်ခြင်းအကန့်မှ "စားဝပြီ" ဆိုသည့်သတင်းရဖို့ အချိန်အနည်းငယ်ယူရသည်။ ထိုအချိန်ယူနေစဉ်အတွင်းတွင် အစားမြန်သောသူက ပိုလွန်သောအစားများ စားသုံးပြီးဖြစ်သည်။ အကယ်၍ ထမင်းမစားမီ ဟင်းရည်တစ်ခွက်သောက်ခြင်းဖြင့် ထမင်းအစားနည်းစေပြီး ဝခြင်းမှကာကွယ်ပေးနိုင်သည်။
===================================================================

အကောင်းဆုံး ရေသောက်ချိန်

ယေဘုယျအားဖြင့် လူတစ်ဦးသည် တစ်နေ့လျှင် အနည်းဆုံး ရေ(၁၅ဝဝcc) သောက်သင့်သည်။ နှလုံးနှင့် ကျောက်ကပ်ဆောင်ရွက်အားနည်းသူမျှလွဲ၍ ရေကိုလုံလောက်စွာ သောက်သင့်သည်။ အထူးသဖြင့် ပူသော(သို့) လေအေးစက်ဖွင့်ထားသော နေအိမ်နှင့်ရုံးခန်းတွင် လေထုခြောက်ကပ်သောနေရာတွင် ပိုမိုသောက်သင့်သည်။ နေ့စဉ်ထမင်းသုံးနပ်ကြားနှင့် ထမင်းစားချိန်တွင် ရေမကြာခဏသောက်ပေးသင့်သည်။ သို့သော် တစ်ကြိမ်တည်းတွင် အလွန်အမင်း မသောက်သင့်ပေ။

မနက်စာ အစားဝရုံမက အကောင်းစားသင့်သည်


"မနက်စာ ဝဝစား၊ နေ့လယ်စာ ကောင်းကောင်းစား၊ ညစာ နည်းနည်းစား" ဆိုသည့်အတိုင်း "မနက်စာ ဝဝရင်ရပြီ" ဟု လူအများက ဆိုကြသည်။ ထိုထက်သာမက မနက်စာသည် တစ်နေ့တာအတွက် အရေးပါသော နပ်တစ်နပ်ဖြစ်သည်။ အာဟာရပြည့်သော၊ ပရိုတင်းဓာတ်ပါသော မနက်စာသည် ဂလုကို့ကို ခန္ဓာထဲတွင် ကြာရှည်ထိန်းထားပေးနိုင်သည်။ မနက်စာတွင် hot drinkဖြစ်သော ကော်ဖီ၊ လက်ဖက်ရည်အပြင် ကောက်ပဲသီးနှံစာများ (ဂျုံဖြင့်စီမံထားသော အစားအစာ)၊ တိရစ္ဆာန်မှရသော ပရိုတင်း(နွားနို့၊ ဒိန်ချဉ်၊ ကြက်ဥ)၊ သစ်သီး (သို့) သစ်သီးဖျော်ရည်နှင့် အချိုဓာတ်၊ အဆီဓာတ်နည်းသော အစားအစာများကို စားသုံးသင့်သည်။ မနက်စာကို အဝစားရုံမက အကောင်းစားသင့်သည်။

အမေရိကန် ချီကာဂိုတက္ကသိုလ်မှ လေ့လာချက်အရ ပရိုတင်းဓာတ်များသောမနက်စာကို စားသုံးခြင်းဖြင့် ဂလုကို့မှာ (၁၅)မိနစ်အတွင်း မစားသုံးမီ ၇ဝ~ ၈ဝ Mg ထက် ၁၄ဝ~၁၅ဝMg ထိမြင့်တက်သွားသည်ကို တွေ့ရသည်။ (သာမန် ကလုကို့အဆင့်မှာ ၈ဝ~၁၂ဝMg ကြားတွင်ရှိသည်)။ လူ့ခန္ဓာအတွက် အားအင်ကို သာမန်ထက် (သို့) သာမန်ထက်မြင့်သော သွေးဖိအားမှ ရရှိခြင်းဖြစ်သည်။

