ဒေါင်းနည်းအစုံကို တင်ပေးသွားမှာ ဖြစ်ပါတယ်။ တစ်ချို့ဟာတွေက သိပ်မလိုဘူးလို့ ထင်ပေမယ့်
ဗဟုသုတအနေနဲ့ရော နောက် လိုအပ်တဲ့အခါကျရင် အဲဒီနည်းလေးတွေကို အသုံးပြုနိုင်အောင်လို့ပါ...
( ၁ ) ပထမဦးဆုံး လူသိများတဲ့ နည်းကတော့ ကိုယ်ဒေါင်းချင်တဲ့ Flash Song တစ်ပုဒ်ကို ဖွင့်ပြီး
[ Tools >> Page Info >> Media >> Save As ] အဲဒီအတိုင်း လုပ်ပြီး ဒေါင်းတာပါ။
အပြည့်အစုံကိုတော့ ဒီနေရာလေးမှာ တင်ပေးထားပါတယ်။ တင်ပြီးသား ရှိတာကြောင့် ထပ်မတင်တော့ပါ။
( ၂ ) နောက်တစ်နည်းကတော့ Flash သီချင်းလင့်ပေါ်မှာ [ Right Click >> Save Link As ] လုပ်ပြီး
ဒေါင်းတာပါ။ နမူနာ [ အောက်က ပုံလေး ] ဒီနေရာလေးမှာ အပြည့်အစုံရေးတင်ပေးထားပါတယ်။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjabNtN8bthm9qso1YOFs9_5hUySO4D1gQkMib0sdfMj2PH7dekY-rDkF50ddhH23WkD5EAkB7JLNGtQVpZTkCuz9ApJ2IvoC0gFuSPOz6PKjFAJakW9PVCc8yravhuqI9Ng43uALCiz1IJ/s400/2012-11-28_124101.png)
ခု ဆက်ရေးမယ့် Flash Song ဒေါင်းနည်းတွေကတော့ ကျွန်တော် ရှာဖွေလေ့လာတွေ့ရှိထားတဲ့
နည်းသစ်တွေပါ။ အကုန် အစုံ ရေးတင်ပေးသွားပါမယ်။
( ၃ ) နောက်ထပ် Flash သီချင်း အလွယ်ဒေါင်းနည်းကတော့ Flash Song တစ်ပုဒ်ကို ဖွင့်ပါ။
ပြီးရင် Firefox ရဲ့ Menu Bar ဘယ်ဘက်အစွန်ဆုံးက [ File >> Save Page As ] လုပ်ပြီး ဒေါင်းတာပါ။
ကီးဘုတ်နဲ့ အလွယ်သုံးချင်တယ်ဆိုရင်တော့ [ Ctrl + S ] ကိုသာ တွဲနှိပ်လိုက်ရုံပါပဲ။ ဒီနည်းလေးကို
ကျွန်တော် လွန်ခဲ့တဲ့ တစ်လလောက်ကမှ သိခဲ့တာပါ။ ပြန်ရှယ်ပေးလိုက်ပါပြီနော်...
( ၄ ) ခုပြောမယ့် နည်းကတော့ iWisoft.Flash.SWF.to.Video.Converter ဆော့ဝဲလ်နဲ့ ဒေါင်းတာပါ။
Flash ဖိုင်တွေကနေ Video ဖိုင်ပြောင်းတဲ့ ဆော့ဝဲလ်လေးပေါ့။ SWF ဖိုင် တွေကိုပါ Download ဆွဲလို့
ရပါတယ်။ စမ်းသုံးကြည့်ချင်တယ်ဆိုရင်တော့ ဒီနေရာလေးကို နှိပ်ပြီး ဒေါင်းယူနိုင်ပါတယ်။
Flash Song ဒေါင်းနည်း ။ ဆော့ဝဲလ်ကို ဖွင့်လိုက်ရင် အောက်ကပုံလို ပေါ်လာပါမယ်။ မြားပြထားတဲ့
Download SWF ဆိုတာကို နှိပ်လိုက်ပါ။ ပြီးရင် ဟိုးအောက်ကပုံကို ဆက်ကြည့်ပါ။ အဲဒီအတိုင်းပါပဲ။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJckcm307TNKnZYgMHsWnHJ1CPOEx4cdmfvjPGv_SVy7iw5D5A2Mlulzf_9T_xI4f4DcclUe16b0cU_66kFsnj9Yy_WzWqjWSvQCRQNwxUO9Zx7qI7TlmqKSKOoytc6Ux7obLFUEhSAzKC/s640/2012-11-29_124039.png)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3AmCO0rDioA2VPAoKPBuNy1Ag7ik1b73I2PPPP4cvGdroLVHZqoiXMBeJi6SoxTqdJ836YLjNZLwEpcI47jEykiCEIDVUHBNzpjBkJOp_Wut-ejSPGdVQdZQ0-WcTS-TULrBQlJPS1Viv/s640/2012-11-29_124947.png)
ကျွန်တော် ပထမဦးဆုံး Flash Song ဒေါင်းခဲ့တာ အဲဒီဆော့ဝဲလ်လေးနဲ့ပါ။ Flash Song တွေကို
