မကြာမီမိန်းမယူခဲ့ကြသော သူငယ်ချင်းသုံးဦးရဲ့ စကားဝိုင်းဖြစ်သည်။
ပထမလူကပြောသည်။
`ငါ့မိန်းမဟာ ပန်းရောင်းတဲ့သူနဲ့ဖောက်ပြားနေတယ်လို့ ငါသံသယရှိတယ်´
`ဘာဖြစ်လို့မင်းအဲ့လိုထင်တာလဲ´
`လွန်ခဲ့တဲ့ အပတ်က ငါအိမ်ပြန်ရောက်တော့ ငါ့မိန်းမအိပ်နေတာကိုတွေ့တယ်၊
ပြီးတော့သူ့ခေါင်းအုံးအောက်မှာ ပန်းပွင့်တွေကိုလည်း တွေ့တယ်´
ဒုတိယလူက မိမိခံစားချက်ကို ဤသို့ဖောက်သည်ချသည်။
`ငါလည်းငါ့မိန်းမ အပေါ်သင်္ကမရှင်းဘူးကွ၊ လမ်းပေါ်ကအမှိုက်ရှင်းသမားနဲ့ မရှင်းရှင်းဖြစ်နေတယ်လို့ထင်တယ်၊
တစ်နေ့ ငါအိမ်ပြန်လာတော့ ငါ့မိန်းမက အိပ်နေတယ် ၊ကုတင်အောက်မှာ သစ်ရျွက်ခြောက်တွေတွေ့တယ်´
တတိယလူက ဤသို့ရင်ဖွင့်သည်။
`ငါကတော့ ငါ့မိန်းမဟာ ရေပိုက်ပြင်သမားနဲ့ စခန်းသွားနေတယ်လို့ သံသယ၀င်ချင်တယ်။ ..
ကြည့်လေ..တစ်နေ့ ငါအိမ်ပြန်အလာ သူက အိပ်ယာပေါ်မှာအိပ်မောကြလို့ ၊ခြုံစောင်ကိုငါလှန်လိုက်တော့
အာလား..သူ့ဘေးမှာ ရေပိုက်ပြင်သမားက အ၀တ်အစားလုံးဝ မပါပဲ တခေါခေါနဲ့အိပ်နေတာကိုး´
Ye Tay Za Kyaw (YTZK*)(ကာရံငယ်)*

No comments:
Post a Comment
ဝေဖန်အကြံပြုပေးသွားပါဦး။
(သင်၏ Comment တစ်ခုဟာ စာရေးသူအတွက် ဆေးတစ်ခွက်ပါ။)