Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu


စာပေမြို့ တော်သို့  လာရောက်ကြသူ အပေါင်း ကျန်းမာချမ်းသာ ကြပါစေလို့  ဆုမွန်ကောင်းတောင်းလိုက်ပါသည်ခင်ဗျာ...>>အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ...မန်ဘာဝင်ပြီးအားပေးနော်..။

စာပေမြို့တော်တွင် Member၀င်ရန်

Followers


စာလုံးပြောင်းရန်
အသေး ပုံမှန် +ကြီး ++ကြီး

Thursday, December 5, 2013

`နွားတင်းကုတ်သူရဲကောင်းလေးကျွန်တော်နှင့်ပြေးခဲ့ရသည့်ည´(၀တ္ထုတို)

ရွာတစ်ရွာတွင် ကာရံ ဆိုတဲ့ လူငယ်လေးတစ်ယောက်ရှိတယ်။ ထိုအချိန်က ကျွန်တော်၁၈
နှစ်သားအရွယ်ဆိုတော့ တစ်မျိုးလှပြီး ပိုးထနေတဲ့ အချိန်ပေါ့။ထိုနံနက်က ကျွန်တော်နွားစာကျွေးပြီးသည်နှင်. နွားတဲ၏ တစ်ဖက် ကျွန်တော်၏အခန်း အဖီလေးထဲတွင် မှန်တစ်ချပ်နှင့် ခေါင်းလိမ်းဆီကို စိတ်ကြိုက်လူးပြီး
ဘိုကေကိုသနေပါ့သည်။ ကျွန်တော် နွားတဲထဲမှာနေနေ ရတဲ့ အကြောင်းကလဲ ညစဉ်ညတိုင်း ရွာရိုးကိုးပေါက် လျှောက်သည်။ ကာလသားကြီးများနှင့်လည်း ဟိုရွာသွားလိုက် ဒီရွာသွားလိုက်လူပျိုလှည့်လိုက်ရာ အချိန်မတော်မှ
အိမ်ကိုပြန်လာပြီး တံခါးဖွင့်ခိုင်းတာကြောင့် တစ်အိမ်သားလုံးနိုး၊ အိပ်ရေးပျက်သည့် ဒုက္ခကို
မခံနိုင်တော့တာကြောင့် နွားတင်းကုတ်သို့နှင်လိုက်ရာ အိမ်နိမ့်စံကိုတော်လေး ဘ၀သို့ လျှောကျသက်ဆင်းခဲ့ရသည်။

            *ကျွန်တော် ဘိုကေသနေသည်ကို ခြံထဲမှာ တံမြက်စီးလှဲနေသောကျွန်တော် ၏ဘကြီးဖြစ်သူ
ဦးဘညွှန့်က မြင်သွား၍မျက်နှာမဲ့ပြီး မျက်စောင်းထိုးသွားသည်။ သူဘယ်လိုပင် အမြင်မကြည်လင်သော်လည်း
ကျွန်တော်၏လုပ်ရပ်ကားရပ်မယ်မဟုတ်။ ကျွန်တော်အကျီင်္လဲနေစဉ်မှာပင်…………..


`ကာရံ….ကာရံ…ဟေ့ …..ကာရံ ´ ကျွန်တော့်၏နာမည်ကိုခေါ်ကာ အိမ်ပေါ်သို့မော်ကြည့်နေသော တေဇ
ကိုတွေ့လိုက်ရသည်။ `တေဇ..ငါနွားတဲ မှာ လာလာ..လာ´ ဂုဏ်ယူဝံ့ကြွားစွာ နွားတဲ့မှ ကျွန်တော်လှမ်းအော်
လိုက်ပါလေသည်။. ကျွန်တော် ရဲ့ခေါ်သံကြောင့် ကျွန်တော့်ဆီသို့ လျှောက်လာပြီး.။ `ဟ…မင်းက …ကေသနေတယ်ပေါ့လေ …ဘယ်ကိုသွားမလို့လဲကွ´