Monday, September 23, 2013

ကော်ဖီသောက်ခြင်း၏ ကောင်းကျိုးဆိုးကျိုးများ (Advantages & Disadvantages Of Coffee)


အေဒီ ၉ ရာစုတွင် အီသီယိုးပီးယား နိုင်ငံမှ စတင် တွေ့ရှိ သုံးစွဲခဲ့တဲ့ ကော်ဖီဟာ ကမ္ဘာ တစ်ဝှမ်း သောက်သုံးမှု များသော သုံးဆောင် စရာများထဲ အနက် တစ်ခု အပါ အဝင် ဖြစ် ပါတယ်.. ကော်ဖီဟာ အာရုံ နိုးကြားစေသော သောက်သုံးစရာ တစ်မျိုးဖြစ်ပြီး အဓိက ပါဝင်တဲ့ ဓါတ်ပစ္စည်းကတော့ ထရိုင်မီသိုင်းဇန်သင်း (Trimethylxanthine) ခေါ် ကဖင်း (caffeine) ဓါတ်ပဲ ဖြစ်ပါတယ်.. ကဖင်းဓါတ်ဟာ ကော်ဖီစေ့ထဲမှာ ၁% မှ ၂ % ထိ ပါဝင် ပါတယ်.. အခြား ပါဝင်တဲ့ ဓါတ်ပစ္စည်း များဖြစ်တဲ့ ဟိုက်ဒ ရောက်ဆီ ဆစ်ထရစ် အက်စစ် (Hydroxycitric acid)၊ ခရိုမီယမ် (Chromium)၊ လိမ္မော်ခါး (Bitter Orange) တို့ဟာ ခန္ဓာကိုယ် ဖီဝကမ္မ ဖြစ်ပျက် မှုနှုန်း (metabolic rate) ကို ၃၀%ထိ ပိုမို မြန်စေ ပါတယ်.. ကော်ဖီ သောက်သုံးခြင်းဖြင့် အယ်လ်ဇိုင်းမား ရောဂါ (Alzheimer's disease)၊ ပါကင်ဆန် ရောဂါ (Parkinson's disease)၊ လူကြီး သူငယ်ပြန် ရောဂါ (Demantia)၊ နှလုံးရောဂါ (heart disease)၊ အမျိုးအစား-၂ ဆီးချို သွေးချို ရောဂါ (diabetes mellitus type 2)၊ အသည်းခြောက် ရောဂါ (cirrhosis of the liver)၊ ဂေါက်ရောဂါ (Gout) ဖြစ်ပွားနှုန်း တို့ကို လျော့ကျ စေပါတယ်.. အစားအသောက် ပျက်သူများ အနေဖြင့် ကော်ဖီနံ့ ရရှိပါက အစာ စားချင်စိတ် ပြန်လည် ဖြစ်ပေါ် စေပါတယ်.. အရက်မူး လွန်ပြီး လေးလံထိုင်း မှိုင်းသူများ အဖို့ ကော်ဖီ သောက်လိုက်ပါက လန်းဆန်းမှုကို ရရှိစေ ပါတယ်.. ကော်ဖီသည် ဆီးရွှင် စေသော (Diuretic effect) သတ္တိ ရှိပါတယ်..

