Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu


စာပေမြို့ တော်သို့  လာရောက်ကြသူ အပေါင်း ကျန်းမာချမ်းသာ ကြပါစေလို့  ဆုမွန်ကောင်းတောင်းလိုက်ပါသည်ခင်ဗျာ...>>အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ...မန်ဘာဝင်ပြီးအားပေးနော်..။

စာပေမြို့တော်တွင် Member၀င်ရန်

Followers


စာလုံးပြောင်းရန်
အသေး ပုံမှန် +ကြီး ++ကြီး
Showing posts with label ထူးဆန်းထွေလာ. Show all posts
Showing posts with label ထူးဆန်းထွေလာ. Show all posts

Saturday, March 1, 2014

အာရှအလယ်ပိုင်းမျိုးရင်း အန္တရာယ်ပင်

 

အာရှအလယ်ပိုင်းမျိုးရင်း အန္တရာယ်ပင်
( The Hot News )
တိုက်ရိုက်အဓိပ္ပာယ်ပြန်ဆို ရလျှင် “၀က်သိုးကြီးပင်”ဟု အဓိပ္ပာယ်ရသောGiant Hogweed ပင်သည် အမြင်အား ဖြင့် အန္တရာယ်မပေးနိုင်သော အပင်ဟု ထင်ရသော်လည်း အလွန် အန္တရာယ်များသောအပင်ဖြစ် သည်။
ထိုအပင်၏ ပုံသဏ္ဌာန်မှာ အန်းဘုရင်မ၏ ဇာပန်းထည်ကို အကြီးချဲ့ထားသောပုံမျိုးဖြစ်ပြီး ၎င်းအားထိမိပါက မီးလောင်ဖု များထခြင်း၊ အပူလောင်ခြင်းနှင့် မျက်စေ့ကွယ်ခြင်းများဖြစ်ပွားနိုင် သည်။
အာဏာပိုင်များကလည်း ထိုအပင်၏ အန္တရာယ်အား လူ အများကိုသတိပေးထားသည်။ ထိုအပင်များ၏ မူရင်းဒေသမှာ အာရှအလယ်ပိုင်းမှဖြစ်သော်လည်း အမေရိကန်ပြည်ထောင်စု အရှေ့ မြောက်ပိုင်း၊ အနောက်အလယ် ပိုင်းနှင့် ပစိဖိတ်ဒေသအနောက် မြောက်ပိုင်းတို့သို့ လျင်မြန်စွာပျံ့ နှံ့ေ...နသည်။
ထိုအပင်၏ အစေးသည် ရေကဲ့သို့ ကြည်လင်နေသော် လည်း အဆိပ်ဓာတ်ပါဝင်နေပြီး အရေပြားအား ခရမ်းလွန်ရောင် ခြည်ထိခိုက်ခံစားလွယ်သည်။ ထို အပင်သည် ပေ ၂၀ ခန့်ထိမြင့် မားနိုင်ပြီး ၎င်း၏ အခေါင်းပါ သော ရိုးတံကို မှုတ်ပြောင်းအဖြစ် သော်လည်းကောင်း၊ မှန်ပြောင်း အဖြစ်သော်လည်းကောင်း ဆော့ ကစားသည့် ကလေးသူငယ်များ အား မျက်စေ့အလင်းကွယ်သည် အထိ အန္တရာယ်ပေးနိုင်သည်။
ပင်စည်အမြင့်တွင် အဆုတ် လိုက်ပွင့်သောအဖြူရောင်ပန်းများ ကြောင့် လူသိများသည့် ထိုအပင် နှင့်ထိမိလျှင် ထိမိသောနေရာ အား ဆေးကြောပြီး နေရောင် ခြည်နှင့်မထိတွေ့စေရေးအတွက် ဖုံးအုပ်ထားရန်လိုအပ်သည်။ အာဏာပိုင်များက ထိုအပင်များ အား တွေ့ရှိသူများအား သက်ဆိုင် ရာဒေသခံအာဏာပိုင်များထံသို့ သတင်းပေးပို့ရန်လည်း နှိုး ဆော်ထားသည်။

