အိမ်ထောင်ရေးဇာတာတိုက်ခြင်း
အိမ်ထောင်ရေး ဇာတာတိုက်ပေးပါတဲ့..။ သမီးချစ်သူနဲ့ လက်ထပ်ရင် အဆင်ပြေမှာလားတဲ့။ ကျွန်တော့် ကောင်မလေးနဲ့ လက်ထပ်ရင် ဘ၀တစ်သက်လုံး သာယာမှာလား။ စီးပွားတိုးတက်မှာလား။ အောင်မြင်တဲ့ မိသားစုတစ်ခု ပိုင်ဆိုင်နိုင်မှာလားဆိုတဲ့ မေးခွန်းတွေနဲ့အတူ ကျွန်တော်တို့လို ဗေဒင်ဆရာဆီကို ရောက်လာပြီး မေးတတ်ကြပါတယ်။ ဗေဒင်ဟောခန်းထဲမှာ လာမေးတာလဲ ပါတယ်။ အွန်လိုင်းကနေတဆင့် အီးမေးလ် ပို့ပြီး ချစ်သူနှစ်ဦးရဲ့ ဇာတာကို တိုက်ကြည့်ခိုင်းတာလဲ ပါတယ်။
အမှန်အတိုင်း ပြောဆိုရရင် ကျွန်တော် ဒီအလုပ်ကို မလုပ်ချင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒါက အချစ်ရေး ကိစ္စပါ။ နှလုံးသားကိစ္စပါ။ အချစ်ရေးနဲ့ နှလုံးသားရေးရာကိစ္စဟာ ဗေဒင်ဆရာရဲ့ စကားတစ်ခွန်းနဲ့ ဆုံးဖြတ်လို့ မရပါဘူး။ အချစ်ကြောင့် ထီးနန်းစွန့်သွားတဲ့ ဘုရင်တောင် ရာဇ၀င်မှာ ရှိပါတယ်။ ဒါကြောင့် ကျွန်တော့်ဆီမှာ အဲဒီလို အိမ်ထောင်ရေးဇာတာတိုက်ခိုင်းတဲ့ သူတွေကို ကျွန်တော်ပြောနေကျ စကားတစ်ခွန်းရှိပါတယ်...
ဗေဒင်ဆရာက မသင့်တော်ဘူး၊ မကောင်းဘူးဆိုရင် မယူပဲ နေမှာလားလို့ ...
အဲဒီလို မေးလိုက်ရင် သူတို့တွေက ဟာ... ဆရာကလည်းလို့ မတင်မကျ ပြန်ဖြေတတ်ကြပါတယ်...။ ကျွန်တော် သိပါတယ်။ အချစ်ရဲ့ စွမ်းအားကို၊ တစ်သက်လုံး နားထောင်လာတဲ့ မိဘဆရာသမားတွေရဲ့ စကားတောင် အချစ်ကြောင့် နားမထောင်နိုင်ကြတော့ဘူးဆိုရင် ကျွန်တော်တို့လို ဗေဒင်ဆရာတွေရဲ့ စကားကို မြေ၀ယ်မကျ နားထောင်ဖို့ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် အမေးရှိရင် အဖြေရှိရမယ်လေ..။ ဒါကြောင့် အမေးရှိသူများအတွက် အဖြေပေးတဲ့ အနေနဲ့ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်...