Video ဖိုင်ပြောင်းတာကတော့ သိပ်မကောင်းပါဘူး။ ပထမတစ်ချက်က သူ့လိုဂိုကြီး ပါနေတာပါ။
ဒုတိယ အချက်ကတော့ အရောင်တွေ မှုန်ဝါးသွားပြီး နောက်တစ်ချက်က အသံမပါတော့တာပါ။
မူရင်း Flash Song ကို ဒီနေရာလေးမှာ နားဆင်ကြည့်နိုင်ပါတယ်။ Double Tun ဖန်တီးထားတာလေးပါ။
Video ကြည့်ချင်ရင်တော့ အောက်မှာပါ။ စမ်းကြည့်ထားပြီးပါပြီ။ မကောင်းလို့ မတင်ပေးတာပါနော်..
နောက်ပိုင်းမှာ Flash ကနေ Video ပြောင်းလို့ အဆင်ပြေတဲ့ နည်းလေးတွေ ရှာပြီး တင်ပေးပါဦးမယ်။
( ၅ ) flash_movie_player နဲ့လည်း ဒေါင်းလို့ ရပါတယ်။ ဒီ Player လေးကို ကျွန်တော် တွေ့ထားတာ
မကြာသေးပါဘူး။ သုံးကြည့်လိုက်တာ တော်တော်ကောင်းတယ်။ ဖိုင်ဆိုဒ်ကလည်း သေးသေးလေးရယ်
496.02KB ပဲ ရှိပါတယ်။ လိုချင်ရင် ဒီမှာ ဒေါင်းလိုက်ပါ။ သူက Flash Song တွေ ဖွင့်လို့ ရတာမှာ
တစ်ခြား Player တွေထက် ပိုထူးခြားတာလေး တစ်ခုက ဝဘ်ဆိုဒ်ပေါ်က Flash သီချင်းလင့်တွေကိုပါ
ထည့်ပြီး ဖွင့်ကြည့်လို့ ရတာပါပဲ။ File >> Open from web ကို နှိပ်ပြီး သီချင်းလင့်ကိုထည့်ပါ။
ဒေါင်းမယ်ဆိုရင်တော့ File >> Save As ... ပါ။ အောက်မှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ်...
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2OhW0WgAgprxKdLMTpcb3paszDzv9ahDEMvkF_uID6i_O6V9mhjh4w9wy8HClyOCHixyowY37U5Nsm2ZzKzGL9moQYOEQqJbQ4KlrbjzNNwD4heQzuSH_pjUrYYvratsDdSdqqhd2e8Z9/s640/2012-11-30_003858.png)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBo16PVeLqCM-CN9AH5I0GvNCcsN_9dgjisadaLDmBjfXcZbhxAd5fzVc7mrRp-51HMdTrdIWOD4rrZGOeTzYnz0FnvMh3WtMFLgilTIvR3_WTlY5IEgSAn7qwhCqwYBgV2x7fWy-y47op/s640/2012-11-29_125251.png)
ကွန်ပျူတာထဲက Flash Song အပုဒ်ပေါင်း များစွာကိုလည်း တစ်ခါတည်း ထည့်ပြီး နားထောင်နိုင်ပါတယ်။
Play & Stop Botton မပါတဲ့ သီချင်းတွေချည်းပဲ ဆိုရင်တော့ တစ်ပုဒ်ပြီး တစ်ပုဒ် လာနေပါလိမ့်မယ်။
( ၆ ) Download Flash and Video [ Add On ] လေးနဲ့ ဒေါင်းတဲ့ နည်းလေးပါ။ ဒီနည်းကိုတော့
ကျွန်တော် စသိတာ ၃ ရက်လောက်ပဲ ရှိပါသေးတယ်။ Firefox အသုံးပြုသူတွေသာ သုံးလို့ ရပါမယ်။
ပထမဦးဆုံး ဒီလင့်လေးကို နှိပ်ပါ။ နောက်ထပ်စာမျက်နှာ တစ်ခု ပေါ်လာပါလိမ့်မယ်။
အောက်က ပုံလေးတွေအတိုင်း Add to Firefox >> Install Now >> Restart Now ဆက်နှိပ်ပေးပါ။
အဲဒါဆိုရင်တော့ Firefox က ခဏပိတ်သွားပါလိမ့်မယ်။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixwFYL-0j1AgxaO4zacJmTrNkRxrhyKps_33QYnNNcYYP-4wJ4tYozlrsWSvbCyDwfRKKGDhGByIefJ89ordLBlWlAA_uH0Zb9I6y0PZ8DdILYDaXUpXv8PCyAyPK-SBJ1u_XHYC3NRh-0/s640/2012-11-30_011659.png)
အဲဒါတွေ အားလုံး လုပ်ပြီးသွားတော့ Flash Song တွေ ဘယ်လို ဒေါင်းရမလဲ???