ကော်ဖီဟာ စွဲစေတတ်သော သတ္တိ ရှိတဲ့အတွက် နေ့စဉ် ကော်ဖီ ၃ ခွက်မှ ၅ ခွက် သောက်သုံး နေသူများထဲမှ ၁၀% ခန့်ဟာ ကော်ဖီ ဖြတ်လိုက်တဲ့ အချိန်မှာ စိတ်ဓါတ်ကျဆင်းခြင်း (Depression)၊ စိတ်ပူပန်မှု များလာခြင်း (Anxiety) တို့ ဖြစ်ပေါ် လာတတ်ကြောင်း တွေ့ရှိရ ပါတယ်.. အူမှ သံဓါတ် စုပ်ယူမှုကို အဟန့်အတား ဖြစ်စေ နိုင်သဖြင့် နို့တိုက် မိခင်နှင့် ကလေးငယ် တို့တွင် သံဓါတ် ချို့တဲ့သော သွေးအားနည်း ရောဂါ (Iron deficiency anaemia) ဖြစ်စေ နိုင်ပါတယ်.. ကော်ဖီ သောက်သုံး ခြင်းကြောင့် သွေးလွှတ် ကြော နံရံ များ တင်းမာမှု ဖြစ်ပေါ်စေပြီး ကော်ဖီကြောင့် နှလုံး သွေးကြောဆိုင်ရာ ရောဂါ ဖြစ်ပွားကြောင်း မတွေ့ ရှိရသေးပေ.. ကော်ဖီ သည် နှလုံးခုန်နှုန်း မြန်စေသဖြင့် သွေးတိုး အနည်းငယ် မြင့်မား စေပါတယ်.. အစာအိမ် အက်စစ် ပြန်ကန်မှု (acid reflux) ဖြစ်ပေါ် စေတတ် သဖြင့် လေတက် ရင်ပူ တတ်သူများ (Heart burn) အဖို့ သတိထား သုံးစွဲ သင့်ပါတယ်..

မည်သို့ပင် ဆိုစေကာမူ တန်ဆေး လွန်ဘေး ဆိုသည့် စကားအတိုင်း သင့်တင့်သော သောက်သုံးမှု ဖြင့် ကျန်းမာရေး အတွက် ဂရုစိုက် ရန် လိုအပ်ပါတယ်.. သင့်တင့်သော သုံးစွဲမှု သည် ဆိုးကျိုးထက် ကောင်းကျိုး များကြောင်း ပညာရှင် များမှ ဆိုထားပါတယ်.. ကော်ဖီနှင့် ကျန်းမာရေး ဆက်စပ်သော ကောင်းကျိုး ဆိုးကျိုး များကိုလည်း ဆက်လက် လေ့လာ သုတေသန ပြုနေဆဲ ပင် ဖြစ်ပါကြောင်း တင်ပြ လိုက်ရပါတယ်..

Thursday, September 19, 2013

အမြန်ဝိတ်ကျစေမည့် အစား ၁၀ မျိုး



 
ခန္ဓာကိုယ်တွင် မလိုအပ်သော အဆီပိုများ ရှိပါက အမြန်ဆုံး ကျဆင်းစေရန် ရည်ရွယ်၍ ရေးသားလိုက်ရခြင်း ဖြစ်ပါတယ်။ အောက်ဖော်ပြပါ အစား ၁၀ မျိုးကို စားပါက မလိုအပ်သော အဆီပိုများ အမြန်ဆုံး ကျဆင်းစေနိုင် ပါတယ်။

ဂျုံ

ဂျုံများများ စားပါ။ ဂျုံစားခြင်းအားဖြင့် ကိုလက်စရောဓာတ်ကို လျော့ကျ စေတဲ့ အပြင် အစာခြေ စနစ်ကိုလည်း ကောင်းမွန်စေ ပါတယ်။ ဒါကြောင့် ဂျုံကို များများ စားသင့်ပါတယ်။

ဥမျိုးမျိုး

Monday, September 16, 2013

ကျန်းမာရေး သော့ချက်များ




သော့(၁) WATER
မနက်ရေတစ်ခွက်သောက်ခြင်းသည် ခန္ဓာကိုယ်နှင့်ရေ ညီမျှစေ၏။

သော့(၂) SLEEP
အိပ်ချိန် ညာစောင်း၍ လေးကိုင်းသဏ္ဍာန်အိပ်ခြင်းသည် အိပ်ရေးဝစေ၏။

သော့(၃) APPETITE
အစာကို ၇ပုံမျှသာအဝစားခြင်းသည် ခန္ဓာကိုယ်အား ကျန်းမာစေ၏။

သော့(၄) EXERCISE
အားကစားလုပ်ခြင်းသည် စိတ်ခန္ဓာအား တက်ကြွစေ၏။

သော့(၅) MUSIC/LITERATURE
ဂီတသည် နှလုံးကိုရွှင်စေ၏။ စာဖတ်ခြင်းသည် အသိဥာဏ်ကို တိုးစေ၏။