ကျွန်တော် အခုပြောချင်တာက အိမ်ထောင်ရေး ဇာတာတိုက်ကြည့်မယ့် အကြောင်းပါ။ အဲဒီလို အိမ်ထောင်ရေး ဇာတာတိုက်ကြည့်မယ်ဆိုရင် မြန်မာ့ရိုးရာဗေဒင်ပညာမှာ မဟာဘုတ် အထွန်းလုံးကနေတစ်ဆင့် ယူပြီး တိုင်ထူရတဲ့ နာမက္ခရတိုင် (၀ဲယာတိုင်လို့လည်း ခေါ်ပါတယ်)ကို အရင်သိရမယ်။ နာမက္ခရတိုင်ဆိုတာ မခက်ပါဘူး။ မြန်မာ မွေးသက္ကရာဇ်သိရင် ရပါပြီ။ အောက်မှာ မြန်မာသက္ကရာဇ်နှင့် နာမက္ခရတိုင်ကို အသင့် ကြည့်လို့ရအောင် ရေးပေးထားပါတယ်။
အဲဒီမှာ ကိုယ့်မြန်မာမွေးသက္ကရာဇ်နဲ့ ကိုယ့်ချစ်သူ မြန်မာမွေးသက္ကရာဇ်ဟာ ဘယ်နာမက္ခရတိုင်လည်း ကြည့်ပေါ့ဗျာ။ ပြီးရင် စာရွက်တစ်ရွက်မှာ (၂)ခု ယှဉ်ရေးထားပေါ့။ ရပြီနော်။
ဘယ်လို ကြည့်ရမှာလဲ ဆိုတော့ ကိုယ့်ရဲ့ နာမက္ခတိုင်မှာ ကိုယ်ချစ်သူရဲ့ နေ့နံဟာ အောက်ဆုံးနှစ်လုံးမှာ တစ်လုံးလုံး ဖြစ်နေခဲ့မယ်ဆိုရင် ဒါမှမဟုတ် ကိုယ့်ချစ်သူရဲ့ နာမက္ခရတိုင်မှာ ကိုယ့်မွေးနံဟာ အောက်ဆုံးနှစ်လုံးမှာ ရောက်နေခဲ့မယ်ဆိုရင် အိမ်ထောင်ရေး ဇာတာမသန့်ဘူး မကောင်းဘူး ၊ အိမ်ထောင်အပြစ် (၆)ပါး ဖြစ်တတ်တယ်လို့ ကောက်ယူပါတယ်။ အိမ်ထောင်ရေး ဇာတာမကိုက်ပဲ ယူလိုက်မယ်ဆိုရင် အောက်ဖော်ပြပါ အပြစ်(၆)မျိုး ဖြစ်တတ်တယ်လို့ ဆိုလိုပါတယ်။
(၁)...အိမ်ထောင်မမြဲတတ်ခြင်း။
(၂)...သားကောင်း ၊ သမီးကောင်း မထွန်းကားခြင်း။
(၃)...စီးပွားရေး မတိုးတက်ခြင်း။
(၄)လင်မယားနှစ်ဦးအနက် တစ်ဦးဦး ကျန်းမာရေး အလွန်ညံ့ခြင်း။
(၅)အိမ်ထောင်ရေး ဖောက်ပြန်ခြင်း။
(၆)အိမ်ထောင်ဖက် နှစ်ဦးစလုံးအား ပတ်ဝန်းကျင်က မလေးစားခြင်း ဆိုတာတွေ ဖြစ်တတ်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် ပထမဆုံး မွေးသက္ကရာဇ်နဲ့ နာမက္ခရတိုင်ကို တွဲစပ်၍ အရင်ဆုံး ဖော်ပြပေးပါ့မယ်။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7KAJKX4ytU90nyYuBH5N7cgXocCESywhoXxO8EkGahZ0B9A_GmJAj0xaxzwN5EdZwzoj-SjFAY20jQLCIMbOYb8ZsyDRHgsphIuNj3x2TAurzWqBs_2jUVJmzCnCa1cJgelnankNsrF-f/)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghOyziBwVv5cCoEViNCgCAggvjm7aAM_wj58yBxBuIBOJW6icFoEgmUSTJI08j8PUasfdDmBaoFpttgnkQvqsU76ekhnCGFhOY0o2pMK4pZZZC2b_tlxdmwTLireDDuMvWaMCKRDQHRQOs/)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg277NiTk7JD-wIL7s5HC7GgZ2vxc_ALy2xByY0a7mN-CjL9g1o_nacUotdmnAXcnvZHYCmSfFEIba1wsQM3l1XM3yIBtNGmi8bb4vZntXFPhbhU9-vhRxdlr2JmppSi7dg9AyubVbXpm5A/)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyg-4i_sMB0u5b-gdObTqmIeeRLreZlyUBP_Pv2fu6ZTIBIx1tF6rBnDXlDP8s6-2P46S7C4WmqkHM7OBc70yD4qvDC7Aq_GyUCApnewWRr2F5BPdmGczvRW5PNeu-k76DT_DOS79n4Ufm/)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxOIshho4bykXKi9LNsdOyBmDuk4SVbavSNpwo3Nnk4LFDz5VK5_6cSIz_tJmfvKmstJIwO7mm-QYF31xcJXBXEjfUT4TyakYoLqCM3M3eIbqirsbokJxjsCVZ-oCHNrcaSpVMIfyK8cu-/)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDx9UvRQmhlxoEPsFYHGVCTu_UbnosSiE6uulS7J_M6Kpon8RLhe4y7ZNiTMiSU_GS7ugpSd8G2HLr6ZfdcflnucoDJLCw1UVg9UmOG9yO180RVLd6fgBsXx8ULRoe5nQvCzSmucm_BaFE/)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoQLzEs6VFLQfSpjjZa0Ld3UV5UBgNN6iM47cIzrPDRp_vCOirHNSac_KlLLgnLDwPTH0-krH57-A06KFLVwTrKYsI3ExkyQnIGbM9TvgGLRJI9xazbchG92UMGrwqi8BAVZ9wI-p-8IN6/)
ကောင်းပြီနော်..။ အဲဒီလို ကြည့်လို့ရပြီဆိုရင် နှစ်ဦးစလုံးရဲ့ နာမက္ခရတိုင်ကို အောက်မှာလို ယှဉ်ချထားပေါ့။ အောက်မှာ တွေ့တဲ့ အတိုင်း နာမက္ခရတိုင်မှာ ကြည့်လိုက်လို့ (က) နဲ့ (ခ) မှာ ရောက်နေတယ်ဆိုရင် အိမ်ထောင်ရေးအတွက် မကောင်းဘူး။ အိမ်ထောင်ရေး ဇာတာ မသန့်ဘူး ။အကျိုး မဖြစ်ဘူးလို့ မြန်မာ့ရိုးရာ ဗေဒင်ပညာက ဆိုပါကြောင်း......
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgI5nF60yOak5GRGRFI_HORsdJ9sCqNE__bBBoHaAib-rJ6zBdlNfx1-WPncHyg2yPbHOFExoT67Xl4Q60kv7pnOlVWfoFhjjqeSkejiJw5JLEP3KlVb_MlUL0Rs-XPtVDwQyYCG7vm9ocv/)
အိမ်ထောင်ပြုပြီးတဲ့နောက် ဤကဲ့သို့ ဇာတာမတိုက်ဆိုင်သောကြောင့် အိမ်ထောင်အပြစ် (၆)မျိုးနှင့် ကြုံတွေ့ နေရသောကြောင့် အခက်အခဲ ကြုံတွေ့နေရသော သူများအတွက် အေးချမ်းသောအိမ် ဆိုသော ယတြာကို မကြာခင် ရေးသားဖော်ပြပေးသွားမည် ဖြစ်ပါကြောင်း...
