Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu


စာပေမြို့ တော်သို့  လာရောက်ကြသူ အပေါင်း ကျန်းမာချမ်းသာ ကြပါစေလို့  ဆုမွန်ကောင်းတောင်းလိုက်ပါသည်ခင်ဗျာ...>>အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ...မန်ဘာဝင်ပြီးအားပေးနော်..။

စာပေမြို့တော်တွင် Member၀င်ရန်

Followers


စာလုံးပြောင်းရန်
အသေး ပုံမှန် +ကြီး ++ကြီး

Sunday, January 6, 2013

`ဖားတစ်ကောင်အား စမ်းသပ်ခြင်း´ (ဟာသရှုထောင့်(၄))

သတ္တဗေဒ ကျောင်းသား များဖြစ်ကြတဲ့
ရဲတေဇ၊မောင်ရိုး နဲ့ ကာရံငယ်တို့သုံးယောက်ဟာ စမ်းသပ်ခန်းတစ်ခုတွင်
ဖားတစ်ကောင်ကိုစမ်းသပ်နေသည်။
ရဲတေဇက မှတ်တမ်းတင်ရန် စာအုပ်နှင့်ဘော့ပင်ကိုကိုင်ထားသည်။
။မောင်ရိုးက တွေ့ရှိချက်ကို ရဲတေဇထံ ပြန်လည်ပြောဆိုဖို့အသင့်။
ကာရံငယ်  ကတော့ ခွဲစိတ်တဲ့ ဓားကို ကိုင်လျှက်
သူတို့ရဲ့ စမ်းသပ်မှုစတင်လေပြီ.. ကာရံငယ်သည် ပထမဦးစွာ ဖားကို `ခုန်စမ်း´ လို့ အသံကျယ်ကျယ်နှင့်
စားပွဲကိုပုတ်ပြီး အမိန့်ပေးလိုက်တယ်။ ဖားမှာကြောက်အားလန့်အားနှင့် ခုန်လိုက်သည်။ ထိုစဉ် တွေ့ရှိချက်ကို မောင်ရိုးကဲတေဇကိုပြောလိုက်တယ်။ဲတေဇစာအုပ်ထဲတွင်ချမှတ်လိုက်သည်။
(မှတ်ချက်၁။   ။ ဖားသည်ပထမအကြိမ်ခုန်ရာတွင် တစ်တောင်အကွာအဝေးကို ခုန်နိုင်သည်။)
နောက်တစ်ကြိမ် တွင်ကာရံငယ်သည် ဖားရဲ့ ရှေ့ခြေတစ်ချောင်းကို ဓားဖြင့်ဖြတ်လိုက်သည်။
အရင်နည်းအတိုင်း ဖားကိုအမိန့်ပေးခုန်ခိုင်း သည်။ ဖားလည်းကြောက်အားလန့် အားနှင့်ခုန်ပေမယ့် အကွာအဝေးအနည်းငယ်သာရောက်တော့တယ်။
ထိုအခါ မောင်ရိုးကဲတေဇကို တွေ့ရှိချက်ပြောပြတယ်။ဲတေဇချမှတ်လိုက်သည်။
(မှတ်ချက် ၂။  ။ဖားသည်ခြေသုံးချောင်းရှိရာတွင် တစ်ထွာအကွာအဝေသို့ရောက်၏။)
တတိယအကြိမ် စမ်းသပ်မှုတွင်ကာရံငယ် ကဖား၏ရှေ့ခြေနှစ်ချောင်းလုံးကို  ဖြတ်ပြစ်လိုက်တယ်။
မောင်ရိုးက သူ့၏တွေ့ရှိချက်ကို အရှိအတိုင်ဲးတေဇကို ပြောပြခဲ့တယ်။
ဲတေဇက ရေးမှတ်လိုက်ပြန်သည်။
(မှတ်ချက်၃။  ။ ဖားသည်ရှေ့ခြေနှစ်ချောင်း မရှိရာတွင် လေးလက်မ အကွာအဝေးသို့ရောက်သည်။)
နောက်ဆုံးအကြိမ် စမ်းသမ်မှုတွင်ကာရံငယ်သည် ဖား၏ နောက်ကျန်တဲ့ ခြေနှစ်ချောင်းကိုပ်ါဖြတ်လိုက်လေသည်။
ဤသည်ကိုဲတေဇနှင့် မောင်ရိုးတို့က မတတ်သာပဲ ဖားကိုသနားကြည့်နဲ့ကြည့်နေတယ်။
ကာရံငယ်က `ဒါဟာနောက်ဆုံးစမ်းသပ်မှုကြီးတစ်ခုပဲ အဖြေတခုခုတော့ ထွက်လိမ့်မယ်´ လို့အားရ၀မ်းသာနှင့် သူတို့နှစ်ယောက်ကိုပြောလိုက်တယ်။ ယခင်နည်းအတိုင်းပဲ ဖားကိုခုန်ခိုင်းသည် သို့ပေမယ့်ခြေလေးချောင်းလုံးမရှိတော့တဲ့ ဖားကတော့တုတ်တုတ်တောင်မလှုပ်နိုင်တော့ပေ။ သွေးအိုင်ထဲတွင် ငြိမ်သက်နေပေသည်။ ထိုအခါကာရံငယ်က `မင်းတို့နှစ်ယောက်ငါ့ကိုကူ ညီကွာ ´
သုံးယောက်လုံး ပြိုင်တူအသံကျယ်ကျယ်နှင့် စားပွဲကို အားရပါးရပုတ်ပြီး `ခုန်..ခုန်စမ်း´ လို့အကြိမ်ကြိမ်အော် သော်လည်း ဖားသည်တုတ်တုတ်တောင်မလှုပ်တော့တာ ကြောင့်  သူတို့သုံးဦးလက်လျှောလိုက်ရလေသည်။
ဖားကိုခဏခဏ အော်ပြီးအမိန့်ပေးရတာကြောင့်သုံးဦးလုံးမောဟိုက်နေပေသည်။ကာရံငယ်ကခွဲစိတ်တဲ့ဓားကိုကိုင်ကာ မှိုင်နေလေသည်။
မောင်ရိုးလည်း မှတ်တမ်းတင်ရန် တွေ့ရှ်ိချက်မပေးနိုင်ပေ။ ထိုအခါ ရဲတေဇက မှတ်ချက်ကိုချရေး လိုက်သည်။
(မှတ်ချက်၎။  ။ဖားသည် ခြေလေးချောင်းလုံး မရှိရာတွင် လုံးဝနားကန်းသွားသည်။´) တဲ့..။:P
ပျော်ရွှင်ကြပါစေနော်။
Writing By - Ye Tay Za Kyaw(ကာရံငယ်*)

No comments:

Post a Comment

ဝေဖန်အကြံပြုပေးသွားပါဦး။
(သင်၏ Comment တစ်ခုဟာ စာရေးသူအတွက် ဆေးတစ်ခွက်ပါ။)

..

..
Free Explode Red - Handwriting Cursors at www.totallyfreecursors.com

လွတ်လပ်စွာပြောဆိုနိုင်ပါသည်..။

HTML Comment Box is loading comments...
လာရောက်လည်ပတ် ကျသည့် အတွက်ကျေးဇူး အထူးတင်ပါသည်ခင်ဗျာ။
Twitter Bird Gadget