Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu


စာပေမြို့ တော်သို့  လာရောက်ကြသူ အပေါင်း ကျန်းမာချမ်းသာ ကြပါစေလို့  ဆုမွန်ကောင်းတောင်းလိုက်ပါသည်ခင်ဗျာ...>>အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ...မန်ဘာဝင်ပြီးအားပေးနော်..။

စာပေမြို့တော်တွင် Member၀င်ရန်

Followers


စာလုံးပြောင်းရန်
အသေး ပုံမှန် +ကြီး ++ကြီး

Saturday, August 31, 2013

အိုင်တင်သုံးမျိုးလုပ်ပြီး ဓာတ်ပုံရိုက်လို့ရ Clone Yourself - Camera


 Clone Yourself Camera အသုံးပြုတဲ့ သူငယ်ချင်းတွေအတွက် 5ရက်နေမှာ ဗားရှင်းအသစ်ထွက်ပါပြီ
ဗားရှင်း အသစ်မှာ ဓာတ်ပုံ လေးခါရိုက်လို့ရပါတယ်
ဒီကောင်လေးကတော့ ဓာတ်ပုံရိုက် ၀ါသနာပါတဲ့
 အကို အမ ညီ ညီမ တွေ အတွက် အဆင်ပြေမယ် ဆောစ့်ဝဲလ်လေးပါ 
သူက နောက်ခံ ရှုခင်း တစ်မျိုးထဲမှာ အိုင်တင်သုံးမျိုးလုပ်ပြီး ဓာတ်ပုံရိုက်လို့ရပါတယ် 
နားလည်အောင်ပြောရမယ်ဆိုရင်  နောက်ခံ ရှုခင်း တစ်မျိုးထဲမှာ အိုင်တင်လေးနဲ့ 
ဓာတ်ပုံသုံးခါရိုက် ပြီးရင် တစ်ပုံ မှာ အိုင်တင်သုံးမျိုး ပုံလေးနဲ့ ဖြစ်အောင် လုပ်တဲ့ ဆောစ့်ဝဲလ်လေးပါ
ဓာတ်ကာလာတွေလည်း ပြင်ဆင်နိုင်တဲ့ လုပ်ဆောင်ချက်လည်းပါပါတယ်
အသုံးပြုမယ်ဆို အောက်ကလိပ်စာမှာရယူနိုင်ပါတယ် 

Friday, August 30, 2013

ဘဝရှင်သန်နည်းများ

 



သင့်အား ထိခိုက်နာကျင်စေသူကို ကျေးဇူးတင်ပါ။
သူ့ကြောင့် သင့်စိတ်ဓာတ် ပိုကြံ့ခိုင်ခဲ့လို့ပါပဲ။



သင့်အား ခလုတ်တိုက်လဲကျစေသူကို ကျေးဇူးတင်ပါ။
သူ့ကြောင့် သင့်ခြေနှစ်ဖက် ပိုသန်မာခဲ့လို့ပါပဲ။

သင့်အား လိမ်ညာခဲ့သူကို ကျေးဇူးတင်ပါ။
သူ့ကြောင့် သင်အသိဉာဏ် ပိုတိုးခဲ့လို့ပါပဲ။

သင့်အား အထင်အမြင်သေးသူကို ကျေးဇူးတင်ပါ။
သူ့ကြောင့် သင့်ကိုယ်သင်လေးစားရမှန်း သိခဲ့လို့ပါပဲ။

သင့်အား စွန့်လွတ်ခဲ့သူကို ကျေးဇူးတင်ပါ။
သူ့ကြောင့် သင့်ကိုယ်သင် အားကိုးတတ်ခဲ့လို့ပါပဲ။

(၁) ဘဝကိုပြောင်းလဲချင်ရင် ပထမဦးဆုံးပြောင်းလဲရမှာက ကျွန်တော်တို့ရဲ့ စိတ်နေစိတ်ထားကို ဖြစ်တယ်။ စိတ်နေစိတ်ထားဖြောင့်မှန်ရင် ဒီလောကကြီးက နေရောင်တွေနဲ့ လင်းလက်မှာဖြစ်တယ်။

လူလူချင်းကြားမှာ ထူးခြားတဲ့ခြားနားချက်တွေက သိပ်မရှိကြဘူး။ တကယ်ခြားနားတယ်ဆိုလို့ စိတ်နေစိတ်ထားပဲ ရှိတယ်။

"ဘဝကို သင်မောင်းနှင်မလား? ဘဝမောင်းနှင်တာကို သင်ခံမလား? သင့်ရဲ့စိတ်နေစိတ်ထားက မောင်းနှင်သူရဲ့နေရာမှာ ဘယ်သူရှိမယ်ဆိုတာကို ဆုံးဖြတ်ပေးလိမ့်မယ်"တဲ့။

စိတ်ညစ်စရာ၊ စိတ်ဓာတ်ကျစရာအဖြစ်နဲ့ ကြုံတဲ့အခါ လူတချို့က ကိုယ့်ရည်မှန်းချက်၊ ကိုယ့်စိတ်ကူးအိပ်မက်ကို လက်လွတ်ပြီး ကိုယ်လွတ်ရုန်းကြတယ်။ လက်လျှော့ကြတယ်။ လူတချို့က ခေါင်းငုံ့အရှုံးမပေးဘဲ ကိုယ့်အမှားကိုခွဲခြမ်းစိတ်ဖြာပြီး ရှေ့ကိုရဲရဲတိုးကြတယ်။ အခက်အခဲက အလွတ်ရုန်းပြီး ကိုယ့်ရည်မှန်းချက်၊ ကိုယ့်စိတ်ကူးဦးတည်ရာကို ဆက်လျှောက်ကြတယ်။

ကံကြမ္မာ အခက်အခဲတွေကို ကျွန်တော်တို့ ထိန်းချုပ်မရနိုင်ဘူး။ ဒါပေမဲ့ စိတ်နေစိတ်ထားကို ကျွန်တော်တို့ ထိန်းချုပ်လို့ရနိုင်တယ်။ တခြားလူကို ကျွန်တော်တို့ ပြောင်းလဲလို့မရနိုင်ဘူး။ ဒါပေမဲ့ ကိုယ့်ကိုယ်ကို ကျွန်တော်တို့ ပြောင်းလဲလို့ရတယ်။ ဖြစ်ပျက်ပြီးတဲ့အရာတွေကို ကျွန်တော်တို့ ပြောင်းလဲလို့ မရနိုင်ဘူး။ ဒါပေမဲ့ စိတ်နေစိတ်ထားကို ပုံမှန်ဖြစ်အောင် ကျွန်တော်တို့ပြောင်းလဲလို့ရနိုင်တယ်။

လုပ်လိုစိတ်ရှိရင် အခက်အခဲဆိုတာကို ကျော်လွှားနိုင်သလို လုပ်ချင်စိတ်ရှိရင် လမ်းက ပေါက်စမြဲပါ။ ဖြောင့်မတ်မှန်ကန်တဲ့ စိတ်နေစိတ်ထားက လူကို စိတ်လက်ချမ်းသာရှိစေပါတယ်။ စိတ်နေစိတ်ထားဆိုတာ သင်ကိုယ်တိုင် လုပ်ယူလို့ရတဲ့အရာပါ။ မှန်ကန်တဲ့ စိတ်နေစိတ်ထားကို သင်လိုချင်တိုင်း ရနိုင်ပါတယ်။

(၂) ရှင်သန်ရပ်တည်နေတယ်ဆိုတာ ပြဿနာ၊ အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းဖို့ပါ။ ဒါမှလည်း ဘဝက အဓိပ္ပာယ်ပြည့်စုံသလို ဘဝကို ကျေနပ်အားရမှုဖြစ်စေပါတယ်။ အခက်အခဲကို ရှောင်လွဲတာ ရှောင်ပုန်းတာဟာ နည်းတစ်ခုမဟုတ်ပါဘူး။ တည့်တည့်ရင်ဆိုင်တာဟာ အခက်အခဲကို ဖြေရှင်းတဲ့ အကောင်းဆုံးနည်းဖြစ်တယ်။

လူ့ဘဝလမ်းက အမြဲတစေ သာယာဖြောင့်ဖြူးနေမှာ မဟုတ်ဘူး။ ချောမွေ့တဲ့လမ်းရှိသလို ကြမ်းတမ်းတဲ့ ခရောင်းတောလမ်းလည်းရှိတယ်။ အောင်မြင်ခြင်းဆီသွားတဲ့ လမ်းပေါ်က သင်တွေ့ကြုံရတဲ့ အခက်အခဲတွေက သင့်ကို ပိုရှေ့ဆက်တိုးဖို့ စေ့ဆော်ပေးတယ်၊ လှုံ့ဆော်ပေးတယ်။ တနည်းပြောရရင် အခက်အခဲ၊ ညှင်းပန်းနှိပ်စက်မှုတွေက သင့်ကိုပိုသန်မာစေတယ်၊ ကြီးပြင်းစေတယ်။ အခက်အခဲကြုံချိန်မှာ သင့်ရဲ့သန်မာကြံ့ခိုင်မှုနဲ့ ပျော့ညံ့မှုက အနိုင်အရှုံးကို ခွဲခြမ်းပေးပါတယ်။ ကံကြမ္မာဆိုးကို တွန်းလှန်ပြီး ထူးခြားတဲ့ဘဝတစ်ခုကို ဖန်တီးနိုင်ဖို့ သင့်ယုံကြည်မှုကလည်း အရေးပါတယ်။ သင့်ယုံကြည်မှုက သင့်ဘဝကို ထူးခြားနိုင်စွမ်းရှိပါတယ်။

Thursday, August 29, 2013

မြွေလည်ဆွဲ (Ringneck snake)




လည်ပင်းမှာ လည်ဆွဲလို အဆင်းကျားပါလို့ မြွေလည်ဆွဲ (Ringneck snake) လို့ခေါ်ဆိုခြင်း ဖြစ်ပါတယ်။

