Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu


စာပေမြို့ တော်သို့  လာရောက်ကြသူ အပေါင်း ကျန်းမာချမ်းသာ ကြပါစေလို့  ဆုမွန်ကောင်းတောင်းလိုက်ပါသည်ခင်ဗျာ...>>အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ...မန်ဘာဝင်ပြီးအားပေးနော်..။

စာပေမြို့တော်တွင် Member၀င်ရန်

Followers


စာလုံးပြောင်းရန်
အသေး ပုံမှန် +ကြီး ++ကြီး

Monday, September 2, 2013

ဟာသ များ (အမောအပန်းပြေ)

 


စိတ်ညှို.ကုသခြင်း
စိတ်ရောဂါ အထူးကုဆေးခန်းတွင်ဖြစ်သည်။ဆရာဝန်ကပြောတယ်။
" ကဲ.. ကျနော် ပြောသလို လိုက် ဆိုပါ။ ငါ နေကောင်းသွားပြီ ။ ငါ..နေကောင်းသွား..ပြီ။
ငါ..နေကောင်း..သွား...ပြီ..။"
သတ်မှတ်ချိန်ရောက်တော့ လူနာ ရောဂါ တကယ် သက်သာလာတယ်။
" ကဲ.. ခင်ဗျား လုံးဝ သက်သာသွားပြီ။ ဘာမှ မဖြစ်တော့ဘူး။
ဥာဏ်ပူဇော်ခ တစ်သောင်း ကျပါတယ်။"
" ဆရာ ..ကျနော် ပြောသလို လိုက်ဆိုပါ။ ငါ့ကို ..ပိုက်ဆံ ပေးပြီးပြီ။ ငါ့ ကို...ပိုက်ဆံ.. ပေး..ပြီးပြီ..။"
..................................................
ဗေဒင်
တစ်သက်လုံးဆင်းရဲမွဲတေနေသဖြင့် စိတ်ဓါတ်ကျနေသော လူတစ်ယောက် ဗေဒင်လာမေးသည်....
"ဆရာ... ကျနော့်လက္ခဏာ ကြည့်ပေးပါ"
ဗေဒင်ဆရာက အသေအချာတွက်ချက်ပြီးနောက်...
"အင်း...... ခင်ဗျားရဲ့လက္ခဏာအရတော့ ခင်ဗျားဟာ အသက် ၄၀ အထိ ဆင်းရဲတဲ့ ဒဏ်ကို အလူးအလဲ ခံရဦးမှာပဲ ......"
"အသက်၄၀ ကျော်ရင်.......ချမ်းသာပြီပေါ့နော်...ဆရာ"
"ဒီလိုပဲနေရင်းနဲ့ နေသားကျသွားပါလိမ့်မယ်......"
.....................................

စာမေးကောင်းတဲ့ အမေ..........(ဟာသလေးပါ)
ဒီနေ့ကျွန်တော် အခွေကြည့်နေတုန်း အမေက စာအုပ်ကိုင်ဝင်လာပြီးပြောတယ် ‘‘ငါ့ကို
ဒီစကားလေးတွေရဲ့ အဓိပ္ပါယ် ပြောပြပေးစမ်းပါ။’’

အမေ။ ။ ဒီ ‘‘i don't know’’ ဆိုတာဘာအဓိပ္ပါယ်လဲ။
ကျွန်တော်။ ။ ‘‘ကျွန်တော်မသိဘူး။’’
အမေ။ ။ နင့်ကို တက္ကသိုလ်ထားတာ ၃၊ ၄ နှစ်ရှိနေပြီ။ နင် ဘာဖြစ်လို့ ဘာမှကို
မသိရတာလဲ။
ကျွန်တော်။ ။ မဟုတ်ဘူး။ ‘‘ကျွန်တော်မသိဘူး’’ ပါဆို။
အမေ။ ။ ဒါတောင် ၀န်မခံချင်ဘူး !!!$@%!#$^&%#$%@$%@#$%!^%^!^%$
^#&..
(တချီဆော်လိုက်တယ်...)

အမေ။ ။နင် ငါ့ကို ဒါ ထပ်ပြီးပြောပြစမ်း။ ‘‘i know’’ ဆိုတာ ဘာအဓိပ္ပါယ်လဲ။ နင်
သိတယ်မဟုတ်လား။ ပြောပြစမ်း။
ကွန်တော်။ ။ဟုတ်ကဲ့။ ‘‘ကျွန်တော်သိတယ်။’’
အမေ။ ။ သိရင်မြန်မြန်ပြောလေ။
ကျွန်တော်။ ။ ‘‘ကွန်တော်သိတယ်’’ ဆိုနေမှ။
အမေ။ ။ နင်ပြဿနာရှာနေတာလား။ စောစောက အတီးခံရတာ နည်းတယ်ပေါ့၊ ဟုတ်လား။
ကျွန်တော်။ ။‘‘ကွန်တော်သိပါတယ်’’ ဆိုနေ။
အမေ။ ။သိရင်ပြောလေ။ မတတ်တာကို တတ်ချင်ယောင် မဆောင်နဲ့။
&*$%^@$#!%$@^%#*$^^^##$%
(တချီထပ်ဆော်ပလော်တီးလိုက်တယ်...)

အမေ။ ။နင်သတိကြပ်ကြပ်ထားနော်။ ပိုက်ဆံတွေ ဒီလောက်အကုန်ခံပြီး တက္ကသိုလ်ပို့တာ၊
ကြည့်ပါဦး
အခုဘာဆိုဘာမှ မသိဘူး။ ဒီလောက် နည်းနည်းလေး တတ်တာနဲ့ မအေကို ဟိတ်ဟန်
လုပ်ချင်တယ်ပေါ့။ နင့်ကို နောက်ဆုံးတစ်ခုထပ်မေးမယ်။ ငါ့ကို ကောင်းကောင်း
ရှင်းပြ။
မပြောနိုင်လို့ကတော့ နင့်ကို ထပ်ဆော်မယ်။ ငါ့ကို ဒါဘာသာပြန်ပြစမ်း။ ‘‘i know,
but i don't
want to tell you’’ ဆိုတာ ဘာအဓိပ္ပါယ်လဲ။