`ဘာလုပ်မလို့လဲ… ကွ..ဘာအကြောင်းများထူးလာလို့လဲ´ `ထူးလို့ မင်းဆီလာခဲ့တာပေါ့ကွ´

`ဟိုဘက်ရွာက.. `လှိုင်´ဆိုတဲ့ ကောင်မလေးကို သိတယ်မလား။´

`ဟ..သိတာပေါ့ကွ´

`ဟေ့တောဖားနှစ်ကောင် ဘာတွေတိုင်ပင်နေကြတာလဲကွ´

ကျွန်တော်တို့နှစ်ယောက် နွားတဲတွင် စကားကောင်းနေစဉ်၊ ကျွန်တော်တို့ အပေါင်းအသင်းတစ်သိုက် ကို
မျက်ကျောတင်းနေသော ဘကြီး ဦးဘညွန့်က လှမ်းအော်လိုက်သည်။

ဘကြီးအသံကို ကြားတော့ ကျွန်တော်လှမ်းပြောလိုက်တယ်`အဟီး….ဘကြီးရာ ကျွန်တော်တို့ လူငယ်သဘာဝ..
ဟိုစကားဒီစကားပေါ့´ `မင်းတို့လူငယ်သဘာဝကလည်း ၀`၀´ နိုင် လွန်းတယ်ကွာ..´

ဘကြီးသည်ထိုသို့ပြောပြီးသည်နှင့် ခြံထဲတွင် တံမြက်စီး လှည်းနေပြန်သည်။

`ကောင်းခန်းရောက်မှ… ကဲဆက်ပြော´ `ငါသူ့ကို ခိုးမယ်ဆိုပြီးသူနဲ့  ချိန်းထားတာကွ´

`အဲ့ဒါ့မင်းကို အကူအညီလာတောင်းတာ .. ငါတစ်ယောက်တည်း မသွားရဲလို့ကွ သူ့တို့ရွာထိပ်က ညောင်ပင်မှာ
သရဲရှိတယ်လို့ ငါကြားဖူးတယ်.. ´ `ဟား…ဒါမျိုးဆိုတိုက ကူညီပြီးသား ဟဲဟဲ ..ဒါနဲ့ ဘယ်အချိန်သွားမှာလည်း´
`နောက်လပြည့်နေ့ သန်းကောင်ယံ 12:00 တိတိ ချိန်းထားတယ် ..´ ကာရံ ကျက်သိန်များထသွားလေသည်။
`ဘုရားရေ´ မျက်လုံးပြူးမျက်ဆံပြူး ဖြင့် ဘုရားတလိုက်သည်။

`ဘာလဲမလိုက်တော့ ဘူးလား´ `နည်းနည်းစောလို့ရဘူးလား… မင်းဟာက 12နာရီတိတိကြီး
..ငါကြောက်တယ်ကွ..ဟီးးးး´

သို့နှင့်  တေဇက နပူနစာ လိုက်ရန်ခေါ်နေသောကြောင့် နွားတင်းကုတ်မှ ကျွန်တော်
ရာထူးတိုးကာသူရဲကောင်းအဆင့် ဖြင့် ကူညီပေးရပေတော့မည်။

လပြည့်နေည လရောင်အောက်တွင် ကာရံ နှင့် တေဇ တို့သူငယ်ချင်းနှစ်ယောက် `လှိုင်´
ဆိုသောကောင်မလေး နေရာ ရွာ ဘက်သို့ လှည်းလမ်းကြောင်း အတိုင်းခပ်သုတ်သုတ်လျှောက်လာလေသည်.။
တေဇသည် နှစ်တောင်ခန့်ရှိသော တုတ်တစ်ချောင်းကို ကိုင်ထားပြီး ကာရံက သူ၏သွားရာ ကို့ယို့ကားယား
သယ်လေရှိသော ဘေးလွယ်အိတ်တစ်လုံးကို လွယ်ထားသည့်အပြင် ဘာမှမပါပေ။

