မပြောချင်လည်း ပြောရဦးမည်။ မရေးချင်လည်း ရေးရပြန်ဦးမည်။
အသင်တို့ ကျွန်ုပ်တို့သာမာန်လူတွေ နေ့စဉ်အလုပ်သွားအလုပ်ပြန် အသုံးပြုနေကြတဲ့ လိုင်းကားပေါင်းစုံ။
လူတို့ရဲ့ သယ်ယူပို့ဆောင် ရေးအတွက် အသီးသီး သူ့လိုင်းနှင့်သူ ရပ်တည်နေကြတဲ့ လိုင်းကားပေါင်းစုံဟာ
လမ်းမပေါ်က ၀န်ထမ်းတွေပဲဖြစ်ပါတယ်။
ကဲ မြို့ကြီးသားတို့ရေ….
ပြောချင်တာကတော့ သူတို့သူတို့ တွေ အကြောင်းပေါ့။ ညနေစောင်းနေညိုညို အရက်သမားများလေပြိုပြိုနေကျ
အချိန် အလုအရပ် မောင်းလာကြတဲ့ လိုင်းကားများဟာ
မှတ်တိုင်မရောက်ခင် လူအုပ်ရှိရာဆီသို့ အလျှင်အမြန်ထိုးရပ်ပြီး သူ့ထက်ငါ အရင်မောင်းနေကြသည်
မှာ နေ့တိုင်းမြင်တွေ့ နေရသည်ဖြစ်၍ သိပ်တော့မဆန်းကျယ်ပါ။ အသင်တို့ ကျုပ်တို့ မြို့ကြီးသားတွေကလည်း
ကားဆိုက်ရာ အရပ်ကိုပဲ ဦးတည်ကြတယ်မဟုတ်ပေလားဗျာ။ ….
တနေ့ကျွန်တော် မှတ်တိုင်တစ်ခုမှာ
ရပ်ပြီး လိုင်းကားအလာကို စောင့်နေမိတယ်။ ခဏကြာတော့ ကျွန်တော့် နားထဲမှာတစ်စုံတစ်ယောက်ရဲ့
ခေါ်သံကိုကြားနေရတယ်ဗျ။ ကျွန်တော်လှည့်ကြည့်လိုက်တော့ ဘယ်သူမှမတွေ့ဘူး။ ဒါနဲ့ကျွန်တော်က
“ခုပြောနေတာဘယ်သူလဲ”
“ကျွန်တော် ကားမှတ်တိုင်ပါဗျာ”
“ဟင်….” ကျွန်တော်
အရမ်းအံ့သြသွားမိတယ်။ အနည်းငယ်ကြောက်သွားမိတယ်…။ ကျွန်တော့်ကိုသရဲ များခြောက်နေတာလားဆိုပြီးတော့..ပေါ့။
“မကြောက်ပါနဲ့ဗျာ ကြောက်နေရတဲ့
သူကကျွန်တော်ပါဗျာ…. လိုင်းကားတွေကနေ့တိုင်း ဟိုးရှေ့နားမှာ သွားသွားရပ်နေကြတော့ ကျွန်တော်တစ်ယောက်
တည်းအထီးကျန်ပြီး ကြောက်ရွံ့နေတာ နေတိုင်းလိုလိုပါပဲ”
ဘာကိုမှမမြင်ရပဲ အသံကိုသာကြားနေရတဲ့
မှတ်တိုင်လေးရဲ့ ငိုရှိုက်သံဟာ ကျွန်တော့်နားထဲ စီးဝင်နေခဲ့ပြီး စောစောက ကြောက်ရွံ့မှုကြောင့်
ထွက်ပြေးချင်စိတ်ပေါက်နေတဲ့ ကျွန်တော့်ရဲ့စိတ်ကို ထိန်းချုပ်နိုင်ခဲ့တယ်။အတန်ကြာကျွန်တော်
တွေဝေနေခဲ့ပြီးမှ
“ကျွန်တော် စိတ်မကောင်းဖြစ်မိပါတယ်ဗျာ..
နောက်ဆို ကျွန်တော် ခင်ဗျားနဲ့ အတူတူ လိုင်းကားကို လာစောင့်ပေးမယ်နော်” ကျွန်တော် မှတ်တိုင်လေးကိုချော့နေခဲ့မိသည်။
သို့ပေမယ် သူကထပ်ပြီး
“ဒုက္ခ လာမခံပါနဲ့ဗျာ
လိုင်းကားတွေက ဒီမှာ ရပ်တာမဟုတ်ဘူး… သူတို့အဆင်ပြေတဲ့နေရာ ထိုးရပ်ကြတာ ၊ပြီးတော့ လူတွေကလည်း
လိုင်းကားရပ်တဲ့ ဆီပဲသွားကြတော့… အဟင့်…အဟင်.” ပြောရင်းသူက ငိုနေပေသည်။ ကျွန်တော်ပါ
မျက်ရည်ဝဲနေခဲ့မိပါသည်။ “ဘာမှပူမနေပါနဲ့ ဗျာ
ကျွန်တော်နေ့တိုင်း
ခင်ဗျားဆီကပဲလိုင်းကားတွေကိုစောင့်မယ် ။ပြီးတော့ လူတွေလည်း မှတ်တိုင်ကပဲလာစောင့် စေရမယ်…
မငိုပါနဲ့တော့နော် ကျွန်တော်ကတိပေးပါတယ်။”
“တကယ်ပြောတာနော်…..”
“အင်းပေါ့… တကယ်ပေါ့ဗျာ” ချက်ခြင်းပင် ၀မ်းပန်းတသာ ဖြစ်သွားတဲ့မှတ်တိုင်လေးကို
ကြည့်ပြီးကျွန်တော် ကျေနပ်မိပါသည်။ အဲ့နေ့စပြီး ကျွန်တော်လည်း မှတ်တိုင်လေး ရှိရာက…နေ
လိုင်းကားကိုစောင့်နေပါတော့သည်။ သူငယ်ချင်းတို့လည်း ကျွန်တော်နှင့် အတူမှတ်တိုင်ကသာ
လိုင်းကားစောင့်ကြပါလားလို့ ပြောချင်ပါတယ်.။ ဒါမှသာလိုင်းကားများလည်း လူများရှိရာ မှတ်တိုင်မှာ
ရပ်မည်ဖြစ်ပြီး မှတ်တိုင်လေးလည်းပျော်နေမှာ အမှန်ပဲပေါ့ဗျာ။………
Writing by- Ye Tay Za Kyaw (ကာရံငယ်)
No comments:
Post a Comment
ဝေဖန်အကြံပြုပေးသွားပါဦး။
(သင်၏ Comment တစ်ခုဟာ စာရေးသူအတွက် ဆေးတစ်ခွက်ပါ။)