ကျွန်တော် မူးလဲသွားတယ်။ ခေါင်းအုန်းယူပြီး ကိုယ့်ခေါင်းကို အချက် ၃၀ ရိုက်တယ။်
နံရံကို ခေါင်းနဲ့ အချက် ၄၀ ပြေးဆောင့်တယ်။ ကိုယ့်ပါးကို လက်နှစ်ဖက်နဲ့ အချက်
၅၀ လောက် အပြန်အလှန်ရိုက်တယ်။ ခြေထောက်နဲ့ စားပွဲစောင်းကို အချက် ၆၀ ကန်တယ်။
သွေးတွေအသားတွေ ထူပူလာတော့ အမေ့ကို မေးလိုက်တယ်။ ကဲ ကျေနပ်ပလား။ အဲဒီလဲကျရော
သူက ထပ်မေးပြန်တယ်။ ‘‘သားရယ်၊ i'm very annoyant, don't trouble me ဆိုတာ
ဘာအဓိပ္ပါယ်လဲကွယ်။’’

ကျွန်တော်။ ။‘‘ကျွန်တော် ဒေါသထွက်နေတယ်။ ကျွန်တော့်ကို လာမရှုပ်နဲ့။’’
အမေ။ ။‘‘အရိုက်ခံချင်တယ်ပေါ့။ မအေကို ဒီလို ပြောရလားဟဲ့’’ (အဲဒါနဲ့
ထပ်အဆော်ခံလိုက်ရတယ်။)
အမေ။ ။ ‘‘i hear nothing, repeat ဆိုတာ ဘာအဓိပ္ပါယ်လဲ’’။
ကျွန်တော်။ ။ ‘‘ကျွန်တော်ဘာမှမကြားရဘူး။ ပြန်ပြော။’’
အမေ။ ။ ‘‘i hear nothing, repeat.’’
ကျွန်တော်။ ။ ‘‘ကျွန်တော်ဘာမှမကြားရဘူး။ ပြန်ပြော။’’
(နောက်ဆုံး ထပ်အဆော်ခံရပြန်ရော။)

အမေ။ ။ ‘‘what do you say ဆိုတာကိုရော ဘယ်လို ရှင်းပြလို့ရလဲ။’’
ကျွန်တော်။ ။ ‘‘ဘာပြောတာလဲ’’ (တခါထပ် အဆော်ခံရပြန်တယ်။)
အမေ။ ။ ‘‘look up in the dictionary ဆိုတာ ဘာအဓိပ္ပါယ်လဲ။’’
ကျွန်တော်။ ။ ‘‘အဘိဓါန်မှာရှာ။’’
အမေ။ ။‘‘အဘိဓါန်မှာ ရှာတတ်မှတော့ ငါကနင့်ကို ဘာဖြစ်လို့မေးနေတော့မှာလဲ။’’
(ထပ်အဆော်ခံရ.)

အမေ။ ။ ‘‘you had better asked somebody ဆိုတာကိုရော ဘယ်လို ဘာသာပြန်မလဲ။’’
ကျွန်တော်။ ။‘‘တခြားလူကို မေးတာပိုကောင်းမယ်။’’
အမေ။ ။ ‘‘နင်က ငါ့သားဟဲ့။ ငါ တခြားလူမေးပြီး ဘာလုပ်ရမှာလဲ။
အရိုက်ခံချင်နေပြန်ပြီ။’’
ကျွန်တော်။ ။ ‘‘အမလေး၊ ဘုရားသခင် ကယ်တော်မူပါ။’’
အမေ။ ။ ‘‘မအေကို ပြဿနာရှာတဲ့ကောင် ဘုရားသခင်လဲ နင့်ကို မကယ်နိုင်ဘူး။’’
(ထပ်ဆော်ခံရ...)

အမေ။ ။‘‘ငါထပ်မေးမယ်။ use your head, then think it over ဆိုတာရော
ဘာအဓိပ္ပါယ်လဲ။’’

ကျွန်တော်။ ။ ‘‘ခေါင်းလေးဘာလေးသုံး။ ပြီးရင် သေချာထပ်စဉ်းစား။’’
အမေ။ ။ ‘‘အကောင်စုတ်၊ ငါ့ကိုများ ပြန်ပြောရတယ်လို့..’’ (တဆက်ထဲ
လက်ပါတော့မယ့်ဟန်ပြင်...)
ကျွန်တော်။ ။ ‘‘လောကမှာ အမေသာ အကောင်းဆုံးဆိုတဲ့ အဓိပ္ပါယ်ပါ။’’
(အမြန်ဖြေလိုက်ရတယ်။)
အမေ။ ။‘‘အင်း၊ ဒါမှ ဟုတ်တုတ်တုတ်ရှိသေးတယ်။ ခဏနေကျရင် အမေစားစရာကောင်းကောင်းလေး
လုပ်ပေးမယ်။ မနက်ဖြန်ကျမှ ထပ်မေးတော့မယ်။’’

...............................

(မထူးပါဘူး)
လမ်းတွင် ဖိနပ်အနီတစ်ဖက်၊အနက်တစ်ဖက်မှား စီးလာသော ကလေးတစ်ဦးကိုတွေသဖြင့် လူကြီးတစ်ဦးက...
`ဟေ့ချာတိတ် မင်းဖိနပ်အနီတစ်ဖက် ၊အနက်တစ်ဖက် ဖြစ်နေတယ်၊ အိမ်ပြန်လဲလိုက်အုံး´
ဟာ...အိမ်ပြန်လည်း မထူးပါဘူး ဦးဦးရာ...
`ဘာဖြစ်လို့လဲကွ`
`အိမ်မှာလည်း ဖိနပ်အနီတစ်ဖက်၊အနက်တစ်ဖက်ပါဘဲဗျာ.

(ညီမျှသလိုပဲ)

အသက်၄၀ခန့်ရှိသောလူပျိုသိုးကြီးသည် မိဘများအား အိမ်ထောင်ပြုချင်ကြောင်း ဖွင့်ဟပြောသည်။
ထိုအခါမိဘဖြစ်သူတို့က ရိုးအသော သားအကြာင်းသိသဖြင့် ဒါဆိုမေမေတို့က
မင်းနဲ့ရှေ့သွားနောက်လိုက်ညီမဲ့ အသက်၃၀ကျော်မိန်းခလးတစ်ယောက်ရှာပေးမယ်နော်။
ထိုအခါလူပျိုသိုးကြီးက မျက်နှာငယ်လေးဖြင့်.......့် မေမေတို့စကားလည်းနားထောင်ပြီးသားဖြစ်အောင် သားလိုချင်တာလည်းဖြစ်အောင်
အသက်၁၆နှစ်အရွယ် နှစ်ယောက်ယူလို့မရဘူးလားမေမေ...

