“မမ”
ဆတ်ကနဲ လှည့်မကြည့်ခင် ကျွန်တော့်အသံကို ကြားလိုက်ကတည်းက
သူမ မျက်နှာ ရှက်သွေးဖျာကာ တင်းမာသွားမည်ဟု ယုံကြည်ပြီး ဖြစ်သဖြင့် သိပ်တော့
အံ့သြစရာ မရှိပါ။ ကျွန်တော်ကလည်း ကျွန်တော့် ရင်တွင်းဆန္ဒ ၏တောင်းဆိုမှု အတိုင်း ပြုလုပ်ရမည်သာ
ဖြစ်သည်။
“ မမကို ကျွန်တော် ချစ်တယ်”
သူမ၏ နူတ်ခမ်းတွေက တင်းတင်းစေ့သွားမည် ။ ပြီးတော့ တော့မျက်ဝန်း အစုံ
စူးရဲလင်းပြတ်မည်။ နောက်တောက်ခေါက်သံလေးပါ ထွက်ပေါ်လာမည်။ အားလုံးမျှော်လင့်ထားသည့်
အတိုင်းပင်။
“တောက်!”
ထိုအရာအားလုံးကို ကျွန်တော်အပြုံးဖြင့်သာ ခံယူလိုက်ပါသည်။
ထုံးစံအတိုင်း ကျွန်တော် လှည့်ပြန်ရုံသာ ရှိတော့သည်။ သို့သော် ကျွန်တော့်ကို
အံ့အားသင့်သွားစေသည်ကား ကြည်လင်တောက်ပသော သူမ၏အသံ ကြောင့်ပင် ဖြစ်သည်။
“နင်နေဦး”
“ ဗျာ”
(၇)ရက်မြောက်နေ့၏ထူးခြားမှုပင်ဖြစ်သည်။ပထမဆုံးသူမအသံကိုကျွန်တော်ကြားဖူးလိုက်ခြင်း ဖြစ်သည်။
“နင်ဘယ်သူလဲ”
“ကာရံငယ်ပါမမ…….မမ နာမည်ကိုရှင်းသန့် 
နွယ်လို့တော့သိထားပါတယ်။ မမက ကျိုက်ဝိုင်းမှာနေတယ်။ ပြီးတော့”
“နင်ငါ့အကြောင်း ဘယ်လောက်သိလို့လဲ”
ကျွန်တော် ဆက်ပြောမည်အလုပ် သူမက ကြားဖြတ်ပြောလိုက်ခြင်းဖြစ်သည်။
“ကျွန်တော် မမ အကြောင်း ၅၀% လောက်သိထားတယ် ဆိုတာ ယုံပါ”
ထူထဲသည့်မျက်ဝန်းတွေ အနည်းငယ် စိုက်ကျသွားဟန်ရှိ၏။ စိတ်အလိုမကျမှု
အရိပ်တို့သည် သူမ၏ မျက်နှာပေါ်တွင် ထင်းထင်းပေါ်နေပေသည်။
“ငါ့မှာစေ့စပ်ထားတဲ့ သူရှိတယ်ဆိုတာရောသိရဲ့လား”
“ဟုတ်ကဲ့ ကျွန်တော်သိထားတဲ့ ၅၀% ထဲမှာအဲ့အကြောင်းလည်းပါပါတယ်…။ သူကမမ ထက်၃နှစ်လောက် ကြီးတယ်.။ မမကအဲ့လူကိုမချစ်ဘူး၊
ဒါ့ကြောင့်လက်ထပ်ဖို့ကိုတော့ မမက အချိန်ဆွဲထားတယ်။ ခန့်မှန်းခြေ၃နှစ်ပေါ့။”
“ဟင်…နင်….နင်..အဲ့လောက်တောင်
သိ…သိ” ဒီတစ်ခါ
အလွန်အမင်းအံ့အားသင့်နေသူမှာ မမ ပင်ဖြစ်သည်.။ ကျွန်တ်ာပြုံးလိုက်ပြီးမှ “ကျွန်တော်ဟာ ရဲတေဇကျော် ရဲ့ညီ ဖြစ်နေလို့ပဲ”
“ဘာရယ်… ရဲတေဇကျော် ရဲ့ညီ”
“ဟုတ်တယ်မမ …ဒါပေမယ့် မမကို
ကျွန်တော်တကယ်ချစ်တယ်ဆိုတာ ယုံပါ၊ တကယ်ချစ်လို့လည်း မမကိုပိုင်ဆိုင်ခွင့်
ရအောင်ကြိုးစားမှာပဲ ကျွန်တော့်အကိုက အမကိုစွန့်လွှတ်ခဲ့ရပေမယ့် ကျွန်တော်ကတော့
အစွန့်အလွှတ်မခံနိုင်ဘူး”
ကျွန်တော်၏စကားများ ခြိမ်းခြောက်စကားဆန်သွားပြီး
မမလန့်ဖြန့်သွားပုံရ၏။ ပြီးတော့ တုန်တုန်ယင်ယင်ဖြင့် “အခု
ရဲတေဇကျော် သူ…”
“ဆုံးသွားပါပြီမမ….”
“ရှင်”
*******************************************************************************
ကျွန်တော်တမင်ရင်ကော့ပြီး လက်ဖက်ရည်ဆိုင်ထဲသို့ ၀င်လိုက်သည်။
အံ့အားသင့်နေကြသူများက ထက်ကိုကို နှင့် အာကာတို့ဖြစ်သည်။ သူတို့နားဝင်ထိုင်ကာ
အသင့်မှာပြီးသား အေးစက်စက်လက်ဖက်ရည်ကို တစ်ရှိန်ထိုးမော့သောက် လိုက်ပြီး
“ငါ့ရဲ တိုးတက်မှု ဘယ်လောက်မြင့်တက်သွားပြီ ဆိုတာ မြင်ပြီနော်”
“အေး……အခြေအနေကသိသိသာသာကြီးကို
ပြောင်းလဲသွားပါလား”
“ဟဲ…ဟဲ”
“သွားဖြဲကြီးနဲ့ ရယ်မနေနဲ့…မင်းမမကိုလိုက်ပြောတာ
ဒီနေ့နဲ့ဆို (၇) ကြိမ်ရှိပြီ…။ (၆) ကြိမ်တိတိခါးသီးနေတဲ့ သူက
ဒီနေ့ကျမှ ဘယ်လိုအချိုးပြောင်းသွားရတာလဲ..”
“လွယ်လွယ်လေးပါ…..အညှာကိုကိုင်လိုက်တာပေါ့ကွ”
“အညှာဟုတ်…မိန်းမတစ်ယောက်မှာ
အညှာရှိတယ်ဟုတ်လား…အဲ့ဒါဘယ်နေရာမှာလဲ”
ထက်ကိုကိုစကားက ရယ်စရာမပါပဲ အာကာက ရယ်သည်။ ကျွန်တော်က
ကျွန်တော့်၏နှလုံးသား တည့်တည့်ကိုပုတ်ပြလိုက်တယ်။
“နေပါဦးအဲ့အညှာကို မင်းကဘယ်လို ကိုင်လှုပ်လိုက်တာလဲ”
“နောက်တော့သိမှာပေါ့ကွာ လောလောဆယ်တော့ လျှို့ဝှက်ထားပါရစေဦး”
“ဈေးကကိုင်နေပြန်ပြီ” “ကဲ့ကွာ….ခေါက်ထားလိုက်စမ်းကါ.. သင်တန်းချိန်နီးပြီ သွားကြစို့”
လက်ဖက်ရည်ဖိုးရှင်းပြီး သည်နှင့် သင်တန်းသို့ချီတက်ခဲ့ကြပါသည်။
ကျွန်တော်၏ စိတ်မှာတော့ တက် ကြွလန်းဆန်းနေခဲ့ပါသည်။
**************************************************************
သူမအဖို့ အိမ်မပျော်သောညပင်ဖြစ်သည်။ ကောင်လေးက ကာရံငယ်၊
သူမအလုပ်သွားတိုင်း မမျှော်လင့်သောအချိန်မှာ မမျှော်လင့်သောနေရာက ပေါ်လာပြီး ပြီတီတီမျက်နှာပေးဖြင့်
ချစ်စကားဆိုတတ်သည်.။ သူမအလိုမကျဟန်ဖြင့် တုံ့ပြန်သည်တွင်လည်း တည်ငြိမ်စွာပင်
လှည့်ပြန်သွားတတ်သည်။.
“သူက ရဲတေဇကျော် ရဲ့ ညီတဲ့ ၊သည်လောကကြီးမှာ မရှိတော့ဘူးလား
ရဲတေဇကျော် ရယ်……။” သူမနှင့်ပတ်သတ်ခဲ့သမျှ
ပိတ်ကားပေါ်တွင်တစ်ကွက်ခြင်းပေါ်လာသလို စီစီရီရီ ပေါ်လာခဲ့ရပြန်သည်။ သူမနှင့်
ရဲတေဇကျော်တို့ တက္ကသိုလ် ဒုတိယနှစ်မှာ ပင်စတွေ့ခဲ့ကြပါသည်။ အဲ့ဒီနှစ်မှာပင် သူတိုနှစ်ဦး
ရင်နှီးခဲ့ကျရင်း အရမ်းချစ်တဲ့ချစ်သူ ဘ၀ကို ရောက်ရှိသွားခဲ့ ကြပါတယ်။ ကျောင်းပြီးတော့
သူတို့နှစ်ဦး တစ်ယောက်နဲ့ တစ်ယောက် မတွေ့ဖြစ်ဲ့ခဲ့ကြတော့ဘူး။ အကြောင်းအမျိုးမျိုးကြောင့်အဆက်အသွယ်ပြတ်သွားခဲ့တယ်။အဲ့ဒီ့နောက်
ရဲတေဇကျော် သူမအရှေ့မှ အပြီးအပိုင် ပျောက်ကွယ်သွားခဲ့တယ်။ အခုတော့ သူဆုံးသွားရှာပြီတဲ့။
သူ့မ၏ပါးပြင်မှမျက်ရည် များက တစတစ ကျဆင်းနေပေသည်။
သို့သော် သူမကဲ့သို့ ဘယ်ညာလူးလိမ့်ရင်း အိပ်မပျော်သူတစ်ဦး
ရှိသည်။ သူက ကာရံငယ်။
ရပ်ဝေးတစ်နေရာက ကိုကို့ရဲ့စကားတွေ
ကြာမြင့်နေပြီဖြစ်သော်လည်း ယခုတိုင်ကြားယောင် နေဆဲ။
“ညီ….ကိုကို သိပ်ချစ်တဲ့ နွယ့်ရဲ့ စေ့စပ်ပွဲသတင်းကို ကိုကိုရဲ့သူငယ်ချင်းဆီကတစ်ဆင့်သိရတယ်
ညီရယ်။ ..ကိုကိုဘ၀ အဓိပ္ပာယ်မဲ့သွားသလို ခံစားရတယ်။”
ကျွန်တော်ဝမ်းနည်းပက်လက် ခံစားရ၏။ ဘာလို့လဲဆိုတော့ ကိုကိုက
မိသားစုအပေါ် သံယောဇဉ်ကြီးလွန်းသလို သူ့ချစ်သူအပေါ်တွင်လည်း အချစ်ကြီးချစ်တတ်သည့်
နှလုံးသားနူနယ်သူတစ်ယောက် ဖြစ်နေခြင်းကြောင့် ဖြစ်သည်။ ဘွဲ့ရတော့ ကိုကို
နိုင်ငံခြားကို ထွက်သွားခဲ့တယ်။ အကြောင်းအမျိုးကြောင့်
သူချစ်တဲ့သူတောင်နူတ်မဆက်လိုက်ရ၍ ခုထိခံစားနေရကြောင်း
ကျွန်တော့်ဆီဖုန်းဆက်တိုင်းပြောသည်။ ကိုကိုကအပျော်အပါးရှိသူမဟုတ်
လောင်းကစားလည်းလုံးလုံးကင်းသည်။ မိသားစုအပေါ်တွင် လွန်စွာသံယောဇဉ်ကြီးကာ
တာဝန်ကျေချင်သူဖြစ်ချင်သဖြင့် တိုင်းတပါးတွင် ပင်ပန်းဆင်းရဲခံကာ အချိန်မှန်မှန်
ငွေပို့ပေးခဲ့ပါသည်။ ဒါ့ကြောင့် ကျွန်တော်အတွက် ချောင်ချောင် လည်လည်
ဖြစ်ခဲ့ပါတယ်။
****************************************************************
မနက်ဖြန်ကျောင်းပိတ်သညမို့ ဒီညအပီကဲမည်ဆိုပြီးအ၀တ်အစားလဲကာ
ကျွန်တော်အပေါ်ထပ်မှဆင်းလာခဲ့သည်။
“သား…..ကာရံ
ဘယ်ထွက်ဦးမလို့လဲ ၊ သိပ်အလည်လွန်နေပြီနော် လည်လွန်းတဲ့ဘီး ဘာဖြစ်တယ်ဆိုတာ
သိတယ်မလား”
“သိပါတယ်မေမေရဲ့ သားရှောင်တတ်ပါတယ်”
ထိုစဉ်… “တီ….တီ…ကလင် …ကလင်….”
