လိုချင် မြတ်နိုး လို့ 
ခူးခြွေ လိုက်ယုံနဲ့ 
ဘ၀ က ကြွေ လာမှာ မဟုတ်ဘူး
ဆုပ်ကိုင်ထားတဲ့ 
လက် ကလေး မြဲနေရင်
မိုးတွင်း မှာ အပင် မစိုက်လဲ
ဆောင်းတွင်းမှာ အသီး ဝေစေ တယ်ကွယ်
လမ်းခွဲ စကား မဆို နဲ့ 
အလွမ်းတွေ ကို
လမ်း လွှဲပြီးသားမို့ 
ပိုင်ဆိုင်ဖို့  သက်သက် နဲ့ 
ရှင့်  အပေါ် တွယ်တာမိခဲ့တာပါ
သံယောစဉ် ချစ်ခြင်းတွေ
မြစ့် တစ်စင်း လို စီးဆင်း ဖို့ တွက်
ပင်လယ်ပြင် ရင်ကွင်ကျယ် ကြီးက
ရှင့်  .... ရင်ခွင်ကြီးပေါ့
ရှင့်  ရင်ဘတ် ဘေး
ရပ် နေပြီး ချစ်ပါတယ် လို့ 
ခဏ ခဏ ပြောပြမှ
ရှင် ယုံကြည်တယ်ဆိုရင်
ကျမ ရင်ဘတ်ကို ဖွဖွ လေး
ခဏ လောက် လာ ခေါက်ကြည့်ပါ
ရှင်.. မရှိရင် မဖြစ်နိုင် တဲ့ 
ရင်ခုန်သံ နဲ့  အသက်ရှုနေသူမို့ 
ရှင်.... ရှိနေရုံ အသိ နဲ့ 
ကျမ နှလုံးသား မြက်ခင်း ပြင်
စိမ်းလန်း နေ စေ တယ်
အချစ်မှာ တရား တယ်
မ တရား ဘူး မရှိဘူး
ချစ်ပြီး ဆိုမှတော့
ပိုင်ဆိုင်ချင် ကြသူတွေထဲ
ကျမ လဲ အပါ အ၀င် မို့ 
ရှင့်  ကို ချစ်မိတဲ့ အချိန်က စလို့ 
ပိုင်ဆိုင် ဖို့  ကို အမြဲတွေးခဲ့တာ
ကျမ ....အပြစ်လား
ဘလော့ဂါသူငယ်ချင်း မမ
ညအက္ခရာရေးထားသည်ခင်ဗျ။
No comments:
Post a Comment
ဝေဖန်အကြံပြုပေးသွားပါဦး။
(သင်၏ Comment တစ်ခုဟာ စာရေးသူအတွက် ဆေးတစ်ခွက်ပါ။)