သိပ် သည်းတဲ့ လေထုထဲ တွဲခိုနေတဲ့ အအေးဒဏ် ဟေမာန်ဆန်လွန်းလို့ ခက်နေတယ် အင်း…..ဒီဇင်ဘာ မာနကလဲ အထက်စီးကပဲလေ မင်းအလုပ် မင်းလုပ်ပါ ငါ အရှုံးပေးလဲ မင်းပြုံးမယ်တောင် မထင်ပါဘူး သေလောက်အောင်ချမ်းစမ်းပါ twenty firstရယ်။။ ကျဆုံးမှုကို ဖော်ကျူးတဲ့  lyrics တွေ ငါ အခန်းထဲ ပျံ့ လွင့်နေတဲ့ ည…. အိုကေပါတယ် ပြောရင်း ညကိုကျော်ဖို့  ကြိုးစားနေတုန်း ငိုမဲ့မဲ့ နဲ့  ပြောတယ် “သူအန်ချင်လို့ ”တဲ့ “မင်းကွာ ငါလုံအောင် ခြုံပေးထားရက် နဲ “့ ဒီလိုနဲ့ ပဲ နှလုံးသားကိုနှစ်သိမ့် ဖို့  ညရဲ့တ၀က်ကျော်ကျော်ကို တစ်စုံတစ်ယောက် ပုံရိပ်အောက် မှောက်ချလိုက်တာ အလွမ်းသံစဉ်တွေတောင် တိုးတိတ်သွားတယ်ထင်ပါ ရဲ့ ။။ ခက်ပါလားဟ ဘ၀ဆိုတာတွေတွေးနေပြီးမှ ဒီရေသင်ခန်းစာတွေ နားလည်ပြီးမှ ဆန္ဒဆိုတာတွေ ချင့်ချိန်ပြီးမှ တစ်ပတ်လည်ခဲ့တာလား…. ထိုည ထိုအချိန် (သူမပြောသလို) တိတိကျကျလေးကျေကွဲနေရပြန်ရော။။ တောက်ပတဲ့  မာကျူရီည အပြင်ဘက်က ဟိုင်းဝေးလမ်းမတွေထက် အသက်၀၀ ရှူချင်တယ် ဒီရာသီ အေးမြမှုတွေ ပါလာကောင်းရဲ့ဆိုတဲ့  သိမ်သိမ်နုတ်နုတ် အတွေးလေးနဲ့ ပေါ့ ဒါပေမဲ့  တစ်နေရာရာမှာတော့ အော်မေးဖြစ်မှာပါ နင်ငါ့ကို…………………………………………… ။။ ပြာ လွင်နေတဲ့ ဆေးစက်ချလဲ ငြိမ်းချမ်းမှု ရဲ့  ကျဆုံးခန်းက ထန်းလက်တောင် မကာနိုင်ရှာဘူး၊ ငါရင်ထဲက အ၀ါရောင်လွန်ကဲမှုတွေကြောင့်နေမှာပဲ ဆောင်းညရေ.. ပုံမှန်ခြင်း မျက်နှာဖုံးနဲ့  မနက်ဖြန်တွေဆက်ရမှာပင်ပန်းတယ်။။ အသံတွေ အပြုံးတွေ ဟန်ကျပန်ကျ အတုလုပ်ထားလို့ ရရင်ကောင်းမယ် အင်းမတတ်နိုင်ဘူး ဆောင်းရယ် ငါ့ရင်ထဲက အပူရှိန်တွေကို အေးမြအောင်မစွမ်းနိုင်လို့  အားမနာပါနဲ့  မင်းက ထာဝရ ရှင်သန်သူ ငါက သဘာဝလွန်ဆန်သူလေ။ ။
Followers
Saturday, December 28, 2013
၂၁ အလွမ်း
Subscribe to:
Post Comments (Atom)
..
လွတ်လပ်စွာပြောဆိုနိုင်ပါသည်..။
HTML Comment Box is loading comments...
No comments:
Post a Comment
ဝေဖန်အကြံပြုပေးသွားပါဦး။
(သင်၏ Comment တစ်ခုဟာ စာရေးသူအတွက် ဆေးတစ်ခွက်ပါ။)