စေတနာကောင်းဖြင့်
ဟိန်းတင့်ဇော်
အိမ်ထောင်ရေး ဇာတာတိုက်ပေးပါတဲ့..။ သမီးချစ်သူနဲ့ လက်ထပ်ရင် အဆင်ပြေမှာလားတဲ့။ ကျွန်တော့် ကောင်မလေးနဲ့ လက်ထပ်ရင် ဘ၀တစ်သက်လုံး သာယာမှာလား။ စီးပွားတိုးတက်မှာလား။ အောင်မြင်တဲ့ မိသားစုတစ်ခု ပိုင်ဆိုင်နိုင်မှာလားဆိုတဲ့ မေးခွန်းတွေနဲ့အတူ ကျွန်တော်တို့လို ဗေဒင်ဆရာဆီကို ရောက်လာပြီး မေးတတ်ကြပါတယ်။ ဗေဒင်ဟောခန်းထဲမှာ လာမေးတာလဲ ပါတယ်။ အွန်လိုင်းကနေတဆင့် အီးမေးလ် ပို့ပြီး ချစ်သူနှစ်ဦးရဲ့ ဇာတာကို တိုက်ကြည့်ခိုင်းတာလဲ ပါတယ်။
အမှန်အတိုင်း ပြောဆိုရရင် ကျွန်တော် ဒီအလုပ်ကို မလုပ်ချင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒါက အချစ်ရေး ကိစ္စပါ။ နှလုံးသားကိစ္စပါ။ အချစ်ရေးနဲ့ နှလုံးသားရေးရာကိစ္စဟာ ဗေဒင်ဆရာရဲ့ စကားတစ်ခွန်းနဲ့ ဆုံးဖြတ်လို့ မရပါဘူး။ အချစ်ကြောင့် ထီးနန်းစွန့်သွားတဲ့ ဘုရင်တောင် ရာဇ၀င်မှာ ရှိပါတယ်။ ဒါကြောင့် ကျွန်တော့်ဆီမှာ အဲဒီလို အိမ်ထောင်ရေးဇာတာတိုက်ခိုင်းတဲ့ သူတွေကို ကျွန်တော်ပြောနေကျ စကားတစ်ခွန်းရှိပါတယ်...
ဗေဒင်ဆရာက မသင့်တော်ဘူး၊ မကောင်းဘူးဆိုရင် မယူပဲ နေမှာလားလို့ ...
အဲဒီလို မေးလိုက်ရင် သူတို့တွေက ဟာ... ဆရာကလည်းလို့ မတင်မကျ ပြန်ဖြေတတ်ကြပါတယ်...။ ကျွန်တော် သိပါတယ်။ အချစ်ရဲ့ စွမ်းအားကို၊ တစ်သက်လုံး နားထောင်လာတဲ့ မိဘဆရာသမားတွေရဲ့ စကားတောင် အချစ်ကြောင့် နားမထောင်နိုင်ကြတော့ဘူးဆိုရင် ကျွန်တော်တို့လို ဗေဒင်ဆရာတွေရဲ့ စကားကို မြေ၀ယ်မကျ နားထောင်ဖို့ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် အမေးရှိရင် အဖြေရှိရမယ်လေ..။ ဒါကြောင့် အမေးရှိသူများအတွက် အဖြေပေးတဲ့ အနေနဲ့ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်...
ကျွန်တော် အခုပြောချင်တာက အိမ်ထောင်ရေး ဇာတာတိုက်ကြည့်မယ့် အကြောင်းပါ။ အဲဒီလို အိမ်ထောင်ရေး ဇာတာတိုက်ကြည့်မယ်ဆိုရင် မြန်မာ့ရိုးရာဗေဒင်ပညာမှာ မဟာဘုတ် အထွန်းလုံးကနေတစ်ဆင့် ယူပြီး တိုင်ထူရတဲ့ နာမက္ခရတိုင် (၀ဲယာတိုင်လို့လည်း ခေါ်ပါတယ်)ကို အရင်သိရမယ်။ နာမက္ခရတိုင်ဆိုတာ မခက်ပါဘူး။ မြန်မာ မွေးသက္ကရာဇ်သိရင် ရပါပြီ။ အောက်မှာ မြန်မာသက္ကရာဇ်နှင့် နာမက္ခရတိုင်ကို အသင့် ကြည့်လို့ရအောင် ရေးပေးထားပါတယ်။