သော့(၆) BEANS
ပဲအမြဲစားခြင်းဖြင့် အသက်ကိုစေရှည်သည်။

သော့(၇) VICES
ဆေးလိပ်၊ အရက်ကို လက်ပြနှုတ်ဆက်ပါ။

သော့(၈) LOVE/SEX
လိင်နှင့်အချစ်ကို ညီမျှပါစေ။

သော့(၉) LONELINESS
အထီးကျန်ခြင်းက ရုန်းထွက်နိုင်လျှင် သင်ကျန်းမာပြီ။

သော့(၁ဝ) MIND
ဦးနှောက်ကို မပြတ်သုံးပေးခြင်းဖြင့် အိုမင်းခြင်းကို ကာကွယ်နိုင်သည်။

သော့(၁၁) TEA
ရေနွေးကြမ်း အမြဲသောက်သုံးခြင်းသည် ဝိတ်ကျစေ၏၊ ကင်ဆာကို ကာကွယ်ပေး၏၊ အရွယ်တင် နုပျိုစေ၏။

မိန်းကလေးများ အလေးမထားမိသည့် ကျန်းမာရေး ထိခိုက်စေနိုင်သော အချက်များ



မိန်းကလေးတွေဟာ အလှအပနောက်ကိုလိုက်ရင်း ကျန်းမာရေး ထိခိုက်စေနိုင်တာတွေကို အလေးမထားမိတာမျိုး ဖြစ်တတ်ကြပါတယ်။

(၁) စိတ်ညစ်တိုင်း အစာစားလေ့ရှိခြင်း

ယောကျာ်းလေးအများစုက ပျော်ရွှင်တဲ့ အခါမျိုးမှာ အစာပိုစားတတ်ကြပြီး မိန်းကလေးတွေကတော့ စိတ်ညစ်တဲ့အခါမှာ အချိုနဲ့ ကယ်လိုရီများတဲ့ အစားအစာတွေကို ပိုစားလေ့ ရှိပါတယ်။ စိတ်ညစ်လို့ စားတဲ့ အစားအစာတွေက သင့်ခါး အနေအထားကို ပြောင်းလဲစေပြီး သင့်ကို ဝလာစေပါတယ်။ စိတ်ညစ်တာကို အစာစားပြီး ဖြေဖျောက်ဖို့ ကြိုးစားတာထက် လေ့ကျင့်ခန်းလုပ်တာ၊ ယောဂကျင့်တာ၊ အပေါင်းအသင်းတွေနဲ့ ပျော်ပျော်ပါးပါးနေတာတွေနဲ့
အစားထိုးလုပ်ဆောင် ကြည့်ပါ။

(၂) ဝသည်ဟု ထင်မြင်နေခြင်း

Sunday, September 15, 2013

ချွေးပေါက်ကျဉ်းပြီး တင်းရင်းတဲ့အသားအရေဖြစ်စေဖို့


သင့်ချွေးပေါက်တွေဟာ မှန်ဘီလူးအောက်ရောက်နေသလို ကျယ်နေလို့ စိတ်ညစ်နေလား??? စိတ်မညစ်ပါနဲ့။ ချွေးပေါက်ကျဉ်းစေတဲ့ လွယ်ကူတဲ့နည်းလေးတွေရှိပါတယ်။ ချွေးပေါက်လေးတွေ ပြန်ကျဉ်းအောင်က အပေါ်က ချွေးပေါက်ကျယ်စေတဲ့အကြောင်းတွေကိုလည်း သတိထားရပါမယ်။
ပြီးတော့ ချွေးပေါက်လေးတွေ ကျဉ်းသွားအောင် လုပ်ဆောင်ရမှာတွေကို ပြောပြပေးမယ်နော်။

