Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu


စာပေမြို့ တော်သို့  လာရောက်ကြသူ အပေါင်း ကျန်းမာချမ်းသာ ကြပါစေလို့  ဆုမွန်ကောင်းတောင်းလိုက်ပါသည်ခင်ဗျာ...>>အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ...မန်ဘာဝင်ပြီးအားပေးနော်..။

စာပေမြို့တော်တွင် Member၀င်ရန်

Followers


စာလုံးပြောင်းရန်
အသေး ပုံမှန် +ကြီး ++ကြီး

Thursday, January 24, 2013

အချစ်ဆိုတာ .....(၁)

၁။အချစ်ဆိုတာ
၂ ။ အချစ်ဆိုတာ တခါတခါ ကဗျာလှလှလေးတွေဖြစ်စေနိုင်သလို တခါတရံ ကြောက်မက်ဖွယ် စစ်ပွဲတွေ လည်းဖြစ်စေနိုင်တယ် ။
၃ ။ အချစ်ဆိုတာ အသုံးချခံနေရတဲ့ပစ္စည်းတစ်ခုလည်းဖြစ်တယ် ။ ရယူပိုင်ဆိုင်လိုခြင်း ၊ ဂရုစိုက်ခံလိုခြင်း ၊ ကြင် နာ မှု ရယူလိုခြင်းစတဲ့ အရာတွေကို အချစ်လို့ခေါင်းစဉ်တပ်ပြီး အချစ်ဆိုတာကို နေရာအနှံ့အပြားမှာ အသုံး ချနေကြ တယ် ။
၎ ။ တချို့က ကိုယ်က တစ်ယောက်ယောက်ကို ချစ်မိရင် အဲဒီတစ်ယောက်ဆီက အချစ်ကို ပြန်လည်ရ ယူလိုကြတယ် ။ ဒါဟာ သူတပါးကို ချစ်ခြင်းမဟုတ်ပဲ ကိုယ့်ကိုယ်ကို ချစ်ခြင်းသာ လျှင်ဖြစ်လိမ့်မယ် ။ တကယ်ချစ် မိပြီဆို ရင် သူ့ဆီက ဘာမှလိုချင်စိတ်ရှိမှာမဟုတ်ပါဘူး ။ တစ်မိုးအောက်ထဲမှာ သူရှိနေတယ်ဆိုတဲ့အသိ ဘ၀ကို ကျန်းကျန်း မာမာ နဲ့ပျော်ရွှင်စွာ သူဖြတ်သန်းနေတယ်ဆိုတဲ့ အသိလေးနဲ့ တင် လောကကြီး က ကျေနပ်ဖို့ကောင်း ပါတယ် ။
၅ ။ အချစ်ဆိုတာ တခါတရံ တစ်စုံတစ်ခုကိုတွေးပြီး ကြည်နူးနေရတာဟာလည်း ကျေနပ်စရာကောင်းပါတယ် ။ သိပ်များများစားစားရှုပ်ထွေးစရာမလိုပါဘူး ။
၆ ။ တဏှာ ၊ ရမ္မက်အခြေခံထားတဲ့ အချစ်ဟာ ပြိုကျပျက်ဆီး လွယ်ပြီး မေတ္တာတရား အခြေခံထားတဲ့အချစ် သာ လျှင် အေးငြိမ်းတည်မြဲနိုင်တယ် ။
၇ ။ အချစ်ဆိုတာ ဘာမှမဟုတ်တဲ့ အကြည့်လေးတစ်ခု ၊ မျက်တောင်လေးတစ်ချက် ၊ ရင်ခုန်သံလေး တစ်ချက် နဲ့ နောက် ဆုံး အိပ်မက်လေးတစ်ခုလည်းဖြစ်နိုင်တယ် ။
၈ ။ အချစ်စစ်ဖြစ်ဖို့ အချိန်မလိုဘူး ၊ နေရာမလိုဘူး ၊ ကန့်သတ်ချက်တွေမလိုဘူး ၊ စစ်မှန်တဲ့ ရင်ခုန်သံသာ ဖြစ်ဖို့လိုတယ် ။
၉ ။ ပေါင်းရသည်ဖြစ်စေ မပေါင်းရသည်ဖြစ်စေ အချစ်ဟာ အချစ်ပါပဲ ။ အချစ်စစ် အချစ်မှန်အဖို့ ပေါင်းရခြင်း ၊ မပေါင်း ရခြင်းဟာ အဓိက မကျဘူး ။ ရင်ခုန်သံခြင်းနီးနေဖို့သာလိုတယ် ။
၁၀ ။ အတ္တ ၊ မာနနဲ့ သံသယ ဟာ အချစ်ရဲ့ ရန်သူဖြစ်တယ် ။ စောစောစီးစီး ရှင်းလင်းဖို့ လိုတယ် ။ နားလည် ခွင့်လွှတ်ပေးနိုင် မှုဟာလည်း အချစ်ရဲ့ မြတ်နိုးစရာဂုဏ်သတ္တိတစ်ခုသာဖြစ်တယ် ။
ချစ်တတ်သူတိုင်း ချစ်ပါတယ်ပြောသော်ငြား ၊ ချစ်ပါတယ်ပြောသူတိုင်း မချစ်တတ်ကြပါ။ချစ်နိုင်ကြပါစေ...။
Ye Tay Za Kyaw***(ကာရံငယ်)*

No comments:

Post a Comment

ဝေဖန်အကြံပြုပေးသွားပါဦး။
(သင်၏ Comment တစ်ခုဟာ စာရေးသူအတွက် ဆေးတစ်ခွက်ပါ။)

..

..
Free Explode Red - Handwriting Cursors at www.totallyfreecursors.com

လွတ်လပ်စွာပြောဆိုနိုင်ပါသည်..။

HTML Comment Box is loading comments...
လာရောက်လည်ပတ် ကျသည့် အတွက်ကျေးဇူး အထူးတင်ပါသည်ခင်ဗျာ။
Twitter Bird Gadget