Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu


စာပေမြို့ တော်သို့  လာရောက်ကြသူ အပေါင်း ကျန်းမာချမ်းသာ ကြပါစေလို့  ဆုမွန်ကောင်းတောင်းလိုက်ပါသည်ခင်ဗျာ...>>အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ...မန်ဘာဝင်ပြီးအားပေးနော်..။

စာပေမြို့တော်တွင် Member၀င်ရန်

Followers


စာလုံးပြောင်းရန်
အသေး ပုံမှန် +ကြီး ++ကြီး

Thursday, December 12, 2013

လေယာဉ်ခရီးစဉ်အတည်ပြုခြင်း

လေယာဉ်နဲ့ ခရီးသွားတဲ့အခါ မိမိနိုင်ငံမှာဘဲ ခရီးသွားကုမ္ပဏီကို တယ်လီဖုန်းဆက်ပြီးတော့ လက်မှတ်ဝယ်ရ ပါမယ်။ အဲဒီအပိုင်းကိုတော့ ကိုယ့်ဘာသာစကားနဲ့ ပြောနိုင်မှာဖြစ်တဲ့အတွက်ကြောင့် ထည့်မရေးတော့ပါဘူး။ အင်္ဂလိပ်စကားပြောတဲ့နိုင်ငံဘက်ကို ရောက်လာပြီးချိန်မှ လေယာဉ်ခရီးစဉ်ပြောင်းဖို့ လိုအပ်လာပြီ ဆိုရင်တော့ အင်္ဂလိပ်လို ပြောဖို့ဆိုဖို့ လိုလာနိုင်ပါတယ်။ အခြားနိုင်ငံမှာလည်း မိမိဘာသာစကားကိုပြောတတ်တဲ့လူတွေ ရှိဖို့ များပါတယ်။ ဒါပေမယ့် လိုလိုမယ်မယ် လေယာဉ်နဲ့ခရီးသွားတဲ့အခါ အသုံးပြုနိုင်မယ့် အထွေထွေ အကြောင်းအရာတွေကို အခု ဖော်ပြသွားပါမယ်။

အချို့လေကြောင်းလိုင်းတွေက လေယာဉ်ခရီးစဉ်ထွက်ခွာမယ့် နေ့စွဲမတိုင်ခင် ရက်အနည်းငယ်လောက် ကြိုတင်ပြီးတော့ အတည်ပြုချက်ယူဖို့ သတ်မှတ်ပါတယ်။ အဲဒီနေရာမှာ သူတို့က မေးလာနိုင်တဲ့ စကားတွေ၊ ပြန်ပြောဖို့လိုအပ်မယ့်စကားတွေကို အခုဖော်ပြလိုက်ပါတယ်။

You: "I would like to confirm my flight." လေယာဉ်ခရီးစဉ်ကိုအတည်ပြုချင်လို့ပါ။)
Them: "Can I get your ticket number?"
(လက်မှတ်နံပါတ်သိပါရစေ။)
You: "The number is 45-6-43." 
(နံပါတ်ကတော့ ၄၅၆၄၃ ဖြစ်ပါတယ်။)
Them: "You are scheduled to depart on June 15th at 1:00 pm. Is this correct?"
(ဇွန်လ ၁၅ ရက်နေ့ နေ့လည်တစ်နာရီ ထွက်မယ် ဟုတ်ပါသလား။)
You: "Yes it is." 
(ဟုတ်ပါတယ်။)
Them: "Is anybody else traveling with you?" 
(အတူတူခရီးသွားမယ့်သူရှိပါသလား။)
You: "Yes, my wife." 
(ရှိပါတယ်။ ကျွန်တော့်အမျိုးသမီးပါ။)
Them: "Can I have the other ticket number?" 
(အခြား လက်မှတ်ရဲ့နံပါတ်ကိုရောသိရမလား။)
You: "It is 45-6-44." 
(၄၅၆၄၄ ဖြစ်ပါတယ်။)
Them: "Your tickets have been confirmed. Please arrive at the airport 3 hours before your flight departs. Thank you for calling." (လက်မှတ်ကို အတည်ပြုလိုက်ပါပြီ။ လေယာဉ်ခရီးစဉ်ထွက်ခွာမယ့် အချိန်မတိုင်ခင် ၃ နာရီ ကြိုတင်ပြီးတော့ လေဆိပ်ကို ရောက်စေချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။)
အခြား မေးလာနိုင်တဲ့မေးခွန်းအချို့ကတော့ လေဆိပ်ကောင်တာမှာကြားရတတ်တဲ့ မေးခွန်းတွေနဲ့ ဆင်တူပါတယ်။

  • "Would you like to book your seats now?" (ထိုင်ခုံတွေကို ဘွတ်ကင်လုပ်ချင်ပါသလား။)
  • "Would you like a window seat or an aisle seat?" ( ပြတင်းပေါက်ဘက်ထိုင်ခုံလိုချင်ပါသလား။ ဒါမှမဟုတ်ရင် လျှောက်လမ်းဘက် ထိုင်ခုံလိုချင်ပါသလား။)
  • "What is your ticket number?" (လက်မှတ်နံပါတ်ဘယ်လောက်ပါလဲ။)
  • "What is your last name?" (မိသားစုအမည် last name ဘယ်လိုခေါ်ပါသလဲ။)
  • "What is your first name?" (ပထမအမည် first name ဘယ်လိုခေါ်ပါသလဲ။)

No comments:

Post a Comment

ဝေဖန်အကြံပြုပေးသွားပါဦး။
(သင်၏ Comment တစ်ခုဟာ စာရေးသူအတွက် ဆေးတစ်ခွက်ပါ။)

..

..
Free Explode Red - Handwriting Cursors at www.totallyfreecursors.com

လွတ်လပ်စွာပြောဆိုနိုင်ပါသည်..။

HTML Comment Box is loading comments...
လာရောက်လည်ပတ် ကျသည့် အတွက်ကျေးဇူး အထူးတင်ပါသည်ခင်ဗျာ။
Twitter Bird Gadget