အသားအရေထိန်းသိမ်းမယ်

- အဆီပိုတွေနဲ့ ဆဲလ်သေတွေကြောင့် ချွေးပေါက်တွေပိုကျယ်လာစေပြီး ၀က်ခြံတွေလည်း ဖြစ်စေတော့ အသားအရေကို သေချာသန့်စင်ပေးဖို့ အရေးကြီးတယ်နော်။

Saturday, September 14, 2013

အသားအရေပျက်စီးရသော အကြောင်း ရင်းနှင့် ပြန်လည် ပြုပြင်နည်းများ



ကောင်းမွန်လှပတဲ့ အရေပြား ဆိုတာ အပြစ်အနာအဆာ ကင်းပြီး ချောမွေ့တင်းရင်း နေတာ မျိုးပါ။ အသားအရေ ပျက်စီးပြီဆိုရင်တော့ အရေပြားခြောက် သွေ့နေတတ်တာ၊ ကြမ်းတမ်းတာ၊ ကွဲအက်လွယ် တာ၊ ဝက်ခြံပေါက်တာ၊ အရေးကြောင်းပေါ်တာ၊ ကြည်လင်မှုမရှိတာ စတဲ့ ပြဿနာတွေ ပေါ်လာပါတော့တယ်။


အသားအရေပျက်စီးရသည့် အကြောင်းရင်း
အသားအရေ ပျက်စီးစေတဲ့ အဓိက အကြောင်းရင်းတွေရှိပါတယ်။ အဖြစ်များတဲ့ အရေပြားပျက်စီးမှုတွေကတော့

Tuesday, September 10, 2013

လေဖြတ်ခြင်း, အပူရှပ် မေ့မျောသွားခြင်း

လေဖြတ်ခြင်းဟာ ဦးနှောက်ကြွက်သားတွေကိုထောက်ပံ
့နေတဲ့သွေးကြော ပေါက်ခြင်း(သို့)ပိတ်ခြင်းကြောင့်ဖြစ်ရပါတယ်။

လေဖြတ်ခြင်းရဲ့  ဆိုးကျိုးတွေနောက်ဆက်တွဲတွေကို အားလုံးသိကြမှာပါ။လူတစ်ယောက်ဟာ ပုံမှန်မသန်စွမ်းတော့ဘဲ အိပ်ရာပေါ်မှာနေသွားရဖို့ များပါတယ်။အိပ်ရာပေါ်မလဲတောင် ပုံပျက်ပန်းပျက်နဲ့ 
အသက်ရှင်သွားရမှာပါ။ဖြစ်ပြီးမကြာခင်မှာလဲ အသက်ဆုံးနိုင်ပါတယ်။ဒါကြောင့်လေဖြတ်မှန်းသိပြီး ချက်ချင်းကုနိုင်ရင်ဖို့  အောက်ပါရိုးရှင်းတဲ့  အချက်ကလေးတွေကို မှတ်ထားစေချင်ပါတယ်။

