ဥပမာ။ ။ ယောင်္ကျား အင်္ဂါသား၊ မိန်းမ ကြာသာပတေးသမီး
၃ + ၅ = ၈
၈ + ၂ = ၀ ကြွင်း၏။
ထို့ကြောင့် ထိုအိမ်ထောင်ဖက်နှစ်ဦး၏ ပထမကလေးမှာ မိန်းကလေးဖြစ်နိုင်ပေသည်။ ဒုတိယကလေးကိုတွက်လိုသောအခါ၊
မိခင်၏မွေးနံနှင့် ပထမကလေး၏မွေးနံကို ပေါင်းရ၏။
ဥပမာ။ ။ ပထမကလေးမှာ ဗုဒဟူးသမီးဖြစ်၏။ မိခင်မှာ ကြာသပတေးဖြစ်၏။
ထို့ကြောင့် ၄ + ၅ = ၉
၎င်းရလာဒ်ကို (၂)ဖြင့်စားသော် (၁)ကြွင်း၏။
ထို့ကြောင့် ဒုတိယကလေးမှာ ယောင်္ကျားလေးဖြစ်လိမ့်မည်။
အိမ်ဆောက်(လ)ရွေးနည်း
ကဆုန်လကား ဆန်စပါး ပေါများကြွယ်ဝလှ။
ဝါခေါင်လမှာ ဆောက်လေပါ ချမ်းသာမြတ်သုခ။
နတ်တော်လတွင် အိမ်ဆောက်လျှင် ထင်ပေါ်ကျော်စောစွ။
ပြာသိုလမှာ လူတကာ များစွာချီးမွမ်းရ။
တပေါင်းလ၀ယ် ချမ်းသာကြွယ် ဆောက်ဖွယ် ခြောက်လ။
yetayzakyaw528.blogspot.com/ (ကာရံငယ်)
No comments:
Post a Comment
ဝေဖန်အကြံပြုပေးသွားပါဦး။
(သင်၏ Comment တစ်ခုဟာ စာရေးသူအတွက် ဆေးတစ်ခွက်ပါ။)