Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu


စာပေမြို့ တော်သို့  လာရောက်ကြသူ အပေါင်း ကျန်းမာချမ်းသာ ကြပါစေလို့  ဆုမွန်ကောင်းတောင်းလိုက်ပါသည်ခင်ဗျာ...>>အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ...မန်ဘာဝင်ပြီးအားပေးနော်..။

စာပေမြို့တော်တွင် Member၀င်ရန်

Followers


စာလုံးပြောင်းရန်
အသေး ပုံမှန် +ကြီး ++ကြီး

Tuesday, January 7, 2014

မျက်လုံးကိုအ၀တ်နဲ့ စည်းပြီး လူဆယ်ယောက်ကို တစ်ပြိုင်နက် အနိုင်ယူခဲ့တဲ့ စစ်တုရင်ကစားသမား




အသက် ၂၅ နှစ်အရွယ်သာရှိသေးတဲ့ Timur Gareev ဟာ အီလီနွိုက်စ်ပြည်နယ် ကွတ်ခ်ကောင်တီ အကျဉ်းထောင်မှာ အကျဉ်းသားဆယ်ယောက်နဲ့ ချက်စ်ပွဲ (၁၀)ပွဲကို တစ်ပြိုင်တည်း ကစားခဲ့ပါတယ်ဦးနှောက်ရယ်အမြင်အာရုံရယ် အဓိကကျတဲ့ဒီကစားနည်းမှာ Timur က အမြင်အာရုံကို ဖယ်ရှားပစ်ပြီး သူ့ ဦးနှောက်မှတ်ဥာဏ်တစ်ခုတည်းနဲ့ ဆယ်ပွဲလုံးကို အနိုင်ကစားပြသွားပါတယ်။သူ့ ဘေးနားက အကူတစ်ယောက်ကတော့ ကစားပွဲဆယ်ပွဲ လုံး ကို ကြည့်နေ ရပြီး ဘယ်ချက်စ်ခုံက ဘယ်ချက်စ်ရုပ်ကို ဘယ်အကွက်ကိုရွှေ့ သွားတယ်ဆိုတာ ပြောပေးနေရတာပါ။ သူကတော့ ချက်စ်ပွဲ (၁၀)ပွဲလုံးကို သူ့ ဦးနှောက်ထဲမှာပဲ ပုံစံဖော်ပြီး သူရွှေ့ ချင်တဲ့အကွက်နဲ့ အရုပ်ကို ပါးစပ်ကလှမ်းပြောပြီး ကစားခဲ့တာပါ။ Timur နဲ့ ကစားမယ့်ဆယ်ယောက်ထဲက တစ်ယောက်ကတော့ ဒီလုပ်ရပ်ကိုတော်တော်အထင်သေးနေတယ်လေ။

“ ကျွန်တော့်သူ့ ကို အနိုင်ကစားနိုင်မယ်ဆိုတာ သိတယ်၊ ကျွန်တော်ကခြောက်တန်းထဲက စစ်တုရင်ထိုးလာတာဗျ၊ဘယ်နှယ့် မျက်လုံးမှိတ်ပြီးကစားရတယ်လို့ ၊ကြည့်နေ ကျွန်တော်သူ့ ကို အနိုင်ယူပြမယ်လို့ ” ထောင်မှူးကို လှမ်းပြော လိုက်ပါတယ် ။ သူ့ ထင်သလိုဖြစ်မလာခဲ့ပါဘူး ၊ Timur ကလွယ်လွယ်ကူကူပဲ ဆယ်ယောက်လုံးကိုအနိုင်ယူပြသွားပါတယ်။ ဘယ်လိုကစားခဲ့တာလဲလို့  Timur ကိုမေးကြည့်တော့