အသွင်သဏ္ဍန်ကတော့ ပုံမှာ မြင်တွေရတဲ့အတိုင်း အရောင်အသွေးစုံ လင်လှပြီး အနီရောင်၊ အဝါရောင်၊ အပြာရောင်၊ လိမ္မော်ရောင်၊ အနက်ရောင် အစရှိသဖြင့် စုံစုံလင်လင်ကို ပါရှိပါတယ်။ ဒါကြောင့် သက်တံ့မြွေလို့လည်း တင်စားကြပါတယ်။ လူသားတွေကို အန္တရယ်ပြုရလောက်အောင် အဆိပ်မပြင်းပါဘူး။ အချို့ ဆို အလှတောင် မွေးထးကြပါသေးတယ်။ အရွယ်ကတော့ ၁၀ လက်မ ကနေ ၁၈ လက်မကြားအထိ ရှည်နိုင်ပါတယ်။ Ringneck မြွေမှာကိုမှ မျိုးစိတ် ၁၄ ခုလောက် ထက်ကွဲနေပါသေးတယ်။

အမေရိကန်နိုင်ငံ၊ မက္ကဆီကိုအလယ်ပိုင်း၊ ကနေဒါနိုင်ငံ အရှေ့ ပိုင်းတို့မှာ သာ တွေ့ရတဲ့ မြွေမျိုး ဖြစ်ပါတယ်။ အမေရိကန်မှာဆိုရင် တက္ကဆက်တို့ လို နေရာမှာပဲ အတွေ့များတဲ့ မြွေ ဖြစ်ပါတယ်။ ပုတ်သင်၊ ပုတက်၊ ကြွက် အစရှိသဖြင့် အကောင်သေး မြေအောင်း သတ္တဝါများ စားသုံးပြီး တစ်ခါခါ မျိုးကွဲ မြွေတွေကိုလည်း စားသုံးပါတယ်။

နေ့ဘက်မှာ မြင်ရခဲပြီး တစ်ခါခါမှ နေပူဆာ ထွက်လုံတတ်တာ ဖြစ်ပါတယ်။ ပုံစံအားဖြင့် အမြင်တင့်တယ်လှတဲ့ Ringneck Snake (မြွေလည်ဆွဲ)ကို ယခု လို မြင်တွေ့ ရပါတယ်။

by innewsmyanmar

တ ကယ် ပဲ လား ........


တကယ်ပဲလား


မင်းနဲ့ငါ
ဖြတ်လျှောက်ခွင့်
မရှိဘူး
ဆိုပေမယ့်

ဒီ .........

တံတားမှာ
သံယောဇဉ်
လက်ကျန်တွေ
အများကြီးပဲနေမှာပေါ့

တစ်ယောက်
တစ်ဘက်ဆီပါပဲ
လှည့်ကြည်ရုံလေး
ဆိုပေမယ့်





ကြောချင်းကပ်
လမ်းခွဲခဲ့တာမှ
မဟုတ်တာ
စာရေးဆရာ


တာရာမင်းဝေ
ပြောသလို
သံယောဇဉ်ဆိုတာ
အရောဝင်လို့


မကောင်းတဲ့
ခွေးကလေးတစ်ကောင်
ပါလို့ သိရက်နဲ့

ငါက ........

လှိုက်လှိုက်လှဲလှဲ
ကြိုဆိုနေမိတယ်
ဘာပဲဖြစ်ဖြစ်လေ .....


ငါ့ရဲ့ .....
ဘယ်ဘက်ရင်အုံမှာ
မင်းအမြဲတမ်းရှိနေဖို့က
အရေးကြီးတယ်
မင်းနဲ့ ပက်သက်ပြီး
အသက်ရှုသံတွေ
မရပ်သရွေ့ပေါ့ ......


လေးစားစွာဖြင့်
မောင်သူရ (ကုန်းမြင့်မြေ)

အမျိုးသားများလည်း သတိထားသင့်သည့် အမျိုးသမီးရောဂါ ခုနစ်မျိုး



မျိုးဗီဇ၊ ခန္ဓာဗေဒနဲ့ ဟော်မုန်း အဆင့် အပြောင်းအလဲကြောင့် တခိျု့ရောဂါတွေက အမျိုးသားတွေမှာထက် အမျိုးသမီး တွေမှာ ပိုပြီး ထိခိုက်မှု ဖြစ်တတ်ပါတယ်။ အမျိုးသမီးတွေမှာ ပိုပြီး အဖြစ်များရတဲ့ ဒီရောဂါတွေဟာ အမျိုးသားတွေမှာလည်း ဖြစ်နိုင်ခြေ ရှိတဲ့အတွက် သတိပြု စောင့်ကြည့်သင့်ပါတယ်။
(၁) ရင်သားကင်ဆာ
အမျိုးသမီးတွေမှာ ရင်သားတစ်သျှူး တွေ ပိုမို ပါရှိနေတဲ့အတွက် အမျိုးသားတွေထက် ရင်သားကင်ဆာ ဖြစ်နိုင်ခြေ ပိုများပါတယ်။ အမျိုးသားတွေဟာ ရင်သားကင်ဆာ ဖြစ်သူတွေရဲ့ တစ်ရာခိုင်နှုန်းသာ ရှိပေမယ့် အမျိုးသားတွေမှာ ဖြစ်နိုင်ခြေ ရှိတဲ့ အချက်ကို မေ့နေတတ်ကြပါတယ်။ ဒါ ကြောင့် အမျိုးသားတွေ အနေနဲ့ ရောဂါ ရှာဖွေရာမှာ ရင်သားကင်ဆာ စစ်ဆေးမှုကို မပြုလုပ်တတ်ပါဘူး။ အသက် ၅၀ ကျော်တာနဲ့ အ၀လွန်တာတွေဟာ အမျိုးသားတွေကို ရင်သားကင်ဆာ ဖြစ်နိုင်ခြေများ စေတဲ့ အချက်တွေပါ။
(၂) အရိုးပါး ရောဂါ
အရိုးပါးရောဂါဟာ အရိုးသိပ်သည်းဆကို လျော့နည်းစေပြီး အရိုးကျိုးလွယ်စေပါတယ်။ အမျိုးသမီး သုံးဦးမှာ တစ်ဦးနှုန်း အရိုးပါး ရောဂါ ဖြစ်နိုင်ခြေများတဲ့ အတွက် အမျိုးသားတွေ သတိမမူမိတာမျိုး ဖြစ်တတ်ပါတယ်။ အမျိုးသား ငါးဦးမှာ တစ်ဦးနှုန်း အရိုးပါးရောဂါ ဖြစ်နိုင်ခြေ ရှိပါတယ်။ အထူးသဖြင့် အသက် ၆၅နှစ် ကနေ ၇၀ ကျော်လာချိန်မှာ အမျိုးသားတွေရဲ့ အရိုးထုထည်ဟာ စတင် ဆုံးရှုံးလာပါတော့ တယ်။ ကျောက်ကပ် ပြဿနာ၊ သိုင်းရွိုက် ပြဿနာ၊ ဗီတာမင်ဒီ ခိျု့တဲ့တာ၊ စတီးရွိုက်ဆေး ကြာရှည်သောက်သုံးတာ၊ ကင်ဆာ ကုထုံးနဲ့ အတက်ကျဆေး သောက်တာတွေကြောင့် အရိုးသိပ်သည်းဆ ဆုံးရှုံးမှု အဖြစ်များပြီး အရိုးပါးရောဂါ ဖြစ်နိုင်ခြေ ရှိပါတယ်။
(၃) သိုင်းရွိုက် ပြဿနာများ
လည်ပင်း အလယ်အောက်ခြေမှာ ရှိတဲ့ သိုင်းရွိုက်ဂလင်းကနေ ဟော်မုန်းထွက်ရှိကာ ဇီဝကမ္မ ဖြစ်စဉ်ကို ထိန်းချုပ်ပေးပါတယ်။ သိုင်းရွိုက်ဟော်မုန်း အလွန်အမင်း ထွက်ရှိတာကြောင့် နုံးချည့်တာ၊ ကိုယ် အလေးချိန် မြင့်တက်တာ၊ မေ့လွယ်တာ၊ အရေပြားနဲ့ ဆံပင်သား ခြောက်သွေ့တာ တို့ ဖြစ်တတ်ပါတယ်။ သိုင်းရွိုက်ဟော်မုန်း အလုံအလောက် မထွက်ရှိရင် ကြွက်သား အားနည်းတာ၊ အိပ်ရေးပျက်တာနဲ့ စိတ်တိုတာတို့ ဖြစ်တတ်ပါတယ်။ အမျိုးသမီးတွေက အမျိုးသားတွေထက် သိုင်းရွိုက်ရောဂါ ဖြစ်နိုင်ခြေ ၅-၈ ဆ ပိုများပေမယ့် အမျိုးသားတွေမှာလည်း ဖြစ်နိုင်ခြေရှိတာကို သတိပြုသင့်ပါတယ်။
(၄) အစာစားခြင်းဆိုင်ရာ ပြဿနာ

Wednesday, August 28, 2013

.သွေးအမျိုးအစားနဲ့ ဖူးစာရှင် ဗေဒင်...........






