Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu


စာပေမြို့ တော်သို့  လာရောက်ကြသူ အပေါင်း ကျန်းမာချမ်းသာ ကြပါစေလို့  ဆုမွန်ကောင်းတောင်းလိုက်ပါသည်ခင်ဗျာ...>>အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ...မန်ဘာဝင်ပြီးအားပေးနော်..။

စာပေမြို့တော်တွင် Member၀င်ရန်

Followers


စာလုံးပြောင်းရန်
အသေး ပုံမှန် +ကြီး ++ကြီး

Saturday, January 12, 2013

လက္ခဏာ ဗေဒင်လေ့လာကြမယ်(ဗေဒင်ကဏ္ဍ (၁))

ကျွန်တော် တင်ပြထားသော  အချက်များမှ တစ်ချက်ခြင်းစီကို မဟုတ်ပဲ အားလုံးပေါင်းစပ်ပြီး မိမိဘယ်လိုလူမျိုးလဲ ဆိုတြာ့ကည့်ပါ။ 
၁။လေးထောင့်လက်ဖ၀ါး
 လက်ကောက်ဝတ်တွင် ၄င်း ၊ လက်ချောင်းများတွင်၎င်း၊ လေးထောင့်ပုံသဏ္ဍန်ရှိသည်။                     တာဝန်နှင့်အလုပ်ကို တိတိကျကျ ဇွဲသန်သန်နဲ့ အောင်မြင်အောင်ဆောင်ရွက်နိုင်တယ် ။                       ရှည်လျှားသောလက်မရှိ၍ ပထမဆစ်ကျစ်လစ် စေပါက စီးပွား ၊ပညာ၊ တရားဥပဒေ၊ ဆရာဝန်၊စသည်တို့ တတ်ကျွမ်း၍ တင့်တယ်စွာနေရခြင်း။
၂။ ၀ိုင်းသောလက်ဖ၀ါး
      ကျယ်ပြန့်၍၀ိုင်းပြီး၊ လက်ချောင်းအဖျားများ အရင်းထက်ပို၍ကျယ်ပြန့် လျှက်ရှိသည်။ အလုပ်နှင်လက်နှင့်မပြတ် လုပ်ရတတ်သည်။ သူတစ်ပါးက လုပ်ကိုင်ပေးသော်လည်းမရ၊  မိမိကိုယ်တိုင်လုပ်ရမှ စိတ်ကျေနပ်သည်။ ဇွဲနှင့် လုပ်ကိုင်တတ်၍ အလုပ်အကိုင်အောင်မြင်မည်။
၃။ရှည်သောလက်
       ကျဉ်းမြောင်း၍ ရှည်လျှားသောလက်ပုံစံရှိ ပြီး လက်ချောင်းသေးသိမ် ၍ ရှည်လျှားသည်။ လုံလ၀ရိယ    ညဏ်ပညာ နည်းတတ်သည်။ သူတစ်ပါးကိုအားကိုးသည်။ ဇွဲသတ္တိမရှိ ၊အောင်မြင်မှုနည်းပါးတတ်သည်။
၃။ ကတော့ချွန်လက်ဖ၀ါ
      အရင်းဘက်ကျယ်၍ အဖျားဘက် ကတော့သဏ္ဍန်ချွန်တက်သွားသည်။ အလှအပနှစ်သက်၊ ပန်းချီ၊ အနုပညာ၊ ဂီတ၊ နှစ်သက်မည်။
၎။ နူးညံ့သည့်လကိဖ၀ါး
               စိတ်သိမ်မွေ့၊ပြေပြစ်စွာ ပြောဆိုတတ်သည်။ ညာဏ လုပ်သား ကောင်း၊ သူတစ်ပါးကိုသြဇာပေး၍  ခိုင်းစားရမည်။
၅။ ကြမ်းတမ်းသောလက်ဖ၀ါး
              စိတ်နေမြင့်ခက်ထန် ၊ အလုပ်ကိုမိမိကိုယ်တိုင် လုပ်ကိုင်တတ်၊ ပစ်စည်းဥစ်စာ ရှိပေမယ့် အငြိမ်မနေတတ် ဇွဲသတ္တိရှိ သဖြင့် အစစအောင်မြင်မည်။
၆။ လက်ချောင်းသည် ရှိသင့်သည်ထက်ပိုရှည်လျှင်
               (သူတစ်ပါးအပေါ်သြဇာ တိကမ ရှိခြင်း၊ တိုနေပါမူ အကြံမအောင်တတ်)
 ၇။ လက်ခလယ်ရှည်မူ
                  ပညာသင်ရာ၌ လုံလ၀ီရိယ ရှိခြင်း ၊ တိုနေပ်မူ ကြမ်းတမ်းစွာလုပ်ကိုင်ရ တတ်သည်။     လက်ခလယ်ရှည်လွန်းလျှင် လည်း ငွေကြေးအတွက် ပူပန်ရတတ်တယ်၊
၈။ လက်သူကြွယ်
                   ကောက်ကွေးနေပါမူ အသိညဏ်ပညာ ကောင်း၊ လက်ဖ၀ါးထက်လက်ချောင်းများရှည်နေလျှင် အသ်ပညာညဏ်ထူးကဲ တိုနေပါမူ ညဏ်ပညာနည်းပါး။
၉။ ပုတိုသောလက်မ
                 တင်းပုတ်နှင့်တူသောကြောင့် ဒေါသမချုပ်တည်းနိုင်၍ ရာဇ၀တ်မှု ကျူးလွန်တတ်သည်။ (များသောအားဖြင့် ရာဇ၀တ်သားများတွင် တွေ့ရသည်)
၁၀။လက်ညိုးနှင်လက်မကြား…..ကျယ်ပြန့်နေမူ ဇွဲ သတ္တိရှိခြင်း ။
၁၁။ လက်မ ….ဒုတိယအဆစ်ပျော့ပြောင်းမူ လူအများနှင့် ပြေပြစ်စွာ ဆက်ဆံတတ်သဖြင့် အောင်မြင်မှုကိုရမည်။ 
 (အဆင်ပြေကြပါစေ) (နောက် ကဏ္ဍ များတွင် ဗေဒင် လက္ခဏာ အကြောင်းများကို ဆက်လက်တင်ပေးပါမည်..)
အားလုံးပဲရွှင်လန်းချမ်းမြေ့နိုင်ကြပါစေ..။(Ye Tay Za Kyaw*)

1 comment:

ဝေဖန်အကြံပြုပေးသွားပါဦး။
(သင်၏ Comment တစ်ခုဟာ စာရေးသူအတွက် ဆေးတစ်ခွက်ပါ။)

..

..
Free Explode Red - Handwriting Cursors at www.totallyfreecursors.com

လွတ်လပ်စွာပြောဆိုနိုင်ပါသည်..။

HTML Comment Box is loading comments...
လာရောက်လည်ပတ် ကျသည့် အတွက်ကျေးဇူး အထူးတင်ပါသည်ခင်ဗျာ။
Twitter Bird Gadget