ဥက္ကာအောင်

Monday, February 24, 2014

တရုတ်နိုင်ငံထုတ် လျှို့ ဝှက်ကင်မရာအများအပြား မြန်မာနိုင်ငံရှိ တရုတ်ပိုင် ဟိုတယ်များတွင် တပ်ဆင်ထားကြောင်း သတင်းရရှိ။


တရုတ်နိုင်ငံထုတ် လျှို့ ဝှက်ကင်မရာအများအပြား မြန်မာနိုင်ငံရှိ တရုတ်ပိုင် ဟိုတယ်များတွင် တပ်ဆင်ထားကြောင်း သတင်းရရှိ။
++++++++++++++++++++++++++++++++++++++++++++++++
ZK(ကနောင်)
တရုတ်နိုင်ငံမှာတစ်ဆင့် ရွှေလီ-မူဆယ်လမ်းကြောင်းမှ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လာသည့် ကုန်ပစ္စည်းများတွင် မြန်မာပြည်သူများအား ဆိုးကျိုးဖြစ်စေမည့် ဓါတုဗေဒ ဆေးဝါးများပါဝင်သော Fast Food များနှင့် အခြားသော စားသောက်ကုန်များပါဝင်လျှက်ရှိနေကြောင်းကို သတင်းအများအပြားတွင် ဖတ်ရှုမှတ်သားပြီးဖြစ်ပါသည်။
ယခုလည်း တရုတ်ပြည်တွင် ညစ်ညမ်းဗီဒီယိုကားများ၌ Category ကွဲပြားစွာ ထုတ်လုပ်ရောင်းချရန်အတွက် Hidden Camera ဆိုသည့် ညစ်ညမ်းကားမျိုး ခေတ်စားလျှက်ရှိရာ မြန်မာနိုင်ငံအတွင်းမှ အမျိုးကောင်းသမီးများအား ကုန်ကြမ်းအဖြစ်အသုံးချရန်အတွက် နေရာစုံတွင် တပ်ဆင်နိုင်သော လျှို့ ဝှက်ကင်မရာများ တင်သွင်းရောက်ရှိလျှက်ရှိကြောင်း နယ်စပ်မှ ကုန်သွယ်ရေးလုပ်ဆောင်သည့် စီးပွားရေးသမားတစ်ဦး၏ ပြောပြချက်အရ သိရသည်။ “ကင်မရာတွေကတော့ အစုံပဲ၊ တခါးလက်ကိုင်ဘုမှာ တပ်တာမျိုး၊ ရေချိုးခန်းမှာရှိတဲ့ အသုံးအဆောင်တွေမှာ တပ်တာမျိုးတွေပေါ့၊ ဒီက တရုတ်ပိုင်ဟိုတယ်တွေက အဲဒီဗီဒီယိုတွေကို ဟိုက ညစ်ညမ်းဒါရိုက်တာတွေဆီ ပြန်ရောင်းတယ်၊ သူတို့ က Burmese Hidden Camera Girl ဆိုပြီး ဟိုမှာ ပြန်ရောင်းတာ၊ အွန်လိုင်းကနေ ပိုက်ဆံပေးပြီးမှ ကြည့်လို့ ရတဲ့

Wednesday, February 19, 2014

ကြက်ဥ၊ ဘဲဥ၏ ကျန်းမာရေးနှင့် အာဟာရ ....

 

ကြက်ဥ၊ ဘဲဥ၏ ကျန်းမာရေးနှင့် အာဟာရ ....

ကြက်ဥ၊ ဘဲဥတွေက သွေးတွင်း မကောင်းတဲ့ ကိုလက်စထရော အဆင့်ကို မြင့်တက်စေတယ်ဆိုတဲ့ အယူအဆကြောင့် စားရမှာ ခပ်လန့်လန့် ဖြစ်နေတတ်ကြပါတယ်။ တကယ်တော့ ကြက်ဥ၊ ဘဲဥတွေကို အသင့်အတင့် စားပေးမယ်ဆိုရင် အောက်ပါ အကျိုးကျေးဇူးတွေကို ရရှိနိုင်ပါတယ်။မျက်စိကျန်းမာရေးကို ကောင်းစေပါတယ်
ကြက်ဥ၊ ဘဲဥစတဲ့ ဥအမျိုးမျိုးမှာ လူတင်နဲ့ ဇီဇန်သင်းစတဲ့ ပရိုတင်းဓာတ်တို့များစွာ ပါဝင်တာကြောင့် အသက်ကြီးချိန်မှာ ဖြစ်တတ်တဲ့ မက်ကူလာ ယိုယွင်းပျက်စီးမှု (Macular Degeneration) နဲ့ အတွင်းတိမ် ရောဂါဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။