အေဘီသွေးပိုင်ရှင်များအကြောင်း

အေဘီသွေးပိုင်ရှင်များရဲ့ ထူးခြားချက်ကတော့ ဒီလို ဖြစ်ပါတယ်... အေဘီသွေးပိုင်ရှင်များဟာ သိပ်ပြီး
မထူးခြားလှတဲ့ စရိုက်သဘာဝကို ပိုင်ဆိုင်ထားပါတယ်တဲ့...
မိဘကို ဆိုးတာမျိုးလည်း မရှိတဲ့ အေဘီသွေးပိုင်ရှင်များက အရာအားလုံးကို ကွက်ကျော်မြင်တတ်လို့
အဆူခံရတာမျိုးလည်း လုံးဝ မရှိသလောက်ပါတဲ့... ကိုယ့်ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်နေတယ် ဆိုတာကို
လျင်လျင်မြန်မြန် အကဲခတ်နိုင်စွမ်းရှိသူများလည်း ဖြစ်ပါတယ်... ဒါကြောင့်မို့ ပတ်ဝန်းကျင်က လူတွေက
အေဘီသွေးပိုင်ရှင်များကို စကားနည်းပြီး ဘုကျကျနိုင်လိုက်တာလို့ အပြောခံရတာမျိုးလည်း
ကြုံရတတ်ပါတယ်... ဒါပေမယ့် ကြီးပြင်းလာတာနဲ့ အမျှ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေအောင်
နေတတ်လာပြီး လူမှုဆက်ဆံရေးလည်း ကောင်းမွန်ပြေပြစ်လာပါတယ်တဲ့... အစပိုင်းမှာတော့
အလုပ်တစ်ခုကို ကြာရှည်လုပ်နိုင်တဲ့ ဇွဲ နည်းပါးတာကြောင့် အလုပ်တစ်ခုကို လုပ်တဲ့ အခါမှာ မြန်မြန်
ပင်ပန်းအားလျော့ လွယ်ပါတယ်တဲ့... ဒါပေမယ့်လည်း ၀ီရိယစိုက်ပြီး ကြိုးစားနေတဲ့ ကိုယ်ကိုတိုင်ရဲ့ ပုံစံကို
နှစ်သက်သူများ ဖြစ်လို့ ဘယ်အရာကိုမဆို လုပ်လိုစိတ် ပြင်းထန်ပြီး ကြိုးကြိုးစားစား တက်တက်ကြွကြွနဲ့
လုပ်ဆောင်တတ်ပါတယ်တဲ့... လူတွေနဲ့ ဆက်ဆံတဲ့ အခါမှာလည်း အပြောအဆိုကို အတတ်နိုင်ဆုံး
သတိထားတတ်ပြီး လုပ်ငန်းခွင်မှဆိုရင်လည်း အမှားမလုပ်မိအောင် သတိထား လုပ်ကိုင်တတ်သူများ
ဖြစ်ပါတယ်... လူတစ်ယောက်နဲ့ တော်တော်လေး ရင်းနှီးလာတာတောင်မှ အဲဒီလူနဲ့ ကိုယ့်ရဲ့ ကြားမှာ
အတားအဆီး တစ်ခုကို ထားပြီးဆက်ဆံတတ်သူများလည်းဖြစ်ပါတယ်... ဒါကတော့ သူတပါးအပေါ်မှာ
အမှားလုပ်မိမှာကို စိုးရိမ်တတ်တဲ့ အေဘီသွေးပိုင်ရှင်များရဲ့ အသေးစိတ်လှတဲ့ အတွေများကြောင့်ဘဲ
ဖြစ်ပါတယ်... ဒါ့ပြင် အေဘီသွေးပိုင်ရှင်များဟာ တစ်ယောက်တည်းကိုဘဲ ခင်တတ်တဲ့
အကျင့်လည်းမရှိပါဘူးတဲ့... အလုပ်အများကြီးကို တစ်ပြိုင်နက်တည်း လုပ်ကိုင်နိုင်စွမ်းရှိသူများ ဖြစ်သလို
အရာအားလုံးကို လက်တွေ့ကျကျ တွေးခေါ်ဆင်ချင်တတ်သူများလည်း ဖြစ်ပါတယ်... အလုပ်တစ်ခုကို
လုပ်တဲ့အခါမှာလည်း ထောင့်ပေါင်းစုံကနေ တွေးခေါ်ဆင်ချင်တတ်သူများ ဖြစ်ပါတယ်တဲ့... မိဘဆွေမျိုး
သူငယ်ချင်းရယ်ဆိုပြီး သီးသန့် မခွဲခြားတတ်ဘဲ လူသားအားလုံးကို တန်းတူညီတူ ဆက်ဆံတတ်သူများလည်း
ဖြစ်ပါတယ်... ဒါပေမယ့် တဘက်မှာလည်း အမြဲတမ်း ငွေရေးကြေးရေးကို စိတ်ပူနေတာကြောင့်
ပိုက်ဆံရှာနိုင်မယ့် အခြေအနေများကို အပူတပြင်း ရှာဖွေနေတတ်ပါတယ်တဲ့... အေဘီသွေးပိုင်ရှင်များက
ကိုယ့်ရဲ့ ခံစားချက်ကို မျက်နှာမှာ မဖော်ပြတတ်သူများ ဖြစ်သလို တော်ရုံတန်ရုံနဲ့ ဒေါသလည်း
မထွက်တတ်ပါဘူးတဲ့... ကိုယ့်ကို သစ္စာဖောက်သွားတဲ့သူကိုတော့ သေချာ မှတ်ထားပြီး ကလဲ့စားခြေတတ်တဲ့
စရိုက်သဘာဝကို ပိုင်ဆိုင်သူများ ဖြစ်ပါတယ်... တခါတလေတော့ နူးညံ့တဲ့ စိတ်နေစိတ်ထားကို
အေဘီသွေးပိုင်ရှင်များရဲ့ မျက်နှာမှာ မြင်နိုင်သလို တခါတလေမှာတော့ ခက်ထန်မှုတွေကိုသာ
မြင်ရတတ်ပါတယ်.... ဒါတွေအားလုံးကတော့ အေဘီသွေးပိုင်ရှင်များ အကြောင်းသာ ဖြစ်ပါတယ်...
ဆက်လက်ပြီး စိတ်ဝင်စားဖွယ်ရာ အကြောင်းများကို တင်ပြပေးသွားပါဦးမယ်..

အေဘီ သွေးပိုင်ရှင် နှင့်လိုက်ဖက်မည့်သူ


အေဘီ-အေ (၆၅%)

Tuesday, August 27, 2013

အ ဖြည့်ခံ (ချစ်သူဖတ်ဖို့)



အ ဖြည့်ခံ


စူးရှတောက်ပခြင်းတွေနဲ့
ရောင်စုံဖြာခမ်းနားနေမ
တန်ဖိုးထားတတ်တဲ့

ချစ်သူအတွက်
ငါ ....... က .....
မီးအိပ်လေးတစ်လုံး ဖြစ်ခဲ့တယ်။

ထိန်ထိန်ညီး
အောင်တော့
မစွမ်းဆောင်နိုင်ခဲ့ပေမဲ့

ချစ်သူရဲ့ဘဝ
တစ်ထောင့် တစ်စိတ်
တစ်ဒေသ မှာတော့

မှောင်ရိပ်ကျနေတဲ့
အချိန်မျိုးမှာတော့
အင်အားရှိသလောက်
ထွန်းလင်းဖြည့်စီးပေးခဲ့တယ်။


ချစ်သူအနားက
များပြားတဲ့
မီးရောင်စုံတွေကို

မယှဉ်သာပေမဲ့

ငါလင်းလက်တိုင်းမှာ
ငါ့ဘဝတစ်ခုလုံးမြုပ်နှံရင်း
စစ်မှန်နက်ရှိုင်းတဲ့

ငါရဲ့ချစ်ခြင်းကို
ငါ့အလင်းတွေနဲ့
ခင်းကျင်းခဲ့တယ်

ချစ်သူ ...

မင်းရဲ့နှလုံးသားမှာ
နေရာလေးတစ်ခုမြဲဖို့အတွက်
ထားရာနေ စေရာသွား
ဘဝနဲ့ ငါဘယ်လောက်ပဲ

ကြိုးစားခဲ့ပါစေ မှေးမှိန်သွားခြင်းကို
နေရာမပေးတတ်တဲ့

သူက .....

သန်းခေါင်ကနေ
ရှေ့မဆက်တဲ့
ခက်နက်နက်ညတွေမှာ

ငါ့ကိုပြန်ပြီး
အမှောင်ချ
စူးရှတောက်ပခြင်းတွေနဲ့
ရောင်စုံဖြာ ခမ်းနားနေမှ

တန်ဖိုးထားတတ်တဲ့
မင်းအပေါ်မှာ
အဖြည့်ခံ ရင်း

မင်းအတွက်
ငါရဲ့အင်အားရှိသလောက်

အမြဲ ထွန်းလင်း

ပေး နေ ဆဲ ပါ ပဲ ချစ် သူ .....

ချစ်ခြင်း အားဖြင့် စောင့်မျှော် လျှက် ....

နေဇော်လင်း



Monday, August 26, 2013

ဆေးပညာနှင့်ပတ်သက်သောအယူအဆအမှားများ


ပြည်သူလူထုအတွင်းအလွယ်တကူနှင့် ဖျောက်ဖျက်၍မရနိုင်သေးသော
ဆေးပညာနှင့် ပတ်သတ်သည့် အယူအဆအမှားများ များစွာရှိပါသည်။ ထိုများစွာသော
အယူအဆအမှားများမှ အချို့ ကိုဖော်ပြသွားပါမည်။

အင်္ဂလိပ်ဆေးနှင့်သံပုရာရည်

အင်္ဂလိပ်ဆေးနှင့် သံပုရာရည် ၊သို့ မဟုတ် အချဉ်လုံးဝမတည့်ဟူသော အယူအဆအမှားမှာ လူ ၁၀၀ တွင် လူ ၉၀ ကျော်၏
စိတ်၌စွဲမြဲစွာ ယုံကြည်လျက်ရှိသည်။ အချဉ်စားမိလို့  ဆေးမသောက်ဖြစ်ဘူး
အချဉ်စားထားမိလို့ ဆေးမထိုးပေးပါနဲ့ဆရာ အချဉ်စားပြီး ဘယ်လောက်ကြာ
ဆေးသောက်ရမလဲ စသည့်စကားမျိုးမကြာခဏကြားရသည်။
မည်သူမည်ဝါဖြင့်ဆေးထိုးပြီးသံပုရာရည်သောက်မိလို့ ဆေးရုံတင်လိုက်ရတယ် ။ သေသွားပြီဆိုသော ကောလဟာလများပင်ကြားရတတ်သည်။

ရှေးနှစ်ပေါင်းများစွာက အင်္ဂလိပ်ဆေးအချို့ သည် အချဉ်နှင့်ဓာတ်မတည့်တာမျိုး ရှိကောင်းရှိခဲ့နိုင်သည်။ ယနေ့ အချိန်တွင်
အချဉ်နှင့်မတည့်သောဆေးဟူ၍ လုံးဝမရှိပါ။ ကုမ္ပဏီအမျိုးမျိုးမှ
ထုတ်လုပ်လျက်ရှိသော သောက်ဆေးထိုးဆေး အမျိုးမျိုးတွင် အချဉ်နှင့်မတည့်ပါဟု
တားမြစ်ချက်ရှိသောဆေးဟူ၍ မရှိပါ။ အချဉ်နှင့်အင်္ဂလိပ်ဆေး မတည့်ခြင်းဆိုသည်မှာ
အယူအဆမှားတစ်ခုသာဖြစ်ကြောင်း သိစေချင်သည်။



အင်္ဂလိပ်ဆေးသောက်လျှင်မစာရှိမှသောက်ရမည်

အထက်ပါယူဆချက်မှာလည်း အမြဲမှန်ကန်မှုမရှိပါ ။ လူအများစုသည် ဆေးသောက်တော့မည်ဆိုလျှင် အစာတစ်ခုခုအလျင်စားကြသည်။ ပြီးမှသောက်ကြသည်။
ဆေးများသည် အစာမစားမီသောက်ရသောဆေး၊ အစာစားပြီးသောက်ရသောဆေး
၊အစာနှင့်ဝေးအောင်နေပြီးမှသောက်ရသောဆေး ဟူ၍အမျိုးမျိုးရှိသည်။

