
ငါ့အချစ်က....အလျှားနဲ့အနံသာရှိတဲ့
တစ်လမ်းသွားလေးပါ....။
ရေမရှိတဲ့ အိုင်မှာ
ငါးမျှားနေမိတဲ့ ငါ့ဘ၀....
နေမြင့်လေ အရူးရင့်လေရောဂါ
စွံ့အခဲ့တဲ့နေ့တွေကို...
သက်ပြင်းတရှိုက်နဲ့အတူ
မှုတ်ထုတ်လိုက်တော့
ရင်ထဲမှာသိုဝှက်ထားတဲ့
မီးတောက်လည်းရင့်မှည့်လာတယ်...
.လူတွေကပြောကြတယ်
သွားစမိတဲ့ အချစ်က
"မီးထက်မက" တဲ့
ဖိုးသူတော်လည်းတောင်ဝှေးမကယ်နိုင်
အခုတော့လည်း ဂီတာတီးတတ်စငါ
ကိုယ့်အလွမ်းနဲ့ကိုပဲ
ဖြေသိမ့်နေရတော့တယ်ကွယ်.....။
ရဲတေဇကျော်..(ကာရံငယ်)
No comments:
Post a Comment
ဝေဖန်အကြံပြုပေးသွားပါဦး။
(သင်၏ Comment တစ်ခုဟာ စာရေးသူအတွက် ဆေးတစ်ခွက်ပါ။)