ကိုယ်တွေ့ ဖြစ်ရပ်တစ်ခု
အကင်မျိုးစုံကျွေးတဲ့  ဧည့်ခံပွဲတစ်ခုမှာ ကျွန်မသူငယ်ချင်းမတစ်ယောက်ဟာ ခလုတ်တိုက်ပြီး လဲကျသွားပါတယ်။အားလုံးကဆေးရုံကားခေါ်ပေးမယ်လုပ်တော့ သူမက ဘာမှမဖြစ်ပါဘူး၊အုတ်ခဲကိုခလုတ်တိုက်မိလို့  လဲသွားတာပါလို့ ပြောပြီး စားစရာဆက်စားပါတယ်။သူမကြည့်ရတာ မူပျက်နေတယ်ထင်ရပေမယ့် ဧည့်ခံပွဲပြီးတဲ့ အထိနေသွားပါတယ်။ညကျမှ သူ
့အမျိုးသားလှမ်းဖုန်းဆက်လို့  ကျွန်မတို့ သိလိုက်ရတာက သူမကို ညနေ ၆
နာရီမှာဆေးရုံတင်လိုက်ရပြီး ဘာမှမလုပ်ရသေးခင်မှာပဲ
ဆုံးသွားပြီဆိုတာပါပဲ။တကယ်ဝမ်းနည်းစရာကောင်းတဲ့  အဖြစ်ပါ။သူမဟာဧည့်ခံပွဲမှာကတည်းက လေဖြတ်ခြင်းကို စခံစားခဲ့ ရတာဖြစ်ပါတယ်။ဘေးနားကလူတွေကသာ လေဖြတ်ခြင်းရဲ့ 
လက္ခဏာတွေကို ခွဲခြားသိနိုင်ခဲ့ မယ်ဆိုရင် သူမဟာဒီနေ့ ထိလူ
့လောကမှာရှိနေဦးမှာ ဖြစ်ပါတယ်။ဒါဟာကျွန်တော်တို့ အတွက် သင်ခန်းစာပါပဲ။


လူတိုင်းသိသင့်
ဦးနှောက်နဲ့  အာရုံကြော အထူးကုဆရာဝန်ကြီး တစ်ယောက်ကတော့ လေဖြတ်တယ်လို့  သိသိရခြင်း ၃
နာရီအတွင်းလူနာဟာ ဆရာဝန်နဲ့ တွေ့ ခွင့်ရမယ်ဆိုရင် ပြန်ကောင်းနိုင်ပါတယ်လို
့ ပြောပါတယ်။ ဆရာဝန် တစ်ယောက်သာဆို ဒီလိုဘာဖြစ်လို
့ဖြစ်မှန်းမသိဖြစ်တာကို လေဖြတ်တာလို့  ချက်ချင်းသိနိုင်လို့ 
ချက်ချင်းစမ်းသပ် အတည်ပြုနိုင်ပါမယ်။ ပြီးတော့ အနည်းဆုံး ၃နာရီအတွင်းမှာ
လူနာကို ဆေးကုသမှု ခံယူစေနိုင်ရင် လူနာဟာ ဝေဒနာမျိုးစုံ ခံစားရတော့မှာ
မဟုတ်ပါဘူး။ ဒါပေမယ့် မနားမှာ ဆရာဝန်တစ်ယောက်မှ မရှိဘူးဆိုရင်
ဘယ်လိုလုပ်ကြမလဲ။ ဒါကြောင့် အားလုံးအတွက်ရော၊ ကိုယ့်အတွက်ပါ
လူတိုင်းသိသင့်တဲ့ လေဖြတ်ခြင်း ဟုတ်မဟုတ်ခွဲနိုင်တဲ့ 
အချက်လွယ်လွယ်လေးတွေကို ဆရာဝန်ကြီးက ပြောပြပေးခဲ့ ပါတယ်။


လေဖြတ်ခြင်းရဲ့  ရုတ်တရက်လက္ခဏာများ
Stroke လို့ ခေါ်တဲ့  လေဖြတ်ခြင်းဟာ ဦးနှောက်အတွင်းပိုင်း သွေးကြော
တစ်ခုခုပေါက်လို့ ၊ ဒါမှမဟုတ် ပိတ်သွားလို့  ဦးနှောက်တစ်နေရာမှာ
သွေးမရတော့ဘဲ အလုပ်မလုပ်နိုင်တဲ့  အတွက် ခန္ဒာကိုယ် ထိခိုက်သွားတာ
ဖြစ်ပါတယ်။ ဦးနျောက်မှာဖြစ်တဲ့ နေရာတွေက တစ်ယောက်နဲ့ တစ်ယောက် မတူတဲ
့အတွက် လေဖြတ်ခြင်းရဲ့ လက္ခဏာတွေက တစ်ခါတစ်လေမှာ ခွဲခြားရခက်ပါတယ်။
ကံဆိုးချင်လို့ ဘေးလူတွေက မသိ နားမလည်ရင်တော့ သေပြီပေါ့ဗျာ။
ဒီတော့လေဖြတ်တာရဲ့  လက္ခဏာတွေ၊ လုပ်ရမှာတွေကို အင်္ဂလိပ်လို
အတိုကောက်မှတ်ချင်ရင် သူ့ ရောဂါရဲ့ နာမည်အတိုင်း STROKE လို
့မှတ်နိုင်ပါတယ်။ မြန်မာလိုသိထားလဲ တူတူပါပဲ။ အရင်ဆုံး လူနာကို S,T,R
ဆိုပြီး ၃ခုခိုင်းကြည့်ပါ။