ကျွန်တော်ဖုန်းပြေးကိုင်လိုက်မိသည်…။ ကိုကိုဆီက ဖုန်းမလို့ အတိုင်းမသိ ပျော်ရွင်ခဲ့မိပါသည်။
“ကိုကို ညီပါ” ညီဟုပြန်ခေါ်လိုက်သော
ကိုကို၏ အသံမှာအားကိုးရာမဲ့နေသည်ပမာကြေကြေကွဲကွဲ ရှိနေသည်မို့ ကျွန်တော့်ရင်တွေ ဒိတ်ဒိတ်ခုန်သွားခဲ့ရသည်။
“ကိုကို ဘာဖြစ်နေတာလဲ နေမကောင်းဘူးလား”
“ညီ….ကိုကို
သိပ်ချစ်တဲ့ နွယ့်ရဲ့ စေ့စပ်ပွဲသတင်းကို ကိုကိုရဲ့သူငယ်ချင်းဆီကတစ်ဆင့်သိရတယ်
ညီရယ်။
.ကိုကိုဘ၀ အဓိပ္ပာယ်မဲ့သွားသလို
ခံစားရတယ်။ကိုကို့ရင်ထဲမှာကိုက်ခဲနေတယ် ညီရယ် . အရင်းအနှီးဆုံးကိုကို
အပေါ်နားလည်နိုင်ဆုံးတစ်ယောက်ကို ရင်ဖွင့်ချင်တယ် ။ ဒါ့ကြောင့်
ညီ့ဆီဖုန်းဆက်လိုက်တာ မေ့မေ့ကိုလညိး ဂရုစိုက်ပါကွာ”
ပြောရင်းဖုန်းချသွားခဲ့တယ်။
“တောက်!” ကျွန်တော်ဒေါသ
ထွက်သွားမိသည်။
“ဘာဖြစ်တာလဲ သား…ကိုကိုက
ဘာဖြစ်လို့လဲ”
“မိန်းမတစ်ယောက်ကြောင့် ကိုကိုခံစားနေရတယ်”
ကျွန်တော့်ကိုကို ကို ကြေကွဲအောင်လုပ်သည့် နွယ် .၊သူမကို
ကျွန်တော် အခုအချိန်မှာ အမုန်းဆုံးပဲ ။ကိုကို အပေါ် ကြင်နာသနားလွန်း သဖြင့်
မျက်ရည်များ ထွက်ကျလာမိသည်။ ရင်ထဲမှာမခံမရပ်နိုင်ဖြစ်ပြီး နဂိုက နှလုံးရောဂါ
အခံရှိသူမို့ အမှောင်လောကထဲသို့ ကျွန်တော်လွင့်စင် သွားခဲ့ပါတော့သည်။
***************************************************
ကျွန်တော်ရဲ့နှလုံးရောဂါဟာ ပိုဆိုးနေပြီတဲ့
သာမာန်ထက်ပြင်းတဲ့နှလုံးရောဂါ။ နှလုံးသွေးကြောတွေက တပင်ကျဉ်းတပင်ကျယ် နေသည်။
ခွဲစိတ်ကုသဖို့လိုအပ်နေပြီဲ့တဲ့ ။ ဆရာဝန်ကြီးကရော မေမေကပါ
စိတ်ကိုငြိမ်အောင်ထားဖို့ပြောသော်လည်း ..မည်သို့စိတ်ကိုငြိမ်အောင်ထိန်းနိုင်ပါ့မလဲ
၊ဒါ့ကြောင့်ရောဂါ ဟာပို၍ပင် ဆိုးလာခဲ့သည်။
“သားကိုကို ဆီမေမေဖုန်းဆက်ထားတယ် … သူဒီနေ့ ပြန်ရောက်မယ်တဲ့”
ကိုကို ရဲတေဇကျော် … ။
ကျွန်တော်ချစ်သောကိုကို …။
ကျွန်တော့အတွက်စိုးရီမ်ပူပန်နေပေမည်။
ကျွန်တော့ စိတ်ကနေ ကိုကို့ ကိုလှမ်း၍ပြောနေမိသေး။
“ကျွန်တော်မသေနိုင်ပါဘူး ကိုကိုရယ် ….ကိုကို့ အတွက် ကျွန်တော့်မှာ လုပ်ပေးစရာတွေရှိသေးတယ်” ထိုနေ့ ညနေကိုကို့ ကိုမျှော်နေမိသည်။ဆရာဝန်ကြီးနှင့် မေမေက
ပျာယာခတ်နေပေသည်။ မေမေ့မျက်နှာမှာ ထိခိုက်ကြေကွဲမှုတွေ မွစာကျဲနေပေသည်။
“ သား …… သားကို
ခွဲစိတ်မှ ဖြစ်တော့မယ်တဲ့ ၊ သား ကိုကို ကိုမေမေပဲ သွားကြိုလိုက်တော့မယ်နော်”
ကျွန်တော်ငြင်းချင်သည်။ ကိုကို ကိုတွေ့ ပြီးမှ
ကျွန်တော်ခွဲစိတ်ချင်သည်။ သို့ သော် ………..
သူနာပြုဆရာမက ဆေးတစ်လုံးလာထိုးပေးသည်။ကျွန်တော့်စိတ်တွေ
ထုံကြင်ဝေမှိုင်လာပြီး အမှောင်ပကတိဖုံးလွှမ်းသွားခဲ့ပါသည်။
*********************************************************
အနာကွပ်ထားသည့်အဖြူရောင်တွေက ကျယ်ပြန့် ကျုံ့ ဝင်လာပြီး
အဖြူရောင်လွင်ပြင်တစ်ခု ဖြစ်သွားသည်။ ထိုအဖြူရောင်သည် ဆေးရုံမှမျက်နှာကျက်
ဖြစ်နေသည်။
“ သား … သတိရလာပြီလား”
မျက်စိဖွင့်ဖွင့်ချင်း ကျွန်တော်ဦးစွာမေးမိလိုက်သည်က ကိုကို့ ကို
“မေမေ….ကိုကို …ရောမရောက်သေးဘူးလား” မေမေက ခပ်ယဲ့ယဲ့ပဲ
ပြုံးလိုက်သည်။ မေမေက ဘာမှမဖြေခင် ဆရာဝန်ကြီးက ပြုံးရွှင်စွာဖြင့်
“မင်းနေရထိုင်ရ သက်သာတယ်နော်”
“ဟုတ်ကဲ့ …. ဆရာ”
“သား ကိုကိုက လေယာဉ်လက်မှတ် အခက်အခဲ
ဖြစ်နေလို့  .. နောက်အပတ်မှ ရောက်ဖြစ်လီမ့်မယ် ..
အခုသားကျန်းမာလာပြီဆိုတော့ မေမေ သားကိုကို့ ဆီ
ဖုန်းသွားဆက်လိုက်ဦးမယ်” ပြောပြောဆိုဆိုနှင့် မေမေ
အပြင်သို့ ထွက်သွားခဲ့ပါသည်။ သို့ သော် မေမေမျက်နှာ မကောင်းပါ။
ကျွန်တော်တစ်ယောက်တည်းကျန်သောအခါ……..မျက်လုံးအစုံကို မှိတ်လိုက်သည်။ အာရုံထဲတွင် ၀ိုးတိုးဝါးတား အရိပ်တစ်ခုပေါ်လာသည်။
“နွယ်” ထိုအမည်ကို နှုတ်မှ လွတ်ကနဲ
ခေါ်လိုက်မိသည်။ ကိုကို့ ကို ဒဏ်ရာတွေ ပေးသွားခဲ့သည့် နွယ်။ သူ့ ကို ကျွန်တော်
တစ်ခါမှ မမြင်ဘူးပါ။ ကိုကိုပြောလို့ နာမည်ပဲကြားဘူးခဲ့တာပါ။
ကျွန်တော်အလွန်မုန်းတီးနေတဲ့ သူတစ်ယောက်။သို့ သော် ကျွန်တော်အံ့သြမိလိုက်သည်။
သူမအပေါ်တွင် ကျွန်တော်၏ ဒေါသမုန်တိုင်း ပျောက်ကင်းနေခြင်းကြောင့် ဖြစ်သည်။ ခဏအကြာ
ဆေးရုံသို့ သူငယ်ချင်းတွေ ရောက်လာပြီး အားပေးကြသည်။ ဒီအတွက် ကျွန်တော်
ပျော်ရပါသည်။
“မင်း ….အရင်ထက်
ပိုပြီးလန်းလာတယ်၊ ...အာကာ… မင်းဒီကောင့်မျက်လုံးတွေကိုသေချာကြည့်စမ်း
အရင်နဲ့ သိပ်မတူဘူး၊ ဒီကောင့်မျက်လုံးတွေက အရင်ကနည်းနည်းလေးမှ ဂနာမငြီမ်ဘူး
အခုသေချာကြည့်စမ်း၊ တော်တော့ကို တည်ငြီမ်သွားတယ် တွေ့ လား”
“အေး၊ ဟုတ်တယ်ကွ” ကျွန်တော့မျက်လုံးတွေတည်ငြီမ်သွားသည်တဲ့၊
ဒါဆိုကျွန်တော့စိတ်တွေကရော..... ဟုမိမိကိုယ်ကိုယ် ပြန်မေးမိသည်။ အရင်နဲ့ မတူတော့တာကို
သတိထားမိလိုက်သည်။ ကျွန်တော်သိပ်ချစ်သော ကိုကို့ အတွက် လက်စားချေချင်လောက်အောင် မုန်းတီးနေသည့်
မိန်းမတစ်ယောက်အပေါ်မှာပြောင်းလဲနေတဲ့ ကျွန်တော့စိတ်က ကျွန်တော့ကို သက်သေပြနေပေသည်။
ကျွန်တော်ဆေးရုံက ဆင်းခွင့်ရခဲ့ပါပြီ။ ကျွန်တော့်ကို မေမေ
လာကြိုခဲ့သည်။ အီမ်သို့ ရောက်သည်ထိ မေမေနှင့် ကျွန်တော် စကားမဆိုဖြစ်ခဲ့ကြ။
ရုတ်တရက် မေမေ့ဆီက ထွက်ပေါ်လာသော ရှိုက်သံကြောင့် “ ဟင် ? မေမေ ငိုနေတယ် ဘာဖြစ်လို့ လဲ၊ ဘာလုပ်ငိုနေတာလဲ?”
