Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu


စာပေမြို့ တော်သို့  လာရောက်ကြသူ အပေါင်း ကျန်းမာချမ်းသာ ကြပါစေလို့  ဆုမွန်ကောင်းတောင်းလိုက်ပါသည်ခင်ဗျာ...>>အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ...မန်ဘာဝင်ပြီးအားပေးနော်..။

စာပေမြို့တော်တွင် Member၀င်ရန်

Followers


စာလုံးပြောင်းရန်
အသေး ပုံမှန် +ကြီး ++ကြီး

Sunday, January 6, 2013

` ကျားကိုက်ပါတယ်ဆိုမှ(ဟာသရှုထောင့်(၅))´

     ကျွန်တော်တို့ရပ်ကွက်ထဲမှာ လူရွတ်လူနောက်`ကိုတာတေဆိုတာရှိတယ်။ သူကနည်းနည်းပါးပါး သောက်တတ်တာကလွဲပြီး    ပျော်ပျော်နေတတ်လို့ သူ့ကိုရပ်ကွက်ထဲကလူတွေက သူ့ကိုခင်မင်ကြတယ်။ တစ်နေ့ရပ်ကွက်ထဲမှာရှိတဲ့ အဘွားခင်ရဲ့ အိမ်မှာနတ်ကနားပွဲပေးပြီး နတ်`က´တော ကိုတာတေကြီးမူးမူးနဲ့ နတ်ပွဲမှာ ရပ်ကွက်ထဲကလူတွေနဲ့ ဟေးလားဝါးလားလုပ်နေတယ်။
`ကိုတာတေ ..ဟိုမှ အဘွားခင်ကိုဝင်ပူးနေတာ ကျားနတ်မဟုတ်လား´
`ဟုတ်မယ်ကွ…လေးဘက်ထောက်ပြီး ၀င်ပူးနေတော့ ခွေးနတ်ဝင်တာတော့ မဖြစ်နိုင်ဘူး´   သူတို့ပြောတာကို အဘွားခင်ကြားသွားတယ်ထင်ပါရဲ့ သူ့ကိုကြည့်ပြီး မျက်စောင်းထိုးအံကျိတ်ပြတယ်။ ဒါကိုကိုတာတေ မြင်တော့ စပ်ဖြီးဖြီး နဲ့ အဘွားခင်ကြားအောင် ထပ်ပြောလိုက်သေးတယ် ။
`ကျားလို့သာပြောတယ်ကွာ အမြီှးလည်းမပါ ပါ့လား´
အဲ့ဒီမှာ စိတ်ဆိုးသွားဟန်တူတဲ့အဘွားခင်က ကိုတာတေ ဆီကို ကျားတစ်ကောင်လို ပြေးလာပြီး ကိုတာတေရဲ့ ၀မ်းဗိုက်နေရာကို ကိုက်လေသည်။ ကိုတာတေ ဘာများဖြစ်သွားမလဲလို့ နတ်ပွဲကြည့်နေကြသူတွေက စောင့်ကြည့်နေကြတယ်။ ကိုတာတေကတော့ သူ့ရဲ့ ကိုယ်ကိုတွန်ကာ တွန်ကာနဲ့ အားရပါးရ ရယ်မောရင်း
    `ယားတယ် အဖွားခင်.. ယားတယ်အဖွားခင်´ လို့အော်နေတာပေါ့။ တစ်အောင့်ကြာတော့ ကျွန်တော်ကပဲ ပွဲကြည့်နေတဲ့သူတွေ အနှောင့်အယှက်ဖြစ်မှာစိုးလို့ ကိုတာတေကို အပြင်ခေါ်ထုတ် ခဲ့တယ်။ အပြင်ရောက်တော့ `ကိုတာတေ ကျားကိုက်တာ ဘာလို့ယားတယ် ယားတယ်လို့အော်ပြီး ရယ်နေရတာတုန်း ´  အဲ့ဒီ့မှာကိုတာတေ ရဲ့ပြန်ဖြေပုံကြောင့် ကျွန်တော်ပါပြုံးစိစိ စြေ်သွားတယ်။
`ယားမှာပေါ့ …ဟ..ကောင်ရ ငါ့..ကိုက်တဲ့ကျားမှာ သွားမှမရှိတာ.. ငါ့ဗိုက်ကို သူ့သွားဖုံးနဲ့ ကျိတ်နေမှတော့ မယားပဲနေမလားကွ´ တဲ့။
ဟုတ်တယ်လေ…အဖွားခင်မှာ သွားတစ်ချောင်းမှမရှိတာ။
 (ဟီး …တွေးပြီး ရယ်နဲ့နော်) ပျော်ရွှင်ကြပါစေ*(YTZK*) (By – Ye Tay Za Kyaw)

No comments:

Post a Comment

ဝေဖန်အကြံပြုပေးသွားပါဦး။
(သင်၏ Comment တစ်ခုဟာ စာရေးသူအတွက် ဆေးတစ်ခွက်ပါ။)

..

..
Free Explode Red - Handwriting Cursors at www.totallyfreecursors.com

လွတ်လပ်စွာပြောဆိုနိုင်ပါသည်..။

HTML Comment Box is loading comments...
လာရောက်လည်ပတ် ကျသည့် အတွက်ကျေးဇူး အထူးတင်ပါသည်ခင်ဗျာ။
Twitter Bird Gadget