အလျားအနံ မရှိပေမယ့်
အသွားအပြန်နဲ့ စီးဆင်းတတ်တယ်
ကြိုးနဲ့ နှောင်ခြင်းမရှိပေမယ့်
နှောင်ကြိုးတွေ တသီကြီးနဲ့ ရစ်တွဲနေတတ်တယ်
သံသယဖြစ်စရာမလိုပါဘူး…..
မေတ္တာတရား ရဲ့ နက်ရှိုင်းတဲ့
သဘောတရားတွေရဲ့နောက်..မှာ
သံယောဇဉ်တွေ
တကောက်ကောက်လိုက်နေကြတာပေါ့….
..........................................
No comments:
Post a Comment
ဝေဖန်အကြံပြုပေးသွားပါဦး။
(သင်၏ Comment တစ်ခုဟာ စာရေးသူအတွက် ဆေးတစ်ခွက်ပါ။)