(လက်တည့်လာလို့ပါ)
လင်မယားနှစ်ဦးကွာရှင်းပြတ်ဆဲမည်ဟု ရုံးတော်သို့ရောက်လာသည်။
ယောင်္ကျားဖြစ်သူက...ဒီမိန်းမအားကွာရှင်းချင်ပါတယ်...
တရားသူကြီးက.....သီးမခံနိုင်အောင်ဘာကြောင့်များလဲ
ယောင်္ကျားဖြစ်သူက...ဒီမိန်းမနဲ့လက်ထပ်ပြီးတဲ့နှစ်၂၀လုံးလုံးမှာ
သူစိတ်တိုင်းမကျရင်တွေတဲ့အရာနဲ့ကောက်ကောက်ပေါက်ပါတယ်။ဒါကြောင့်သီးမခံနိုင်တာပါ။
တရားသူကြီးက....နှစ်၂၀လုံးသီးခံပြီးမှဘာလို့ရုံးတော်ကိုလာတိုင်ရတာလဲ။
ယောင်္ကျားဖြစ်သူက...ဒီမိန်းမရဲ့လက်ကအခုမှပိုပြီးလက်တည့်လာလို့ပါ...

(မှီနိင်သေးတယ်)

အမျိုးသမီး၏နောက်သို့လူငယ်တစ်ယောက် ပြေးလိုက်လာပြီးပြောသည်။
``ဒိမှာခင်ဗျာ၊ ဒိမှာခင်ဗျာ´´
အမျိုးသမီး ပြန်လှည့်ကြည့်ပြီး မေးသည်။
``ကျွန်မကိုခေါ်တာလား ဘာကိစ္စလဲ´´
``ဘတ်စ်ကားပေါ်မှာ ထီးမေ့ကျန်ခဲ့တာ ခင်ဗျားလား´´
အမျိုးသမီးလှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။
``ဟုတ်ပါရဲ့ ကျွန်မ ထီးမေ့ကျန်ခဲ့တယ်´´
``အဲဒါဆိုမြန်မြန်ပြေးလိုက်၊ကားကအခုမှ စထွက်ကာစပဲရှိသေးတယ်။´´

(သူဌေးနှင့်နွား)
လူတစ်ယောက်ကသူဌေးကြီးတစ်ဦးထံတွင် နွားတစ်ကောင်ငှားချင်သည်။
သို့ကြောင့်လည်းနွားငှားရန် သူဌေးကြီးထံစာရေးကာ တပည့်တစ်ယောက်ကို
စေလွှတ်လိုက်သည်။ ထိုအချိန်က သူဌေးကြီးအိမ်တွင် သူဌေးကြီးသည်
ဧည့်သည်တစ်ယောက်နဲ့တွေ့နေချိန်ဖြစ်သည်။ သူဌေးကြီးကစာကိုယူလိုက်သည်။
စာမတတ်သည်ကိုရှက်သဖြင့် စာတတ်သယောင်ယောင်ဟန်ဆောင်လိုက်သည်။
သူဌေးကြီးသည် စာရွက်ကိုကြည့်ရင်း ခေါင်းကို တဆတ်ဆတ်ညိတ်နေသည်။
``ငါသိပါတယ်ကွာ´´
သူဌေးကြီးကစာလာပေးသူကိုပြောလိုက်သည်။
``အေး..ခဏကြာရင် ငါကိုယ်တိုင်လာခဲ့မယ်လို့ မင်းဆရာကို ပြောလိုက်ပါကွာ။ဟုတ်လား´´

(မရှိရင်ပိုကောင်းသေး)

မိန်းမဖြစ်သူသည်ယောင်္ကျား၏ ပုဆိုးအပြဲကိုချုပ်ပေးနေရင်းလှမ်းပြောသည်။
မိန်းမ၊ ၊`ရှင်တို့ယောင်္ကျားတွလေ ကျမတို့မိန်းမတွေမရှိရင် တော်တော်စိတ်ညစ်ရမယ်၊
မိန်းမတွေရှိနေလို့သာရှင်တို့ ပုဆိုးတွေ၊ ဘောင်းဘီ၊အင်္ကျီတွေချူပ်ပေးမဲ့သူရှိတာ´
ယောင်္ကျား၊ ၊`အိုမရှိမဖြစ်ဟုတ်ပါဘူးကွာ၊ငါတို့ အဲဒီဘောင်းဘီ၊ပုဆိုးတွေ ၀တ်ရတာလည်း
မင်းတို့မိန်းမတွေရှိနေလို့ကွ၊မိန်းမတွေမရှိရင် ငါတို့ဘာမှဝတ်စရာ
မလိုဘူးကွ´


(အဲ့ဒါလဲကောင်းပါတယ်)
မိန်းခလေးနှစ်ယောက် စားသောက်ဆိုင်တွင်စကားပြောနေကြသည်။
ပထမ မိန်းခလေး......ငါ့မှာရည်းစားနှစ်ယောက်ရှိတယ်။တစ်ယောက်ကချမ်းသာတယ်၊
တစ်ယောက်ကရုပ်ချောတယ်။ဒါဆိုဘယ်သူ့ကိုရွေးရမလဲဟင်။
ဒုတိယမိန်းခလေး......လွယ်ပါတယ်။ရုပ်ချောတဲ့သူနဲ့ ဆက်တွဲနေပေါ့။
လက်ထပ်တဲ့ခါမှ ချမ်းသာတဲ့သူနဲ့လက်ထပ်လိုက်။


(အထီးအမခွဲခြားနည်း)

"မေမေ၊ ကျွန်တော် ယင်ငါးကောင်ကို သတ်လိုက်တယ်၊ နှစ်ကောင်က အထီး၊ သုံးကောင်က အမ"
ဟု ငါးနှစ်သား လူငယ်လေးက သူ့မိခင်ကိုပြောလိုက်သည်။
"ဟုတ်လား၊ ဒါနဲ့သားက ယင်ကောင် အထီးနဲ့ အမ ဘယ်လိုခွဲသလဲကွဲ့။"
"အော်…ဒါလား နှစ်ကောင်က ဘီယာပုလင်းပေါ်မှာ၊ သုံးကောင်က ကြည့်မှန်ပေါ်မှာ နားနေကြတာလေ"

(ကောင်းပါတယ်)
မောင်ချစ်။ ။ ငါသေသွားခဲ့ရင် မင်း နောက်အိမ်ထောင်ပြုမှာလား?
ဇနီးဖြစ်သူ။ ။ ဟင့်အင်း... ကျွန်မညီမနဲ့ပဲ နေမှာ။ ဒါနဲ့ ရှင်ကော ကျွန်မ သေသွားရင် နောက်
အိမ်ထောင် ပြုမှာလား?
မောင်ချစ်။ ။ ဟင့်အင်း... ငါလဲ မင်းလိုပဲ မင်းညီမနဲ့ပဲ နေမှာပေါ့။




