ဟော..မြူနှင်းအမှောင်ထုထဲမှာဝါကျင့်ကျင့်မီးတစ်စုံပေါ်လာပြန်ပါပြီ။ ထိုဝါကျင့်ကျင့်မီးအစုံက ကျွန်တော့်ဆီသို့ ဦးတည်လာနေပါတယ်။ ယခင်နည်းအတိုင်း လက်နှိပ်ဓာတ်မီးရောင်ဖြင့် ဝှေ့ယှမ်းပြလိုက်သည်။ ကျွန်တော့်ဆီဦးတည်ပြီး လာနေသော ၀ါကျင့်ကျင့် မီးအစုံကားလေးမှာ ကားဆိုရုံလောက်သာ ရှိပေသည်။ ညစ်ပတ်စုတ်ပြတ်နေပြီး အိုနာကျိုးကန်း ချုံးချုံးကျနေသောကားတစ်စီဖြစ်ပေသည်။ ထိုကားလေးသည် တစ်နာရီ လေးမိုင်နှုန်းခန့် ပုံမှန်ရွေ့လျှားလာလေသည်။ ထိုကားလေးမှာ ကျွန်တော့ အနီးရောက်မှပို၍ ပင်နှေးသွားသညါဟု ထင်ရပေသည်။ ဘယ်လောက်နှေးသလဲ ဆိုရင် ကျွန်တော် ခပ်သွက်သွက်လျှောက်ရင်တောင် မှီလောက် ပါသည်။ သို့သော် ရပ်မည်ဆိုသော အချက်ပြမီးမပြ ။ `ဟေးးးးးးး´ ကျွန်တော် သံကုန်အော်လိုက်သည်။ ကျွန်တော် ဇော ကပ်နေမိ၏။ ယခုတစ်ခါလက်လွတ်ခံ၍ မဖြစ်ပေ။ ထို့ကြောင့် ကျွန်တော် ကား၏ တံခါးလက်ကိုင်ကို မိမိရရ ဆွဲကိုင် လိုက်ပြီး ဖွင့်လိုက်သည်။ တပြိုင်နက်ထဲမှာပင် ဘေးလွယ်အိတ်ကို ပစ်တင်ပြီး ကျွန်တော်ကိုယ်တိုင်လည်း ကားထဲကို ပစ်ဝင်လိုက်သည်။ ရွေ့လျှားနေသောကားတစ် စီးပေါ်တက်ဖို့ မလွယ်ကူပေမယ်. ဤကားမျိုးကြတော့ ကျွန်တောစွမ်းဆောင်နိုင်ခဲ့ပြီလေ။ ကျွန်တော့် ရဲ့ဘေးလွယ်အိတ်ကို ပေါင်ပေါ်တင်ကာ အကျအန ထိုင်ပြီးမှဒရိုင်ဘာ ဘက်ကိုလှည့်ပြောလိုက်တယ်။ `ကားဆရာ ရေ ကျွန်တော်ဒီကနေ ခုနှစ်မိုင်…မိုင်…..
ကျွန်တော် စကားဆက်ပြော၍မရတော့..အသံတိမ်ဝင်သွားပြီး မျက်လုံးအပြူးသား ပါးစပ်အဟောင်းသား ငုတ်တုတ် တောင့်တောင့်ကြီး ဖြစ်သွားခဲ့တယ်။ အင်္ကျီလည်ပေါက်ပိုကျဉ်း လာသလိုခံစားရပြီး လည်ပင်းအစ်လာသည်ဟု ထင်မှတ်သဖြင့် တုန်ရီနေသောလက်ဖြင့် အင်္ကျီလည်ပင်းပေါက်ကို ဆွဲတင်နေမိသည်.။ ကျွန်တော်ထိန်ထိန့်ပြာပြာ တုန်လှုပ်မိပြီး ချွေးတွေလည်း ရွှဲစိုနေပေသည်။ စကားပြောလို့လည်းမရတော့ ။ ဒရိုင်ဘာထိုင်ခုံမှာလူမရှိ ။ ကားကတော့ ရွေ့လျှားမြဲရွေ့လျှားနေပေသည်။ `အမလေး…သရဲ..သရဲ..