မိုးဦးကျချိန်ဖြစ်၍ မြေသင်းရနံ့လေးများ သင်းသင်းပျံပျံ မွှေးနေလေသည်။ မိုးဦးလေပြေ နုနုလေးများက ဝှေ့
ဝဲတိုက်ခတ်လာသောကြောင့် ချမ်းစိမ့်စိမ့် ဖြစ်လာသည်။ တိမ်လွှာမည်းတချို့က လရောင်ကိုဖုံးလိုက်သောအခါ
အမှောင်ရိပ်ပါးပါးက လွှမ်းခြုံသွားပြန်သည်။ `လှိုင်´ ရဲ့ ရွာထိပ်ကိုရောက်တော့ တေဇ နာရီကို
ကြညိ့်လိုက်လေသည်။ `11း 45 တောင်ရှိပြီ 12 နာရီထိုးတော့မယ် ကွ´

တောင်ကြည့်မြောက်ကြည့် နှင် နှစ်ယောက်သား ခပ်သုတ်သုတ် ရွာထဲသို့ဝင်ခဲ့ကြသည်။    ၀ါးတစ်ပြန်ခန့်
အကွာတွင် အုံ့မှိုင်းနေသောညောင်ပင်ကြီး တစ်ပင်ကိုတွေလိုက်ရသည်။ ထိုစဉ်ညောင်ပင်၏
အနိမ့်ဆုံးဟုထင်ရသည့် အကိုင်းတွင် မဲမဲသဏ္ဍန် သတ္တ၀ါကြီးက စောင့်ကြောင့်ထိုင်
အနေအထားဖြငိ့ထိုင်နေပေသည်။  `ကာ..ကာ..ကာရံ…ဟို..ဟို..မှာ ဘာကောင်ကြီးလဲမသိဘူး´   တေဇကြောက်ကြောက်လန်းလန့်နှင့် ကာရန် ကို လက်ညိုးထိုးပြလိုက်တယ်။
`ဟာ..ဟုတ်တယ်ကွ..ဘာကောင်ကြီ်းလည်းမသိဘူး ငါတို့ကိုကြည့်နေတယ်´  ထိုသတ္တ၀ါ မည်းမည်းကြီးမှာ
ကျွန်တော်တို့နှစ်ယောက်ကို သူ၏မျက်လုံးနီနီကြီးများ ဖြင့်စိုက်ကြည့်နေသည်မှာ အမှန်ပင်။ `ငါ..ငါ..ငါတို ရွာထဲ
ကိုဘယ် လို..ဆက်သွား…ရ..ရ မှာလဲ´ တေဇသည် အသံတုန်ရီနေသော သူ၏နူတ်ဖျားတစ်စုံနှင့် ကျွန်တော့်ကို
အားကိုးတကြီး မေးလိုက်တယ်။ ကျွန်တော်လည်းကြောက် တာပေါ့။ ဒါပေမယ့် သူရဲကောင်း လေးကျွန်တော့်ကို
အားကိုးတကြီးခေါ်လာတော့လည်း  …ဟီး။ တေဇကတော့ကြောက်ကြောက်ဖြင့် သူ၏တုတ်ကို
ကျစ်ကျစ်ပါအောင်ဆုတ်ထားလေသည်။ ထိုသတ္တ၀ါကတော့ ကျွန်တော်တို့နှစ်ယောက်ကို
သူ၏မျက်ထောက်နီကြီးများနှင့် သေသေချာချာကြည့်နေပေသည်..။ ထိုအခါကျွန်တော်က သူရဲကောင်းပီပီ
လွယ်အိပ်ထဲမှ အသင့်စောင်ထားသော  လက်ဆွဲတော် လေးဂွနှင့် လောက်စာလုံး
သုံးလုံးလောက်ကိုထုတ်လိုက်တယ်။ ကျွန်တော့်၏လောက်စလုံးသည် နယ်နယ်ရရ လောက်စလုံးမဟုတ်ပေ။
သင်္ကြန်အပြီး နှစ်ဆန်းတစ်ရက်နေ့တိုင်း  ရွာတွင်ပရိတ်ရွတ်သည့်အခါ ပရိတ်ပွဲ ထဲတွင် ထည့်ထားပြီး ပြန်ယူထားသောလောက်စာလုံး ပင်ဖြစ်သည်။ ကျွန်တော်၏လုပ်သမျှကို တေဇက အားကိုးတကြီးနှင့် ကြည့်နေပုံ
မှာ သနားစရာပင်ကောင်းလှပေသည်။ ကျွန်တော်သေသေချာချာ လေးဂွကိုချိန်ပြီး
ထိုမဲမဲကောင်ကြီးကိုပစ်လိုက်ရာ `