နှလုံးသွေးကြောစနစ် ကျန်းမာရေးကို ကောင်းစေပါတယ်
တစ်နေ့မှာ ကြက်ဥ၊ ဘဲဥ တစ်လုံးစားပေးရင် နှလုံးအထူးကု ဆရာဝန်နဲ့ ဝေးဝေးမှာ နေနိုင်တယ်လို့ လေ့လာမှု တစ်ရပ်က ဆိုပါတယ်။ အကြောင်းကတော့ ကြက်ဥ၊ ဘဲဥကို ပုံမှန် တစ်နေ့တစ်လုံး စားတာကြောင့် သွေးခဲနှုန်း၊ နှလုံးရောဂါ တာနဲ့ လေဖြတ်တာတို့
ဖြစ်နိုင်ခြေကို လျော့ကျစေနိုင်လို့ပါ။

ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေက ကောင်းမွန်စေပါတယ်
ကြက်ဥ၊ ဘဲဥအနှစ်မှာ ဗီတာမင် ဘီကိုလင်းဓာတ် ပါဝင်တာကြောင့် ဥအမျိုးမျိုးကို ဦးနှောက်အတွက် အစာလို့ ဆိုကြပါတယ်။ အကြောင်းကတော့ နာ့ဗ်ကြောတွေရဲ့ လုပ်ငန်းဆောင်တာနဲ့ ဖွံ့ဖြိုးမှုကို အားကောင်းစေတာကြောင့်ပါ။ ကိုလင်းဓာတ်ဟာ ကိုယ်ဝန်ဆောင် မိခင်မှာလည်း မရှိမဖြစ် အရေးပါပါတယ်။ သန္ဓေသား ဦးနှောက် ဖွံ့ဖြိုးမှုအတွက် အရေးပါလို့ပါ။

Thursday, January 16, 2014

အမှတ်တမဲ့အလွဲများ

..
ကဲ...ခိုးရဲတဲ့သူခိုးစမ်း...
ဒီလောက်လိုလို့လားဗျာ...

ဟ...လှေကားထောင်ပြီးပဲ တက်သွားတာလား...


သဘာဝရေခဲသေတ္တာလေ...

သူတို့ပဲကစားမယ်ဆိုပြီးတော့ ဆင်းခဲ့ကြလေ...

ချစ်သူနေပူမှာစိုးလို့ပါ...

သြော်...ဆရာရယ် တော်တော်ကန့်လန့်လုပ်ပါလား...

Tuesday, January 7, 2014

မျက်လုံးကိုအ၀တ်နဲ့ စည်းပြီး လူဆယ်ယောက်ကို တစ်ပြိုင်နက် အနိုင်ယူခဲ့တဲ့ စစ်တုရင်ကစားသမား




