Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu


စာပေမြို့ တော်သို့  လာရောက်ကြသူ အပေါင်း ကျန်းမာချမ်းသာ ကြပါစေလို့  ဆုမွန်ကောင်းတောင်းလိုက်ပါသည်ခင်ဗျာ...>>အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ...မန်ဘာဝင်ပြီးအားပေးနော်..။

စာပေမြို့တော်တွင် Member၀င်ရန်

Followers


စာလုံးပြောင်းရန်
အသေး ပုံမှန် +ကြီး ++ကြီး

Tuesday, December 10, 2013

`အဓိဌာန်(ဟာသရှု့ထောင့်(၃))

နီးနီးနားနားစက်ဘီးပြင်ဆိုင်ရှာတော့ လည်းမတွေ့ပေ။ လမ်းဘေးမှာရှိတဲ့ကွမ်း ယာဆိုင်ကိုမေးကြည့်တော့ ရှေ့နားမှာရှိတယ်ဆိုသောကြောင့် ကိုပါကြီးလည်း စက်ဘီးကိုခပ်မြန်မြန်ပဲ တွန်းသွားလေသည်။နေကလည်းနည်းနည်းစောင်းချင်နေပြီ မဟုတ်လား။ စက်ဘီးဆိုင်ကိုရောက်တော့ ဘီးကလေစိမ့်ပြီးပေါက်နေတော့ အဟောင်းကိုခွာပြီး အသစ်ဖာတော့ အချိန်နည်းနည်းကြာသွားတာပေါ့။                  ဒီကြားထဲစက်ဘီးပြင်ဆိုင်ရဲ့ မျက်စောင်းထိုးမှာလူစည်စပြုနေပြီဖြစ်တဲ့ အရက်ဆိုင်။ ကိုပါကြီးတံတွေးတွေ သီနေလေသည်။ အဓိဌာန်ကလည်းရှိနေသေးတော့ စက်ပြီးဖာပြီးတာနဲ့ အာရုံဇွတ်ဖြတ်ပြီးအိမ်ကိုပြန်ရောက်ချင်ဇောနဲ့ ခပ်မြန်မြန်နင်းပေမယ့် အလုပ်သိမ်းပြန်ချိန်ဆိုတော့ လမ်းကရှုပ်နေတော.ဒါနဲ့ပဲ… ထုံးစံအတိုင်း…မူမပျက်သူ့ရဲ့ အချိန်လေးကိုစလိုက်ပါလေသည်။
လေချင်တွေလဲတက်နေပါပြီ စက်ဘီးကိုခပ်ဖြေူးဖြေးနင်းရင်း ဘုရားကြီး(မဟာမြတ်မုနိရုပ်ရှင်တော်မြတ်) နားရောက်တော့ လူလဲတအေ့အေ့နဲ့၊ ကိုပါကြီးဘာလုပ်ရမှန်းမသိ ။ရွေကျီးမြင့်ဘုရားမှာ အဓိဌာန်ထားတာကိုသတိရပြီး၊ နောက်ဆုံးတော့မထူးတော့ပါဘူး ဆိုပြီး ဘုရားကြီးထဲကိုကွေ့ဝင်လိုက်သည်။ စက်ဘီးအပ်ပြီးဘုရားကြီး မျက်နှာတော်ရှေ့ရောက်အောင် ခပ်သုတ်သုတ် ၀င်သွားတယ်။ ဘုရားကြီးမျက်နှာတော်ရှေ့ရောက်မှ …..`အရှင်ဘုရား..ဘုရားတပည့်တော်သည် သေရည်သေရက်ကို ရာသက်ပန်ရှောင်ကျဉ်ပါမည်ဟု တော်တော်စောစောက ရွေကျီးမြင့်ဘုရားမှာ လျုခဲ့ပါတယ်။ ဒါပေမယ့်….အခုဘုရားတပည့်တော်မနေနိုင်တော့လို့ရွေကျီးမြင့်ဘုရားမှာလျုခဲ့တာကို အရှင်ဘုရားဆီမှာပြန်ပြီးစွန့်တာပါဘုရား …အရှင်ဘုရားက မန္တလေးမြို့မှာတန်ခိုး အကြီးဆုံးဘုရားဆိုတော့ ရွေကျီးမြင့်ဘုရားကို အရှင်ဘုရားပြောရင်ရမှာပါဘုရား ´
ဟုတ်ပါသည် အဲ့နေ့ကလဲ ကိုပါကြီးသူ့အိမ်ရာက်တော့ ထုံစံအတိုင်း ရီဝေရီဝေနဲ့ပါပဲ။……..။
ကာရံငယ်/**


No comments:

Post a Comment

ဝေဖန်အကြံပြုပေးသွားပါဦး။
(သင်၏ Comment တစ်ခုဟာ စာရေးသူအတွက် ဆေးတစ်ခွက်ပါ။)

..

..
Free Explode Red - Handwriting Cursors at www.totallyfreecursors.com

လွတ်လပ်စွာပြောဆိုနိုင်ပါသည်..။

HTML Comment Box is loading comments...
လာရောက်လည်ပတ် ကျသည့် အတွက်ကျေးဇူး အထူးတင်ပါသည်ခင်ဗျာ။
Twitter Bird Gadget