မာ***နိမ်း

တစ်ခါက နိုင်ငံခြားသား တစ်ယောက်ဟာ အိန္ဒိယကို ရောက်တော့ တက္ကစီ ငှားစီးပါတယ်။ တက္ကစီနဲ့ လျှောက်သွားရင်း တစ်နေရာ ရောက်တော့
အလွန်ခမ်းနားတဲ့ အိမ်ကြီး တစ်အိမ်ကို တွေ့ပါတယ်။ အဲဒါနဲ့ သူက တက္ကစီ
ဒရိုင်ဘာကို “ဒါဘယ်သူ့ အိမ်ကြီးလဲ။” လို့ မေးတော့ တက္ကစီသမားက “မာ***နိမ်း”
လို့ ပြန်ဖြေပါတယ်။

အဲဒီလိုနဲ့ ဆက်သွားရင်း တနေရာ အရောက်မှာ အပျံစား ကားကြီး တစ်စီးကို တွေ့ပြန် ပါတယ်။ အဲဒီ အခါမှာလည်း သူက “ဒါဘယ်သူ့
ကားကြီးလဲ။” လို့ မေးကြည့်ပါတယ်။ တက္ကစီ ဒရိုင်ဘာက “ မာ***နိမ်း” လို့
ပြန်ဖြေ ပြန်ပါတယ်။ နိုင်ငံခြားသားကတော့ မာ***နိမ်းဆိုတဲ့သူ အတော်
ချမ်းသာတာပဲ လို့ တွေးပါတယ်။

အဲဒီလိုနဲ့ ဆက်သွားရင်း လမ်းမှာ အသုဘ တစ်ခုကို တွေ့ပြန်ပါတယ်။ အဲဒီအခါမှာ နိုင်ငံခြားသားက ဒါဘယ်သူ့ အသုဘလည်း
မေးတော့ တက္ကစီသမားက “မာ***နိမ်း” လို့ ပြန်ဖြေပါတယ်။ နိုင်ငံခြားသားကတော့
“အော်။ မာ***နိမ်းကြီး သေရှာပြီကိုး။” လို့ သနားတဲ့ အသံနဲ့ ရေရွတ်
လိုက်ပါတယ်။
(မာ***နိမ်း= မသိဘူး။) :D
.....................................
အမူးသမားဟာသ

အရက်ဘာကြောင့်သောက်ရတယ်...
ရဲသားကြီး ..နေပါအုန်း..နေပါအုန်း.
အမူးသမား ..နေပါတယ်..
ရဲသားကြီး မင်းကဘာလို. အရက်ကို အလွန်အကျွှံ သောက်ရတာလဲ...
အမူးသမား .သူရမေရာကံ ကျူးလွန်ပြီး ...အခြားကံ ၄ ပါးလုံအောင်လို.ပါ...
ရဲသားကြီး ဘာကွ!သူရာမေရကံ ကျူးလွန်ပြီး....အခြားကံ ၄ ပါးပါ ချိုးဖောက် တာ မဟုတ်ဘူးလား..
အမူးသမား ဘဲနဲ.ချိုးဖောက်ရမှာလဲ..ဗျာ..အေ့..။တကယ်သောက်ကြည်.ပါလား...အရက်မူးလွန်လိုသူများကိုလိမ်ဖို.မပြောနဲ.ကို.ရှာအလုံးကြီးကိုပြန်မကိုက်မိအောင်လို. မနဲ ထိန်းထားရတယ်....အေ့...။
ရဲသားကြီး အေ့!
အမူးသမား မအေ့နဲ. တချို.ဆို အမူးလွန်းပြီး အမှန်တိုင် ပြောမိလို. ကျွှဲခိုးပေါ်တာ ရှိသေး..အေ့။
ရဲသားကြီး အဲ့!
အမူးသမား မ အဲ့ နဲ. အုန်းရှိသေးတယ်..သူတပါးပိုက်ဆံခိုးဖို.မပြောနဲ.ကိုယ့်အိတ်ထဲ ပိုက်ဆံတောင် ဘယ်ကောင် နှိက်သွားမှန်း မသိလို.ပျောက်ရတာအကြိမ်ကြိမ်...အေ့။

ရဲသားကြီး ဟင်!
အမူးသမား မဟင်နဲ.အုန်း..ကျန်သေးတယ်...သူတပါးအသက်သက်ဖို.မပြောနဲ.
ကိုယ်ဘာသာကို မရပ်နိုင်လို. ဓာတ်တိုင် ဖတ်ထားရတာဘဲ ကြည်. တော့...အေ့..။

ရဲသားကြီး သြော်!

အမူးသမား မသြော်နဲ.မပြီးသေးဘူးသူများသားမယားကိုပြစ်မှားဖို.ဆိုဝေးရော...
နိုင်ငံခြားမှာ ဖြစ်ဖူးတယ်...အမူးလွန်ပြီး ပန်ခြံထဲမှာ အိပ်နေတာ ကိုယ်. ဖင်ထဲကို မြွေဝင်သွားမှန်း တောင်မသိဘူး...အေ့..။
ရဲသားကြီး မင်ပြောတော့လည်း ဟုတ်သလိုဘဲ......ငါလည်း ကံ၎ပါး လုံအောင် အရက်သောက်ရ မလိုဖြစ်နေပြီ အရက်ဆိုင် သွားအုံးမှ.....