အသက် ၂၅ နှစ်အရွယ်သာရှိသေးတဲ့ Timur Gareev ဟာ အီလီနွိုက်စ်ပြည်နယ် ကွတ်ခ်ကောင်တီ အကျဉ်းထောင်မှာ အကျဉ်းသားဆယ်ယောက်နဲ့ ချက်စ်ပွဲ (၁၀)ပွဲကို တစ်ပြိုင်တည်း ကစားခဲ့ပါတယ်ဦးနှောက်ရယ်အမြင်အာရုံရယ် အဓိကကျတဲ့ဒီကစားနည်းမှာ Timur က အမြင်အာရုံကို ဖယ်ရှားပစ်ပြီး သူ့ ဦးနှောက်မှတ်ဥာဏ်တစ်ခုတည်းနဲ့ ဆယ်ပွဲလုံးကို အနိုင်ကစားပြသွားပါတယ်။သူ့ ဘေးနားက အကူတစ်ယောက်ကတော့ ကစားပွဲဆယ်ပွဲ လုံး ကို ကြည့်နေ ရပြီး ဘယ်ချက်စ်ခုံက ဘယ်ချက်စ်ရုပ်ကို ဘယ်အကွက်ကိုရွှေ့ သွားတယ်ဆိုတာ ပြောပေးနေရတာပါ။ သူကတော့ ချက်စ်ပွဲ (၁၀)ပွဲလုံးကို သူ့ ဦးနှောက်ထဲမှာပဲ ပုံစံဖော်ပြီး သူရွှေ့ ချင်တဲ့အကွက်နဲ့ အရုပ်ကို ပါးစပ်ကလှမ်းပြောပြီး ကစားခဲ့တာပါ။ Timur နဲ့ ကစားမယ့်ဆယ်ယောက်ထဲက တစ်ယောက်ကတော့ ဒီလုပ်ရပ်ကိုတော်တော်အထင်သေးနေတယ်လေ။

Monday, January 6, 2014

အမေရိကန်တွင် ကိုးနှစ်သား ကလေးက ဘဏ်ဓားပြတိုက်ခဲ့




၁၉၈၁ ခုနှစ်မတ်လတုန်း က ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ၊ Manhattan ခရိုင်က ဘဏ်တစ်ခုမှာ ဖြစ်ပြီး ကိုးနှစ်သား ကလေးငယ်က သေနတ်အတုနဲ့ ဘဏ်ဝင်စီးပါတယ်။ ဒီတော့ အချိန်မှီတားဆီးနိုင်ခဲ့ပြီး ဖမ်းဆီးခဲ့ပါတယ်။

တရားရုံးတင်စစ်ဆေးကြည့်တဲ့အခါ ယင်း ကလေးငယ်ဟာ အိမ်ထောင်ကွဲ မိသားစုမှ ပေါက်ဖွားပြီး ဖခင်နဲ့အတူနေသူ ဖြစ်ပါတယ်။ အိမ်မှာ အဖေ ဖြစ်သူက ဘဏ်ဓားပြတိုက်တဲ့ ရုပ်ရှင်တွေကို အမြဲလိုလိုကြည့်ရှုတဲ့ အတွက် သူ့စိတ်ထဲမှာ ဘဏ်ဓားပြတိုက်တာဟာ လူစွမ်းကောင်း လုပ်ရပ် တစ်ခုလို စွဲလမ်းနေပြီး ယခုလို မထင်မှတ်ပဲ လုပ်ဆောင်မိခြင်း ဖြစ်ပါတယ်။

ကလေးငယ်မှာ ငွေပစ္စည်း ရယူဖို့အတွက် ဆန္ဒလုံးဝ မရှိပါဘူး။ ရုပ်ရှင်တွေက ဇာတ်လိုက်တွေကို အားကျပြီး လိုက်လုပ်ဆောင်ခြင်း ဖြစ်ပါတယ်။ အဲ့တုန်းက သူကြည့်တဲ့ ရုပ်ရှင်များကတော့ ''Adam 12,'' ''The Rockford Files'' နဲ့ ''Hogan's Heroes' အစရှိသဖြင့်တို့ ဖြစ်ပါတယ်။ ယင်း ရုပ်ရှင်များထဲက လုပ်ဆောင်ချက်များ၊ ဇာတ်ဝင်ခန်းများကို စွဲလမ်းပြီး လိုက်လံ ပြုမူခြင်း ဖြစ်ပါတယ်။

ယင်းဖြစ်ရပ်နောက်ပိုင်း အမေရိကန် ရုပ်ရှင်နဲ့ အနုပညာာ လောကမှာ ကြီးမားတဲ့ ပြောင်းလဲမှု တစ်ခု ဖြစ်ခဲ့ပါတယ်။ ဒါကတော့ Privacy နဲ့ Content Warning ဖြစ်ပြီး အသက် ၁၃ နှစ်အောက်မကြည်ရ၊ ၁၆ နှစ်အောက်မကြည့်ရ၊ ၁၈ အောက်မကြည့်ရ ဆိုတာမျိုး Rank အသီးသီး ခွဲတဲ့ စနစ် အရှိန်အဟုန်နဲ့ ထွန်းကားလာပါတယ်။

ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ပြည်တွင်းနဲ့ ပြည်ပ က ရောက်ရှိသမျှ ရုပ်ရှင်တွေကို Rank ဖို့ထက် စနစ်တကျ လမ်းကြောင်း ဖန်တီးပြုလုပ်ပေးဖို့တောင် အားနည်းနေပါတယ်။ ဒါကြောင့် လူငယ်ရော၊ လူကြီးရော၊ လူလတ်ရော အားလုံး Content Warning, Privacy ခံထားသည်ဖြစ်၊ မခံထားသည်ဖြစ် ခွေများ ဝယ်လို့ ၊ငှားလို့ ကြည့်ရှုနေကြပါတယ်။ ဆိုးကျိုး အနေနဲ့ ရုပ်ရှင်ထဲက အပြုအမူများဟာ သင်ယူမှုမြန်ဆန်တဲ့ ကလေးငယ်နဲ့ လူလတ်ပိုင်းတွေကြားမှာ အတုယူမှားစရာ ဖြစ်လာနိုင်ချေများတယ်လို့ သတိပေထားကြကြောင်း သိရပါတယ်။
--

Wednesday, January 1, 2014

သစ်ရွက်ခြောက် တောက်တဲ့



ရုတ်တရက်ကြည့်လိုက်ရင် သစ်ရွက်ပဲ ဖြစ်ပါတယ်။ သေချာကြည့်ရင်တောင် သတိမထားမိသူဖို့ သစ်ရွက်ခြောက် လို့ပဲ ထင်စရာ ရှိပါတယ်။ အမှန်တော့ သူက တောက်တဲ့မျိုးဝင်တဲ့ သစ်ရွက်ခြောက် တောက်တဲ့ (Uroplatus phantasticus) ဖြစ်ပါတယ်။

မဂါဒတ်စကားနိုင်ငံမှာပဲ ရှိတဲ့ တောက်တဲ့ ဖြစ်ပါတယ်။ မဂါဒတ်စကား နိုင်ငံ ဆိုတာ အာဖရိကတိုက် အရှေ့ တောင်ပိုင်း အိန္ဒိယသမုဒ္ဒရာ တွင်းက ကျွန်းစု နိုင်ငံ ဖြစ်ပါတယ်။ ဘယ်နေရာမှာမှ မတွေ့ရပဲ ယင်းကျွန်းမှာသာ ရှိတဲ့ သတ္တဝါတစ်မျိုး ဖြစ်ပါတယ်။

အရှည်အားဖြင့် ၂.၅ ကနေ ၆ လက်မအထိသာ အရှည် ရှိနိုင်တဲ့ တောက်တဲ့ ဖြစ်ပါတယ်။ သူ့ရဲ့  ထူးခြားတဲ့ အသွင် သဏ္ဍန်ကြောင့် လိုချင်သူများပြားပြီး ဈေးကြီးပေး ရောင်းဝယ်ကြပါတယ်။ ဆေးဝါးအဖြစ် လည်း သုံးစွဲသလို အိမ်မွေးတိရစ္ဆာန်အဖြစ်လည်း မွေးမြူကြပါတယ်။

ဒါကြောင့် သူ့ကို ကမ္ဘာ့အလိုရှိဆုံး သတ္တဝါမျိုးစိတ်တစ်ခုအဖြစ် မှတ်တမ်းတင် ထားတယ်လို့ သိရပါတယ်။ အောက်ပါ လခ့်မှာ အသေးစိတ် ဝင်ရောက် ဖတ်ရှုနိုင်ပါတယ်။

http://en.wikipedia.org/wiki/Satanic_Leaf-Tailed_Gecko

အောင်ခမ်း ( ရိုးရာလေး )

 File:ALiman phantasticus.jpg

Saturday, December 21, 2013

ကမ္ဘာ့နိုင်ငံအသီးသီးက ထူးဆန်းအံ့သြဖွယ်ဥပဒေ ၂၅ဝ

 

