Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu


စာပေမြို့ တော်သို့  လာရောက်ကြသူ အပေါင်း ကျန်းမာချမ်းသာ ကြပါစေလို့  ဆုမွန်ကောင်းတောင်းလိုက်ပါသည်ခင်ဗျာ...>>အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ...မန်ဘာဝင်ပြီးအားပေးနော်..။

စာပေမြို့တော်တွင် Member၀င်ရန်

Followers


စာလုံးပြောင်းရန်
အသေး ပုံမှန် +ကြီး ++ကြီး

Saturday, February 22, 2014

မဟာဘုတ်ပုတိ၊ဘင်္ဂ၊မရဏ အဟောဇယား


အကြွင်းများ
ဘင်္ဂ
မရဏ
အထွန်း
သိုက်
ရာဇ
ပုတိ
အဓိပတိ
၁ - ခုကြွင်း
၂ - ခုကြွင်း
၃ - ခုကြွင်း
၎ - ခုကြွင်း
၅ - ခုကြွင်း
၆ - ခုကြွင်း
၇ - ခုကြွင်း

ပုတိဖွားအဟော။        ။ မိမိမွေးရာအရပ်မှာမနေရပဲ အရပ်တပါးတွင်သွားရောက်အိမ်ထောင်ပြု
နေရတတ်သည်။ ခရီးသွားလာခြင်းဖြင့် အသက်မွေးရတတ်သည်။ နှမြော
တွန့် တိုပြီး ပစ္စည်းဥစ္စာကို ခင်တွယ်မက်မောသည်။ သူတပါးကို ပေးကမ
လိုစိတ်မရှိ၊ ၀န်တိုစိတ်ရှိသည်။ ကောင်းသည်ဖြစ်စေ ၊ မကောင်းသည်ဖြစ်စေ
 ကျော်ကြားတတ်သည်။
ဘင်္ဂဖွားအဟော ။                ။ ငယ်စဉ်က အနာရောဂါများတတ်သည်။ ကြောက်ရွံ့ ထိတ်လန့် 
တတ်သည်။ မိဘများ ဆင်းရဲပင်ပမ်းစွာ မွေးရတတ်သည်။ အလုပ်အကိုင်အတည်တကျမရှိ ။
ဥစ္စာပစ္စည်းဆုံးရှူံး တတ်သည်။ အိမ်ထောင်ဆက်များတတ်သည်။စိတ်နှလုံးပူပင်ပြီးသောကရောက်
တတ်သည်။


မရဏဖွားအဟော ။              ။ အနာရောဂါများတတ်သည်။ ကြောက်တတ်သည်။ မိဘများ
စိတ်ပူပင်စွာနှင့် မွေးရတတ်သည်။ သေကြေလောက်အောင်ရောဂါကပ်ရောက်တတ်သည်။
ငယ်စဉ်ကပင်သေတတ် သည်။ မသေက ‘မရဏမင်းလောင်း ရွှေထီဆောင်း’ ဟူသော
ဆောင်ပုဒ်အရ ကောင်းစားတတ်သည်။

အထွန်းဖွားအဟော ။            ။ လူချစ်လူခင်ပေါခြင်း ၊ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာခြင်း၊ ပစ္စည်းဥစ္စာ
ရှာဖွေရာ၌ လွယ်ကူခြင်းရှိတတ်သည်။ ရဲရင့်သည်။ တနင်္လာနှင့် ဗုဒ္ဒဟူး အထွန်းသား၊ သမီးများသည်
မိမိ၏ မွေးနံဖြစ်သော ငွေနှင့် ရွှေလက်ထဲမရှိက နေမကောင်းဖြစ်တတ်သည်။ နေမကောင်းဖြစ်က
ရွှေ ငွေ ဆောင်ထားသင့်သည်။

သိုက်ဖွားအဟော ။               ။ စီးပွားရှာရာမှာ ပင်ပန်းကြီးစွာမရှာဖွေရပဲ အလွယ်တကူရတတ်သည်။
ထီပေါက်တတ်သည်။ ထီပေါက်သကဲ့သို့ အစုလိုက် အပြုံလိုက် ရတတ်သည်။ အကြံအစည်များ
တတ်သည်။ စိတ်သဘောထားနူးညံ့တတ်သည်။ ရဟန်း (သို့ ) မင်းဖြစ်တတ်သည်။ ထင်ရှားကျော်စော
စေတတ်သည်။

ရာဇဖွားအဟော ။                ။ ရှင်လူအများ လေးစားရိုသေတတ်သည် ။ ချမ်းသာကြွယ်ဝပြီး သြဇာ
အာဏာကြီးတတ်သည်။ မင်းစိုးရာဇာ ဖြစ်တတ်သည်။ ဘာမဆို အလိုရှိတာရတတ်ခြင်း၊ သူဆင်းရဲမျိုး
ဖြစ်က ချီးမြှောက်ခြင်းကို ခံရတတ်သည်။ မျက်နှာပွင့်လန်း၍ ချစ်ခင်သူပေါများတတ်သည်။

အဓိပတိဖွားအဟော ။           ။ အလွန်ကောင်းသော အဖွားဖြစ်သည်။ “ ဘုရားရှင်ဗောဓိပင် နှင့်
ရွှေပုလ္လင်အောင်မြင်သည့်ကိန်း” ဖြစ်သည်။ အစုလိုက်အပြုံလိုက် ပစ္စည်းဥစ္စာများ ရတတ်သည်။
မိဘများ စီးပွားရေးတိုးတက်တတ်သည်။ ချစ်သူခင်သူပေါများပြီး ထင်ရှားကျော်စောတတ်သည်။

အထက်၌ ရေးသားထားရာတွင် ပုတိ၊ ဘင်္ဂ၊ မရဏ သုံးမျိုးကို အညံ့ဖွား၊ (အပုပ်ဖွား)၊ အထွန်း၊ သိုက်၊ ရာဇ ၊ အဓိပတိ လေးမျိုးကို အထက်တန်း၌ အကောင်းဖွားကဲ့သို့ တွေ့ ရမည်။ အညံ့ဖွားများလည်း
တသက်လုံးအညံ့မဟုတ်ပါ။ အကြောင်းမှာ မူလမဟာဘုတ်တွင် ပုတိဖြစ်သော်လည်း ကောဇာ
မဟာဘုတ်တွင် အထက်တန်းသို့ ရောက်နေတတ်သည်။ ထို့ ကြောင့်မူလမဟာဘုတ် တခုတည်းကို
မကြည့်ပဲ ကောဇာမဟာဘုတ် နှင့်လည်း ညှိနှိုင်းကြည့်ရမည်။ နှစ်စဉ်ပြောင်းလဲမှုနှင့် မူလဖွားဇာတာ၌
ဂြိုဟ်အနေအထားကောင်းမွန်နေလျှင် အပုပ်ဖွားပင်ဖြစ်သော်လည်း မညံ့နိုင်ပါ။     

http://yetayzakyaw528.blogspot.com/ (ကာရံငယ်)

No comments:

Post a Comment

ဝေဖန်အကြံပြုပေးသွားပါဦး။
(သင်၏ Comment တစ်ခုဟာ စာရေးသူအတွက် ဆေးတစ်ခွက်ပါ။)

..

..
Free Explode Red - Handwriting Cursors at www.totallyfreecursors.com

လွတ်လပ်စွာပြောဆိုနိုင်ပါသည်..။

HTML Comment Box is loading comments...
လာရောက်လည်ပတ် ကျသည့် အတွက်ကျေးဇူး အထူးတင်ပါသည်ခင်ဗျာ။
Twitter Bird Gadget