အမူးသမားမောင်ဖိုးတာ

အမူးသမား မောင်ဖိုးတစ်ယောက် မူးကန်းကန်းနဲ့ဘဲ ဘုရားတန်စောင်းအတွင်းရောက်ရှိသွားသည်။ သူသည်
ဘုရားတန်စောင်းအတွင်းရောက်သွားသောအခါ ငါးပါးသီလကို ကျူးလွန်သဖြင့် ငရဲတွင်
အပြစ်ခံနေရသော ပုဂ္ဂိုလ်များအကြောင်း
သရုပ်ဖေါ်ရေးဆွဲထားသောပန်းချီကားများကို သွားမြင်လေသည်။
ထိုတွင် မောင်ဖိုးတာသည် ပထမပန်းချီကားကို စတင်ဖတ်လေတော့သည်။ ပထမပန်းချီကားသည်
အတိတ်ဘ၀က သူတစ်ပါးအသက်ကို သတ်သောသူများ ငရဲကို ခံနေရပုံ သရုပ်ဖေါ်ဆွဲထား
လေသည်။ မောင်ဖိုး တာသည် ပထမပန်းချီကားကို ဖတ်ပြီးသောအခါ
မှတ်ချက်ပေးလိုက်သည်ကား
"ခံပေါ့ကွာ သူများအသက် သတ်တဲ့ကောင်တွေ"တဲ့။
ထို့နောက် ဒုတိယပန်းချီကားကို ဆက်ဖတ်လေသည်။ ဒုတိယပန်းချီကားသည် သူတစ်ပါးပစ္စည်းကို
ခိုးသော သူများ ငရဲတွင် ခံနေရပုံကို သရုပ်ဖေါ်ဆွဲထားလေသည်။ ထိုပန်းချီကားကို
ဖတ်ပြီးနောက် မောင်ဖိုးတာ မှတ်ချက်ပေးလိုက်သည်ကား
"သူတစ်ပါးဥစ္စာကို ခိုးတဲ့ကောင်တွေ ခံပေါ့ကွ"တဲ့။
ထိုနောက် သူတစ်ပါးသားမယားကို ပြစ်မှားသော ပုဂ္ဂိုလ်များ ငရဲတွင် ခံနေရပုံကို သရုပ်ဖေါ်ရေးဆွဲထားသည့်
တတိယပန်းချီကားကို ဆက်ဖတ်လေသည်။ မောင်ဖိုးတာ စာဖတ်ပြီးသောအခါ
ကောက်ချက်ပေးလိုက်သည်ကား
"ဖွန်ကြောင်တဲ့ကောင်တွေ ခံပေါ့ကွ"တဲ့။
ထိုနောက် မုသားစကားပြော၍ ငရဲခံနေရသော ပုဂ္ဂိုလ်များအကြောင်းကို သရုပ်ဖေါ်ရေးဆွဲထားသော
စတုတ္ထ ပန်းချီကားသို့ ရောက်သွားလေသည်။ ထိုပန်းချီကားကို ဖတ်ပြီးနောက်
ကောက်ချက်ပေးလိုက်သည်ကား
"မုသားစကားပြောတဲ့ ကောင်တွေ ခံပေါ့ကွ"တဲ့။
ထိုနောက် အရက်သောက်၍ ငရဲခံနေရသော ပုဂ္ဂိုလ်များအကြောင်းကို သရုပ်ဖေါ်ရေးဆွဲထားသော
ပဉ္စမပန်းချီကားသို့ ရောက်သွားလေသည်။ ထိုပန်းချီကားကို ဖတ်ပြီးနောက်
မောင်ဖိုးတာသည် ကောက်ချက် ပေးလိုက်သည်ကား
"ဖိုးတာကို ဒီလိုလာခြောက်လို့ ဘယ်ရမလဲ"

ကဲယုံပြီလား

ညသန်းခေါင်ယံအချိန်မှာ အမူးသမား ၁ယောက်က အိမ်တအိမ်ရဲ့ တံခါးကို အသည်းအသံဖွင့်နေတယ်တဲ့
အဲဒါကို ရဲသားတယောက်ကတွေ့ သွားတော့ မသကာင်္တာနဲ့ သွားမေးတယ်။
ရဲသား ။ ။ ဟေ့လူ ဘာလုပ်နေတာလဲ။
အမူးသမား ။ ။ ကျွန်တော့အိမ်တံခါးကိုဖွင့်နေတာပါ ရဲသားကြီးရယ်။
ရဲသား ။ ။ ဒါခင်ဗျားအိမ်ဆိုတာ သေချာရဲ့ လား။
အမူးသမား ။ ။ သေချာပါတယ် ရဲသားကြီးရယ် တံခါးဖွင့်နေတာကိုသာ ကူညီပါဗျာ အိမ်ထဲမှာ ဘယ်နေရာမှာ ဘာရှိတယ်
ကျွန်တော်အကုန်ပြောပြမယ်နော်။ သေချာစေရမယ်နော်။ ဒါကျွန်တော့အိမ်။
ရဲသား ။ ။ ကောင်းပြီ။

ရဲသားကကူညီပြီးသော့ဖွင့်ပေးလိုက်၏။
အမူးသမား။ ။ လာအိမ်ထဲ ရဲရဲဝင်ပါဗျာ။ ဒါကျွန်တော့အိမ် အည့်ခန်း။ ဟောဟိုမှာက စနယား
အဲဒါကျွန်တော်တီးတာ။ ဟောဟိုမှာက မီးဖို။ ဟောဟိုမှာက ကျွန်တော့ အိပ်ခန်း။
ကုတင်ပေါ်က မိန်းမက ကျွန်တော့မိန်းမ.။ ကျွန်တော့်မိန်းမပေါ်ကကောင်က
ကျွန်တော်ဗျ။


ကဲယုံပြီးလားတဲ့။။။။


ယုံကြပြီလား။

တွေ့မှာပေါ့ကွ
အရက်သမားတစ်ယောက် အငှားကားကို တက်စီးသည်။ကားဆရာကိုအာလေးလျှာလေးနဲ့ပြောသည်။

အမူးသမား။ ။``ကား--ဆရာ၊ကျုပ်ကို----တောင်ဥက္ကလာပ ၈-ရပ်ကွက်ကို-------လိုက်ပို့စမ်းပါဗျာ။´´

ကားဆရာ။ ။ ``အိမ်နံပါတ် ဘယ်လောက်လဲ။´´

အမူးသမား။ ။``ဟိုရောက်တော့---မင်းဟာမင်း---တွေ့---ပါလိမ့်မယ်ကွ။´´

သတိ
''အရက်သောက်ရင် သတိထားရမယ်''

''ဟုတ်ကဲ့ ဆရာ''

''သတိမထားမိလို့ အလွန်အကျွံသောက်မိပြီး ဒုက္ခရောက်ကြတာ''

''ဒါနဲ့ ဆရာရော သောက်တယ်မဟုတ်လား''

''သောက်တာပေါ့။ ကျုပ်က အမြဲသတိနဲ့သောက်တာ၊ ကိုယ့်ရေချိန် ကိုယ်သိတယ်။ တခါမှ ရေချိန်ထက် လျှော့မသောက်မိတော့ဘူး''


သိပါတယ်နော်
လူတစ်ယောက်သည် ဘားကောင်တာမှာ အေးဆေးစွာ ထိုင်သောက်ရင်း အေးဆေးစွာ အမူးလွန်ကာ
ထိုင်ခုံပေါ်မှ အသာအယာလျှောကျသွားပြီး ကြမ်းပြင်ပေါ်မှာ ပုံလျှက်သား
လဲကျသွား၏ ထိုအခါ ကူညီတတ်သော ဘားစာရေးက သူ့ကို မေးသည်။
”လူကြီးမင်းရဲ့ နာမည် ဘယ်လိုခေါ်ပါသလဲခင်ဗျာ ကျွန်တော် လူကြီးမင်းရဲ့ဇနီးကို
အကြောင်းကြားပေးပါ့မယ်”
”ကျေးဇူးပဲကွာ၊ ဒါပေမယ့် င့ါမိန်းမက ငါ့နာမည်ကို သိပါတယ်”

