Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu


စာပေမြို့ တော်သို့  လာရောက်ကြသူ အပေါင်း ကျန်းမာချမ်းသာ ကြပါစေလို့  ဆုမွန်ကောင်းတောင်းလိုက်ပါသည်ခင်ဗျာ...>>အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ...မန်ဘာဝင်ပြီးအားပေးနော်..။

စာပေမြို့တော်တွင် Member၀င်ရန်

Followers


စာလုံးပြောင်းရန်
အသေး ပုံမှန် +ကြီး ++ကြီး

Saturday, August 17, 2013

နှုတ် ဆက် ချိန် ....




နှုတ် ဆက် ချိန်
အိပ်ပျက်ညကို
အဖော်ပြုပြီး ငါကိုယ်တိုင်
ခံစားခဲ့ရတဲ့ရက်စွဲတိုင်းမှာ
မင်းနဲ့ပက်သက်ပြီး
ငါအမြဲတမ်းလိုလို .. # #

အလွမ်းဆိုတာကို
ဝိုင်တစ်ခွက်လို မှီဝဲပြီး
ငါကိုယ်တိုင်
ရစ်မူးခဲ့တဲ့ညတွေမှာ
မင်းနဲ့ပက်သက်ပြီး
ငါအမြဲတမ်းလိုလို # #



ကောင်မလေးရယ်
ငါမပြောချင်တော့ပါဘူး
ကဗျာတစ်ပုဒ်နဲ့ပဲ
နင်ကျေနပ်ပေးပါ။
တွေ့ဆုံခြင်းရယ်
ကွာဝေးခြင်းရယ်။
မင်းနဲ့ငါ ...
လက်တွေ့လက်ကျ
ပိုင်ဆိုင်ခဲ့ဖူးတဲ့အရာတွေပေါ့ ။

ဒီ့ထက်လည်း
ငါမကြုံချင်တော့ပါဘူး။
ဒါပေမယ့်...
ငါအမြဲတမ်းရှိချင်တယ်။
ငြိမ်းချမ်းရေး
လက်မှတ်ပါတဲ့ ..
ဘူတာအိုလေးထဲမှာ ။

ဖြစ်တာတော့
ဖြစ်မလာခဲ့ပါဘူး
မိုးတွေလည်း ရွာစပြုနေပြီ
ငါမရှိတော့မယ့် ...
နောက်ရက်စွဲတွေမှာ
မိုးစက်ကလေးတွေနဲ့ ...
နင်ပျော်ရွှင်ပါစေ .. ။

တကယ်တော့ငါမနှုတ်ဆက်ချင်သေးပါဘူး
မင်းနဲ့ငါ နီးစပ်ဖို့က .. .
ကမ္ဘာကြီးတစ်ခု ခြားနေသလိုပဲ

ကံတရားဟာ
မတရားမှုတွေကို
ထမ်းပိုးလားပြီး
ငါ့အိပ်မက်ကို ...
နင်းနင်းပြီး ဖျက်ဆီးနေတယ် ။

မောင်သူရ (ကုန်းမြင့်မြေ)

No comments:

Post a Comment

ဝေဖန်အကြံပြုပေးသွားပါဦး။
(သင်၏ Comment တစ်ခုဟာ စာရေးသူအတွက် ဆေးတစ်ခွက်ပါ။)

..

..
Free Explode Red - Handwriting Cursors at www.totallyfreecursors.com

လွတ်လပ်စွာပြောဆိုနိုင်ပါသည်..။

HTML Comment Box is loading comments...
လာရောက်လည်ပတ် ကျသည့် အတွက်ကျေးဇူး အထူးတင်ပါသည်ခင်ဗျာ။
Twitter Bird Gadget