တချို့ သောဆေးများသည် အစာနှင့်ဝေးဝေးသောက်မှ အာနိသင်ကောင်းသည်။ အထူးသဖြင့် ပဋိဇီဝပိုးသတ်ဆေးများ ဖြစ်ကြသည်။
အစားနီးလျှင်သို့ မဟုတ် အစာစားပြီးမှသောက်လျှင် ဆေးအားစုပ်ယူနိုင်မှု
စွမ်းအားမကောင်းသဖြင့် လိုသောအာနိသင်မရနိုင်ပေ ။

မည်သည့်ဆေးကို မည်သည့်အချိန်၌ သောက်ရမည်ဆိုခြင်းကို မိမိအားဆေးသောက်ရန်ညွှန်ကြားသော ဆရာဝန်၊သို့ မဟုတ်
ကျန်းမာရေးဝန်ထမ်းများအား သေသေချာချာမေးမြန်းသင့်ကြသည်။

Dreamweaver နဲ့လုပ်ထားတဲ့ဝဘ်ဆိုဒ်တွေရဲ့ ဒီဇိုင်းကို hack ကြစို့




မင်္ဂလာပါ။ ကျွန်တော်ခု Tech in Blogging မှာ hacking ပိုစ့်တစ်ခုတင်မယ်။ Blogspot အတွက်တော့မဟုတ်ပါဘူး။ Hosting နဲ့ဝင်လုပ်ထားတဲ့ ၀ဘ်ဆိုဒ်တွေရဲ့ ဒီဇိုင်းတွေကို ခုဟက်ပြမယ်ဗျာ။ ဘာမှမခက်ပါဘူး။ ဥပမာ သင် ၀ဘ်ဆိုဒ်တစ်ခုရဲ့ဒီဇိုင်းကိုကြိ
ုက်တယ်ဆိုရင် hack လို့ရအောင်လို့ပါ။ ဒါလေးက CSS ခိုးနည်းလေးပါ။


တခြားပေ့ login page စသဖြင့် တွေကိုတော့ Access Denied ပေးထားပေမယ့် css ဒီဇိုင်းကို လုံးဝ မပိတ်ထားဘူးဆိုတာကို ကျွန်တော်သိရပါတယ်။ ၉၄% လောက်တော့ ဒီဇိုင်းကို hack လို့ရမယ်လို့ ကျွန်တော်ယုံကြည်ထားပါတယ်။ ဒီ page တွေအများစုက Dreamweaver နဲ့လုပ်ခဲ့တာဖြစ်တယ်။ ဟိုးအရင်က website တွေဆိုရင်css , html တွေနဲ့ပါ။ ကျွန်တော်တို့ခုကိုင်နေတဲ့ Blogger, Wordpress တွေမထွက်သေးပါဘူး။

ကဲကဲ။ Tutorial အနေနဲ့ ဗဟုသုတပြဦးမယ်ဗျာ။ Mozilla Firefox နဲ့သုံးဖို့အကြံပေးချင်ပါတယ်။ Internet Explorer နဲ့မလုပ်ပါနဲ့။

http://www.imcs.me.pn/ ကိုဥပမာအနေနဲ့ CSS ကိုခိုးပြမယ်ဗျာ။ ဒီပုံက IMCS ရဲ့ page တစ်ခုလေးပဲဆိုပါတော့။

ကြိုက်တဲ့နေရာမှာ right click ကို ကလစ်ပါ။ View Page Source ကိုကလစ်လုပ်ပါ။ shortcut နဲ့သွားမယ်ဆိုရင် Ctrl + U ကို keyboard မှာရှာပြီး တပြိုင်နက် နှိပ်လိုက်ပါ။

 ဒီလို page မျိုးပေါ်လာပါလိမ့်မယ်။ ဘာဆက်လုပ်ရမလဲဆိုတာကို ဆက်ဖတ်ကြည့်ပါ။

Ctrl + F ကိုကလစ်ပါ။ ပြီးတော့ ကျွန်တော် ပေးတဲ့ code ကိုကူးပါ။


    <link href="

အနီးကပ်ပုံပါ။ ဒါပေမယ့် <link href=" ကနေ တစ်ခါတလေ နှစ်ခုရှိတာကိုတွေ့လိမ့်မယ်။ ဒါကြောင့် အမြဲတမ်း အပေါ်က <link href="  ကိုယူပါ။ မရရင်လည်း ကျွန်တော် အလွယ်ဆုံးရှာနည်းပေးမယ်ဗျာ။
<link href=" ရဲ့ နောက်က လင့်လေးကိုကူးလိုက်ပါ။ " " တွေကို လုံးဝထည့်မကူးပါနှင့်။ Ctrl + C ကို နှိပ်လိုက်ပါ(ကော်ပီကူး) အကယ်လို့သာတစ်ခုတည်းဆိုရင် ရှာရကံကောင်းမယ်။

လင့်လေးရဲ့ညာဘက်မှာ ကျွန်တော်တစ်ခုခုထည့်မယ်။ သေချာကြည့်ပါ။ အဲ့အနောက်မှာ / ကိုထည့်ပြီး ကီးဘုတ်ထဲမှာ Ctrl + V ကိုရှာပြီးနှိပ်လိုက်ပါ။

အနောက်မှာနှိပ်ပြီးရင် ဒီလိုရပါပြီ။ ပြီးရင် Enter ကိုကလစ်ပါ။


ဟဟ။ code တွေပဲ။ loading ပြီးအောင်စောင့် ပြီးတာနဲ့ ကြိုက်သလိုသာ ကလိပေတော့။ ချွေးဇောနဲ့ ဒီဇိုင်းထွင်ထားတဲ့ ကိုကိုမမကြီးတွေတော့ အလကားနစ်နာရပြီပေါ့။ free free ပဲ။ သူများတွေပေးဝယ်သလောက် ကိုယ်က ခိုးနေပြီ။ ဟဟ။
ခုနလို မကူးစေချင်ရင် အောက်ပါအတိုင်း တစ်ခုချင်းကိုကူးပြီးEnter ခေါက်ပါ။ ပထမ တစ်ခုမရရင် ဒုတိယ... စမ်းကြည့်ပါ။ ဒါကအများဆုံးယိုစိမ့်နေတဲ့နေရာလေးပါ။

ဒါလေးတွေပေါ့။ အကယ်လို့ အပေါ်ကအဆင့်လေးတွေနဲ့မလုပ်ချင်ရင်... အောက်က လင့်လေးတွေနဲ့သာ ချပေတော့။


    style.css
    css/style.css
    files/style.css
    sheet.css
    css/sheet.css
    files/sheet.css
    upload/style.css
    upload/sheet.css
    sheet.css.htm
    css/main_stylesheet.css
    css/stylesheet.css
    stylesheet.css


ယိုဆိမ့်နေတဲ့ဆိုဒ်များ ကို စုပေးထားပါတယ်။ အောက်က ကြိုက်တဲ့လင့်ကိုဒေါင်းပါ။

Virus မဟုတ်ပါ။ E-book နဲ့ထည့်ပေးထားတာဖြစ်ပါတယ်။ ဒါကြောင့် Foxit Reader နဲ့ဖတ်ပါ။
http://adf.ly/Mcv1J
http://adf.ly/MdMWL
http://adf.ly/MdMZC
http://adf.ly/MdMcu

ရှိသေးရင် ထပ်ပေးပါဦးမယ်။ http://www.myanmars.net ကိုယ်တိုင် စီးပွားရေးရှာပြီး ဒီဇိုင်းလုပ်ပေးထားတဲ့ဆိုဒ်တွေရဲ့ ဖောက်နည်းလည်း ပြောပြပါဦးမယ်။ သူက  sheet.css.htm လိုကြီးပေးထားတဲ့အတွက် လုပ်မယ့်သူတွေခေါင်းစားနေပါဦးမယ်။ မျှော်။ အမှန်တော့ ဟက်ကာမဟုတ်ပါဘူး။ ကျွန်တော်က အပျော်တမ်းဘလော့ဂါပါ။ အဲ့ဒါကို ကျွန်တော်အသေးစိတ်ရေးပြီး သေချာရှင်းပြထားတာပါ။

http://whitekaungkinnge.blogspot.com

Saturday, August 24, 2013

ရုပ်လှစရာမလို အနေလှဖို့သာလိုသည်





မိန်းကလေးတစ်ယောက်ဟာ မွေးရာပါ ရုပ်မလှချင်နေ ဒါပေမဲ့ ဘ၀မှာ လှလှပပတော့
ရှင်သန်သင့်တယ်။


ဘယ်အချိန်အခါပဲဖြစ်ဖြစ် ပြည့်စုံတဲ့အသိပညာ၊ ကောင်းမွန်တဲ့စရိတ္တ၊ ထက်မြက်တဲ့
အပြုအမူ၊

သိမ်မွေ့တဲ့အပြောအဆို၊ ကြီးမြတ်တဲ့ စိတ်သဘောထားနဲ့ မေတ္တာနဲ့ပြည့်တဲ့
နှလုံးသားတစ်စုံရှိတဲ့
မိန်းကလေးတစ်ယောက်ဟာ ရုပ်ရည်မလှသည့်တိုင် ဘ၀ကို အမှန်တကယ် လှပစေနိုင်ပါတယ်။
ဘ၀မှာ
လှလှပပရှင်သန်နိုင်သူဟာ လှပတဲ့စိတ်ခံစားမှု၊ အဆင့်တစ်ခု၊ စိတ်ဝိညာဉ်တစ်ခုကို
ပိုင်ဆိုင်နိုင်မှာဖြစ်တယ်။ ကိုယ့်ကိုယ်ကို
မစွန့်လွတ်သရွေ့ ဘယ်သူကမှ ကိုယ့်တက်လှမ်းကို တားဆီးပိတ်ပင်နိုင်မှာ မဟုတ်ဘူး။

တချို့က မိန်းကလေးတွေဟာ "တောင်တန်း"ပါတဲ့။ ခန့်ညားဝင့်ထည်ပြီး သဘောထားကြီးသတဲ့။
တချို့က မိန်းကလေးတွေဟာ "ရေ" ပါတဲ့။ နူးညံ့ပျော့ပျောင်းပြီး ညင်သာသတဲ့။