(S=Smile) လူနာကိုပြုံးခိုင်းပါ။ (ပုံမှန်ပြုံးသလိုဖြစ်ရဲ့ လား၊ရွဲ့ နေစောင်းနေလားကြည့်ပါ)
(T=Talk) စကားပြောခိုင်းပါ။
(R=Raise both arms) လက်နှစ်ဖက်မြှောက်ခိုင်းပါ။ ဒါတွေအကုန် ချောချောမွေ့ မွေ
့လုပ်နိုင်တယ်ဆိုရင်တော့ STR ပြီးလို့  OK ပေါ့။ တစ်ခုခုကို မလုပ်နိုင်ခဲ
့ဘူးဆိုရင်တော့ (E=Emergency) အရေးပေါ်ဖြစ်လို့  ဆေးရုံတင်မှရပါမယ်။
နောက်ထပ် လက္ခဏာတစ်ခုကိုလဲ ထပ်ကြည့်နိုင်ပါသေးတယ်။ လူနာကို
လျှာထုတ်ခိုင်းပါ။ လျှာဟာ လိမ်ခေါက်ပုံပျက်ပြီး တစ်ဖက်ဖက်ကို
စောင်းနေမယ်ဆိုရင်တော့ လေဖြတ်တာ သေချာပါတယ်။ ဒါဆိုရင်တော့ လူနာဟာ
အရမ်းစိုးရိမ်ရလို့  အမြန်ဆုံး ဆေးကုသမှုခံယူရအောင် လုပ်ပေးပါ။
ဒီတော့ဒီဆောင်းပါးမှာပါတဲ့ အချက်တွေကို သင်ကိုယ်တိုင်လဲ
မှတ်သား၊လက်လှမ်းမီသမျှလဲ ပြောပြမယ်ဆိုရင် သင်အပါအ၀င် လူပေါင်းများစွာရဲ့ 
အသက်တွေကို ကယ်တင်နိုင်မှာဖြစ်ပါတယ်။ S,T,R,O,K,E မမေ့ နဲ့  နော်။
................................................................

Thursday, September 5, 2013

သောက်သုံးရန်မသင့်သော ရေ(၅)မျိုး



(၁) မီးဖိုပေါ်တွင် အချိန်ကြာမြင့်စွာ ဆူပွက်အောင်ထားသည့် ရေနွေး
(၂) ဓာတ်ဗူးထဲတွင် ရက်ကြာမြင့်စွာထားသည့် မလတ်ဆတ်သောရေနွေး
(၃) အကြိမ်ကြိမ်ဆူဗွက်အောင် ကြိုခဲ့သောရေနွေး
(၄) တစ်ညလွန်သောရေနွေးကို ထပ်ကြိုထားသောရေနွေး (သို့) ထပ်မကြိုထားသောရေနွေး
(၅) ထမင်း၊ ဟင်းပေါင်းခံရည်

၎င်းရေများ သောက်သုံးရန်မသင့်ခြင်းမှာ အကြိမ်ကြိမ် ဆူဗွက်ပြီးသောရေတွင် ကယ်လစီယံ၊ မက်ဂနီစီယံ၊ ဂရိုရင်းနှင့် အခြားသတ္တုများ ပိုမိုတိုးလာပြီး ကျောက်ကပ်ကို ထိခိုက်စေနိုင်သောကြောင့်ဖြစ်သည်။
================================================

