Followers
Wednesday, May 29, 2013
"ကြယ်စင်သို့ .......တမ်းခြင်း"
ကြယ်ရောင်ပျောက်တဲ့
ညတစ်ည၀ယ်
သံဝါဖျောက်ဖျောက်
သစ်ရွက်ကြွေသံ...........
လေတိုးသံနှင့်
အလွမ်းငိုသံ
ဝဲမျက်ရည်များ
မြေပေါ်ခလျှက်
ငိုကြွေးလျှက်။
*************
ဟန်ဆောင်နှလုံး
ပြည့်ပြည့်ဖုံးလျှက်
ကျိတ်မှိတ်ခံစား
ရေးတဲ့ကဗျာကို
ရင်နာသံဖြင့်
မဆိုဝံ့ပါ။
*************
နှလုံးစိတ်မှာ
ကျိတ်ခါသိုလှောင်
ဟန်ဆောင်မျက်ဝန်း
သောင်နှယ်ထွန်းသည့်
အိပ်မက်ဆီမှာ
ငိုလိုက်ပါသည်။
ရင်မှပေါက်ဖွား
အချစ်များကို
ကြယ်စင်သိ၍
သနားစေ........။
***********
YE TAY ZA KYAW **(ကာရံငယ်)**
Subscribe to:
Post Comments (Atom)
..
လွတ်လပ်စွာပြောဆိုနိုင်ပါသည်..။
HTML Comment Box is loading comments...
No comments:
Post a Comment
ဝေဖန်အကြံပြုပေးသွားပါဦး။
(သင်၏ Comment တစ်ခုဟာ စာရေးသူအတွက် ဆေးတစ်ခွက်ပါ။)