“သား…မေမေမင်းကို
ဖုံးကွယ်မထားချင်ဘူး၊ ရေရှည်ဖုံးကွယ်ထားလို့ လဲ ရမယ့်ကိစ္စ မဟုတ်ဘူး၊ မင်းရဲ
့ကိုကို ….”
“ဗျာ …. ကိုကို
ဘာဖြစ်လို့ လဲ မေမေ ….၊ သား ကို အမြန်ပြောစမ်းပါ …” တုန်ခါနေသောအသံမှာ မေမေ့ရှီက ထွက်ပေါ်လာခဲ့ပါသည်။
“သား ကိုကိုမရှိတော့ဘူး … သူဆုံးသွားပြီ”
“ဗျာ!!!”
“ဟုတ်တယ် သား …သားကိုကိုဟာ
ပြန်ရောက်မယ်ဆိုတဲ့နေ့ မှာပဲ တကယ်ကို ပြန်ရောက်လာခဲ့တာပါ၊ ဒါပေမယ့် …..အလာမှာ ကားအက်စီးဒင့် ဖြစ်ပြီး သားတက်နေတဲ့ ဆေးရုံကို အတွင်းလူနာအဖြစ်
ရောက်လာခဲ့တယ်” အဲဒီအချိန်မှာ သားက နှလုံးအစားထိုးဖို
့လိုနေတဲ့အချိန်
“ညီ …. ညီ …. မေမေ သားနှလုံးသားကို ညီ့ ကို ပေးပေးပါ”
“သတိတချက်အလည်မှာပဲ သားကိုချစ်ရှာတဲ့ ကိုကိုက
သူ့ နှလုံးသားကို ပေးဆပ်ပြီး အသက်ပါသွားခဲ့တာပါပဲ” ပြောရင်း
မေမေ ငိုပွဲဆင်ပါတော့သည်။
“ဒါဆို ..သားရဲ
့နှလုံးသားဟာ ကိုကို့ နှလုံးသားပေါ့၊ ကိုကို ကျွန်တော့ရင်ထဲမှာ ရှိနေတာပေါ့နော်
မေမေ” ရုတ်တရက်ကြီး ကျွန်တော် ပြေးထွက်ခဲ့သည်။ ကိုကို့ အိပ်ခန်းဆီ
……. .
ကိုကို့ ဒိုင်ယာရီလေးက ပြောပြတဲ့ နွယ့် အကြောင်းကို
တစွန်းတစသိလိုက်ရသလို သူမ၏ ဓာတ်ပုံကိုလဲ ကျွန်တော် တွေ့ ခွင့်ရခဲ့ပါသည်။ သို့ဖြစ်၍ ကိုကို.ဒိုင်ယာရီလေးမှ ပြောပြသော နွယ်၊ ကိုကို မြတ်နိုးစွာသိမ်းဆည်းထားတဲ့ သူမ၏ဓာတ်ပုံလေး၊ ကျွန်တော်စုံစမ်းသိရှိခဲ့ရသည့် သူမ၏အကြောင်း ၅၀% ခန့် 
သူမကို ကျွန်တော် သိခွင့်ရခဲ့သည်။ ကျွန်တော်တဦးတည်းဖြစ်စေ၊ အာကာနှင့် ထက်ကိုကို
တို့ ကို အဖေါ်ပြု၍ ဖြစ်စေ သူမအား ချစ်ရေးဆိုသည့် အလုပ်ကို ၀တ္တရားအရ
လုပ်ကိုင်ခဲ့ပါသည်။ (၇) ကြိမ်မြောက်တွင် မမျှော်လင့်သော သူမ၏တုန်ပြန်မှုကို ရရှိခဲ့သည်။
ကျွန်တော်သည် ရဲတေဇကျော်၏ ညီကာရံငယ် ဆိုတာ သူမသိသွားခဲ့ချေပြီ။ သူမတုန်လှုပ်ရိုက်ခတ်သွားရသည်ကိုလည်း
တွေ့ ခဲ့ပြီးပြီ။
ကိုကို့ ဒိုင်ယာရီအဟောင်းလေးထဲက အသဲစကားလေးတွေ
ပြန်နားထောင်ချင်သဖြင့် ပြန်၍ ဖတ်ကြည့်နေမိသည်။
နေ့ စွဲ ………………
မှတ်ချက်။ ။ သူ့ နာမည်ကရှင်းသန့်  နွယ် တဲ့ ။
နာမည်နှင့် လိုက်ဖက်အောင် ငါ့ရဲ့ နှလုံးသားကို
နွယ်တစ်ပင်လို
ရစ်ပတ်ချည်နှောင်ထားနိုင်ခဲ့တယ်။
နေ့စွဲ………………
မှတ်ချက်။ ။ ပြည်သူ့ ရင်ပြင်သွားတုန်းက သရဲအီမ်ထဲဝင်တော့
ကြောက်နေတဲ့ ပုံလေးက
ချစ်စရာလေး။ အပြန်လမ်းကားပေါ်မှာ တယောက်နဲ့ တယောက်
မသိချင်ယောင်
ဆောင်၊ စကားမပြောကြေးဆော့တော့..၊လုပ်ပြတဲ့အမူအရာလေးက
ချစ်စရာလေး။......................................................
မှတ်ချက်...၊ ။ ဒီနေ့ ...ငါ နိုင်ငံခြားသို့
ထွက်ခွာရတော့မည်.....။နွယ်နှင့်
.....ဝေးရတော့မည်.....။ အချိန်သည် မိုးနှောင်းကာလ...
ထို ဒိုင်ယာရီစာအုပ်၏ နောက်ကျောတွင်
ကိုကို့ အစား ခံစားရင်း ကဗျာတပူဒ်ချရေးလိုက်သည်...
"မနှစ်မေတ္တာချစ်မပါပဲ
ပန်းရောင်းနှလုံး
ဟန်ဆောင်ဖုန်းလျှက်
ရင်ဝယ်မသီး......ခါခါငြီးပြီး
မိုးစက်ဝဠာ....၀တ်ရုံလွှာသည်
ရှောင်ခွာပြေး၍....
ဝဿန်မိုးတိုသည်းခဲ့
ပြီ........။
မိုးတွေအုံတိုင်း
အလွမ်းတွေဆိုင်း......
ရင်ခွင်ထဲမှာမှောင်မိုက်နေပြီး...
မိုးသည်းညနေမျှော်ကြည့်မိသည်
လမ်းပြကြယ်စင်သူမပေါ်ပါ
နေရောင်လေးလဲပျောက်လုပြီ
လမင်းကြီးကစာပို့လိုက်တယ်
"မိုးသည်းညအခါ...သူမလာပါ"
ဝဿန်ရောက်တိုင်း
....လွမ်းနေရသည်
မိုးနဲ့အတူ....မျက်ရည်ပူတို့
တွဲကနေသည့်....ကာလထိုထို
ရက်များစွာကို
...၊အလွမ်းသံစဉ်သူမပါပဲ
ကဗျာတစ်ပုဒ်ဖြင့်
ဖြတ်ကျော်ချင်မိ
သြော်...............၀ဿန်ရယ်....
ရင်ခွင်ထဲမှာ
ရွာပစ်စမ်းပါ
ကျေနပ်လျှင်အလွမ်းတွေယူ
နင်ထွက်သွားပါ
နောက်တစ်ခါငါ့ဆီ
ပြန်မလာပါနှင့်......
လွမ်းရတာကိုကြောက်လို့ပါ....။"
ဒိုင်ယာရီစာအုပ်လေးကို ကျွန်တော်ပိတ်လိုက်ကာ နံရံတွင်
ချိတ်ထားသောဂီတာကို ဖြုတ်၍ အလွမ်းသည်နေခဲ့ပါတော့သည်။ သီချင်းက “နှလုံးသားအရင်းအနှီး”
**************************************************************
“ ဒီနေ့  မမ နောက်ကျလိုက်တာကွာ၊
နေများမကောင်းဘူးလား မသိဘူး” လက်ဖက်ရည်ဆိုင်ထဲမှာ နေ၍
အာကာနှင့် ထက်ကိုကိုတို့ နှင့် အတူ သူမ အလာကို စောင့်နေမိသည်။
“ဟာ!!! ဟိုမှာလာနေပြီ ဟိတ်ကောင်” အာကာ ညွှန်ရာဆီသို့ ကျွန်တော် လှန်းကြည့်လိုက်မိသည်။ မမ ဆိုတာမှန်ပေသည်။
သို့ ပေမယ့် ကျွန်တော်မြင်လိုက်ရသည်မှာ မမတစ်ယောက်တည်းမဟုတ်၊ မမဘေးတွင် သူမနှင့်စေ့စပ်ထားပြီးခဲ့သူ
ပါနေခဲ့သည်။ ကျွန်တော့်ရင်ထဲမှာ ပူပြီး တလှပ်လှပ်ခါလို့ ။
“မင်း …. ငိုနေတယ်”
ထက်ကိုကိုက စကားဆိုသည်။
“တောက်! ငါအရမ်း ခံစားရတယ်ကွာ”
“မင်းကလဲ ဒီလောက်တောင်ပဲ ဖြစ်ရတယ်၊
မေ့ပစ်လိုက်စမ်းပါကွာ”
“ငါမေ့ပစ်လို့ ရမှာ မဟုတ်ဘူး ၊ အဲဒါဘာလို
့လဲဆိုတာ သိလား” နှစ်ယောက်သား ပြိုင်တူ ခေါင်းခါခဲ့သည်။
အဖြစ်မှန်ကို ကျွန်တော်လိုလိုလားလားပဲ ဖွင့်ပြောလိုက်ပါသည်။
“ငါဟာ … ငါမဟုတ်တော့ဘူး၊
ငါ့နှလုံးသားနေရာမှာ ကိုကိုဝင်ရောက်နေပြီ၊ ကိုကို့ နှလုံးသားနဲ့ ငါ
အစားထိုးခွဲစိတ်ကုသခဲ့တာ”
“ဒါဆို … မင်းကိုကိုက”
“သူ..ဆုံးပြီ”
“ဟာ!!” “ဟင်!!” ဖြစ်စဉ်အကုန်လုံးကို ကျွန်တော်နာနာကြင်ကြင်နဲ့ ဖွင့်ပြောခဲ့ပါတယ်။
“နွယ် ဆိုတဲ့ မမကို ကိုကိုချစ်ခဲ့သလို မမကို
ငါစွန့် ခွာခွင့် မပြုနိုင်ဘူး”