´ နှစ်မိနစ်ကြာလောက်မှ ကျွန်တော့် လျှာလည်းလှုပ်ရှားနိုင်လာပြီး ရေ၇ွတ်လိုက်မိတယ်။ ဒါပေမယ့် အကြောတွေဆိုင်းပြီး မလှုပ်နိုင်သေး ။ ဒရိုင်ဘာလည်းမပါ အင်ဂျင်သံကမနိုး၊ကားကလည်း အကွေ့ အကောက်မရှိတဲ့လမ်းမှာ ရှေ့တည့်တည့်ကြီးရွေ့နေပေသည်။ နှစ်နာရီနီးပါးလောက်ကြာတော့ ဆင်ခြေဖုံးရပ်ကွက်လေးကို နှငိးထုကြီးထဲကနေဖောက်ထွက်ပြီး မြင်လိုက်ရသည်။ ရှေ့နားတွင်ကားလမ်းနှင့်ရထားလမ်းဆုံရာ နေရာတစ်ခုရှိလေသည်။ ရုတ်တရတ်ကျွန်တော် သတိထားလိုက်မိသည်။ ။ ထိုအချိန်တွင် ရထားလာလေပြီ်ီ။ ကားလေးမှာရပ်တော့မယ့်ပုံမပြသေး ။ရထားကြီးက သြဥသံကျယ်ကျယ်လောင်လောင် မြည်ပြီးလာနေလေပြီ။
ကျွန်တော်တုန်တုန်ယင်ယင် အသည်းတထိန့်ထိန့် နဲ့ တံခါးလက်ကိုင်ကိုစမ်းလိုက်လေသည်။ ကားထဲကအမြန်ခုန်ထွက်မှ ရတော့မည်။ ကားလေးကလည်းရထားသံလမ်းအပေါ်စက်န့်ပိုင်းအတွင် ရောက်တော့မယ်။ ရထားကြီးကဒေါနှင့်မောနဲ့ မာလေပြီ။`ဟာတံခါးလက်ကိုင်ဘယ်ရောက်နေလဲကွာ´ စမ်းလို့မတွေ့ပေ။ ထိုစဉ် ကားတံခါးက ရုတ်တရတ် ထက်ဝက်ပွင့်သွားလေသည်။ ပွင့်နေသောတံခါးပေါက်မှ လက်ကြီးတစ်ဖက် ၀င်လာပြီး လက်ကိုင်ဘရိတ်ကိုဆွဲလိုက်ခြင်း ဖြစ်သည်။ ကျွန်တော် သတိလစ်မတတ်ငုတ်တုတ်ကြီး ကြက်သေ သေသွားလေသည်။ ခဏအကြာ မှကားထဲကနေ ကျွန်တော် ဘယ်လို ဘယ်ပုံခုန်ထွက်လိုက်သည်မသိ သတိထားမိချိန်မှာ ကားဘေးနားသို့ရောက်နေလေပေသည်။ ရထာကြီးအော်ဟစ်ဟားတိုက် ကျောလွန်သွားပေသည်။ ကျွန်တော်ရင်တွေတုန်နေဆဲ.. ဇဝေဇ၀ါနှင့်ရှုပ်ထွေးနေပေသည်။ `အမလေး ဗျ´ ထိုအခိုက်မှာ .. ကားလေး၏ နောက်ဖက်မှ မျက်မှန်နှင့်လူတစ်ယောက်ကျွန်တော့်ဆီလျှောက်လာပြီး အားတက်သရောကြီးပြောလိုက်သောကြောင့် ကျွန်တော် လက်ဖ၀ါးနဲ့ ကိုယ့်နဖူးသာကိုယ် ပြန်ရိုက်မိပါတော့သည်။ မျက်မှန်နှင့် ကားစုတ်ပိုင်ရှင်က ယခုလိုပြောလိုက်သောကြောင့် ဖြစ်ပေသည်။ `တဆိတ်လောက်ကူညီပါဗျာ ကျွန်တော့်ကားကို ကူတွန်းပေးဖို့ပါ …ကားပျက်သွားတာနဲ့တွန်းလာရတာ ရှစ်မိုင်လောက်ကတည်းကဗျ အနီးဆုံးကားဝပ်လျှော့ကိုပို့မယ်ဆိုပြီး တွန်းလာတာ ကျွန်တော့ ကိုကူတွန်းပေးပါနော်။´ တဲ့ တေစမ်းကွာ။ ( ဟင့်!..ရယ်ကြနဲ့နော်)
By -Ye Tay Za Kyaw(ကာရံငယ်)*
No comments:
Post a Comment
ဝေဖန်အကြံပြုပေးသွားပါဦး။
(သင်၏ Comment တစ်ခုဟာ စာရေးသူအတွက် ဆေးတစ်ခွက်ပါ။)