Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu


စာပေမြို့ တော်သို့  လာရောက်ကြသူ အပေါင်း ကျန်းမာချမ်းသာ ကြပါစေလို့  ဆုမွန်ကောင်းတောင်းလိုက်ပါသည်ခင်ဗျာ...>>အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ...မန်ဘာဝင်ပြီးအားပေးနော်..။

စာပေမြို့တော်တွင် Member၀င်ရန်

Followers


စာလုံးပြောင်းရန်
အသေး ပုံမှန် +ကြီး ++ကြီး

Friday, September 6, 2013

မပေါ့ဆသင့်သော အသေးအဖွဲပြဿနာများ



(၁) နှာခေါင်းသွေးလျှံခြင်း
ပူပြင်းခြောက်သွေ့သော ရာသီ ဥတု၊ မကြာခဏနှပ်ချေးညှစ်ထုတ် ခြင်း၊ ထိခိုက်ဒဏ်ရာရခြင်းတို့ကြောင့် နှာခေါင်းသွေးယိုတတ်ပြီး အရေးကြီး သည့်အကြောင်းရင်းမှာ သွေးတိုးခြင်း ကြောင့်လည်းဖြစ်တတ်သည်။ မိမိ သွေးပေါင်ချိန် ၁၂၀/၇၀ mmHg မှ ၁၃၉/၈၉ mmHg အတွင်းရှိနေ လျှင် သွေးတိုးစပြုသည်ဟုယူဆနိုင် ပြီး ၁၄၀/၉၀ နှင့်အထက်ဆိုပါက သွေးပေါင်ထိန်းဆေးများဖြင့် ကုသမှု ခံယူပါ။
(၂) ဒူးကိုက်ခြင်း
ဒူးဆစ်များနာကျင်ကိုက်ခဲနေပါ က လှုပ်ရှားမှုပြင်းထန်ခြင်းကြောင့် ဖြစ်နိုင်သည်။ အကိုက်အခဲပျောက် ဆေးလိမ်းခြင်း၊ ရေခဲကပ်ခြင်းများဖြင့် မသက်သာဘဲ သုံးလကျော်သည်အထိ ကိုက်နေသေးပါက အရိုးဆစ်ရောင်ခြင်း (osteoarthritis) ဖြစ်နိုင်သည်။
(၃) လည်ချောင်းနာခြင်း
သုံးရက်ကျော်သည်အထိ လည် ချောင်းနာမပျောက်သေးဘဲ စကား သံပါ ပျက်လာပါက Streptococcus ပိုးကြောင့်ဖြစ်နိုင်ပြီး မကုဘဲထားပါက သငန်ရည်ကျိတ်များရောင်ခြင်း၊ ပြည် ထွက်ခြင်းနှင့် အသက်ရှူလမ်းကြောင်း ပိတ်ဆို့ခြင်းတို့ ဖြစ်နိုင်သည်။
(၄) အရည်ကြည်ဖု
အပူလောင်ခြင်း၊ ဖိနပ်ပေါက် ခြင်းကြောင့် အရည်ကြည်ဖုထတတ် သည်။ သို့သော် ခြေချောင်းများကြား၌ အရည်ကြည်ဖုပေါက်လျှင် သန့်ရှင်း အောင်ဂရုစိုက်ပါ။ ဘက်တီးရီးယား၊ မှိုနှင့် ကပ်ပါးကောင်များဝင်ရောက် နိုင်သည်။ ခြေဖဝါးတစ်ခုလုံးပိုးပျံ့ပြီး ရောင်ကိုင်းလာတတ်သည်။
(၅) ဝက်ခြံ
ဝက်ခြံပေါက်တာတော်တော် နှင့်မပျောက်လျှင် ဂရုစိုက်ပါ။ လနှင့် ချီပြီးကြာနေတဲ့ဝက်ခြံကို မညှစ်ပါ နှင့်။ basal cell carcinoma လို့ ခေါ်တဲ့ အရေပြားကင်ဆာဟာ ဖြစ် ဖြစ်ချင်းကာလမှာ ဝက်ခြံနှင့်ဆင် တူပါတယ်။ အရေပြားဆရာဝန်နှင့် ပြပြီး စောစောကုလျှင် basal cell carcinoma ဟာ ရောဂါပျောက်ကင်း နိုင်ချေ (၉၅) ရာနှုန်းရှိပါတယ်။

သီဟ
Source:Men'shealth
Health Updates Journal

No comments:

Post a Comment

ဝေဖန်အကြံပြုပေးသွားပါဦး။
(သင်၏ Comment တစ်ခုဟာ စာရေးသူအတွက် ဆေးတစ်ခွက်ပါ။)

..

..
Free Explode Red - Handwriting Cursors at www.totallyfreecursors.com

လွတ်လပ်စွာပြောဆိုနိုင်ပါသည်..။

Comments

Not using Html Comment Box  yet?

No one has commented yet. Be the first!

rss
လာရောက်လည်ပတ် ကျသည့် အတွက်ကျေးဇူး အထူးတင်ပါသည်ခင်ဗျာ။
Twitter Bird Gadget
w
a
y
K
a
Z
y
a
T
e
Y