`အိမ်းး…..၀ုန်…၀ုန်းး´  ဆိုးဝါးစွာထွက်ပေါ်လာသောအသံမှာ တစ်ရွာလုံးနီးပါး ကို ဟိန်းထွက်သွားပြီး
ထိုမဲမဲကောင်ကြီးလည်းပျောက်ကွယ်သွားပေသည်။  အောင်နိုင်သူကြီးပီပီ ကျွန်တော် အားရပါးရ
ရယ်မောလိုက်ပေသည်။ ..`ဟားဟား..ဟား..ဟား ဘယ်ရမလဲ ကွ ကာရံတဲ့ မှတ်ထား´
ကျွန်တော်နှင့်အတူတေဇလည်း ပျော်သွားခဲ့ပေသည်။ `ကဲဆက်သွား ကြတာပေါ့´ ပြောပြောဆိုဆိုနှင့်
ကျွန်တော်တို့ ရွာထဲဆက်ဝင် မည်အလုပ် .ရွာထဲမှအိမ်တိုင်းလိုလိုပင် မီးတုတ် ဓားတုတ်
လက်နက်ကိုယ်စီဖြင့်ထွက်လာပြီး အသံများမှာလည်းဆူညံနေလျှက်ရှိပေသည်။

`တို့ရွာကို သူခိုးဝင်တာလာတာထင်တယ်……….. ရှာကြဟေ့´
`ဟိုက်!´

သူတို့၏ အသံများကို ကြားနေရပြီး ကျွန်တော်တို့နှင့် နီးလာသောအခါ ကျွန်တော် သတိဝင်လာပြီး `တေဇ…ပြေးတော့ ´ `ဟာငါ…ငါ ဒါဆို `လှိုင်´ နဲ့ မတွေ့ရတော့ဘူးပေါ့´  `ခက်လိုက်တာဗျာ `လှိုင်´နဲ့ မတွေ့ခင် ဓားတွေတုတ်တွေနဲ့ လှိုင်သွားလိမ့်မယ်… မြန်မြန်ပြေးကြရအောင် နောက်ကျတဲ့ ခြေထောက်သစ္စာဖောက်´  ပြောပြောဆိုဆိုနှင့် ကျွန်တော် သုတ်ခြေတင်ပြေးလေသည်။ `ဟ…ဟေ့ကောင် ငါ့စောင့်ဦး´

ထိုစဉ်` ဟာရှေ့မှာ လူနှစ်ယောက်…ဟေ့´ `လိုက်ဟေ့လိုက်ဟ…..´

အသဲကွဲတေဇ နှင့် နွားတင်းကုတ်မှသူရဲကောင်း ကိုယ်တော်လေး ကျွန်တော် ကာရန် တို့ တစ်ခါမှမပြေးဘူးသော
စံချိန်ဖြင့် ရွာသို့သာ အမြန်ပြေး ခဲ့ ရပါလေတော့သည်။……. (နား...:P)… .

No comments:

Post a Comment

ဝေဖန်အကြံပြုပေးသွားပါဦး။
(သင်၏ Comment တစ်ခုဟာ စာရေးသူအတွက် ဆေးတစ်ခွက်ပါ။)

..

..
Free Explode Red - Handwriting Cursors at www.totallyfreecursors.com

လွတ်လပ်စွာပြောဆိုနိုင်ပါသည်..။

HTML Comment Box is loading comments...
လာရောက်လည်ပတ် ကျသည့် အတွက်ကျေးဇူး အထူးတင်ပါသည်ခင်ဗျာ။
Twitter Bird Gadget