လင်ရှိမယားကိုကြိုက်နေသောလူငယ်သည်။ အမျိုးသမီး၏ အိမ်သို့ မြင်းစီးပြီးရောက်လာလေသည်။
အိမ်ပေါ်မတက်မှီ ၄င်းကမြင်းကိုပြောသည်။
`ငါးလွှာက ၀ရန်တာရှိတဲ့တိုက်ကိုတွေ့ တယ်မလား ၊ ၀ရန်တာတည့်တည့် အောက်မှာမင်း စောင့်နေ၊
သူ့ယောက်ကျား ရောက်လာရင် အဲ့ဒီ့ ၀ရန်တာကနေ ငါခုန်ဆင်းမယ်။ ပြီးတော့ ဒုန်းစိုင်းပြီး ပြေးကြတာပေါ့´
ဤသို့ပြောပြီး အမျိုးသမီး အခန်းသို့ ၄င်းက တက်သွားလေသည်။
သူလည်းအခန်းထဲ ရောက်ပြီး ခဏကြာသောအခါ အခန်းအတွင်း လူခေါ်ခေါင်းလောင်းသံမြည် လာလေသည်။
လူငယ်သည် သူမ၏ ယောကျာ်း ပြန်လာပြီအထင်နှင့် ၀ရန်တာဘက်သို့ထွက်ပြီး မြင်း
ရှိမယ့်နေရာသို့ မှန်းကာ ခုန်ဆင်းလိုက်လေသည်။
အမျိုးသမီးက အခန်းတံခါးကိုသွားဖွင့်သည်။
တံခါးရှေ့တွင် ရပ်နေသောမြင်းတစ်ကောင်ကိုတွေ့သည်။
မြင်းကပြောသည်။ `အပြင်မှာမိုးရွာ လာတယ်.. အဲ့ဒါကြောင့် ကျွန်တော် မိုးလုံတဲ့ နေရာမှာ
မိုးခိုရင်းစောင့်နေမယ် လို့ကျွန်တော့်သခင်ကို ပြောပေးပါ။´ တဲ့လေ..။
(ခုန်ဆင်းသွားတဲ့ သူကတော့ ခေါင်းကွဲပြီး သေနေမှာတော့ သေချာတယ်.. တော်တော်လိမ္မာတဲ့ မြင်းပဲနော် ဟိ)(YTZK*)
(Ye Tay Za Kyaw*)(ကာရံငယ်)*

No comments:
Post a Comment
ဝေဖန်အကြံပြုပေးသွားပါဦး။
(သင်၏ Comment တစ်ခုဟာ စာရေးသူအတွက် ဆေးတစ်ခွက်ပါ။)