မိန်းမကောင်းဆိုတာ စာအုပ်ဖြစ်တယ်။ အသိပညာတွေနဲ့ ပြည့်နှက်လို့နေတယ်။
မိန်းမကောင်းဆိုတာ ဆိပ်ကမ်းဖြစ်တယ်။ ဘေးဒုက္ခကြုံသူကို လုံလုံခြုံခြုံ
နားခိုခွင့်ပေးတယ်။
မိန်းမကောင်းဆိုတာ အရက်ဖြစ်တယ်။ မွှေးကြိုင်ခြင်းနဲ့ ပြည့်စုံတယ်။
မိန်းမကောင်းဆိုတာ ရေနွေးကြမ်းဖြစ်တယ်။ အရသာခံသောက်လေ မွှေးလေဖြစ်တယ်။
မိန်းမကောင်းဆိုတာ တက်မဖြစ်တယ်။ အိမ်ထောင်ရေးလမ်းကြောင်းကို ပဲ့ကိုင်ပေးတယ်။
မိန်းမကောင်းဆိုတာ ရူခင်းဖြစ်တယ်။ ရာသီအလိုက် ရောင်စုံပန်းမန်တွေနဲ့ လှပစေတယ်။

မိန်းမကောင်းဆိုတိုင်း ရုပ်ရှည်လှပနေမှ မဟုတ်ဘူး။ ဖြူစင်ရိုးသားတဲ့စိတ်
ရှိတယ်။ ကျော်ကြားခြင်းနဲ့
ကြွယ်ဝခြင်းရဲ့ ဖြားယောင်းမြူဆွယ်မှုကြောင့် စိတ်ကို မညစ်နွမ်းစေဘဲ
ကိုယ့်လမ်းကိုယ်ဆက်လျှောက်သူ၊
လုပ်သင့်တာကို ဆက်လုပ်သူဖြစ်တယ်။ အနေနိမ့်ကျ၊ ဆင်းရဲဒုက္ခနဲ့
ရင်ဆိုင်ရသည့်တိုင် ရင်ကိုကော့ ခေါင်းကိုမော့ပြီး
အပြုံးမပျက်သူဖြစ်တယ်။

ရိုးသားကြင်နာခြင်းဆိုတာ လောကမှာ အလှဆုံးပန်းတစ်ပွင့်ဖြစ်တယ်။
ဘယ်သူတစ်ဦးတစ်ယောက်ကမှ
အဲဒီပန်းဖူးပွင့်ဖို့ မငြင်းဆန်တတ်ကြဘူး။ မိန်းမကောင်းဆိုတာ မိခင်ကောင်း၊
ဇနီးကောင်းတစ်ဦးဖြစ်တယ်။
မိန်းမကောင်းဆိုတာ အဲဒီအလှဆုံးပန်းဖြစ်တယ်။ မိန်းမကောင်းတွေဟာ
ကိုယ့်ဘ၀ခရီးတစ်လျောက်ကို ပန်းတစ်ပွင့်ရဲ့
ကြန်အင်လက္ခဏာတွေနဲ့ ပြည့်စုံစေတယ်။


မိန်းမကောင်းတွေက မျက်ရည်နဲ့အပြုံးကို ကွယ်ဝှက်ထားစရာမလိုဘူး။
ရိုးသားကြင်နာခြင်းဟာ
သာမန်မိန်းကလေးတစ်ဦးကို ပိုလှပစေတယ်။ ပိုနှစ်လိုစေတယ်။ ကိုယ့်ကိုယ်တိုင်ကို
ချစ်ခင်နှစ်သက်မယ်၊
ဆွေမျိုးသားချင်းတွေကို ချစ်မယ်၊ သူငယ်ချင်း မိတ်ဆွေတွေကိုချစ်မယ်၊ သဘာဝ၊
သက်ရှိအားလုံး
လောကမှာ ချစ်လို့ရတဲ့အရာတွေကို ချစ်ခင်နှစ်သက်မယ်။ နှလုံးသားထဲ
ချစ်ခြင်းမေတ္တာရှိတဲ့
မိန်းကလေးတစ်ယောက်ဟာ ဘယ်လောက်ပဲ ရုပ်ဆိုးနေပါစေ သူ့မျက်ဝန်းထဲကနေ နွေးထွေး၊
ကြင်နာတဲ့
အရိပ်တွေကို တွေ့နိုင်တယ်။ လင်းလက်တဲ့အပြုံးကို တွေ့မြင်နိုင်တယ်။

မိန်းမကောင်းဆိုတာ စားပွဲပေါ်မှာ အလှထားတဲ့ ပန်းအိုးမဟုတ်ဘူး။ သူတစ်ပါး
တန်ဆာဆင်မှ
လှပတာမဟုတ်ဘူး။ မိန်းမကောင်းဆိုတာ ကိုယ့်ကိုယ်လေးစားမှုရှိတယ်၊
ပျော့ညံ့သူမဟုတ်ဘူး။ ယောက်ျားတွေကို
မှီခိုသူမဟုတ်ဘူး။ ဘုရားသခင်က အာဒံကို ဖန်ဆင်းခဲ့တယ်။ ဧ၀ကိုလည်း
ဖန်ဆင်းခဲ့တာဟာ ယောက်ျားသားတွေနဲ့အတူ
ဒီလောကကို ကူညီထမ်းပိုးဖို့ဖြစ်တယ်။ မိန်းကလေးတိုင်း ထူးချွန်ထက်မြက်မှာ
မဟုတ်ဘူး။ ထင်ရှားမှာမဟုတ်ဘူး။
ဒါပေမဲ့ ရိုးရှင်းတဲ့ဘ၀မှာ သမီးက သမီးဝတ္တရား၊ မယားက မယားဝတ္တရား၊ မိခင်က
မိခင်ဝတ္တရားနဲ့
ကိုယ့်ဝတ္တရားကို အတတ်နိုင်ဆုံး၊ အကောင်းဆုံး ကျေကျေပွန်ပွန် ဆောင်ရွက်ပြီး
နားလည်မှုနဲ့ လေးစားမှုကို
အောင်နိုင်ရယူသူတွေဖြစ်တယ်။

မွေးဖွားရာဒေသကို ကျွန်မတို့ ရွေးချယ်ခွင့်မရှိခဲ့ဘူး။
မွေးရာပါရုပ်ရှည်လှပဖို့လည်း ကျွန်မတို့
မစွမ်းသာခဲ့ဘူး။ ဆင်းရဲသားမိသားစု၊ ချမ်းသာတဲ့မိသားစုမှာ
မွေးဖွားနိုင်ဖို့လည်း ကျွန်မတို့
ရွေးချယ်ခွင့်မရှိခဲ့ဘူး။ ဒါပေမဲ့ ရုပ်ရှည်မလှပလို့၊ မချမ်းသာလို့ ကျွန်မတို့
သိမ်ငယ်စရာမလိုဘူး။
စိတ်လှဖို့ကိုတော့ ကျွန်မတို့ကိုယ်တိုင် ဖမ်းဆုပ်နိုင်ပါတယ်။

တကယ့် မိန်းမချော၊ မိန်းမလှဆိုတာ ပိန်တာ၊ ၀တာနဲ့မဆိုင်ဘူး။ မျက်နှာပေါက်
လှတယ်၊ မလှဘူးနဲ့
မဆိုင်ဘူး။ သဘာဝနဲ့ဆိုင်တယ်။ ဆွဲဆောင်နိုင်တဲ့ အရည်အချင်းနဲ့ ပိုဆိုင်တယ်။
ပြင်ပအလှဖြစ်တဲ့ ရုပ်ဆိုးတယ်၊ ၀တယ်၊
ပိန်တယ်ဆိုတာကို ပြောင်းလဲဖို့ခက်ပေမယ့် တကယ့်စိတ်ထဲကဖြစ်လာတဲ့
နှစ်လို့ဖွယ်အလှကိုတော့ လူတိုင်းလုပ်နိုင်တယ်၊
ကျင့်ကြံနိုင်ပါတယ်။

(၁) နာလိုစိတ်မရှိတဲ့ မိန်းကလေးတွေဟာ အေးဆေးတည်ငြိမ်တယ်။ မျက်နှာက လမင်းလို
ကြည်လင်ဝင်းပတယ်။

(၂) အမုန်းရန်ငြိုးမရှိတဲ့ မိန်းကလေးတွေဟာ နူးညံ့သိမ်မွေ့တယ်။ မျက်ဝန်းထဲမှာ
စစ်မှန်တဲ့
ရိုးသားမှုတွေရှိတယ်။

(၃) စကားပြော ညင်သာပျော့ပျောင်းပြီး စကားကြမ်းမပြောတဲ့ မိန်းကလေးတွေဟာ
ပန်းလေးတစ်ပွင့်နဲ့တူတယ်။ ခူးယူသူရဲ့လက်ကို ရနံ့တွေနဲ့ မွှေးကြိုင်စေတယ်။

(၄) ရမ္မက်လောဘ ကင်းရှင်းတဲ့ မိန်းကလေးတွေဟာ မြင့်မြတ်တဲ့ရုပ်ကိုဆောင်တယ်။
ရည်မွန်ကျော့ရှင်းတယ်။

(၅) စိတ်ကြီးမ၀င်တဲ့ မိန်းကလေးတွေဟာ ရိုးသားစစ်မှန်တယ်။ စိမ့်စမ်းရေလို
အေးမြတယ်။

ပျော်ရွှင်ချမ်းမြေ့သော အိမ်ထောင်ရေး

 



အကြင်လင် နှင့် မယားတို့ ကိုယ်စိတ်နှတ်ဖြာ ချမ်းသာစေနိုင်သော နည်း ၇ နည်း



ဥပဒေသ အမှတ် ( ၁ )။ ။နားပူနဆာ မလုပ်ပါနှင့်

ဥပဒေသ အမှတ် ( ၂ )။ ။အကြင်လင်မယားတို့သည် တစ်ဦးကို တစ်ဦး ငြီးငွေ့အောင်မလုပ်သင့်ပါ

ဥပဒေသ အမှတ် ( ၃ )။ ။ဆူပူကြိမ်းမောင်းခြင်း မပြုပါနှင့်

ဥပဒေသ အမှတ် ( ၄ )။ ။စေတနာဖြင့် ချီးကျူးရန် မမေ့နှင့်

ဥပဒေသ အမှတ် ( ၅ )။ ။တဖက်သားကို ကြင်နာယုယ ပါ

ဥပဒေသ အမှတ် ( ၆ )။ ။ရိုသေလေးစားပါ

ဥပဒေသ အမှတ် ( ၇ )။ ။အိမ်ထောင်သည်တို့ ၏ ရာဂစိတ် ပြေငြိမ်းကြောင်း စာအုပ်ကောင်းကို ဖတ်ပါ