“ဒါဆို..မင်း ဘာလုပ်မလဲ”
“မမကို ငါခွဲမရအောင် စွဲလန်းနေပြီဆိုမှတော့
ရအောင် ယူမှာပေါ့”
“မင်း..သူနဲ့ စေ့စပ်ထားတဲ့ သူ့ ဘက်ကလဲ
ထည့်စဉ်းစားအုံးလေ” ထက်ကိုကို ပြောတာ မှန်ပါသည်။ သို့ ပေမယ့်
မမကို ကျွန်တော် ဘယ်သူ့ ကိုမှ မပေးနိုင်ပါ။
***************************************************************************
မမလာမည့်လမ်းမှာ ကျွန်တော်စောင့်နေခဲ့ပါသည်။ ဟော…..မကြာမီ မမလာနေပါပြီ။ ဒီတစ်ခါတော့ သူမတစ်ယောက်တည်းပင်။ ကျွန်တော် မမကို
သေသေချာချာ စိုက်ကြည့်လိုက်သည်။
“ဘုရား…ဘုရား…ရဲတေဇကျော်ရဲ့  အကြည့်တွေပါ့လား”
“နင်ငါ့ကို အဲဒီအကြည့်တွေနဲ့ မကြည့်နဲ့ ၊
ငါမခံစားနိုင်ဘူး” ခပ်လေးလေး သူမ၏ စကားသံများက
ကျွန်တော့နားထဲ သေသေချာချာ စိုက်ဝင်နေခဲ့သည်။ အတန်ကြာ ငြီမ်သက်ပြီးမှ ကျွန်တော်၏
နူတ်ခမ်းတစုံ ဖွင့်ဟလိုက်သည်။
“မမ”
“နင်ဘာပြောအုံးမှာလဲ၊ နင်ငါ့ကို ဆက်ပြီး မနှောင့်ယှက်ပါနဲ့ တော့”“ကျွန်တော့ နှလုံးသားတည့်တည့်ကို မမ လက်ဖ၀ါးနဲ့ ခဏလောက်
စမ်းကြည့်စမ်းပါ..ခဏလေးပါ မမရယ်…ခဏလေးပါ”ကျွန်တော့၏ မျက်ရည်တို့ က ယိုစီး ကျလာခဲ့သည်။ ကျွန်တော့်အကြည့်ဒဏ်ကို
မခံစားနိုင်တော့၍ ခေါင်းငုံ့ ချလိုက်သူက မမ။ အတန်ကြာ ….. သူမ၏
လက်ကလေးတဖက် တဆတ်ဆတ်တုန်ခါ မြောက်တက်လာပြီး ကျွန်တော့်နှလုံးသား တည့်တည့်ဆီသို
့ညင်သာစွာ ဖိကပ်လိုက်ပါသည်။ လှိုက်လှိုက်လှဲလှဲ ကျွန်တော် ပျော်သွားမိပါသည်။
အချစ်ဆိုသော အရာသည်လည်း ကျွန်တော့်ရင်ထဲသို့ စိမ့်ဝင်ခဲ့ပါသည်။
“ကျေးဇူးတင်ပါတယ် ..မမ၊ ကျွန်တော့် ကို ခွင့်ပြုပါဦး” ကျွန်တော်လှည့်ထွက်မည်အပြု ကျွန်တော့်လက်ကို ဆတ်ခနဲ လှမ်းဆွဲလိုက်သည်။
“မမ … ခုနကထိတွေ
့လိုက်တဲ့ နှလုံးသားဟာ ကျွန်တော့နှလုံးသား မဟုတ်ပါဘူး၊ ကျွန်တော်ဟာ
ကိုကိုရဲတေဇကျော်ရဲ့  နှလုံးသားနဲ့ အသက်ရှင်နေရတဲ့ သူပါဗျာ” သူမ
ထို အကြောင်းများကို ကျွန်တော့သူငယ်ချင်းများထံမှ သိရှိပြီး ဖြစ်သည်။
“ရဲတေဇကျော်ရယ်…..”
ကိုကို့ နာမည်ကို ဖွဖွလေးရွှတ်ကာ ကျွန်တော့်ရင်ခွင်ထဲသို့ သူမ
ညင်သာစွာ တိုးဝင်ခဲ့ပါသည်။
“ကျွန်တော့်ရင်ခွင်ထဲ အေးချမ်းစွာ လှဲလှောင်းနေပါ မမ၊ မမကို
ကျွန်တော် ဘယ်တော့မှခွဲမသွားပါဘူး မမရယ်”ဟုပြောရင်း …………..ကျွန်တော် သူမ၏ ကိုယ်လုံးလေးကို ယုယစွာ ထွေးပွေ့ လိုက်ခဲ့ပါတော့သည်။
ပတ်ဝန်ကျင်တွင် လေပြင်လေညင်းလေးများ ဝှေ့ ဝဲစွာ တိုက်ခတ်လျက်၊
ကောင်းကင်ကြီးမှာလဲ တိမ်သားကင်စင်စွာ လှပတဲ့နေသစ်လေး အဖြစ် ကြိုဆိုနေပါတော့သည်။
**************************************************************
"ချိုသာသော အလွမ်းတစ်ခု ၏နိဂုံး"(ဇာတ်သိမ်းပိုင်း)
ညနေစောင်းနေ၀င်စအချိန်၊ကောင်းကင်ထက်တွင် ပျံသန်းနေကြသည့်ငှက်များက
သူ့ထက်ငါအရင်အလျှင်အမြန်နေမင်း
နောက်သို့ပြေးလိုက်နေသည့်ပမာ၊
ပတ်ဝန်းကျင်မှာတိတ်ဆိတ်ငြိမ်သက်လျက်ရှိပြီး နေမင်းကြီး၏နေ၀င်ပုံကိုကြည့်ကာ
ကျွန်တော်…………တဦးတစ်ယောက်အားလွမ်း
ပြီးမျက်ရည်ကျနေမိသည်။
“ ကိုကို ရယ်…ဒီနေ့ဆိုရင်…ကိုကိုလူ့လောကကြီးကထွက်ခွာသွားတာတစ်နှစ်တောင်ပြည့်ပြီနော်”
ဆေးသားများပျယ်လွင့်စပြုနေသည့်
အုတ်ဂူဖြူဖြူလေးတခုဘေးတွင်ထိုင်ရင်း ကျွန်တော်ငိုကြွေးနေခဲ့သည်။
ထိုစဉ်
လေပြင်းလေးတစ်ချက်၏တိုက်ခတ်မှုကြောင့် ကိုကို့အုတ်ဂူဘေးတွင် ထိုင်နေသော
ကျွန်တော့်အား ဖုန်မှုန့်များက
ဝင်ရောက်ကျီစယ်နောက်ပြောင်ခဲ့ပါသည်။
“ ဟူး”
မျက်စိစုံမှိတ်ပြီး
သက်ပြင်တစ်ချက်ကို အားရပါးရရှိုက်ထုတ်လိုက်ပြီးနောက်….ကိုကို့အုတ်ဂူကိုကြည့်ပြီးစကားပြောနေမိသည်။
“ကိုကို……ကျွန်တော်ကိုကိုအရမ်းချစ်ပါတယ်ဆိုတဲ့နွယ်နဲ့ကျွန်တော်
ချစ်သူတွေဖြစ်နေပါပြီ…ကိုကို့နှလုံးသားရဲ့တောင်းဆိုမှုကြောင့်…..
ကိုကို့နှလုံးသားနဲ့
အသက်ဆက်ရှင်ခွင့်ရနေတဲ့ကျွန်တော်ဟာ…ကိုကို့လိုပဲ…နွယ့်ကိုအရမ်းချစ်ခဲ့ပါတယ်…
ကျွန်တော်တာဝန်ကျေပါတယ်နော်”
“ ဖျောက်! ”
ရုတ်တရက်
အနော်ဘက်မှ တဦးတယောက်…သစ်ကိုင်းခြောက်တစ်ခုကိုတက်နင်းမိလိုက်တဲ့အသံကြောင့်
ကျွန်တော်လှည့်ကြည့်လိုက်မိသည်။
“ ဟင်…မမ ”
မျက်ရည်များဝဲပြီး
ကျွန်တော်နဲ့အုတ်ဂူလေးကိုကြည့်နေသူက … မမနွယ် … ကျွန်တေယ်မျက်ရည်များဝဲနေပြီး
တဆတ်ဆတ်တုန်သည့်
မမအနားကိုနှစ်သိမ့်ရန် ထိုင်ရာမှကောက်ထလိုက်သည်။
“ ဒီနေ့ ရဲတေဇကျော် သူ…သူ့ရဲ့…”
“
ဟုတ်ပါတယ် … မမ… ဒီနေ့ကိုကိုရဲ့
တစ်နှစ်ပြည့်တဲ့နေ့လေ”
ကျွန်တော်မမပုခုံးအားညှင်သာစွာကိုင်ပြီးနှစ်သိမ့်ပေးခဲ့ပါသည်။
“
ဒါနဲ့ … မမ လက်ထဲကပန်းစီးက ကိုကို့အတွက်လား”
သူမခေါင်းတချက်ငြိမ့်ပြသည်။ပြီးနောက်
သူမ…ကိုကို့အုတ်ဂူပေါ်သို့ပန်းစီးလေးကိုအသာမယာတင်ပြီး
ငိုသံပါသောအသံဖြင့်
“ တို့လာတယ်နော်…တေဇ…ဒီပန်းလေးဟာတေဇအတွက်ပါ…တေဇက
တို့ကိုလက်ဆောင်တွေပေးပေနေကျဆိုပေမယ့်…
တို့က
ဘာလက်ဆောင်မှပြန်းမပေးခဲ့ဖူးဘူးနော်…………ဒါ့ကြောင့်ဒီပန်းစီးလေးကိုလက်ခံပေးပါနော်”
နူးညံ့သည့်မမ၏ပါးပြင်ပေါ်မှ
မျက်ရည်များဟာမြင်မကောင်းဖြစ်နေသောကြောင့် ကျွန်တော့်အိတ်ထဲမှ လက်ကိုင်ပုဝါ
သန့်သန့်လေးတစ်ထည်
ကျွန်တော်ကမ်းပေးလိုက်သည်။
“ မမ…. ဒါလေးနဲ့သုတ်လိုက်နော်”
“ ငိုမနေပါနဲ့တော့ မမရယ်…
ငိုနေလည်းကိုကိုကပြန်ထလာမှာမှမဟုတ်တာ….မမဘေးမှာကျွန်တော်ရှိနေတာပဲလေ….