ကပ်ထားတယ်လေ

သူသည် ကားမမောင်းနိုင်လောက်အောင်ပင် မူးနေသောကြောင့် သူ့သူငယ်ချင်းက တက္ကစီတစ်စီးတားပြီး တင်ပေးလိုက်ရ၏ သူနေသည့်
လမ်းသို့ရောက်သောအခါ တက္ကစီ ဒရိုင်ဘာက သူ့ကို မေးသည်။
”ခင်ဗျားရဲ့ အိမ်နံပါတ်က ဘယ်လောက်လဲ”
”ဟေ့လူ ကလေးကလား မေးခွန်းတွေ လာမမေးစမ်းနဲ့။ ကျုပ်အိမ်နံပါတ်က ကျုပ်အိမ်တံခါးမှာ ကပ်ထားတာပဲ” ဟု သူက ပြန်ဖြေလိုက်လေသည်။

ဘယ်လောက်ကျလဲ

အရက်မူးသမားတစ်ယောက်သည် အလွန်အကျွံ မူးအောင်သောက်ပြီး လမ်းလျှောက်ပြန်လာခဲ့ရာ မဟန်နိုင်သောကြောင့်
လမ်းမှာ ဖြတ်သွားသည့် တက္ကစီတစ်စီးကို လှမ်းတားသည်။
ထို့နောက် ကားနောက်ခန်းတံခါးထဲသို့ ပစ်ဝင်လိုက်ရာ တစ်ဖက်တံခါးကို တွန်းဖွင့်လိုက်သလို
ဖြစ်သွားပြီး ထိုတံခါးမှတစ်ဖန် အောက်သို့ပြန်ကျသွားသည်။ ထို့နောက် သူ့ဘာသာ
အားယူထရပ်ပြီး ဒရိုင်ဘာကို ပြောသည်။
”ကားခ ဘယ်လောက်ကျသလဲဗျ”

ပျောက်သွားတယ်
တက်ဒ်။ ။”ငါ အရမ်း ခိုက်ခိုက်တုန်အောင် အေးလာပြီ ဆိုရင် ၀ီစကီတစ်လုံးဝယ်ပြီး အိမ်ပြန်လိုက်တာပဲ။ တစ်နာရီလောက်ကြာပြီ ဆိုရင်
ပျောက်သွားတော့တာပဲ”
ပေါလ်။ ။”ဘာပျောက်သွားတာလဲ၊ အအေးလား”
တက်ဒ်။ ။”ဟင့်အင်း ၀ီစကီတွေလေ”

မြန်မြန်

လူတစ်ယောက်သည် ဘုံဆိုင်သို့ အပြေးအလွှား ရောက်လာကာ သူ့မိတ်ဆွေထိုင်နေသည့် ၀ိုင်းတစ်ဝိုင်းသို့ ဟောဟဲ၊ ဟောဟဲ နှင့်
အမောတကောသွားထိုင်ပြီး သူ့မိတ်ဆွေကို ပြောသည်။
”သူငယ်ချင်း၊ ငါ ဒီမှာ ကြာကြာ မထိုင်နိုင်ဘူး။ ငါ့မိန်းမက ငါ ရေချိုးခန်းမှာပဲ ရှိနေမယ်လို့ထင်တာ”

အချိန်မရှိလို့
ပထမအမူးသမား။ ။”ငါ့မှာ ချစ်ကြည်နူးမှုဆိုတာ ဘာမှ မရှိဘူးကွ”
ဒုတိယအမူးသမား။ ။”ဘယ်လိုဖြစ်ရတာလဲကွာ”
ပထမအမူးသမား။ ။”ဘာဖြစ်ရမှာလဲကွာ၊ ငါ့မိန်းမက ညတိုင်းခေါင်းကိုက်တယ်။ ငါက မနက်တိုင်း အရက်နာကျတယ်။ ဘယ်မှာလဲ
ချစ်ဖို့အချိန်ဆိုတာ”

မြစ်ထဲမှာ
မူးနေသေယောက်ျားဖြစ်သူ အိမ်ထဲဝင်လာသောအခါ မိန်းမဖြစ်သူက ဒေါနှင့်မောနှင့် ဆီးကြိုသည်။
”ရှင် သောက်လာပြန်ပြီပေါ့။ ရှင် အိမ်ကို လမ်းလျှောက်ပြန်လာတယ်ဆိုတော့ တော်ပါသေးတယ်။ မူးရင် မမောင်းနဲ့
ဆိုတဲ့စကားကို သတိရလို့ မဟုတ်လား”
”ကားစက်နှိုးလို့ မရတာာပါကွာ”
”ကားက ဘာဖြစ်ပြန်ပြီလဲ”
”ကာလရိုက်တာထဲ ရေ၀င်နေလို့ဟ”
”ဒါဆို ကားက ခုဘယ်မှာလဲ”
”မြစ်ထဲမှာ”

ဘာမှလာမမေးနဲ့
အမူးသမားတစ်ယောက်သည် အဆောက်အအုံ တစ်ခုပေါ်သို့ တစ်ဟုန်ထိုး ပြေးတက်သွားပြီး ပဉ္စမထပ်ရောက်သော အခါ
ပြူတင်းပေါက်မှ ခုန်ချလိုက်သည်။ သူလမ်းဘေးက ပလက်ဖောင်းပေါ်မှာ လဲနေရာ
လူတွေကတစ်ယောက်ပြီးတစ်ယောက် လာကြည့်သောကြောင့် လူအုပ်ကြီးဖြစ်သွားသည်။
ရဲတစ်ယောက်က ထိုလူအုပ်ကြားထဲ တိုးဝင်လာပြီး လဲနေသော အမူးသမားကိုမေးသည်။
”ဘာဖြစ်တာလဲ”
”ကျုပ်ကို ဘာမှမမေးနဲ့ ကျုပ်ဘာသာ ကျုပ်ဒီနေရာကို ရောက်လာတာ” ဟု အမူးသမားကဆိုသည်။

အမြင်
အကောင်းမြင် သမားတစ်ယောက် က ၀ီစကီပုလင်းတစ်လုံးသည် အရက်တစ်ဝက်ပဲ ပြည့်နေသည်ဟု ပြောသည်။
အဆိုးမြင်သမား တစ်ယောက်သည် ၀ီစကီပုလင်းတစ်လုံးသည် တစ်ဝက်လျော့နေသည်ဟုဆို၏


အကောင်းဆုံးကာကွယ်နည်း !!

