Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu


စာပေမြို့ တော်သို့  လာရောက်ကြသူ အပေါင်း ကျန်းမာချမ်းသာ ကြပါစေလို့  ဆုမွန်ကောင်းတောင်းလိုက်ပါသည်ခင်ဗျာ...>>အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ...မန်ဘာဝင်ပြီးအားပေးနော်..။

စာပေမြို့တော်တွင် Member၀င်ရန်

Followers


စာလုံးပြောင်းရန်
အသေး ပုံမှန် +ကြီး ++ကြီး

Thursday, December 19, 2013

နောက်ဆုံးကဗျာ

သွားပြီအချစ်ရေ...
အမုန်းတွေလည်းမရှိတော့
အချစ်တွေလည်းမသယ်သွားတော့
သံယောဇဉ်တွေလည်းဖြတ်ခဲ့ပါပြီ....။

တစ်ခါတစ်ခါ ဘ၀ဆိုတာ
ချိုသလားခါးသလားတွေးခဲ့တာတွေလည်း
အကျိုးမရှိတာ ကိုယ်သိခဲ့ပြီ။

သွားတော့ပါမယ်အချစ်ရယ်
မီးတောက်တွေက ကိုယ့်ကို ၀ါးမျို
ပြာတွေအဖြစ် ကိုယ် ပျံ့ကြဲလိုက်တော့မယ်။

မျက်ရည်စိုနဲ့ ငိုကြွေးခြင်းလား၊
အသစ်တစ်ဖန် ရယ်မောနိုင်ခြင်းလား..
မသိနိုင်တော့တာကို
မှန်းမကြည့်
ကိုယ်သွားပါတော့မယ်။

ကျေးငှက်ငယ်ရဲ့တေးဆိုသံလား
သစ်ရွက်တွေများ ယိမ်းကနေသလား...
ကိုယ့်ရှေ့မှာတော့
အလျှံညီးညီး မီး
တဟဲဟဲနဲ့အော်မြည်
ယိမ်းကနေလိုက်တာများလေ....။

ဒါဟာ နောက်ဆုံးဘ၀တော့ ဟုတ်ဟန်မတူ
ကိုယ်ဘ၀ကူးရဦးမယ်။

နောက်ဘ၀နောက်ခန္ဒာမှာ
မင်းကို ကိုယ်မသိ
ကိုယ့်ကိုမင်းမသိ
တကွေ့ကွေ့မှာ တွေ့ကြပါဦးမလား...။

ကိုယ့်ကို လွမ်းပြီးမကျန်ရစ်နဲ့
သံယောဇဉ်တွေနဲ့မချည်နှောင်နဲ့
အဓိပါယ်ရှိတဲ့ဘဝ
သေခြင်းတရားအတွက် ပြင်ဆင်ပါဦး။

ဒါဟာ ကိုယ့်အတွက် နောက်ဆုံးကဗျာ
မင်းအတွက်တော့ တသသ
လွမ်းရဦးမယ့်ကဗျာ...။

No comments:

Post a Comment

ဝေဖန်အကြံပြုပေးသွားပါဦး။
(သင်၏ Comment တစ်ခုဟာ စာရေးသူအတွက် ဆေးတစ်ခွက်ပါ။)

..

..
Free Explode Red - Handwriting Cursors at www.totallyfreecursors.com

လွတ်လပ်စွာပြောဆိုနိုင်ပါသည်..။

HTML Comment Box is loading comments...
လာရောက်လည်ပတ် ကျသည့် အတွက်ကျေးဇူး အထူးတင်ပါသည်ခင်ဗျာ။
Twitter Bird Gadget