ပြီးတော့…ကိုကို့နှလုံးသားကလည်း
ကျွှန်တော့်ရင်ဘတ်ထဲမှာပဲမဟုတ်လား ”ပြောရင်း
သူမခန္ဒာကိုယ်လေးကို ကျွန်တော်ထွေးပွေ့လိုက်သည်။
သူမကလည်းထိုနှစ်သိမ့်မှုကို
နူးညံ့စွာ ခံယူရင်း ရှက်သွေးဖျာနေသော မျက်နှာအား ကျွန်တော့်
ရင်ခွင်ထဲသို့တိုးဝင်ခဲ့ပါသည်။
ထိုစဉ်
အနီးအနားဝန်းကျင်မှ အိပ်တန်းတက်နေကြပြီဖြစ်တဲ့ငှက်များက အလိုက်တသိဖြင် ရှောင်ဖယ်ကာ
အသီးသီးထပျံသွားကြပါတော့သည်။
***********************************
အခန်း(၂)
“ သား….ကာရံ…ဟဲ့ကောင်လေး….ထထ…၈
နာရီကျော်နေပြီထတော့လေ…မေမေမနက်စာမစားသေဘဲ…
မင်းကိုစောင်းနေတာ”
“ ဟာမေမေကလည်း … စားနှင့်ပေါ့…သား…နိုးလာရင်…သားပါသာ စားမှာပေါ့…ထပ်အိပ်လိုက်ဦးမယ်”
ပြောပြောဆိုဆိုနှင့်စောင်ခေါင်းမြီးခြုံကာ..ပြန်နှပ်မယ်အပြု…မေမေက
အလျှင်အမြန် စောင်ကိုကျှန်တော့ကိုယ်ပေါ်မှခွာပစ်
လိုက်ပြီး
“ ကိုယ်တော်လေး…ဘာမှထပ်မပြောနဲ့တော့…၁၅ မိနစ်ပဲအချိန်ပေးမယ်…၁၅ မိနစ်ပြည့်လို့မဆင်းလာရင်တော့
တစ်လစာမုန့်ဖိုး
အဖြတ်ပဲ…ငါသွားပြီ”
“ ဂျိန်း”
တံခါးအားဆွဲပိတ်ပြီးအောက်ထပ်သို့
မေမေ ဆင်သွားခဲ့သည်။စိတ်ဆိုးသွားဟန်တူသည်။
“
ဟင်း … မေမေကလည်းဇွတ်ပဲ…ဓာတ်ပုံရိုက်တာကျနေတာပဲ
၁၅ မိနစ်အမြန်တဲ့….” အိပ်ယာကိုသေချာခေါက်ရင်း
မေ့မေ့ကိုပွစိပွစိပြောနေမိသူကကျွှန်တော်…..
“ ဘာပဲဖြစ်ဖြစ်…ဒီလမုန့်ဖိုးပြတ်လို့တော့မဖြစ်ဘူး
မျက်နှာသစ်ပြီးမြန်ဆင်းမှ”
ဆယ်မိနစ်ခန့်ကြာသော်…….
“
အမလေး……လေး…ငါ့ကိုလည်းဝင်းတိုက်မိဦးမယ်၊ရေကြီးသုတ်ပြာနဲ့…
အကျီကလည်းဖရိုဖရဲနဲ့”
မေမေရှေ့ရောက်သည်နှင့်
ကျွန်တော်အရင်ဆုံးလုပ်ပြလိုက်သည်ကမျက်နှာချိုသွေးလိုက်ခြင်းဖြစ်သည်။
“
အဟဲ…မေမေ…၁၅
မိနစ်မပြည့်သေးဘူးနော်”
“ အေးပါ… တိကျနေလိုက်တာ
မုန့်ဖိုးဖြတ်မှာတော့ကြောက်သား၊
ကဲ…ဒီမှာ…သားအတွက်…သားကြိုက်တဲ့...ကိတ်မုန့်နဲ့နွားနို့”
“ ဟုတ်…ကဲ့
”
ကျွန်တော်မေမေနဲ့အတူတူမနက်စာစားနေရင်း
…မေမေကကျွှန်တော့်အတွက်စိတ်ညစ်စေမဲ့စကားကိုစဆိုခဲ့သည်။
“ သားကိုမေမေပြောစရာတစ်ခုရှိတယ်”
“ ဟုတ်..ပြောလေ…မေမေ…”
အားရပါးစားသောက်နေရင်း….မေမေထံသို့စကားပြန်ခဲ့ခြင်းဖြစ်သည်။
“ အခုထိဘွဲ့ရပြီးတာ
တစ်နှစ်ပြည့်တော့မယ်ဘာအလုပ်မှမလုပ်ရသေးဘူးနော်”
“မေမေသားကိုပင်ပန်းစေချင်လို့
ပြောတာမဟုတ်ပါဘူး
နိုင်ငံခြားကသားဦးလေးဆီပို့ဖို့စီစဉ်ထားတယ်…နောက်လ…လဆန်းပိုင်းမှာသွားရမယ်”
“ ဟာ….မေမေကလဲ သား….သူများနိုင်ံ ငံကိုမသွားချင် ပါဘူး…ပြီးတော့….ပြေးကြည့်မှဒီသားအမိနှစ်ယောက်တည်းရှိ
တာ…မေမေနဲ့မခွဲနိုင်ပါဘူး”
“
အံမယ်….လျှောက်ပြောမနေနဲ့ နေ့တိုင်းအိမ်မကပ်တဲ့ကောင်ကများ…၊မေမေကသူများနိုင်ငံမှာ အပြီးသွားနေ ခိုင်းတာမဟုတ်ပါဘူး
ဒီမှာဆို
အပေါင်းအသင်းတွေနဲ့ဆိုတော့ ပျက်စီးမှာစိုးလို့ပါ
….ဟိုမှာကဦးလေးဆိုတော့စိတ်ချရတာပေါ့…မေမေလည်း
ရိပ်သာဝင်ချင်ပြီ…သားကိုကြည့်မထိန်းနိုင်တော့ဘူး…မေမေကကောင်းသလိုစီစဉ်ပေးတာ…လက်ခံလိုက်ပါ…သား”
မည်သို့ပေ
ငြင်းဆန်နေကာ မူ မေမေ့ရဲ့ဆန္ဒကိုတော့ ကျွန်တော် မလွန်ဆန်နိုင်ပါ….။
“ ဟုတ်ကဲ့ ”
စိတ်ပျက်နေတဲသောအသံဖြင့်သာ…ပြန်ဖြေမိပါသည်။
ဒီကနေ့သည်
ကျွန်တော့်အတွက် ပြဿဒါးနေ့အဖြစ်
ဒိုင်ယာရီစာအုပ်လေးထဲချရေးခဲ့မိပါသည်။
**************************************
အခန်း(၃)
“ ငါတို့ခုလိုကြားရတာလည်း…စိတ်မကောင်းမိပါဘူး
……
ငါတို့ရဲ့အချစ်ဆုံးသူငယ်ချင်းနဲ့ခွဲခွာရတော့မှာပေါ့ကွာ”
“ ငါလည်းမင်းတို့နဲ့မခွဲချင်ပါဘူးကွာ…ငါ့အမေအကြောင်းလည်းမင်းတို့အသိပဲလေ……….”
“ ငါတို့ကလည်းမတားပါဘူးကွာ…ဟိုရောက်ရင်ငါတို့ကိုမကြာမကြာဆက်သွယ်နော်….သူငယ်ချင်း……...”
“ အင်းပါကွာ”
ကျွန်တော်သက်ပြင်းတချက်ချလိုက်ပြီးကော်ဖီပူပူလေးကို
ဆတ်ခနဲမော့သောက်လိုက်သည်။
“ ညီလေးရေ……….အကို့ကိုဆေးလိပ်တစ်ဘူး”
“ ဟုတ်…….ကိုလေး………ရမယ်”
အာကာရဲ့စကားသံကြောင့်
“
အာကာ…မင်းဆေးလိပ်တွေသိပ်သောက်မနေနဲ့ဦး….ချောင်းက တဟွတ်ဟွတ်နဲ့”
“အေးပါကွာ….ငါ့အတွက်မင်းပူစရာမလိုပါဘူး”
“
မင်းမမနဲ့သွားတွေ့ဦးမှာမလား…နောက်ကျနေဦးမယ်”
“
ဟာအေး…ဟုတ်သားပဲ…….ငါသွားတော့မယ်သူငယ်ချင်တို့ဒီမှာလက်ဖက်ရည်ဖိုး….မနက်ဖြန်၇နာရီနော်”
“ အေးပါ ”
ရေကြီးသုတ်ပြာဖြင့်
အိပ်ထဲမှာတထောင်တန်တစ်ရွက်ကိုအာကာနှင့်အောင်ဖြိုးထံသို့လက်ဖက်ရည်ဖိုးရှင်းရန်ပေးကာ
အမြန်ထွက်ခဲ့မိပါသည်။
*************************
“
မရယ်ကျွှန်တော်မနဲ့မခွဲချင်ဘူး…..ဒါပေမယ့်……”
“
ကာရံမေမေ့ရဲ့စကားကိုနာခံလိုက်ပါ”
“ ဗျာ”
မမရဲ့အပြောကြောင့်ကျွန်တော်အံ့အားသင့်မိသည်။သို့ပေမယ့်သူမကကျွန်တော့်ထက်ရင့်ကျက်နေသူဆိုတော့
ကျွန်တော်ဘာမှပြန်မပြောချေ။
“ မနဲ့ခွဲရမှာကခဏပါပဲ ကာရံရယ်…နိုင်ငံခြားကပြန်လာဂရင်တွေ့မှာပေါ့…..မမကမင်းကိုရင့်ကျက်နေတဲ့သူအဖြစ်မြင်
ချင်တယ်…..ဒါ့ကြောင့်အလုပ်လုပ်ရင်းသင်ယူပေါ့
”
“ မမပြောတာကိုနားလည်ပါတယ်….မမ…ဒါဆိုကျွန်တော်မမဖြစ်စေချင်သလိုရင့်ကျက်တဲ့သူတစ်ယောက်ဖြစ်စေ
ရမယ်လို့ကျွန်တော်ကတိပေးတယ်”
“
မမလည်းကျွန်တော်နိုင်ငံခြားကပြန်လာရင်လက်ထပ်မယ်လို့ကတ်ပေး”
“ဟွန်း…….အကြပ်ကိုကိုင်တော့တာပဲ”
“ အင်း….ကတိ…ကွာ”ပြောရင်းရှက်သွေးဖြာကာတဖက်သို့ လှည့်သွားသည်…။
တည်ကြည်
ရင့် ကျက်သူတယောက် မဟုတ်ပေမယ့် နဂိုရှိပြီးသား ပီတီတီ မျက်နှာပေးနှင့် မမအား
ပြုံးပြရင်း…..သူမလက်ကလေးအား ယုယစွာ ထွေးပွေလိုက်ပါသည်…။
ဒီကနေ့ညနေသည်
ကျွန်တော့်ရဲ့ “
ရက်ရာဇာ ” အဖြစ်ဒိုင်ယာယီစာအုပ်လေးထဲမွတ်တမ်းသွင်းခဲ့မိပါတော့သည်။
******************************
“ တီ………..တီ
” “ တီ………..တီ ”
“်ကားသံကြားတယ်သား……………..သားသူငယ်ချင်းတွေရောက်လာပြီးထင်တယ်”
“ ဟုတ်တယ်မေမေ ”
“ အချိန်တော့စောသေးတာ
လေယာဉ်က(၈)နာရီဆိုတော့
ခုမှ(၆)နာရီခွဲပဲရှိသေးတယ်……….သူငယ်ချင်းတွေကိုအိမ်ထဲခေါ်လိုက်လေ”
“ ဟုတ်
”
မေမေရဲ့စကားကြောင့်
သူငယ်ချင်းများကို အိမ်ထဲသို့ကျွန်တော်ခေါ်လာခဲ့ပါသည်။
“ မေမေဒီနှစ်ကောင်ကိုတော့သိပြီးသားနေမှာပါ
”ပြောရင်း အာကာနှင့်ထက်ကိုကို ကိုလက်ညိုးထိုးပြလိုက်ပါသည်…။
“ မင်္ဂလာပါအန်တီ ”
“ အေးထိုင်ကြကွယ် ”
“မေမေ………သူကသားရဲ့သူငယ်ချင်းပဲ နာမည်ကတော့ရှင်းသန့်
နွယ်တဲ့ ”
မေမေ့ရှေ့မှာမလို
မမကို သူငယ်ချင်းပါလို့သာပြောခဲ့ရပါသည်။
“
တွေ့ရတာဝမ်းသာပါတယ်အန်တီ ”
“ အေးကွယ် အန်တီလည်းတွေ့ရတာ
ဝမ်းသာပါတယ် ”
“ သမီးလေးကချစ်စရာကောင်းတာပဲနော် ”
“ အန်တီကလည်းမြှောက်နေပြန်ပြီ………”
“ ဟား..ဟား…ဟား….ဟား ”
အာကာနှင့်ထက်ကိုကိုတို့က ၀ိုင်းရယ်သည်။\
“အန်တီကတော့သမီးလိုချင်နေပြီထင်တယ်”
“ အဲ့လိုမဟုတ်ရပါဘူးကွယ်….ကဲထိုင်ဦးအန်တီကော်ဖီသွားဖျော်လိုက်ဦးမယ်
”
“ ရတယ်အန်တီ သမီးအိမ်က
သောက်လာ ပြီးပါပြီ ”
“ဟုတ်တယ်အန်တီရဲ့…..သားတို့လည်
သူ့ကိုဝင်ခေါ်ရင်း လမ်းကနေသောက်လာတယ်”
ကျွန်တော်ပစ္စည်းထုတ်ရန်အိပ်ခန်းထဲဝင်သွားတာတွေ့တော့
အာကာနှင့်ထက်ကိုကိုတို့ ထိုင်နေရာမှ
“အန်တီ……သားတို့ကာရံကိုသွားကူပေးလိုက်ဦးမယ်”
“ အေး…အေး…အေး….သားတို့ ”
ကျွန်တော်အာကာနှင့်ထက်ကိုကိုတို့နှင့်အတူပစ္စည်းများကားပေါ်တင်နေသည့်အချိန်တွင်
မေမေကမမနှင့်
စကားပြောနေကြသည်။
မေမေကမမကိုသဘောကျနေသည်ဟုကျွန်တော်သဘောပေါက်လိုက်မိသည့်အတွက်
ကျွန်တော်ပျော်ခဲ့မိပါသည်။
(၇)နာရီထိုးတော့မည်မို့ မေမေ့အားနှုတ်ဆက်ပြီး
ကျွန်တော်တို့
ထွက်ခဲ့ကြပါသည်။
ကားပေါ်အရောက်တွင်ကျွန်တော်
့အားလက်ပြကာ မျက်ရည်ဝဲပြီးနှုတ်ဆက်ကျန်နေခဲ့ သူက မေမေ….။
လမ်းတလျှောက်တွင်
ကားပြတင်းပေါက်ကိုမှီလျှက် လေပြေတွေ၏တိုးဝှေး မှုအရသာကို ကျွန်တော်အပြည့်အဝ
ခံစားနေမိသည်…။
**************************************
လေယာဉ်ပေါ်တက်ရတာ့မည်မို့….သူငယ်ချင်းများကိုနှုတ်ဆက်နေခဲ့မိသည်။
“အာကာ…ထက်ကိုကို…..ကျန်းမာရေးကိုဂရုစိုက်နော်..