Chemistry ဆရာမက အရက် ၏ဆိုးကျိုးများကို လက်တွေ့ ပြသပီးဆုံးမရန် အကြံရသည်။
ထို့ကြောင့် ဆရာမက ရေ တစ်တစ်ခွက် ဝီစကီ ခွက် ကို အတန်းရှေ့တွင် ချထားလိုက်သည်။
ထို့နောက် ဆရာမက ပိုးကောင် ၂ ကောင် ကိုယူလာပီး တစ်ကောင်ကိုရေထဲထဲ့လိုက်သည်။
ပိုးကောင်လေးက ရေထဲတွင် ပျော်ရွှင်စွာကူးခတ်နေသည် ။
ဆရာမကနောက်ပိုးကောင် လေးကို ဝီစကီခွက်ထဲ ထဲ့လိုက်သည်။
ပိုးကောင်လေး ချက်ချင်းသေသွားသည်။ ထို့နောက်ဆရာမက ကျောင်းသားများကိုကြည့်ပီး..
“ကဲ.. ကလေးတို့ ဒါကိုကြည့်ခြင်းအားဖြင့် ဘာသင်ခန်းစာ ရသလဲ “
နောက်ဆုံးတန်းတွင်ထိုင်နေသော ကျောင်းသားတစ်ယောက်က ဝမ်:သာအားရထဖြေသည်။
“ဝီစကီကိုသောက်သုံးခြင်းဖြင့် ကျွန်တော်တို့ခန္ဓာ ကိုယ်ထဲကို ပိုးမွှား တွေ မဝင်အောင် ကာကွယ်နိုင်ပါတယ် ဆရာမ..”
.......................................
´အပေါင်းအသင်းကောင်းသူ
``သူ့မှာ ရန်သူလုံးဝ
မရှိဘူး၊ဒါပေမယ့် သူ့ရဲ့ မိတ်ဆွေတွေထဲကသူ့ကိုကြည့်လို့ရတဲ့သူ တစ်ယေက် မှ
မရှိဘူး။´´

သတင်းကောင်း

လူရွှင်တော်မင်းသားတစ်ဦးသည်
အချိန်အတန်ကြာ ရုပ်ရှင်ကား ရိုက်ရန် မည်သည့်ကုမ္ပဏီမှ မဖိတ်ခေါ်
သဖြင့် စိတ်ဓာတ်ကျလျက်ရှိသည် တစ်နေ့ အိမ်သို့ပြုံးပြုံး ရွှင်ရွှင်နှင့်ရောက်ရှိလာပြီး ကုမ္ပဏီတစ်ခုနှင့်
ကားရိုက်ရန် စာချုပ် ချုပ်လိုက်ပြီဖြစ်ကြောင်း၊မနက်ဇြန်တွင် နယ်ထွက်ရိုက်ရမည်ဇြစ်ကြောင်း ဇနီးဖြစ်
သူအားပြောသည်။

``သူတို့ စိတ်ပြောင်းခဲ့ရင် ဒီနေ့ ည ၁၂-နာရီ မတိုင်မီ ကြေးနန်းနဲ့ အကြောင်းကြားမယ်ကွ။´´

ည ၁၂-နာရီ မတိုင်မီ ၅ မိနစ် အလိုတွင် ကြေးနန်းရုံးမှ ကြေးနန်းစာ လာပို့သည်။

မင်းသားသည် မျက်နှာအပျက်ကြီး ပျက်ကာ ကြေးနန်းစာကို ဖွင့်မဖတ်ဝံ့အောင် ဖြစ်နေသည်။

မိန်းမက တိုက်တွန်းသည်။

``ဖတ်မှာသာဖတ်စမ်းပါ၊ရှေ့မှာ ဘာဖြစ်မယ်ဆိုတာ ဘယ်သူပြောနိုင်တာမှတ်လို့။´´

လက်နှစ်ဘက် တုန်တုန် ယင်ယင်ဖြင့် ကြေးနန်းစာကို မင်းသားဖွင့်သည်။တဖြည်းဖြည်းနှင့် ၎င်း၏မျက်နှာ
ရွှေလမင်း လိုဝင်းလက်လာသည်။ထို့နောက် ကုလားထိုင်မှ ထခုန်ကာ ၀မ်းသာအားရပြောသည်။``ဟေး
ဟေး ဟေး၊ဟန်ကျလိုက်တာ၊စာချုပ်ကို သူတို့မဖျက်ဘူးဟေ့၊အခုကြေးနန်းက မင်းအမေသေကြောင်း
အကြောင်းကြားတဲ့ ကြေးနန်းကွ ရော့ ဖတ်ကြည့်။´´ရောက်ရင်တွေ့မယ်

ခက်ခဲတဲ့ ပုစ္ဆာ


ကိုချူချာ
ဘူမိဗေဒသမားကိုမေးသည်။``ကျွန်တော့်လက်ထဲမှာ ငါးဘယ်နှစ်ကောင်ရှိတယ်
ဆိုတာပြောနိုင်ရင်
နှစ်ကောင် စလုံးကိုပေးမယ်။´´

``နှစ်ကောင်။´´

``ခင်ဗျား အကြားအမြင်ရတဲ့ လူထင်တယ်၊မှန်တယ်ဗျ ရော့...ယူ။´

ယောကျာ်းတို့စေတနာ


သားငါးနှင့်
ဟင်းသီးဟင်းရွက်မျိုးစုံ အပြည့်ပါသည့်ဈေးခြင်းကို အနိုင် နိုင်ဆွဲကြာ့ပန်ရောက်လာသည့်
ဇနီးသည်ကိုကြည့်ကာ ယောကျာ်းဖြစ်သူကပြောသည်။

``မင်း အသက်အရွယ်နဲ့ ဒီလိုအလေးအပင် ဆွဲနေတာကို ငါမကြည့်နိုင်ဘူးမိန်းမရေ၊ဒီနေ့က စပြီးရပ် လိုက်ဖို့လိုပြီ။´´

``ရှင်က ဘယ်လို အကြံပေးချင် လို့လဲ။´´

``ဈေးကို နှစ်ခေါက်သွား။´´

မမောင်းရရင်ပစ်ချမယ်


မော်စကိုမြို့
တပ်မတော်သားစုဆောင်းရေးရုံး။ စစ်မှုထမ်းမည့် လူငယ်တစ်ယောက်ရောက်လာသည်။
တာဝန်ကျအရာရှိက ၎င်းကိုမေးသည်။

