မထူးဆန်းပါဘူး....
ငါရယ်...
ဒီလမ်းလေးရယ်....
ညနေခင်းလေးရယ်ပေါ့....
ဒဏ်ရာတွေကုန်အောင်တဖွဲဖွဲရွာချလဲ
မိုးတိမ်ပဲ ပြန်ပြန်ဖြစ်နေတဲ့ ငါ့ဘ၀လေ...
ခါးသီးလို့  ရပ်တန့် လိုက်ချင်လဲ
အသက်ရှူသံလို ဖက်တွယ်ထားမိတယ်....
မုန်တိုင်းမိုးတွေလို
ငါ့ကို ခဏတာစိုစွတ် ဖျားနာစေခဲ့သူရေ...
မင်း ဖြောင့်ဖြူး ညင်သာဖို့ 
ငါဟာ မြစ်ကျိုးအင်းတစ်ခုပါ...........
အသီးအနှံအပွင့် တို့ အတွက်
စာခြောက်ရုပ် အဖြစ်လေ..........။
ထားခဲ့ပါ........
မင်း ဖြောင့်ဖြူး ညင်သာဖို့ 
ငါဟာ မြစ်ကျိုးအင်းတစ်ခုပါ...........
အသီးအနှံအပွင့် တို့ အတွက်
စာခြောက်ရုပ် အဖြစ်လေ..........။
ထားခဲ့ပါ........
ငါ့ကို တသက်လုံးရှုံးစေခဲ့တဲ့
မင်းအပြုံးလေး....နောက်တကြိမ်ဘဲ လိုပါတယ်....
တောင်ပံခတ်ဖို့  အားမရှိလဲ
လေဟုန်စီးလာခဲ့မယ်....
အတားအဆီးဆိုတာ
ရင်မဆိုင်ရဲသူတွေရဲ့ ဆင်ခြေတစ်ခုပါ....
ရပ်တန့် ခိုင်းတဲ့ သင်္ကေတကို နားလည်တဲ့ငါ့အတွက်
ဘယ်နတ်ဘုရားဆီ ပြစ်ဒဏ်ကျူးလွန်ခွင့် တောင်းရမလဲ..........။
မင်းစိတ်တိုင်းကျ ရေးဖို့ ပေးတဲ့
ငါ့ ဘယ်ဘက်ရင်ခွင် စာရွက်လွတ်မှာ
စကားလုံးရှားပါးတဲ့ မင်းလေ...
" မုန်းတယ် " ကိုမှ အတင်းရေးတယ်...
မပိုင်ဆိုင်ရမှန်း ကြိုသိခဲ့ရင် တင်ထားတဲ့လေးနဲ့ 
ငါ့ကိုယ်ငါ ပြန်ပစ်မိခဲ့မယ်....သီတာ...
ရေတ၀က်ရှိတဲ့ခွက်ကိုတောင်
အပေါ်ပိုင်း အောက်ပိုင်း ခွဲကြည့်မိတဲ့ နင်နဲ့ ငါ
ဘယ်ကမ္ဘာမှာမှ ဆုံမလဲ မသိဘူးနော်....
မထူးဆန်းပါဘူး....
ငါရယ်...
ဒီလမ်းလေးရယ်....
ညနေခင်းရယ်ပေါ့....
တစ်ခုတော့တိုးလာတယ်...
ငါ့ကိုသေမိန့် ချတော့မယ့်....အလွမ်းဆိုတဲ့ကောင်ရယ်......။
No comments:
Post a Comment
ဝေဖန်အကြံပြုပေးသွားပါဦး။
(သင်၏ Comment တစ်ခုဟာ စာရေးသူအတွက် ဆေးတစ်ခွက်ပါ။)