ပြီးတော့
မမကိုလည်းဂရုစိုက်ပေးနော်။”
“ အေးပါကွာ….မင်းလည်းကျန်းမာရေးဂရုစိုက်နော် ”
အာကာနှင့်ထက်ကိုကိုတို့က
စိတ်မကောင်းသည့်လေသံဖြင့် ပြောခဲ့ကြသည်။
ကျွန်တော်မမအားပွေ့ဖက်လိုက်ပြီး
“မမ………စိတ်ချခဲ့တယ်နော်”
ကျွန်တော့အတွက်အချိန်မရပြီမို့
မမအားကျွန်တော်ပြောချင်သည့်စကားများပြောပြီး….နောက်
အားလုံးကိုလက်ပြနှုတ်ဆက်ခဲ့ပါသည်။ထက်ကိုကိုနှင့်အာကာတို့မှာမူမျက်နှာမကောင်းပါ။
မေမေကဲ့သို့မျက်ရည်ဝဲပြီးလက်ပြနှုတ်ဆက်နေသူတစ်ဦးရှိသည်။
…သူက….ကျွန်တော်ချစ်ရပါသော…နွယ်……
******************************
အခန်း(၄)
မိုးနှင့်ထိလုမကမြင့်မားသော
တိုက်တာအဆောက်အဦးများ…လမ်းများ ကသန့်ရှင်းသပ်ရပ်သော်လည်း
သစ်ပင်များထူထပ်မှု
မရှိ......။ထိုအချိန်သည်….နှင်းဖက်များထူထူထပ်ထပ်ကျဆင်းနေသည့်
ဆောင်ရာသီကာလတစ်ခုဖြစ်သည်။
ကျွန်တော်နိုင်ငံခြားသို့ရောက်နေသည်မှာ
(၅)လကြာမြင့်ခဲ့ချေပြီ။
ချမ်းအေးလွန်းတာကြောင့်
ကျွန်တော်၏ အခန်းထဲတွင် မီးဖိုတစ်ခုဖိုလိုက်သည်။
ပြီးလျှင်ကော်ဖီပူပူလေးတစ်ခွက်ကိုဖျော်ကာ
အိပ်ယာထက်တွင်လဲလျောင်းရင်း
အလွမ်းအဆွေများကိုသရုပ်ဖော်နေခဲ့မိသည်။
အမိမြန်မာပြည်ကိုလွမ်းသည်။အမေနှင့်နွှယ်ကိုလွမ်းသည်။
သူငယ်ချင်းများကကျွန်တော်ပြန်အလာစောင့်ကြိုနေလိမ့်မည်။
ထိုသို့သောအလွမ်းအဆွေးမျိုးစုံကိုတွေးတောနေရင်းအိပ်ယာထက်တွင်မျက်ရည်ကျမိသည်။
ကျွန်တော်၏စိတ်တွင်
လွမ်းဆွေးမှုတွေခုန်ပေါက်ပြေးလွှားနေသောကြောင့်ကျွန်တော်မခံစားနိုင်။ထို့ကြောင့်
ချမ်းလွန်းသောအအေးဒဏ်ကိုအံတုရင်း
ကျွန်တော်ကဗျာတစ်ပုဒ်ရေးနေခဲ့မိသည်။
မမရဲ့ပုံရိပ်တွေ
ကျွန်တော့်စိတ်ကို လှုပ်နိုးနေသောကြောင့်သူမကို တမ်းတရင်း ကဗျာစပ်မိခဲ့ခြင်းဖြစ်ပါသည်။
“တချပ်ချပ်နှင့်…စက္ကန့်လွင့်မျော……….
နရီကြောမှာ…လွမ်းမျောလွင့်ပါး……………
ဆောင်းလကြာခဲ့။
မနိုးတ၀က်….နိုးတ၀က်နှင့်……………..
နိုးလျက်မက်မြင်…အိပ်မက်ရှင်ကို…….
ငါလျှင်ကြင်ခွင့်ပြုပါဦး။
အိပ်မက်သခင်….ပန်းသခင်ရဲ့…………
ကြည်လင်မျက်နှာ…စံထွက်လွှာကို…………..
ရမ္မက်ကင်းလွတ်…ရင်သည်းပွတ်မှ…..
နူးညွတ်ဖူးခွင့်ပြုပါဦး။
ခရီးကကြမ်းကိုယ်လက်ပန်းမို့…..
စိတ်နွမ်းအိပ်ချိန်….နှလုံးအိမ်မှာ……
အေးငြိမ်းပုတ်နိုး….သူ့ကကြိုးတွေ………..
ပြက်ပြိုပြခွင့်ပြုပါဦး။ ” (ကာရံငယ်YTZK)…….
ကျွန်တော့ဒိုင်ယာရီစာအုပ်လေးထဲမှာ ထိုကဗျာလေးကိုချရေးလိုက်ပြီး…..
ချမ်းအေးလွန်တဲ့ ဒီတညကို စောင်အထပ်ထပ်ဖြင့်သာဖြတ်သန်းခဲ့ပါတော့သည်။
***************************
ကျွန်တော့အလုပ်ကိုကြိုးစားရင်းငွေများစုဆောင်းနိုင်ခဲ့ချေပြီ။
“မ”ပြောတဲ့ရင့်ကျက်မှုဆိုတိာုလည်း
ကျွန်တောရရှိခဲ့ပြီးပါပြီ။ယခုဆိုရင်(၇)လတောင်ကျော်ခဲ့ပြီလေ။
(၇)လအတွင်းအမေနှင့်သာဖုန်းပြောဖြစ်ခဲ့သည်။
အာကာနှင့်ထက်ကိုကိုတို့နှင့်အဆက်အသွယ်ပြတ်နေခဲ့သည်။
“မ” ရောဘယ်ပျောက်နေလဲ………………။
“ သား
”
ရုတ်တရက်ဦးလေး၏အသံကြောင့်
ကျွန်တော့အတွေးတွေဖျတ်ခနဲပျောက်ကွယ်သွားခဲ့သည်။
“ ဗျာ…..!”
“ ဘာတွေတွေးနေတာလဲ………….”