သစ်သီးများ အလွန်အကျွံမစားသင့်ပေ

ဂျပန်နိုင်ငံ Kyoto University ဆေးပညာဘာသာရပ် ပရော်ဖက်ဆာ Teng Tian Ichiro၏ ပြောကြားချက်အရ သစ်သီးအလွန်ကျွံစားသုံးပါက ခန္ဓာကိုယ်တွင်း ဗီတာမင်C များပြားစေပြီး oxalic acidကို အလွယ်တကူဖြစ်ပေါ်စေသည်။ oxalic acid နှင့် လူခန္ဓာကိုယ်ရှိချွေးများ ပေါင်းစပ်ပြီး အရေပြားကြမ်းခြင်း၊ ထိခိုက်ခြင်းများ ဖြစ်စေတတ်သည်။ ပြင်းထန်ပါက ဆေးနှင့်မတည့်သော အရေပြားရောဂါများ ဖြစ်စေတတ်သည်။

အမေရိကန်ပညာရှင်များ၏ ဆန်းစစ်ချက်မှာလည်း ထိုနည်းအတူဖြစ်သည်။ မတူသောရာသီ၊ မတူသောရောဂါများတွင် သစ်သီးများကိုရွေးချယ် စားသုံးသင့်သည်ဟု ပညာရှင်များက ခန့်မှန်းကြသည်။



ဥပမာ- ဆောင်းဦးနှင့်ဆောင်းရာသီများတွင် စိုထိုင်းမှုနည်းသောကြောင်း သစ်တော်သီးနှင့် အစာကြေလွယ်သော ငှက်ပျောသီး၊ ပန်းသီးများကို စားသုံးသင့်သည်။ နှစ်ရှည်ချောင်းဆိုးသူများ သစ်တော်သီးကို စားပေးနိုင်သလို နှလုံးအားနည်းသူ၊ သွေးတိုးရှိသူ၊ အစာမကြေလွယ်သူများ Crataegusကို အမြဲစားသင့်သည်။
=================================

ကြက်ဥများ အလွန်အကျွံ မစားသင့်ပေ

အာဟာရဓာတ်များ အများအပြားပါဝင်သော ကြက်ဥသည် လူတိုင်းအတွက် အားတိုးဆေးဖြစ်သည်။ ကြက်ဥစားနည်း များစွာရှိသော်လည်း အောက်ပါစားနည်းနှစ်မျိုးမှာ အကောင်းဆုံးစားနည်းဖြစ်သည်။

(၁) ကြက်ဥအနှစ်ကို ဟင်းရည်ချက်ခြင်း (သို့) ရေနွေးဆူထဲ ဖောက်ထည့်ပြီး စားသုံးခြင်း
(၂)ကြက်ဥဟတ်ဘွိုင်ကြော်ရာတွင် သကြားအနည်းငယ်ထည့်ခြင်းဖြင့် ပိုအကျိုးရှိသော အာဟာရကိုရစေသည်။

လူတချို့က အာဟာရဓာတ်များသော ကြက်ဥကို များများစားသုံးပေးခြင်းဖြင့် အာဟာရများစွာ ရနိုင်သည်ဟု ထင်မှတ်မှားတတ်ကြသည်။ လူတစ်ဦးမှာ နေ့စဉ်ကြက်ဥတစ်လုံးမှနှစ်လုံးထိ စားသုံးခြင်းဖြင့် ခန္ဓာကိုယ်အတွက်လိုအပ်သော ပရိုတင်းဓာတ်ကို အလုံအလောက်ရနိုင်သ

..

..
Free Explode Red - Handwriting Cursors at www.totallyfreecursors.com

လွတ်လပ်စွာပြောဆိုနိုင်ပါသည်..။

HTML Comment Box is loading comments...
လာရောက်လည်ပတ် ကျသည့် အတွက်ကျေးဇူး အထူးတင်ပါသည်ခင်ဗျာ။
Twitter Bird Gadget