၁၉၉၃ ခု ဇွန်လတွင်ထုတ်ဝေသော အမေရိကန် မဂ္ဂဇင်း တစ်စောင်တွင် အမ္မက်ကရိုဇီယာ ရေးသားသော `အိမ်ထောင်များ အဘယ့်ကြောင့်ပျက်ရသနည်း` ဆောင်းပါးတစ်စောင်ပါရှိလေသည်။ အောက်ပါမေးခွန်းတို့သည် ထိုဆောင်းပါးမှ ကောက်နုတ်၍ ဖော်ပြလိုက်ချင်း ဖြစ်ပါသည်။ ထိုမေးခွန်းများ ကို သင်ကိုယ်တိုင်ဖြေဆိုနိုင် အကျိုးရှိပေလိမ့်မည်။ `ဟုတ်ကဲ့` ဟု ဖြေနိုင်သော အဖြေတိုင်းကို အမှတ် ၁၀ မှတ်ပေးပါ။ အားလုံးကို ဖြေပြီးလျှင် သင်အမှတ်မည်မျှရသည်ကို တွက်ကြည့်ပါလေ။

Friday, August 23, 2013

မျက်နှာမှာအစက်အပြောက်တွေနဲ့ ရုပ်မဆိုးရလေအောင်


မျက်နှာနဲ့ လည်ပင်း အရေပြား၊ လက်အရေပြားတို့မှာ ဘာ့ကြောင့် အစွန်းအထင်း အစက်အပြောက်မည်းမည်းနှင့် အရောင်ရင့်ရင့်တွေ ဖြစ်လာရတာလဲ” ဆိုတဲ့ မေးခွန်းကို
အတော်များများမေးလေ့ရှိပါတယ်။ ဟုတ်တာပေါ့။ နဂိုလှပနေတဲ့
မျက်နှာအနေအထားလေးဟာ အမည်း အစက်အပြောက်တွေ ဖုံးလွှမ်းသွားရင် ကြည့်ရတာ
မချင့်မရဲဖြစ်စေ၊ ရုပ်ဆိုးစေပါတယ်။ ဒီအမည်းအစွန်း အစက်ပြောက်တွေဟာ
အရေပြားမှာရှိတဲ့ မယ်လနင်းခေါ် ရောင်ခြယ်ပစ္စည်းတွေ အလွန်အမင်းထွက်
လာခြင်းကြောင့် ဖြစ်ပါတယ်။ စိတ်ပျက်စရာကောင်းလောက်အောင် ဆိုးဝါးလှတဲ့
အရေပြားအရောင်ကို ထုတ်လုပ်ပေးတဲ့ အညိုရောင်ရောင်ခြယ်ပစ္စည်းမယ်လနင်းကို
မယ်လနိုဆိုက်လို့ခေါ်တဲ့ အရေပြား ကလာပ်စည်းတွေက ထုတ်လုပ်ပေးတာ ဖြစ်တယ်။

* ဘာကြောင့် ရောင်ခြယ်ပစ္စည်းတွေ အစုလိုက်အပြုံလိုက် ထွက်ရပါလဲ
လူတွေနေထိုင်မကောင်းတဲ့အခါ သောက်တဲ့ဆေးဝါးတွေ ဥပမာ-
ငှက်ဖျားပျောက်ဆေးများဖြစ်တဲ့ ဆာလ်ဖာပါတဲ့ ဆေးဝါးများ၊ ပဋိဇီဝဆေးဝါးများ၊
ဝဲနှင်းခူ၊ အရေပြားရောင်ရမ်းခြင်း၊ အရေပြားထိခိုက်ဒဏ်ရာရခြင်းအပါအ၀င်
ခွဲစိတ်ကုသမှုနဲ့ အနာ၇ွတ်များ၊ မီးလောင်ကျွမ်းခြင်း များကြောင့် အမည်းစက်တွေ
ပေါ်တတ်ပါတယ်။ ဒါ့အပြင် အက်ဒီဆင်ရောဂါနှင့် ပိုလီစစ် စတစ်သားဏ
အိမ်ရောဂါစုကြောင့်လည်း ဒီလိုဖြစ်တတ်ပါတယ်။
နောက်တစ်ချက်ဖြစ်နိုင်တာကတော့ အမျိုးသမီးတွေမှာ
ဟော်မုန်းအလွန်အမင်းထွက်ခြင်း ကြောင့်ဖြစ်ပါတယ်။ အဲဒီဟော်မုန်းတွေကတော့
ပရိုဂျက်စတီရုန်းဟော်မုန်းနဲ့ အီထရိုဂျင် ဟော်မုန်းတွေဖြစ်ပြီး ၄င်းတို့
အခွန်အမင်း ထွက်လာခြင်းမျိုးကို အမျိုးသမီးများ ကိုယ်ဝန်ဆောင်နေစဉ်ကာလ
တစ်လျှောက်လုံးနဲ့ ပဋိသန္ဓေတားဆေးများ စားနေစဉ်ကာလ တစ်လျှောက်မှာ
တွေ့ကြုံနိုင်ပါတယ်။ ထိုကဲ့သို့သော အမျိုးသမီးဟော်ုမန်းများ အလွန်
အမင်းထွက်တဲ့ အခြေအနေကို Cloasma ကလိုအေးစ်မားလို့ခေါ်ပါတယ်။
ဒီအခြေအနေမျိုးဟာ အမျိုး သမီးတွေမှာ အဖြစ်များလေ့ရှိပါတယ်။
နေရောင်ခြည်နဲ့ အလွန်အမင်းထိတွေ့မှု များတဲ့သူတွေမှာလည်း သူတို့ရဲ့
အရေပြားမှာ အစက် အပြောက်တွေ စုပြုံများတတ်ပါသေးတယ်။ နေရာင်ခြည်ကြောင့်
အရေပြားမှာ ရောင်ခြယ်ကလာပ်စည်းများ Melanocytes တွေပွားများလာခြင်းကြောင့်
အမည်းကွက်တွေ ပေါ်လာရခြင်းဖြစ်ပါတယ်။ နေရောင်ခြည်ကြောင့် အရေပြားမှာ
ရောင်ခြယ်ကလာပ်စည်းတွေ ပွားများလာတဲ့အခါ အရေပြားပေါ်မှာ
အကွက်လိုက်အကွက်လိုက် မညီညာသော ရောင်ခြယ်အစုအပုံများ ဖြစ်ပေါ်စေပါတယ်။

* အမည်းအစက်အပြောက်တွေ မထွက်အောင် ဘယ်လိုကာကွယ်မလဲ
ဖြစ်ရတဲ့ အကြောင်းရင်းတွေကို သိရရင် အဲဒီအကြောင်းအရာတွေ ဖြစ်မလာအောင်
ကာကွယ်လို့ရတာတွေရှိသလို ရှောင်ကွင်းလို့ရတာလည်းရှိပါတယ်။ ရှောင်လို့မရတဲ့
ပြဿနာရှိရင် တောင်ထိပ်တိုက်မတိုးအောင်တော့ သတိထားရမှာဖြစ်ပါတယ်။
ရောဂါတွေကြောင့် ဆေးဝါးတွေ သောက်ရရင် သောက်ရတဲ့ ဆေးဝါးတွေရဲ့
ဘေးထွက်ဆိုးကျိုး ဘာတွေရှိနိုင်မလဲဆိုတာ ဆရာဝန်အား သေချာစွာ မေးမြန်းထားပါ။
ကိုယ်ဝန်ဆောင်နေစဉ်ကာလတစ်လျှောက် သို့မဟုတ် ပဋိသန္ဓေတားဆေးစားနေစဉ်
ကာလတစ်လျှောက်မှာ ဘယ်လိုရှောင်ရှားနိုင်သလဲဆိုတာ တတ်ကျွမ်းနားလည်တဲ့
အိုဂျီနဲ့မေးမြန်းထားပါ။ ဘာရှောင်ရမယ်။ ဘာဆောင်ရမယ်ကို နားလည်အောင်
မေးထားပါ။
နေရောင်ခြည်ထဲသွားမယ်ဆိုရင် ထီး၊ ဦးထုပ်ဆောင်းထွက်ပါ။ လိုအပ်ရင်
နေလောင်ဒဏ်ခံ လိမ်းဆေးလူးပြီးမှ ထီးဆောင်းထွက်ပါ။ အင်္ကျီ လက်ရှည်ဝတ်ပါ။
=================================================

Wondershare DVD Slideshow Builder Deluxe v6.1.8.54 Portable



Software နဲ့ အဆင်မပြေသူများ အတွက် Portable လေးတင်ပေးလိုက်ပါတယ်။ သုံးကြည့်ပါ။

Why Choose DVD Slideshow Builder Deluxe?

Wondershare DVD Slideshow Builder Deluxe is the easy-to-use yet powerful DVD photo slideshow maker. With it, you can combine your photos and video clips into DVD slideshow with music and 2D/3D transition effects for sharing on TV, YouTube, iPod and so on. Built-in Hollywood styles in the photo slideshow software are also pre-designed for automatic movie slideshow making.