အဲဒီမှာ ကိုယ့်မြန်မာမွေးသက္ကရာဇ်နဲ့ ကိုယ့်ချစ်သူ မြန်မာမွေးသက္ကရာဇ်ဟာ ဘယ်နာမက္ခရတိုင်လည်း ကြည့်ပေါ့ဗျာ။ ပြီးရင် စာရွက်တစ်ရွက်မှာ (၂)ခု ယှဉ်ရေးထားပေါ့။ ရပြီနော်။
ဘယ်လို ကြည့်ရမှာလဲ ဆိုတော့ ကိုယ့်ရဲ့ နာမက္ခတိုင်မှာ ကိုယ်ချစ်သူရဲ့ နေ့နံဟာ အောက်ဆုံးနှစ်လုံးမှာ တစ်လုံးလုံး ဖြစ်နေခဲ့မယ်ဆိုရင် ဒါမှမဟုတ် ကိုယ့်ချစ်သူရဲ့ နာမက္ခရတိုင်မှာ ကိုယ့်မွေးနံဟာ အောက်ဆုံးနှစ်လုံးမှာ ရောက်နေခဲ့မယ်ဆိုရင် အိမ်ထောင်ရေး ဇာတာမသန့်ဘူး မကောင်းဘူး ၊ အိမ်ထောင်အပြစ် (၆)ပါး ဖြစ်တတ်တယ်လို့ ကောက်ယူပါတယ်။ အိမ်ထောင်ရေး ဇာတာမကိုက်ပဲ ယူလိုက်မယ်ဆိုရင် အောက်ဖော်ပြပါ အပြစ်(၆)မျိုး ဖြစ်တတ်တယ်လို့ ဆိုလိုပါတယ်။
(၁)...အိမ်ထောင်မမြဲတတ်ခြင်း။
(၂)...သားကောင်း ၊ သမီးကောင်း မထွန်းကားခြင်း။
(၃)...စီးပွားရေး မတိုးတက်ခြင်း။
(၄)လင်မယားနှစ်ဦးအနက် တစ်ဦးဦး ကျန်းမာရေး အလွန်ညံ့ခြင်း။
(၅)အိမ်ထောင်ရေး ဖောက်ပြန်ခြင်း။
(၆)အိမ်ထောင်ဖက် နှစ်ဦးစလုံးအား ပတ်ဝန်းကျင်က မလေးစားခြင်း ဆိုတာတွေ ဖြစ်တတ်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် ပထမဆုံး မွေးသက္ကရာဇ်နဲ့ နာမက္ခရတိုင်ကို တွဲစပ်၍ အရင်ဆုံး ဖော်ပြပေးပါ့မယ်။
ကောင်းပြီနော်..။ အဲဒီလို ကြည့်လို့ရပြီဆိုရင် နှစ်ဦးစလုံးရဲ့ နာမက္ခရတိုင်ကို အောက်မှာလို ယှဉ်ချထားပေါ့။ အောက်မှာ တွေ့တဲ့ အတိုင်း နာမက္ခရတိုင်မှာ ကြည့်လိုက်လို့ (က) နဲ့ (ခ) မှာ ရောက်နေတယ်ဆိုရင် အိမ်ထောင်ရေးအတွက် မကောင်းဘူး။ အိမ်ထောင်ရေး ဇာတာ မသန့်ဘူး ။အကျိုး မဖြစ်ဘူးလို့ မြန်မာ့ရိုးရာ ဗေဒင်ပညာက ဆိုပါကြောင်း......
အိမ်ထောင်ပြုပြီးတဲ့နောက် ဤကဲ့သို့ ဇာတာမတိုက်ဆိုင်သောကြောင့် အိမ်ထောင်အပြစ် (၆)မျိုးနှင့် ကြုံတွေ့ နေရသောကြောင့် အခက်အခဲ ကြုံတွေ့နေရသော သူများအတွက် အေးချမ်းသောအိမ် ဆိုသော ယတြာကို မကြာခင် ရေးသားဖော်ပြပေးသွားမည် ဖြစ်ပါကြောင်း...
စေတနာကောင်းဖြင့်
ဟိန်းတင့်ဇော်
No comments:
Post a Comment
ဝေဖန်အကြံပြုပေးသွားပါဦး။
(သင်၏ Comment တစ်ခုဟာ စာရေးသူအတွက် ဆေးတစ်ခွက်ပါ။)