``ဘယ်တပ်မှာ အမှုထမ်းချင်လဲ...´´

``လေတပ်မှာ ကျွန်တော်လေယာဉ်မောင်းချင်ပါတယ်။´´

၎င်း အလိုကျ လေယာဉ်မောင်းသင်တန်းကျောင်းသို့ပို့လိုက်သည်။သတ်မှတ်ကာလကုန်ဆုံးသော် လည်း
လိုအပ်သော အရည်အချင်းပြည့်မှီ သည့်လေယာဉ်မောင်းသမားဖြစ်မလာချေ။သို့နှင့်၎င်းကို ဆင့်ခေါ်ပြီးပြောသည်။

``မင်းမှာ လေသူရဲဖြစ်ဖို့ ပါရမီ ပါမလာဘူးထင်တယ်ကွာ၊ကိုင်း...တခြားတပ်ကိုရွေးပါ။´´

``လေကြောင်းရန် ကာကွယ်ရေးတပ်မှာ အမှုထမ်းပါရစေ။´´

``ဘာဖြစ်လို့ အဲ့တပ်ကိုမှ ရွေးတာလဲ။´´

``ကျွန်တော်လေယာဉ် မမောင်းရရင် တခြားလူတွေလည်း မမောင်းစေရဘူးလို့ဆုံးဖြတ်ထားလို့ပါ။´´

မကျန်စေနဲ့

ချာတိတ်လေးက
အဖွားကိုမေးသည်။``ဖွားဖွားကမ္ဘာပေါ်မှာ လူဦးရေ ဘယ်လောက်ရှိသလဲဟင်။´´

``အများကြီးပဲ ငါ့မြေးရယ်၊သိရသလောက် သန်းပေါင်း ငါးထောင်ရှိတယ်တဲ့´´

´´အဲဒီအထဲမှာ ကျွန်တော့်ကိုပါ ထည့်တွက်ထားရဲ့လားဟင်။´´

ဘ၀တူ

ပန်းခြံတွင်ဖြစ်သည်။
ခုံတန်းရှည်တွင် တစ်ဦးတည်းထိုင်နေသော အမျိုး၏ဘေးသို့လူလတ်ပိုင်းအရွယ်
အမျိုးသားတစ်ဦးဝင်ထိုင်ပြီးပြောသည်။

``အနှောင့်အယှက်ပေးတယ်လို့ မယူဆပါနဲ့ဗျာ။တစ်ခုမေးပါရစေ။
ခင်ဗျား...ကျောင်းဆရာမ မဟုတ်လား...''

``ဟုတ်ပါတယ်၊ရှင်..ဘာဖြစ်လို့ အဲဒီလိုမေးတာလဲဟင်။´´

``ခင်ဗျားရဲ့မျက်နှာက ထုံထိုင်းပုံပေါက်နေလို့ပါ။´´

``အောင်မယ်...လူပါးဝလိုက်တာ။ရှင့်မျက်ခွက်ပဲရှင် ပြန်ကြည့်ပါဦး..နလပိန်းတုံးရဲ့´´

မျက်နှာ မသာမယာနှင့် အမျိုးသားက ပြန်ပြောသည်။``ဟုတ်ပါတယ်..ကျွန်တော်လည်း ကျောင်းဆရာပါ။´´

ကြိုတင်ကာကွယ်တဲ့ကိုချူချာ

ဒုတိယကမ္ဘာစစ်အတွင်းကဖြစ်သည်။မိုင်းအပြည့်မြှုပ်ထားသောလမ်းအတိုင်းတပ်သားကိုချူချာ
သတိထား
လျှောက်လာသည်။နားနှစ်ဖက်ကို လက်ညှိုးနှစ်ချောင်းဖြင့်ထိုးပိတ်ထားသည်။နှုတ်မှလည်းပြောသည်။

``မတော်တဆ မိုင်းတက်နင်းမိလို့..ဗုံးပေါက်တာကြောင့် နားကန်းသွားရင် ဒုက္ခ´´

ချောင်း

ဆရာဝန်။ ။``ခင်ဗျားရဲ့ချောင်းဆိုးသံကို ကျွန်တော်မကြိုက်ချင်ဘူး။´´
လူနာ။ ။``ကျွန်တော် တခြားဘာသာနဲ. မဆိုးတတ်ဘူး ဆရာရယ်။´´

ဆရာမရှိ.ဘူး

လည်ချောင်းနာနေသူဆရာဝန်အိမ်ကို
ဖုန်းဆက်သည်။လည်ချောင်းနာနေသဖြင့်အသံတိုးတိုးလေးပဲထွက်သည်။

``ဒေါက်တာရှိသလားဟင်။´´

တယ်လီဖုန်းကောက်ကိုင်သော အိမ်ဖော်မကလည်း တိုးတိုးလေးပြန်ဖြေသည်။

``မရှိဘူး..မြန်မြန်လာခဲ့။´´

မအိပ်တတ်လို.


စိတ်ကျန်းမာရေးဆေးရုံတွင်ဖြစ်သည်။

``ဒေါက်တာ..ကျွန်တော့်တို့အခန်းထဲက အရူးတစ်ယောက်ကိုမောင်းထုတ်ပေးပါ။

ညပိုင်းရောက်တာ နဲ့ အခန်းထဲက အမှိုက်ပုံးကို ခေါင်းပေါ်တင်ပြီး သူဟာ မီးဆိုင်းပါလို့အော်တယ်ခင်ဗျ။´´

``အော်ပစေပေါ့..ခင်ဗျားနဲ့ ဘာဆိုင်လဲ၊´´

``မီးလင်းနေရင်..ကျွန်တော်မအိပ်တတ်ဘူးခင်ဗျ။´´


ဖတ်မိသမျှ၊မှတ်မိသမျှ

No comments:

Post a Comment

ဝေဖန်အကြံပြုပေးသွားပါဦး။
(သင်၏ Comment တစ်ခုဟာ စာရေးသူအတွက် ဆေးတစ်ခွက်ပါ။)

..

..
Free Explode Red - Handwriting Cursors at www.totallyfreecursors.com

လွတ်လပ်စွာပြောဆိုနိုင်ပါသည်..။

HTML Comment Box is loading comments...
လာရောက်လည်ပတ် ကျသည့် အတွက်ကျေးဇူး အထူးတင်ပါသည်ခင်ဗျာ။
Twitter Bird Gadget