Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu


စာပေမြို့ တော်သို့  လာရောက်ကြသူ အပေါင်း ကျန်းမာချမ်းသာ ကြပါစေလို့  ဆုမွန်ကောင်းတောင်းလိုက်ပါသည်ခင်ဗျာ...>>အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ...မန်ဘာဝင်ပြီးအားပေးနော်..။

စာပေမြို့တော်တွင် Member၀င်ရန်

Followers


စာလုံးပြောင်းရန်
အသေး ပုံမှန် +ကြီး ++ကြီး

Wednesday, December 11, 2013

`ဒီလိုခေါ်လိုက်ပါ´(ဟာသ...ရှု့ထောင့် (၄))

   ပိုးအိမှာခေါင်ခဏဏကုတ်နေပေသည်။ နဖူးတွင်လည်း ချွေးများသီးနေပြီ ။ သူမစာမေးပွဲဖြေဆိုနေခြင်းဖြစ်သည်။ စာဖြေချိန်တစ်နာရီ နီးပါးရှိသည်အထိ အဖြေလွှာထဲမှာ ဟုတ်တိပတ်တိ စာဟူ၍မရှိပေ။ ညကမိမိကျက်ထားတဲ့ စာများနဲ့ ယခုမေးခွန်းထဲ့မှ စာများက တစ်ခြားစီ။ အောင်မှတ်ပြည့်မှီရန်ပင် မလွယ်လှသေး။ `ကျွတ်..ဘယ်လို့လုပ်ရမလဲ ညဉ်းတွားရင်း ဘေးဘီဝဲယာသို့ အကဲခတ်လိုက်လေသည်။ ပိုးအိနှင့်တစ်ခုံတည်းဖြေနေတဲ့ကောင်လေးက စာရဟန်တူသည်။ ခေါင်းမဖော်တန်း ကုန်းပြီးဖြေနေပေသည်။ `ဒီနှစ်ကျရင်တော့ ရှက်စရာကြီး´ ပိုးအိစိုးရိမ်လာလေသည်.။ မတတ်သာသည့်အဆုံး၌ အခန်းစောင့်သည့် ဆရာမခပ်လှမ်းလှမ်း အရောက် ပိုးအိ စတင်လှုပ်ရှားလိုက်လေသည်။ `ဟိတ်ကောင်လေး ငါ့ကိုစာနည်းနည်းလောက်ပြစမ်းပါ´ ကောင်လေးမှာတစ်ချက်ခေါင်းမော့ကြည့်ကာ ပုံမှန်အတိုင်း ပြန်၍ပင် ငုံ့ပြီးဖြေနေလေသည်။ `ဟဲ့..နင့်ကိုပြောတာ ´ ခပ်တိုးတိုးလှမ်းပြောလိုက်သည်။ ကောင်းလေးက လှည့်ပြီးလက်ခါပြတယ်။ `ဟွန်းတိုလိုက်တာ´ ပိုးအိစိတ်ထဲကမကျေမနပ်ရေရွတ် လိုက်သည်။          
ထိုအချိန်တွင်ဆရာမတစ်ဦး သူမဆီသို့လျှောက်လာသဖြင့် အသာငြိမ်နေလိုက်ရပြန်သည်။ တစ်ဖန်ဝေးသွားကာမှ.. `ဟိတ်ကောင်လေး ငါမရလို့ပါဟ´ ဒီတစ်ခါတော့ကောင်လေးက
စာရေးတာကိုရပ်လိုက်ပြီး `မောင်လို့ခေါ်ရင်ပြမယ်လေ အဟဲ´ `အောင်မယ်…အကောင်က အလာကြီးပဲ၊ အပြင်မှာသာဆိုရင် ပါးကွဲသွားအောင်ရိုက်ပစ်တယ်။ ´ဟုစိတ်ထဲက တွေးရင်းပိုးအိချဉ်သွားလေသည်။ ရည်စားတောင်မထားဘူးသေးတဲ့ အပျိုလေးကိုများ သူများကိုမောင်လို့တော့ မခေါ်နိုင်ပေါင် ။ ပိုးအိစိတ်ထဲကတွေးနေပေ သည်။ ထိုကောင်လေးကတော့ ပြောပြီး ဆက်ဖြေနေလေသည်။ `ဟွန်း..တော်တော်ဖြေကောင်းနေတဲ့ပုံပဲ မနာလိုလိုက်တာ´  လက်မှ နာရီကိုကြည့်လိုက်သော်ဖြေချိန်ပြည့်ဖို့        (၁၅ မိနစ်) သာလိုတော့တယ်။ `စိတ်ညစ်လိုက်တာနော် ဘာလုပ်ရမှန်းမသိ´စာမေးပွဲကျလို့လဲမဖြစ် `ကဲ..မထူးပါဘူးလေ သူ့ခေါ်ရတာ အသားပဲ့ပါသွားတာမှမဟုတ်တာ ..စာမေးပွဲကိုတော့ အကျမခံနိုင်ဘူး.. ´ ပိုးအိစိတ်ပိုင်းဖြတ်ကာ.. `ကဲကဲမောင်´ ကောင်လေးမှာမကြား၍လား နားအရသာ ခံနေတာလားမသိ တစ်ချက်မျှပင်လှည့်မကြည့်ပေ။ `ဟောတော့ …မောင်ပါဆိုဟာ´ ကောင်လေးက စပ်ဖြီးဖြီနဲ့ လှည့်ကြည့်ပြီး `ဘယ်လိုကြီးလဲဗျ စာပြချင်အောင်ခေါ်မှပေါ့´  ပိုးအိနူတ်ခမ်းမဲ့သွားလေသည်။ ခုမှတော့မတတ်နိုင်တော့။   `မောင်ရယ် စာလေးပြစမ်းပါ´ ခေါ်ပြီးမှ ကိုယ့်အသံမှာ ချွဲ့နွဲ့လွန်သွား ပြီဟုတွေးမိကာ ပိုးအိမျက်နှာလေးမှာ ရဲထွက်သွားလေသည်။  ထုအခါသူကောင်းသားလးရဲ့ ရယ်ကျဲကျဲပြန်ပြောလိုက်တဲ့ စကားကြောင့် ပိုးအိမှာဒေါသများတလိပ်လိပ် တက်ကာ `တဟင်း..ဟင်း´ ဖြင့်စာဖြေခန်းထဲမှ အပြီးထွက်ပလိုက်ပါလေသည်။  ကောင်လေးပြောလိုက်တာက… `အို့…..မောင်လည်းစာမရတာနဲ့ သီချင်းတွေထိုင်ရေးနေတာ ခင်ရဲ့´ တဲ့လေ….။ ကောင်းရော…။……


No comments:

Post a Comment

ဝေဖန်အကြံပြုပေးသွားပါဦး။
(သင်၏ Comment တစ်ခုဟာ စာရေးသူအတွက် ဆေးတစ်ခွက်ပါ။)

..

..
Free Explode Red - Handwriting Cursors at www.totallyfreecursors.com

လွတ်လပ်စွာပြောဆိုနိုင်ပါသည်..။

HTML Comment Box is loading comments...
လာရောက်လည်ပတ် ကျသည့် အတွက်ကျေးဇူး အထူးတင်ပါသည်ခင်ဗျာ။
Twitter Bird Gadget