“ ဒါဟာအရမ်းစိတ်လှုပ်ရှားစရာကောင်းပြီး သိမ်မွေ့ နက်နဲတဲ့ကစားနည်းပါ။ ခင်ဗျားသာ အတင်းကြိုးစားပြီး ကစားပွဲတိုင်းရဲ့ အကွက်တွေ၊စစ်တုရင်အရုပ် အဆုတ်အတက်တွေကို ခင်ဗျားမှတ်ဥာဏ်ထဲ ဇွတ်လိုက်မှတ်နေမယ် ဆိုရင် တော့ လုံးဝမဖြစ်နိုင်ပါဘူး၊ ကျွန်တော်တို့ ဦးနှောက်မှတ်ဥာဏ်ထဲမှာ အရမ်းလှပနက်နဲတဲ့ လှည့်ကွက်လေးတွေရှိပါတယ်။ဒါကိုအသုံးချတတ်ရင်တော့ ထင်သလောက်မခက်ပါဘူး။ “လို့ ဆိုသွားပါတယ်။

ဒီလုပ်ရပ်ဟာ စတန့် ထွင်ပြီးလုပ်တဲ့ လုပ်ရပ်မဟုတ်သလို အလကားသက်သက်အကျိုးမရှိတဲ့ လုပ်ရပ်လည်းမဟုတ်ပါဘူး။ Timur က သူဒီလို ထောင်သားတွေနဲ့ စစ်တုရင်လာကစားတဲ့အဓိကရည်ရွယ်ချက်ကို အခု လိုပြော သွားပါ တယ်။

“ ဒီမှာရောက်နေတဲ့အကျဉ်းသားတော်တော်များများဟာ တစ်ခဏတာဖြစ်လာတဲ့ သူတို့ ရဲ့ ဒေါသ၊စိတ်မိုက်တွေကို မထိန်းချုပ်နိုင်ခဲ့လို့ ပါ ၊ စစ်တုရင်ကစားနည်းဆိုတာစဉ်းစားဆုံးဖြတ်ဥာဏ်၊ဖြတ်ထိုးဥာဏ် ၊ စိတ်ရှည်သည်းခံနိုင်မှု တို့ ကို အထောက်အကူပေးပါတယ်။ကျွန်တော်သူ တို့ ကို စိတ်ပိုင်းဆိုင်ရာသင်တန်းလာပို့ ချရင် ဘယ်သူမှ စိတ်ဝင်စားကြမှာမဟုတ်ပါဘူး ၊ဒါကြောင့် စစ်တုရင်ကစားပြီးပဲ သူတို့ ကို သင်ပေးလိုက်တယ် “

၂၀၁၃၊မေလ ကတင် Timur Gareev ဟာ စိန့် လူးဝစ်စ် မြို့ မှာ မျက်လုံးကိုအ၀တ်နဲ့ စည်းပြီး လူ ၃၃ ယောက်ကို တစ်ပြိုင်တည်း စစ်တုရင်ကစားပြခဲ့ရာ ၂၉ ယောက်ကို အနိုင်ရရှိပြီး ၄ ယောက်ကိုသရေကျသွားခဲ့ပါတယ် ။ အခု သူဟာ ကမ္ဘာ့ စံချိန်တင်ဖို့ အတွက် လူငါးဆယ်နဲ့ တစ်ပြိုင်တည်း စစ်တုရင်ထိုးဖို့ လေ့ကျင့်နေပါတယ်တဲ့ ။

No comments:

Post a Comment

ဝေဖန်အကြံပြုပေးသွားပါဦး။
(သင်၏ Comment တစ်ခုဟာ စာရေးသူအတွက် ဆေးတစ်ခွက်ပါ။)

..

..
Free Explode Red - Handwriting Cursors at www.totallyfreecursors.com

လွတ်လပ်စွာပြောဆိုနိုင်ပါသည်..။

Comments

Not using Html Comment Box  yet?

No one has commented yet. Be the first!

rss
လာရောက်လည်ပတ် ကျသည့် အတွက်ကျေးဇူး အထူးတင်ပါသည်ခင်ဗျာ။
Twitter Bird Gadget
w
a
y
K
a
Z
y
a
T
e
Y