လူ၊ နတ်၊ ဘီလူး နက္ခတ်တို့၏ အချစ်နှင့်အိမ်ထောင်ရေးဟောစာတမ်း


ဇာတာရှင်၏ စန်းယှဉ်(စင်)နက္ခတ်ကို ၃ခုနှင့် ဖြိုခွင်းသဖြင့် ကြွင်းသော ဂဏန်းသည်
(၁) ဂဏန်းကြွင်းက လူနက္ခတ် ဟုလည်းကောင်း
(၂) ဂဏန်းကြွင်းက နတ်နက္ခတ် ဟုလည်းကောင်း၊
(၀) သုဉ်းကြွင်းက ဘီလူးနက္ခတ် ဟုလည်းကောင်း သိအပ်ပါသည်။

အကြင်သတို့သား နှင့် သတို့သမီးတို့ ၏ စင်နက္ခတ်သည် လူနက္ခတ် အချင်းချင်း ပေါင်းသင်းပါက
တစ်ဦးအပေါ် တစ်ဦး ကြင်ကြင်နာနာချစ်ခင်နိုင်ခြင်း၊ နားလည်နိုင်ခြင်း၊ ယဉ်ကျေးသိမ်မွေ့သော သားသမီးရတနာများ ထွန်းကားခြင်း၊ လူချစ်လူခင်ပေါများခြင်း၊ လူကြီးမိဘများ၏ အကျိုးကျေးဇူးတို့ကို ခံစားခွင့်များခြင်း၊ အိမ်ထောင်ရေးမေတ္တာမျှလျှက် စိတ်ချမ်းသာမှုတို့ကို ခံစားရခြင်း၊ ဖောက်လွဲဖောက်ပြန်မှု ကင်းစင်ခြင်း၊ သစ္စာရှိခြင်း ဟူသော အကျိုးတို့ကို ဖြစ်ပေါ်စေပါသည်။

အကြင်သတို့သားနှင့် သတို့သမီးတို့သည် လူနက္ခတ်နှင့် နက္ခတ် ပေါင်းသင်းပါက
ကြီးပွားချမ်းသာလွယ်ခြင်း၊ ဥာဏ်ရည်ထက်မြက်သော သားသမီးတို့ထွန်းကားခြင်း၊ အကျင့်သီလနှင့်ပြည့်စုံသော သားသမီးတို့ကို ဖွားမြင်စေခြင်း၊ ရာထူးဂုဏ်တို့ တက်လွယ်ခြင်း၊ မိမွေ ဘမွေ တို့ကို ခံစားရလွယ်ခြင်း၊ တစ်ဦးနှင့်တစ်ဦး ခေတ္တယာယီ ခွဲခွှာရမှု အနည်းငယ်များခြင်း၊ အိမ်ထောင်ရေးကိစ္စများ နှင့် နားလည်မှု အနည်းငယ်လွဲမှားတတ်ခြင်း၊ နားလည်မှုပြန်လည်ထားရှိနိုင်ခြင်း ဟူသော အကျိုးတို့ကို ဖြစ်ပေါ်စေပါသည်။

Thursday, August 22, 2013

ဟိုတယ် မရဏဆောင်ထဲမှ အနီရောင်ချစ်သူ (စ၊ဆုံး)

လွန်ခဲ့တဲ့၃နှစ်လောက်ကပေါ့ဗျာ... အလုပ်ကလည်း မရှိ ဘိုင်ကလည်းကျနေတာနဲ့ ရတဲ့အလုပ်ဖြစ်တဲ့ ညစောင့်လုံခြုံရေးအလုပ်ကို ၀င်လုပ်လိုက်တယ်.. အမယ်.. အလုပ်ဝင်ဝင်ချင်း ဟိုတယ်တစ်ခုမှာ အလုပ်လုပ်ရတယ်ဗျ.. ငါတော်တော်ကံကောင်းပါလားပေါ့.. ဟုတ်တယ်လေ.. ဟိုတယ်သူဌေးနဲ့မန်နေဂျာကလည်းသဘောကောင်း..နေရာတိုင်းမှာ CCTV ကင်မရာတွေကလည်းရှိတော့ သူခိုးအတွက်လည်းသိပ်ပူစရာမလို.. နောက်ပြီး ဧည့်သည်တွေမစတဲ့ ဘောက်ဆူးလေးတွေလည်း ရသဗျ...
ခုထိ သရဲမလာသေးလီု့ စိတ်တော့မဆိုးနဲ့ဗျ.. ကျွန်တော်က စာဖတ်သူတွေ မျက်လုံးထဲ မြင်ယောင်လာအောင် ပုံဖော်ပေးချင်သေးတယ်.. ဟိုတယ်ဆိုပေမယ့် ကြီးကြီးမားမားခမ်းခမ်းနားနားကြီးတော့မဟုတ်ဘူးဗျ... တည်းခိုခန်းပုံစံမျိုးကို ခြံနဲ့ဝင်းနဲ့ ပန်းပင်တွေနဲ့ အလှဆင်ထားတဲ့သဘောပဲ.. ဟိုတယ်က ဂပုံစံဗျ.. အခန်းတွေကလည်း သိပ်များများစားစားမရှိဘူး.. ၂၀လောက်ပဲ.. တစ်ခြံလုံးမှာ အများဆုံးကတော့ ပန်းပင်တွေပဲ.. တော်တော်လှတယ်.. အရှေ့တွေရော အနောက်တွေရော ပန်းပင်တွေရှိတယ်.. နောက်ပြီး ဟိုတယ်က ကုန်းမြင့်မှာ ဆောက်ထားတာဆိုတော့ လေတဖြူးဖြူးနဲ့ပေါ့ဗျာ...

ကျွန်တော် အလုပ်စ၀င်တဲ့ပထမရက်မှာပဲ သတိထားမိတာက ဟိုတယ်ခြံဝင်းထောင့်ဆုံးနားလောက်က အဆောင်ငယ်လေးတစ်ခုကိုပဲ.. သာမာန်စတိုသဘောမျိုးဆောက်ထားတာလိုလည်း မဟုတ်ဘူးဗျ..သီးသန့်လာတည်းတဲ့ပုံစံပဲ.. တစ်ခြံလုံးက ပန်းပင်တွေလည်း စိမ်းစိမ်းစိုစိုနဲ့ပါဗျာ.. ဒါပေမယ့်အဲဒီအဆောင်နားက ပန်းပင်တွေကတော့ ခြောက်ကပ်နေတယ်ဗျ.. ဘာကြောင့်ဆိုတာ ကျွန်တော် ပထမမသိခဲ့ဘူး.. သူဌေးကလည်း တစ်ခြံလုံးက အပင်တွေကို ရေလောင်းခိုင်းတယ်.. ကိုယ့်အလုပ်မဟုတ်ပေမယ့် ဘောက်ဆူးလေးရတဲ့နေရာဖြစ်နေလို့ လက်လွတ်ခံလို့ မဖြစ်ဘူးလေ.. ရေကတော့ မနက်တစ်ခါ ညနေတစ်ခါလောင်း၇တယ်.. ဒါပေမယ့် အဆောင်လေးနားကိုတော့ ရေမလောင်းဖို့ မန်နေဂျာက ပြောထားတယ်..ဘာဖြစ်လို့လဲ မေးတော့..အဲဒီနေရာကရေလောင်းစရာမလိုဘူးတဲ့.. ကျွန်တော်လည်း ဘာမှဆက်မမေးတော့ဘူး... အလုပ်ဝင်ပြီး ၃ ရက်လောက်ကတော့ ဘာမှမထူးခြားဘူး.. ကျွန်တော်လည်း အဆောင်လေးနားကို မသွားဖြစ်ဘူး.. ဒါပေမယ့် ခြောက်သွေ့နေတဲ့ပန်းပင်လေးတွေကြည့်ပြီး စိတ်မကောင်းဘူး.. တစ်ရက်တော့ မသိအောင်ရေလောင်းမယ်လို့ စိတ်ကူးမိသေးတယ်..

အလုပ်ဝင်ပြီး ၄ရက်မြောက်နေ့... မနက်စောစော ခြံထဲကအပင်တွေရေလောင်းတော့ အဆောင်လေးနားရောက်ခဲ့တယ်.. ဘာဖြစ်လဲကွာ.. ပန်းပင်လေးတွေရေလောင်းတာလောက်ကတော့ ဘာမှမဖြစ်လောက်ပါဘူး ဆိုပြီး အဲဒီအဆောင်ရှေ့မှာပန်းပင်လေးတွေရေလောင်းနေတဲ့အချိန်... ရုတ်တရက် ခေါင်းတွေကြီး.. ကြက်သီးတွေထပြီး ရေလောင်းနေတဲ့လက်တောင် တဆက်ဆက်တုန်လာတယ်.. ကျွန်တော့်ကို တစ်ယောက်ယောက်က စူးစိုက်ပြီးကြည့်နေသလိုပဲ.. ကျွန်တော်ဘေးပတ်ဝန်းကျင်ကို ကြည့်တော့ ဘာမှမတွေ့ရဘူး.. အဲဒီအချိန်မှာ အပုတ်နံ့တစ်ခုကို ရလိုက်တယ်.. တော်တော်ဆိုးတဲ့အပုတ်နံ့ဗျာ... စိတ်ထဲမှာ မသိုးမသန့်ကြီးဖြစ်လာတာနဲ့ ရေဆက်မလောင်းတော့ဘဲ လှည့်ပြန်လာခဲ့တယ်.. စိတ်ထဲမှာတော့ ဇဝေဇ၀ါပဲ.. ဘယ်သူမှမရှိလို့ စိတ်ချောက်ခြားတာပဲ ဖြစ်မှာပါ.. ကုန်းမြင့်ဆိုတော့ လေကြောင်းသင့်လို့ အကောင်ပုတ် တစ်ခုခုဆီက အနံ့ထွက်တာ ဖြစ်မှာပါ လို့ တွေးပြီး အဲဒီအကြောင်းကို မေ့လိုက်တယ်..

