Followers
Friday, August 2, 2013
ခိုးကြည့်တော့မယ် အချစ်ရယ်
ပွင့်လင်းမှုမရှိတဲ့ ဆွံ့အခြင်းများနဲ့
ခွေ....ခေါက်နေခဲ့တာ ကြာပြီ..............။
ရဲရဲမကြည့်...ရဲဘူး...
သေသေချာချာ....မမြင်ရဲဘူး....
ထွန့်ထွန့်လူးနေတာတောင်
မင်းရဲ့ ငြင်းပယ်ခြင်း ခံရမှာစိုးလို့
အစမပျိုးခဲ့ဘူး..............။
ဖိုသီဖတ်သီနိုင်လွန်းတဲ့
ငါ့....တမ်းတခြင်းမှာ
ရုန်းထွက်ဖို့ မကြိုးစားမိတာကိုက
ကြီးမားတဲ့ လာဘ်တစ်ပါး.......။
တကယ်တော့ ငါဆိုတဲ့ကောင်ဟာ
အိပ်မက်ကို ညနဲ့ ဆန့်အောင် မမက်နိုင်လို့
နေမြင့်ခဲ့ရတာတွေ များပြီ.....။
ဒီလိုနဲ့ပဲ...မနက်ဖြန်တိုင်းကို
ချစ်တဲ့စိတ်နဲ့ နိုးထခဲ့ပေါ့.....
ကဲ...ဒီနေ့လည်း...အရင်နေ့တွေလို
“ခိုးကြည့်တော့မယ်” အချစ်ရယ်.....။
Subscribe to:
Post Comments (Atom)
..


No comments:
Post a Comment
ဝေဖန်အကြံပြုပေးသွားပါဦး။
(သင်၏ Comment တစ်ခုဟာ စာရေးသူအတွက် ဆေးတစ်ခွက်ပါ။)