Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu


စာပေမြို့ တော်သို့  လာရောက်ကြသူ အပေါင်း ကျန်းမာချမ်းသာ ကြပါစေလို့  ဆုမွန်ကောင်းတောင်းလိုက်ပါသည်ခင်ဗျာ...>>အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ...မန်ဘာဝင်ပြီးအားပေးနော်..။

စာပေမြို့တော်တွင် Member၀င်ရန်

Followers


စာလုံးပြောင်းရန်
အသေး ပုံမှန် +ကြီး ++ကြီး

Tuesday, December 10, 2013

ငါတို့တွေအသက်တွေကြီးလာကြတယ်

ငယ်ငယ်တုန်းက ကိုယ်နဲ့မဆိုင်ခဲ့တဲ့ မိန်းမကိုင်အိတ်တွေ
ခုချိန်မှာ ရွေးဝယ်လာကြရတဲ့အခါ
ငါတို့တွေအသက်တွေကြီးလာကြတယ်။

ငယ်ငယ်က ကိုယ်သိဖို့မလိုခဲ့တဲ့ အိမ်တွင်းရေးတွေကို
ကိုယ်တိုင် ၀င်စဉ်းစားလာရတဲ့အခါ
ငါတို့တွေအသက်တွေကြီးလာကြတယ်။

ဆီ၊ဆန်၊ဆပ်ပြာမှုန့်ကအစ မေမေပိုက်ဆံပေးမှ ပြေးဝယ်ပေးကြရတာတွေ
ခု ကိုယ့်ပိုက်ဆံနဲ့ ကိုယ့်အသိစိတ်နဲ့ ၀ယ်လာကြရတဲ့အခါ
ငါတို့တွေအသက်တွေကြီးလာကြတယ်။

ကျောင်းက သူငယ်ချင်းက ဘယ်သို့ဘယ်ညာ အိမ်မှပြန်ပြောခဲ့တာတွေ
ခုချိန် အပြင်ကနေ ဘာတွေဖြစ်လာလာ သိုဝှက်တာတွေရှိလာတဲ့အခါ
ငါတို့တွေအသက်တွေကြီးလာကြတယ်။

ကလေးစီးဖိနပ် ၂၅ ကနေ
လူကြီးစီးဖိနပ် ၂၅ ကိုပြောင်းလာရတဲ့အခါ
ငါတို့တွေအသက်တွေကြီးလာကြတယ်။


လိုင်းကားပေါ်မှာဖေဖေ့လက်ကိုတွဲရာကနေ
ကိုယ်ကိုယ်တိုင် အပေါ်တန်းကို မြဲအောင် ကိုင်လာရတဲ့အခါ
ငါတို့တွေအသက်တွေကြီးလာကြတယ်။

မေမေ့ဆီက မုန့်ဖိုးလက်ဖြန့်ရာကနေ
လကုန်ရက်ကို မျှော်မှန်းလာရတဲ့အခါ
ငါတို့တွေအသက်တွေကြီးလာကြတယ်။

ဈေးတစ်ခုရောက်လို့ ကစားစရာတွေရှိရာကို မက်မောစွာကြည့်ရာကနေ
ဒီကစားစရာတွေနဲ့ ငယ်ငယ်ကဆော့ခဲ့တာလို့ သတိရတဲ့အခါ
ငါတို့တွေအသက်တွေကြီးလာကြတယ်။

သူငယ်ချင်းတွေရဲ့မွေးနေ့ပွဲကို ဂါဝန်တကားကားနဲ့ သွားခဲ့ရာကနေ
သူငယ်ချင်းတွေရဲ့ မင်္ဂလာပွဲကို အကျီလုံချည်ဝမ်းဆက်နဲ့ သွားရတဲ့အခါ
ငါတို့တွေအသက်တွေကြီးလာကြတယ်။

မေမေတို့ နာရေးတစ်ခုခုကို သွားကြတဲ့အခါ အိမ်မှာနေခဲ့ရာကနေ
ရင်းနှီးသူတွေရဲ့ နောက်ဆုံးခရီးကို ကိုယ်တိုင်သွားပို့ရတဲ့အခါ
ငါတို့တွေအသက်တွေကြီးလာကြတယ်။

ဒီလိုနဲ့ပဲ ဒီလိုနဲ့ပဲ
၁၀ စုနှစ်တွေ တစ်ခုပြီးတစ်ခုကို ငါတို့ကျော်ဖြတ်လာရတဲ့အခါ
ငါတို့တွေအသက်တွေကြီးလာကြတယ်။

No comments:

Post a Comment

ဝေဖန်အကြံပြုပေးသွားပါဦး။
(သင်၏ Comment တစ်ခုဟာ စာရေးသူအတွက် ဆေးတစ်ခွက်ပါ။)

..

..
Free Explode Red - Handwriting Cursors at www.totallyfreecursors.com

လွတ်လပ်စွာပြောဆိုနိုင်ပါသည်..။

HTML Comment Box is loading comments...
လာရောက်လည်ပတ် ကျသည့် အတွက်ကျေးဇူး အထူးတင်ပါသည်ခင်ဗျာ။
Twitter Bird Gadget