“သြော် ဘာမှမဟုတ်ပါဘူးဦးလေးရဲ့”
“ဒီနေ့ည သားကိုတရုတ်ကကုန်သည်တစ်ယောက်နဲ့မိတ်ဆက်ပေးမယ်ဦးရဲ့မိတ်ဆွေပါ။”
“ ဟုတ်ကဲ့ဦးလေး…………. ”
“ဒါကိုလာပြောတာပါ………ည(၈)နာရီမှာ ဒီရှေ့ကဟေိုတယ်မှာတွေ့မယ်…………လာဖြစ်အောင်လာနော်သား။ ”
“ ဟုတ်……..လေးလေး ”
ကျွန်တော်နိုင်ငံခြားရောက်ကတည်း
ကျွန်တော့်ဦးလေးနဲ့တခန်းစီနေခဲ့ပါတယ်။သူကကျွန်တော့်အပေါ်ထပ်က
အထပ်မှာနေပါတယ်။သူ့နာမည်က
ဦးဝေဖြိုးကိုပါ။သူကကျွန်တော့်ကိုအရမ်းချစ်တယ်…။
မေ့မေ့ရဲ့မောင်…………ကျွန်တော့ရဲ့တဦးတည်းသောဦးလေးပါ။
********************************
အခန်း(၅)
နီဟောင်
(မင်္ဂလာပါ)
ချင်အန်း (မင်္ဂလာညပါ)
ချင်ကျို့
(ကျေးဇူးပြုပြီးထိုင်ပါခင်ဗျ)
ဟောင်ပါး
(ကောင်းပါပြီ)
ဦးလေးနှင့်တရုတ်ကုန်သည်တို့တယောက်နှင့်တယောက်အပြန်အလှန်ဂါရ၀ပြုနေကြပါသည်။ပြီးလျှင်
ကျွန်တော်နှင့်မိတ်ဆက်ပေးခဲ့သည်။ဒါ့ကြောင့်သူ့နာမည်ကမစ္စတာချောင်ဟန်ဆိုတာကိုကျွန်တော်သိခဲ့ရပါသည်။
နီဆွတ်ဆွေ
(နာမည်ဘယ်လိုခေါ်သလဲ)
ဝေါတက်မင်ကျူ
ကာ့ရံငယ် ရှန်းစိန်း
(ကျွန်တော်နာမည်မစ္စတာကာရံငယ်ပါ)
ဟောင်ပါးဝေါတက်မင်ကျူချောင်ဟန်ရှန်းစိန်း
(ကောင်ပါပြီ။
ကျွန်တော်ကတော့ မစ္စတာချောင်ဟန်ပါ)
မစ္စတာချောင်န်ကခင်မင်ဖို့ကောင်းတဲ့သူတယောက်ပါ။ပျော်ပျော်နေတတ်သလို
အဆင့်အတန်းခြင်း မခွဲခြားတတ်ဘူး
လူတိုင်းကိုခင်မင်အောာင်ပေါင်းနိုင်တယ်။သူကျွန်တော်ကို
ကုန်သွယ်မှုနည်းပညာကိုအသေးစိတ်ရှင်းလင်းပြောကြားပေးခဲ့တယ်။
ပြီးတော့
ဦးလေးလုပ်ငန်းကစ္စတွေအများကြီးပြောနေတယ်။ကျွန်တော်နာရီကြည့်လိုက်တော့ 12း00
ထိုးတော့မည်မို့ ဦးလေးကိုလက်တို့ပြီး လေးလေးအချိန်တောင်တော်တော်လင့်နေပြီ
ပြန်ကြရအောင် သူ့ကိုအားနာစရာကြီး။
“ အေး…….အေး……ငါစကားစဖြတ်လိုက်မယ်”
ပြောပြောဆိုဆိုနှင့်ဦးလေးက
ချောင်ဟန်နှင့်စကားစဖြတ်ခဲ့ပြီးသူ့ားနှုတ်ဆက်ခဲ့ကြသည်။
“ ထုယိန်းဟ်
(ပြန်ဆုံကြမယ်နော်)”
“ဟောင် ကိုင်ထျန်းကျန့် (ဟုတ်ကဲ့နောက်နေ့မှတွေ့မယ်)”
“ကျူနီချန်းကုန်း (ခင်ဗျားအောင်မြင်ပါစေ)”
“ ရှဲရှဲနီ (ကျေးဇူးတင်ပါတယ်ခင်ဗျာ)”
ဦးလေးနှင့်မစ္စာချောင်ဟန်တို့အပြန်အလှန်နှုတ်ဆက်ပြီး
မစ္စတာချောင်ဟန်ကကျွန်တော့်ကိုစကားတစ်ခွန်းပြောလိုက်သည်။
“၀မ်းသည်ခိုင်းရှင်း
(ပျော်ပျော်နေပါ)တဲ့”
ဟုတ်ပါသည်
ကျွန်တော်၏မျက်နှာမှာလွမ်ဆွတ်မှုတွေရှိနေခဲ့တာအမှန်ပါ။ထို့အတွက်
ကျွန်တော့်ကိုနှစ်သိမ့်အားပေးခဲ့ခြင်းမဟုတ်ပေလား။
ကျွန်တော်က
မဆိုင်းမတွပဲ…
“ဆစ်………မန့်မန့်ကျို (ဟုတ်ကဲ့………ဖြည်းဖြည်းသွားပါနော်)”
သူ့အားပြန်လည်၍နှုတ်ဆက်ခဲ့ပါသည်။ထိုနေ့ညကကျွန်တော့်အတွက်
မစ္စာချောင်ဟန်သည်
မိတ်ဆွေကောင်းတစ်ယောက်အဖြစ်
ဒိုင်ယာယီစာအုပ်ထဲမှာ မှတ်တမ်းတင်ခဲ့လိုက်ပါသည်။
**************************************
အခန်း(၆)
အနက်ရောင်ကားတစ်စီးသည်…ကားလမ်းမကျယ်တစ်ခုပေါ်တွင်အရှိန်ရှိန်ပြင်းပြင်းမောင်းနှင်နေပေသည်။
ထိုကားပေါ်တွင်ကျွန်တော်ပါခဲ့သည်။ကျွန်တော်နိုင်ငံခြားရောက်နေတာ
ဒီနေ့နဲ့ဆိုရင်တစ်နှစ်ခွဲတောင်ကြာမြင့်ခဲ့ချေပြီ။
သို့ပေမယ့် ဒီကနေ့သည်
ကျွန်တော့၏ပျော်ရွှင်ခြင်းအစဖြစ်သည်။ဒါ့ကြောင့်မြန်မာပြည်သို့ပြန်ရန်
ဦးလေးကိုယ်တိုင်
လေဆိပ်သို့လိုက်ပို့ပေးခြင်းလည်းဖြစ်သည်။
သားလေယာဉ်ချိန်ကဘယ်တော့လဲ
“နာရီဝက်တော့လိုပါသေးတယ်
လေးလေးဖြည်းဖြည်းမောင်းပါ။”
“အံမယ်မင်းကများ……မြန်မာပြည်ကိုမြန်မြန်ပြန်ချင်တဲ့ကောင်က”
“ အဟဲ….သိရင်လည်းပြီးတာပဲလေ”
ခဏအကြာ…………
ကဲလေဆိပ်ရောက်ပြီး…..အထဲတော့မ၀င်တော့ဘူး၊၀မ်းနည်းနေရမှာစိုးလို့
တာ့တာနော် “သား”
“ဟုတ်လေးလေး……တာ့တာ”
ဦးလေးကကျွန်တော့ကို
မှာစရာများမှာကြားပြီး လက်ပြနှုတ်ဆက်ကာ ထွက်သွားပါတော့သည်။ကျွန်တော်၏မျက်စိရှေ့မှ
ဦးလေး၏အနက်ရောင်ကားလေးသည်
တဖြည်းဖြည်း……သေးပြီး…မြင်းကွင်းမှပျောက်ကွယ်သွားခဲ့ချေပြီ။
***********
“မေမေ…....”
“
သား”
လေဆိပ်တွင်လာကြိုနေသော
မေမေ့ကိုဦးစွာကျွန်တော်ပြေးဖက်လိုက်မိပါသည်။
“ သူငယ်ချင်း”
“ဟာ”…”..ထက်ကိုကို……၀မ်းသာလိုက်တာကွာ…..”
ဒါပေမယ့်
ကျွန်တော့်ရင်ထဲဟာနေသလိုခံစားရသည်။
“အာကာရော”
ကျွန်တော်သိချင်ဇောနှင့်မေးခဲ့မိသည်။ထက်ကိုကိုရှိလျှင်အာကာကိုတွေ့ရသည်။ယခုသူတို့နှစ်ယောက်က
တစ်ယောက်တည်းပဲရှိတယ်။
အရင်တုန်းကတပူးပူးတတွဲတွဲတွေ့နေရသည်။ဒါ့ကြောင့်
ကျွန်တော်အံ့အားသင့်မိသည်။ပြီးတော့ “မ”ရောဘယ်ရောက်နေလည်း
မေချင်မိသည်။သို့သော်
အမေဘေးမှာရှိနေသောကြောင့် မမေးမိရန်ထိန်းချုပ်လိုက်မိသည်။
“ မေမေက ကဲ………သားလည်းပင်ပန်းရောပေါ”့
“အိမ်ရောက်မှ …. အေးဆေးပြောကြတာပေါ့”
မကြာမီ
အိမ်သို့ ရောက်ခဲ့ကြပါပြီ။ သို့ပေမယ့်
ကျွန်တော်အနားမယူပါ......သိချင်တာကိုပဲမေးခဲ့ပါသည်။
“ကဲသားသိချင်တာကို.......အမေပဲပြောပြပါ့မယ်...............
ထက်ကိုကိုကပြောထွက်မှာ မဟုတ်ဘူး”
မေ့မေ့အပြောကြောင့်
ကျွန်တော် ထက်ကိုကိုကြည့်လိုက်မိသည်။
ကျွန်တော့အကြည့်ကို
မသက်မသာဟန်ဖြင့် ခေါင်းငိုက်ချလိုက်သူက
ထက်ကိုကို။
“သားမေမေပြောတာကို စိတ်ငြိမ်ငြိမ်နဲ့ နားထောင်နော်
.............သား..သူငယ်ချင်း...သူဆုံးပြီ”
“ဗျာ !!” ကျွန်တော်အံ့အားသင့်သွားသည်။ကျွန်တော့ရင်တွေ
တဒိတ်ဒိတ်မြည်သွားသည်။အချစ်ဆုံးသူငယ်ချင်း
အာကာ
ဆုံးပြီတဲ့။
“ဟုတ်တယ် ကာရံ......သူဆေးလိပ်ကြောင့်ရာဂါရပြီးဆုံးသွားတာ”
ထက်ကိုကိုကအဖြေပေးသည်။
ကျွန်တော်စိတ်မကောင်းဖြစ်မိသည်။တောက်
ငါမသောက်ပါနဲ့လို့ မတန်တန်မှာထားရဲ့သားနဲ့ကွာ ကျွန်တော်သူ့ကိုပြောခဲ့တဲ့
စကားများကိုသတိပြန်ရခဲ့မိပါသည်။
အာကာ့ကိုအပြစ်တင်နေမိသည်။
“မ..ရော”
မမေ့ရှေ့မှာ လွှတ်ခနဲ သူမကိုပါမေးလိုက်မိသည်။
ထက်ကိုကိုက
မင်းရဲ့မက အိမ်ပြောင်းသွားကြတယ်ကွာ....
ဘယ်ကိုပြောင်းသွားလည်းတော့
ငါမသိဘူး ငါလည်းစုံမမ်းနေတာပဲ
“ဖူးစားမှန်ရင်တော့ပြန်တွေ့မှာပေါ့သားရယ်” ရုတ်တရက်မေ့မေ့ရဲ့စကားကြောင့်
“ဗျာ ...မေမေ...သိနေတယ်” မေမေကနွယ်နှင့်ကျွန်တော့ကို
သူငယ်ချင်းလိုပဲသိထားတာ အခုမေမေကဘယ်လိုသိသွားတာလဲ
အစဉ်းစားရကျပ်သွားမိသည်။
“သားရယ်.....မေမေလည်းငယ်ရာကကြီးခဲ့တဲ့သူပါ
လူငယ်တွေအကြောင်းတော့ကောင်းကောင်းသိတာပေါ့”
“ကဲ သားတော့ဝမ်းနည်းစရာတွေပဲကြာနေရပြီ......သွားနားလိုက်ပါတော့”
ဒီခေါတော့မေမေပြောတဲ့နားလိုက်ပါတော့စကားကိုမငြင်းဆန်တော့ပါ။ကျွန်တော့ခေါင်းထဲတွင်
အတွေးမျိုးစုံဖြင့်ပူထူနေသည်။
ကျွန်တော်ကိုယ်တိုင်နာမည်ပေးထားတဲ့
“အလွမ်းများစံပျော်ရာ” အိမ်ရာတော်တွင်လဲလျောင်းရင်း
ငါ့ဘ၀မှာ ငါချစ်တဲ့အကို
ဆုံးရှုံးခဲ့ပြီးပြီ။
ပြီးတော့
အချစ်ဆုံးသူငယ်ချင်းတစ်ယောက်ကိုဆုံးရှုံးရပြန်ပြီ၊ယခုရော ငါချစ်တဲ့ မ
ကိုဆုံးရှုံးရတော့မှလား...?