အင်္ဂလန်စာရေးဆရာ Richard Happer က ကမ္ဘာ့နိုင်ငံအသီးသီးက ထူးဆန်းအံ့သြဖွယ်ဥပဒေ ၂၅ဝချက်အကြောင်းကို
"The law is an ass"ဆိုပြီး စာအုပ်ရေးသားထုတ်ဝေခဲ့တယ်။ ဥပဒေတချို့ကို အကြမ်းဖျင်း ဘာသာပြန်မျှဝေလိုက်ပါတယ်။

ထိုင်းနိုင်ငံ
ထိုင်းနိုင်ငံမှာ အတွင်းခံဘောင်းဘီတိုမဝတ်ဘဲ အိမ်ပြင်မထွက်ရတဲ့ ဥပဒေရှိတယ်။ အတွင်းခံဘောင်းဘီမဝတ်ဘဲ အပြင်ထွက်ရင် ဥပဒေကိုကျူးလွန်ရာရောက်ပါတယ်။ ရှပ်အင်္ကျီမဝတ်ဘဲ ကားမမောင်းရပါတဲ့။

စင်ကာပူ
စင်ကာပူနိုင်ငံမှာ ပီကေမဝါးရ ဥပဒေရှိပါတယ်။ ၁၉၉၂ခုနှစ်ကစပြီး စင်ကာပူနိုင်ငံမှာ ပီကေထုတ်လုပ်တာ၊ တင်သွင်းတာ၊ ရောင်းဝယ်တာ၊ စားတာတွေ မလုပ်ရ တားမြစ်ထားပါတယ်။ ၂ဝဝ၄ခုနှစ်ရောက်မှ ဆေးဆိုင်တစ်ချို့မှာ ဆေးပီကေတွေကိုရောင်းခွင့်ပေးပါတယ်။ ဆေးပီကေကိုဝယ်ရင်လည်း ကိုယ်ရေးကိုယ်တာအချက်အလက်တွေ ဖြည့်ရပါတယ်တဲ့။

ဘရုနိုင်း

Thursday, December 19, 2013

ကမ္ဘာတစ်လွှား ထူးထူးခြားခြားနယ်ခြားစည်းများ


အခု နေခရမ်းတင်ပြပေးမယ့် ပုံလေးတွေက အမြင်ထူးခြားတဲ့ နယ်ခြားစည်းများ
တည်ရှိရာ ဒေသတွေကိုပါ။ နိုင်ငံနယ်စပ်တွေကို ခြံစည်းရိုးကာတာတွေ မှတ်တိုင်
စိုက်ကြတာတွေက ရှိတက်ကြတာပါပဲ။ဒီလိုပုံ နယ်ခြားခြံစည်းရိုးမျိုးကတော့
တော်တော်များများတွေ့တက်ကြပါတယ်။ဥပမာ...တောင်၊မြောက်ကိုရီးယားနယ်ခြား
စသည်ဖြင့်ပေါ့။ဒီပုံကတော့..အီရက်နဲ့ ဆီးရီးယားနယ်ခြားပါ။

အခုတင်ပြမှာက ဒီလိုပုံစံမျိုးမဟုတ်ပဲ ထူးခြားတဲ့နယ်စပ်မျဉ်းတွေကိုပါ။
ဒါကတော့ အီတလီနှင့် ဆွတ်ဇာလန် နယ်ခြားမျဉ်းပါ။

မျဉ်းကိုကျော်လိုက်ရုံနဲ့ နိုင်ငံခြားရောက်ပါပြီ။

ဒီနေရာကတော့....အမေရိကန်နဲ့ ကနေဒါ နယ်စပ်ပါ...

..

..
Free Explode Red - Handwriting Cursors at www.totallyfreecursors.com

လွတ်လပ်စွာပြောဆိုနိုင်ပါသည်..။

HTML Comment Box is loading comments...
လာရောက်လည်ပတ် ကျသည့် အတွက်ကျေးဇူး အထူးတင်ပါသည်ခင်ဗျာ။
Twitter Bird Gadget