Firefox Restart ကျပြီး ပြန်တက်လာတာနဲ့ အောက်က ပုံလေးလို ပေါ်လာပါလိမ့်မယ်။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEib9HTyFnDoFqKNt8Ap9-GIJFCPIRDoQtq8wiH-p6NPf8jDxvbzCSSnylcFttlYOiPGursmO7I3tosYxEgk7UET7dLBVi190w3guzbPnwN44e074x9E6QZp5xtw9fZU2Wqe1_Sp0Uza3DMa/s640/2012-11-30_013220.png)
Flash ဖိုင် နာမည်တွေနဲ့ ဖိုင်ဆိုဒ်တွေကို ဖော်ပြပေးမှာ ဖြစ်ပြီး ကိုယ် ဒေါင်းချင်တာကို တစ်ချက်
ကလစ်လိုက်ရုံနဲ့ ဒေါင်းဖို့ ကျလာပါလိမ့်မယ်။ သေချာကြည့်ပြီးမှ ဒေါင်းချင်တယ်ဆိုရင်တော့
အောက်က ပုံလေးကို ကြည့်ပါ။ သီချင်း နာမည်ပေါ်ကို Right Click လုပ်လိုက်ရင် Download နဲ့
လင့်ကို ကော်ပီယူဖို့ ၂ ခု ထပ်ပြီး ထွက်လာပါလိမ့်မယ်။ ကော်ပီကူးယူပြီး ဖွင့်ကြည့်နိုင်ပါတယ်။
ဒီ Add On လေးက Website တွေထဲမှာ ထည့်ထားတဲ့ Flash ဖိုင်တွေ အားလုံး ပေါ်လာတဲ့အတွက်
ပုံမှန် ဒေါင်းနေကျ Tools >> Page Info >> Media >> Save As အများကြီးသွားပြီး Flash လင့်တွေ
လိုက်ရှာစရာမလိုတော့ပါဘူး။ လက်ညှိုးလေး ၂ ချက်လောက် လှုပ်ရင် သီချင်းတစ်ပုဒ် ရပါတယ် ဟဲဟဲ
ကဲ ခုတင်ပေးထားတဲ့ နည်းတွေ ဆော့ဝဲလ်တွေ အားလုံးက ကျွန်တော် ရှာဖွေလေ့လာထားလေးတွေပါ။
Flash Song ဒေါင်းတာတွေနဲ့ ပက်သက်ပြီးတော့ အနော်သိတာ အကုန်ပါပဲ။ ဒီပို့စ်လေးကို ၃ ရက်လောက်
ရေးခဲ့ရပါတယ်။ ကိုယ်တိုင်ရေးလေးပါနော်..ကူးယူမျှဝေမယ်ဆိုရင်တော့ ကျွန်တော့်ဆိုဒ်လေးကို
လင့်ပြန်ညွှန်းပေးဖို့ မေတ္တာရပ်ခံပါတယ်။ သူငယ်ချင်းများအားလုံး အစစ အရာရာ အဆင်ပြေကြပါစေ....
မှတ်ချက်။ ။ တစ်ချို့ပုံတွေကို သေချာမမြင်ရဘူးဆိုရင် ပုံပေါ်ကို တစ်ချက်နှိပ်ပြီးတော့ ကြည့်ပါ။
No comments:
Post a Comment
ဝေဖန်အကြံပြုပေးသွားပါဦး။
(သင်၏ Comment တစ်ခုဟာ စာရေးသူအတွက် ဆေးတစ်ခွက်ပါ။)