************************
ဒီညတော့
ကျွန်တော့အတွက် လွမ်းဆွတ်ခြင်း၊ကြေကွဲခြင်း၊တမ်းတခြင်း
မျိုးစုံပြည့်စုံနေတဲ့ လမိုက်ည....ညတစ်ည။
ကြယ်ရောင်ပျောက်တဲ့ညလို့ဆိုလျှင်မမှားပေ။အိမ်အပေါ်ထပ်ဝရန်တာဘက်မှာထိုင်ရင်း
ကြယ်ရောင်အားတမ်းတနေမိသည်။
ကျွန်တော်အားပြုံးပြနေသည်။အာကာနဲ့မရဲ့ပုံရိပ်တစ်ခု
ကောင်းကင်ထက်တွင်ပေါ်လာပြန်သည်။ဒိုင်ယာရီစာအုပ်လေးကို
ဖွင့်ကာ
မ အားလွမ်းဆွတ်ခြင်းဖြင့် အထိမ်အမှတ်ကဗျာတစ်ပုဒ်ကိုချရေးလိုက်မိပါတော့သည်။
ကြယ်ရောင်ပျောက်တဲ့.....ညတညရယ်---------
သံဝါဖျောက်ဖျောက်....သစ်ရွက်ကြွေသံ---------
လေတိုးသံနှင့်.....အလွမ်းငိုသံ--------
ဝဲမျက်ရည်များ-----------
မြေပေါ်ခလျက်......ငိုကြွေလျက်။------------------
ဟန်ဆောင်နှလုံး.......ပြည့်ပြည့်ဖုံးလျှက်---------
ကျိတ်မှိတ်ခံစား...........ရေးတဲ့ကဗျာကို---------
ရင်နာသံဖြင့်.....မဆိုဝဲ့ပါ။------------
နှလုံးစိတ်မှာ......ကျိတ်ခါသိုလှောင်---------
ဟန်ဆောင်မျက်ဝန်း.....သောင်းနှယ်ထွန်းသည်-----
အိပ်မက်ဆီမှာ........ငိုလိုက်ပါသည်--------
ရင်မှာပေါက်ဖွား........အလွမ်းများကို-------
ကြယ်စင်သိ၍သနားစေ.........။----------။(ကာရံငယ်)
အခန်း(၇)
“သား........ကျန်းမာရေးဂရုစိုက်နော်”
“ဘယ်လောက်ကြာမှာလဲ”
“ တစ် လလောက်ပါပဲ မေမေ”
မေမေ့ကိုအနမ်းတပွင့်ပေးပြီ လုပ်ငန်းကိစ္စအတွက်
မန္တလေးသို့သွားရန်အဝေးပြေးကားဂိတ်သို့ ကျွန်တော်ထွက်ခွာခဲ့သည်။
မန္တလေးရောက်သောအခါ
ပထမတစ်ရက်တော့ ကျွန်တော်ခရီးပင်ပန်သည်မို့အနားယူရဦးမည်။
၃၊၄ရက်လောက်ကြာတော့
လုပ်ငန်းကစ္စတွေအဆင်ပြေခဲ့ပါသည်။မပြန်ခင်တစ်ရက်မှာကျွန်တော် မန္တလေးမဟာမြတ်မုနိ
ဘုရားသွားပြီးမန္တလေးအနှံ့လျှောက်လည်ခဲ့ပါသည်။မန္တလေး
ကျုံ ဘေးတွင် ကျွန်တော်လမ်းလျှောက်နေစဉ်
မိန်းမပျိုလေးတစ်ယောက်
ကားလမ်းကူးနေတာကို ကျွန်တော်မြင်မိပါသည်။သူမကချောမောလှပဟန်တူသည်။
ကျွန်တော့ကိုကျောခိုင်းပြီးကားလမ်းကူးနေသည်မို့
သူမရုတ်ရည်ကို မမြင်ရပါ။ဆံနွယ်များနက်မှောင်ပြီး ခါးအထိကျလျက်ရှိသည်။
တဖန်လေညင်းတိုက်ခတ်မှုကြောင့်
ယိမ်းနွဲ့ နေသည့် သူမ၏ဆံနွယ်များကကျွန်တော့အားကပြဖျော်ဖြေနေဟန်……ရှိနေပေသည်..။
မကြာပါ
ကျွန်တော့်၏ခံစားချက်ကိုဝင်ရောက်နှောင့်ယှက်မှု တစုံတရာပေါ်လာခဲ့ပါသည်။
သူမလမ်းဖြတ်ကူးစဉ်
တဖက်မှကျော်တက်လာသော ကားကသူမများအားမြင်ဟန်မတူပေ...။ထို့ကြောင့်ကျွန်တော်
ဆက်ပြီးကြည့်မနေတော့ဘဲ
အနောက်မှသူမအားအလျှင်အမြန်ဆောင့်တွန်းလိုက်နိုင်၍သူမတစ်ဖက်မှပလတ်ဖောင်းသို့
လဲကျသွားပေမယ့်
သတိထားလိုက်မိသည်က ကျွန်တော်လွင့်စင်သွားခဲ့ခြင်းဖြစ်သည်။
*************
ကျွန်တော့၏မျက်တောင်များလှုပ်ရှားနေသည်......အလင်းပွင့်တွေကာလာမျိုးစုံအကွက်တွေက
မျက်စိရှေ့တွင်
ပျောက်လိုက်ပေါ်လိုက်နှင့်
ကျွန်တော်ကြားလိုက်သည့်အသံတစ်သံက
“ဆရာ......ဒီမှာ ကျွန်မသားလေးသတိရလာပြီ...သတိရလာပြီ”တဲ့။
ဆရာဝန်နားကျပ်ဖြင့်လာစမ်းတယ်။ကျွန်တော့်မျက်စိကိုဖြည်းဖြည်းချင်းဖွင့်ကြည့်လိုက်တော့
ကျွန်တော့်ဘေးတွင်ထိုင်နေသူက
မေမေ။ကျွန်တော့်ကိုပြုံပြီး
“
သား.....သတိရလာပြီလား....”
ကျွန်တော်
လက်ထိခိုက်ထားသည်…
အနည်းငယ် နာကျင်နေပြီး….ကျောက်ပတ်တီးကိုင်
ထားရသည်…။
“မေမေလေ မှတ်မိရဲ့လားသား”
“မေမေ”
“ ဟယ်သားဘာမှမဖြစ်ဘူးနော် ၀မ်းသာလိုက်တာသားရယ်”
ဆရာဝန်ကကျွန်တော့်အခြေအနေကိုကြည့်ပြီး
“စိုးရိမ်စရာတော့မရှိပါဘူး အားလုံးကောင်းပါတယ်။
လူနာလည်းသတိရလာပြီဆိုတော့ တရက်နှစ်ရက်လောက်တော့နားပြီး
ဆေးရုံကဆင်းလို့ရပါပြီ”
“တော်သေးတာပေါ့သားရယ် မသေကောင်းမပျောက်ကောင်း
ကားကပွတ်သွားလို့သာခံသာတာ....တိုက်မိရင်တော့
မေမေမတွေးရဲဘူးသားရယ်”
မေမေကကျွန်တော့လက်ကိုဆုတ်ကိုင်ပြီးပြောခဲ့တယ်
ကျွန်တော်ပြန်ပြီးမေမေ့ကိုပြုံးပြလိုက်ပြီး………….
“....သားကယ်လိုက်တဲ့ကောင်မလေးရော
အခြေအနေဘယ်လိုလဲ မေမေ”
“သားခုလို
အသက်စွန့်ကယ်လိုက်တာမေမေဂုဏ်ယူမိပါတယ်။ဒါပေမယ့်....သားကယ်လိုက်တာတခြားသူမဟုတ်ဘူး…အဲ့ဒါက…….”
ပြောရင်း
မေမေလက်ညိုးညွှန်ရာဘက်ကို ကျွန်တော်ကြည့်လိုက်ပြီး
ကျွန်တော်အံ့အားသင့်သွားခဲ့သည်။
“ဟင် ! မမ”
“သား .....ချင်ချင်းထလို့မဖြစ်သေးဘူး.....လေ” ရုတ်တရတ်
မေမေ့စကားကြောင့် ကျွန်တော်အသာ ပြန်၍လှဲနေလိုက်သည်။
မမသည်
ကျွန်တော့အနားသို့လာပြီ......
“ကာရံငယ်တို့တွေကရေစက်မကုန်သေးဘူးနော်.....အဲ့ဒီနေ့က
ကာရံသာမကယ်ရင်
မ မတွေးဝံ့ဘူး .”
“..ပြီးတော့ ကာရံကို မ စောင့်ခဲ့ပါတယ် နေ့တိုင်းသတိလည်းရတယ်
မေမေတို့ကအိမ်ပြောင်းမယ်ဆိုတော့
မတတ်သာပဲ မန္တလေးကိုလိုက်လာရတာပါ။ကာရံကိုဘယ်တော့မှပြန်မတွေ့ရတော့ဘူး
လို့ထင်နေတာ
ခုတော့ပြန်တွေ့ရတာအရမ်းဝမ်းသာတာပဲ” ပြောရင်း
သူမရဲ့မျက်လုံးအိမ်မှမျက်ရည်များကျဆင်းလာခဲ့ပါသည်။
“မ ရယ်......မငိုပါနဲ့တော့နော် ကျွန်တော်လည်း မ လိုပါပဲ ခံစားရပါတယ်”
ထိုစဉ်……………….
“သားတို့နှစ်ယောက်စကားပြောနေခဲ့ဦးနော်”
“မေမေအပြင်ခဏသွားလိုက်ဦးမယ်”
မေမေဘေးမှအလိုက်တသိထသွားသည်ကို
ကျွန်တော်ရိပ်စားမိပါသည်…။ထို့ကြောင့် ကျွန်တော် …ထသွားတဲ့အမေ့ကိုကြည့်နေမိ
သည်။
“ကာရံ နဲ့ မ ကိုမိဘချင်းတွေ သဘောတူပြီးသွားပြီ”
ဘာလို့
လဲ ဆိုတော့ ...ကာရံ့ မေမေ နဲ့ မ မေမေတို့က ငယ်ငယ်ကတည်းက အရမ်းချစ်ကြတဲ့
သူငယ်ချင်းတွေ လေ...
နှစ်ဘက်လုံးက ပြောစရာ မရှိဘူး အရင်ကတည်းက...စီစဉ်ထားကြတာတဲ့.........
ကျွန်တော်
အံ့သြ အရမ်းဝမ်းသာမိသွားပြီ ရုတ်တရက်အသံကျယ်လောင်မိသွားသည်။
“ဗျာ!!!!....!!!.......... ၀မ်းသာလိုက်တာဗျာ”
ပြောပြောဆိုဆို နှင့် လှဲနေရာမှထထိုင်လိုက်ပြီ မ ကို အားရပါးရဖက်ထားလိုက်မိသည်။
“ အဲ.........ကြည့်......ခုနကတော့
သူမဟုတ်တဲ့အတိုင်းပဲ”
“မမ ပဲရင့်ကျက်ရမယ်ဆို”
“သွား..........လူဆိုး”
“ ဟား......ဟား...ဟား…..ဟား…...ဟား.....”
အခန်းတွင်းမှ
ကျွန်တော်၏ ပျော်ရွှင်မှုများသည် တခန်းတွင်ဖုံးလွှမ်းသွားခဲ့ပါတော့သည်။
ကျွန်တော်၏အိတ်ထဲမှ
ဒိုင်ယာရီစာအုပ်နှင့်ဘောပင်ကိုထုတ်လိုက်သည်။
“ဟင် ဒါဘာလုပ်ဖို့လဲ”
“မှတ်စရာရှိလို”့
“
ဘာမှတ်မှာလည်း”
“ ကြည့်ပေါ့”
ကျွန်တော်ပြောရင်း
ရေးချလိုက်မိသည်က
“ချိုသာသောအလွမ်းတစ်ခု၏နိဂုံး”
ဖြစ်ပါတော့သည်။
Thank
You ကာရံငယ်….
ကြိုးစားလျှက်….http://yetayzakyaw528.blogspot.com