ဘလော့ ကို ဖုန်းကနေကြည့် ချင်ရင်

ကျွန်တော့် ဘလော့ ကို ဖုန်းကနေကြည့် ချင်ရင် ဒီလင့်ကနေ....
ကြည့်နို်င်ပါ သည်...။
http://mobile.dudamobile.com/site/yetayzakyaw528
 http://dl9.glitter-graphics.net/pub/862/862499tz159cosm5.gif

Wednesday, August 21, 2013

Android ဖုန်းအတွက် MP3 Music Downloader



 

music downloader တွေ တစ်ခုပြီးတစ်ခု စမ်းနေတာကြာပါပြီ။ မြန်မာ သီချင်းတွေ ဘယ်ကောင်က ပိုရှာပေးနိုင်လဲ သိချင်လို့ ထိုင်စမ်းနေတာ။ ဒီကောင်လေးနဲ့မှ စိတ်ကျေနပ်သွားတယ်။ နာမည်ဆင်တူတွေကလည်း များတယ်ဗျ။ တော်တော်များများ music downloader တွေက သူတို့ကိုယ်ပိုင် server တွေထိုင်ထားပြီး သူတို့တင်ထားပေးတဲ့ သီချင်းတွေကိုသာ ဆွဲလို့ရတာ။ 

ဘလော့မှာ Mp3 Player ထဲ့ နည်း




ဘလော့ထဲမှာ Mp3 နားထောင်လို့  ရတာ ကောင်းတယ်လို့ ဆိုလို့ ရ
တယ်ာလို့ လည်း ဆိုတော့ စာဖတ်တဲ့  ပရိတ်သတ်တွေက တစ်
ချို့  ကြတော့ စာဖတ်ရင်း သီချင်း နားထောင်တတ်တယ် အချို့ ကြ
တော့ စာဖတ် ရင် သီချင်းနားထောင်တာ မကြိုက်ဘုး အားရုံလွဲ
သလိုဖြစ်တတ်တယ် အဲ့ တာကြောင့်သီချင်းထဲ့ မယ်ဆို အော်တို
မလာခိုင်းတာ ပိုကောင်းပါတယ် လေရှည်နေတာ လုပ်ငန်းစပါစို့ 
(1) Mp3 Player ဆိုဒ်ကိုသွားရမယ် ဒီမှာ   နှိပ်ပြီးသွားလိုက်ပါ
(2)  facebook နဲ့ ဝင်လို့ ရပါတယ် .... 
                   ပုံမှာပြထားသလိုnew playlist နှိပ်လိုက်ပါ
ပေါ်က ပုံအတိုင်းထွက်လာပါလိမ့်မယ်  ပြီးရင် Youtube မှာလင့်သွားယူရပါမယ် ကြိုက်တဲ့ သီချင်းကိုဖွင့်လိုက်ပါ ပြီးလျှင်ပုံမှ
ပြထားတဲ့ တိုင်း လင့်ကို copy လုပ်ပါ

Tuesday, August 20, 2013

Youtube Video များကို Downloader မလိုပဲ ကွန်ပျူတာမှ Download လုပ်နည်း


Myanmar Mobile User Groupမှ ကိုDjan Duata Kn ရေးသားထားသော ပိုစ့်အားပြန်လည်တင်ပြပေးထားခြင်းဖြစ်ပါသည်။ Softwere မလို Youtube ဒေါင်းနည်း ကဲဒီတစ်ခါတော့ youtube ကို Softwere မလိုတော့ပဲ ဒေါင်းကြရအောင်နော်။ 
၁။ ပထမဆုံး www.youtube.com ထဲကိုဝင်ပါ။ ကိုယ် ဒေါင်းချင်တဲ့ video ကို search. 
၂။ ကိုယ်ကြိုက်တဲ့ Video လေးရပြီဆိုရင် LINK လေးကို COPY လိုက်ပါ။ 
၃။ New Tap ဖွင့်ပြီး http://www.clipconverter.cc/ ထဲဝင်ပါ။ 
၎။ Media URL ဆိုတဲ့ နေရာလေးမှာ youtube က ရထားတဲ့ LINK လေးကို PASTE လိုက်။ ( ဖုန်းနှင့်ဆိုရင် Click ဆိုတာလေးကို နှိုက်လိုက်) 
၅။ Avi, Flv, Mp4, Mp3, etc… ကိုယ်ကြိုက်တဲ့ Size ကို ရွေးပေါ့။ Size ကလည်း ပြောင်းလို့ရပါသေးတယ်ဗျ။ 
၆။ Size ရွေးပြီးပြီ ဆိုရင် Continue လေးကို နှိုက်။ ခဏစောင့်လိုက်ပါ။ START လေးပေါလာပါလိမ့် မည်။ 
၇။ ပေါလာတဲ့ Start လေးကိုနှိုက်လိုက်ပါ။ 
ကဲ Download က စတင်ပြီဗျာ။

Photoscape ဆော့ဝဲလ်နဲ့ အသုံးပြုနည်း


 မင်္ဂလာပါဗျာ... ဒါလေးကတော့ C-Box ကနေပြီးတော့ တောင်းဆိုထားတာလေးတစ်ခုပါ... တောင်းဆိုသူကတော့
kyawswar: အစ်ကိုခင်ဗျာပုံတွေပေါ်စာရေးလို.ရတဲ. ဆော.ဝဲလ်လေးလိုချင်လို.ပါအသုံးပြုလွယ်မယ်ထင်တာလေး
 kyawswar: အစ်ကိုတင်ပေးပါလား ဆော.ဝဲလ်လေးရောအသုံးပြုနည်းလေးပါ သယ်ချင်းများကပါလိုချင်လို.ပါ
   ဆိုပြီးး တောင်းဆိုလာတာလေးပါ.. ဆော့ဝဲလ်ရော  သုံးနည်းအချို့ပါ  တတ်နိုင်သလောက် ရှင်းပြလိုက်ပါတယ်နော်.. အကိုရေ အဆင်ပြေပါစေနော်...
ပထမဆုံး ဆော့ဝဲလ်ကို သည်မှာ ဒေါင်းလိုက်ပါနော်.....   ဒေါင်းရန်ဖိုတိုစကေ့.......
သည်အတွက် မိမိတို့ကွန်ပျူတာမှာ မြန်မာ ဖေါင့်စတိုင်တွေ ရှိဖို့တော့ လိုအပ်ပါမယ်... zawgyi one နဲ့ရေးမရပါနော်...
မြန်မာဖေါင့်အလန်းတွေ ဒေါင်းဖို့             သည်မှာ   သွားလိုက်ပါနော်...

ဒေါင်းပြီးတာနဲ့  အသုံးပြုလို့ရမှာ ဖြစ်ပါတယ်.. အသုံးပြုနညိးကုလည်း  ကျွန်တော် တတ်နိုင်သလောက်
ရှင်းပြလိုက်ပါ့မယ်... လွယ်ကူတာမို့ ကလိရင်းးတတ်မှာ သေခြာပါတယ်ဗျာ... အသင့်တင့်လောက်တော့
ပြောပြလိုက်ပါတယ်နော်...ကဲ စမယ်... ဆော့ဝဲလ်ကို ဖွင့်လိုက်ပါနော်.. အောက်ကပုံပေါ့

 သည်လိုကျလာမှာ ဖြစ်ပါတယ်... အပေါ်က ကင်မရာ ပုံလေးကိုကလစ်ပြီး စကြမယ်နော်..ကလစ်လိုက်ပါ
သည်လိုဖြစ်လာမယ်... သည်မှာ ရှင်းစရာတွေ များးနေမယ်... ပုံတွေ များနေမှာ မို့  တခုချင်းးသည်ပုံလေး
ကိုအဓိက  နမူနာထား ရှင်းပြလိုက်မယ်နော်....
(၁)  သည်လိုကျလာတာနဲ့  ဘယ်ဘက်က ကွန်ပျူတာ ဖိုင်တွေထဲက ပုံရှိတဲ့ နေရာကိုသွားလိုက်ပါ။
(၂)  အဲမှာ ရှိနေတဲ့ ပု့တွေကို သူ့အောက်ကနေ ပုံလေးတွေ ပေါ်နေမှာ ဖြစ်ပါတယ်... ရွေးချယ်လိုက်ပါ။
(၃)  ပုံရွေးပြီင်္း ရောက်နေတာနဲ့  စကြမယ်နော်... တခုချင်းးစလိုက်မယ်... လက်တွေ့ လုပ်ရင်းစမ်းသတ်ပါ။
(၄)  အရေးကြီးးတာကတော့ ပုံကို စာရေးတာ ပြုပြင် ပေါင်းစပ်တာတွေအတွက် Object ကိုကလစ်ရမယ်။
  (i) ပုံပေါ်စာရေးဖို့အတွက်   T  ဆိုတာလေးကိုကလစ်ရပါမယ်။
  (ii)  ပုံပေါ်ကို နောက်ထပ် ပုံတွေ ပေါင်းစပ်မယ် ထပ်ထည့်မယ်ဆို  T ရဲ့အပေါ်ထောင့်က photo ဆိုတာ
        လေးကိုကလစ်လိုက်ပါ ကျွန်ပျူတာဖိုင်ကျမယ်  လိုရာပုံ ထပ်ထည့်မယ်...ပေါင်းစပ်မယ်ပေါ့။
  (iii)  Home  ဆိုတာကတော့ ပုံပြီးးတာနဲ့ ဘောင်ခတ်လို့ရတဲ့ နေရာ တစ်ခု ဆိုပါတော့နော်..တခြားးတွေလည်းလုပ်လို့ရပါတယ်.. စမ်းကြည့်ပါ။
(iv) Crop  ဆိုတာက ပုံတွေကို လိုအပ်တဲ့ နေရာကနေ ဖြတ်တောက်ယူတဲ့ အပိုင်းလေးပါ။
(v )  Tools  ဆိုတာကလည်း လုပ်စရာတွေ များစွာ ရှိပါတယ်...
( vi)  အောက်က ကြယ်ပုံတွေ လေးထောင့်ကွက်တွေ  အ၀ိုင်းလေးတွေကတော့  မိမိလိုအပ်သလို အသုံးပြု
       နိုင်ပါတယ်... ဥပမာ ကျွန်တော် ပုံတွေပေါ် အနီကွက်လေးတွေ မျှားလေးတွေ ပြထာ အဲထဲကပါ။
ကဲဗျာ သည်လိုဆို လုပ်ရင်းးတတ်မှာသေခြာပါတယ်... လုပ်ဆောင်ချက်  မှားလို့ ပြန်ဖျက်မယ်ဆိုရင်
ညာဘက် အောက်ထောင့်မှာ  Undo ဆိုတာ ကလစ်တာနဲ့ သူ့ဘာသာ ပျက်ပါတယ်...
ဆေ့တော့မယ်ဆိုတာနဲ့ အဲအောက်က  Save ပေါ့ဗျာ... ဒါဆို ဇယားလေးကျလာမယ်..
 သည်လိုပေါ့ အဲခါမှာ အောက်က  Save As ဆိုတာကလစ်ပြီး မိမိတို့ လိုအပ်သောနေရာ ကျွန်ပျူတာ ဖိုင်ထဲမှာ ဆေ့ပြီးသိမ်းထားနိုင်ပါပြီင်္.....
ကိုအောင်ဆန်းဆီကပါ။

..

..
Free Explode Red - Handwriting Cursors at www.totallyfreecursors.com

လွတ်လပ်စွာပြောဆိုနိုင်ပါသည်..။

HTML Comment Box is loading comments...
လာရောက်လည်ပတ် ကျသည့် အတွက်ကျေးဇူး အထူးတင်ပါသည်ခင်ဗျာ။
Twitter Bird Gadget