Followers
Showing posts with label ကျန်းမာရေး. Show all posts
Showing posts with label ကျန်းမာရေး. Show all posts
Tuesday, February 18, 2014
Monday, December 2, 2013
" သွား " များ ဖြူဝင်းစေရန် နည်းလမ်းကောင်း ( 1 ) ခု
အခုတင်မယ့် သွားများ ဖြူဝင်းစေတဲ့ နည်းလမ်းကို တစ်ချို့ သူငယ်ချင်းများလည်း
သိချင်သိမှာပါ . မသိတဲ့ သူငယ်ချင်းများလည်း ရှိမှာပါ ဘာပဲဖြစ်ဖြစ် အားလုံး
ဗဟုသုတ ရစေတာပေါ့နော်
သွားများဖြူဝင်းစေဖို့ သီးမွှေး ဌက်ပျောသီးလေးက စွမ်းဆောင်ပေးမှာပါ
- သီးမွှေးဌက်ပျောသီးလေး တစ်လုံးကို အခွံနွှာလိုက်ပါ
- အသားကိုတော့ စားလိုက်ပေါ့နော် ……
- အခွံကို မပစ်လိုက်ပါနှင့် . သွားများဖြူဝင်းစေဖို့ အခွံလေးက စွမ်းဆောင်ပေးမှာပါ
- သီးမွှေးဌက်ပျောသီး အထဲက အခွံနှင့် သွားများအားလုံးကို ပွတ်တိုက်ပေးလိုက်ပါ
- ပွတ်တိုက်ပြီးတာနှင့် တစ်ရှုးလေးနှင့် စင်ကြယ်အောင် သုတ်ပေးလိုက်တာနှင့် ဖြူဝင်းနေတဲ့သွားများကို သင်တွေ့လိုက်ရပါမယ်
- ဒီနည်းလေးကတော့ အရိုးရှင်းဆုံးနည်းလမ်းလေး တစ်ခုပါ
- ပြီးတော့ သင့်အတွက်လည်း မပင်ပန်းစေမယ့် နည်းလမ်းလေးပါ
- နေ့တိုင်းမဟုတ်သည့်တိုင် တစ်ပတ်ကို ( 4 ) ရက်လောက် တိုက်ပေးနိုင်ပါတယ်
- အားလုံးအဆင်ပြေပါစေ
သွားများဖြူဝင်းစေဖို့ သီးမွှေး ဌက်ပျောသီးလေးက စွမ်းဆောင်ပေးမှာပါ
- သီးမွှေးဌက်ပျောသီးလေး တစ်လုံးကို အခွံနွှာလိုက်ပါ
- အသားကိုတော့ စားလိုက်ပေါ့နော် ……
- အခွံကို မပစ်လိုက်ပါနှင့် . သွားများဖြူဝင်းစေဖို့ အခွံလေးက စွမ်းဆောင်ပေးမှာပါ
- သီးမွှေးဌက်ပျောသီး အထဲက အခွံနှင့် သွားများအားလုံးကို ပွတ်တိုက်ပေးလိုက်ပါ
- ပွတ်တိုက်ပြီးတာနှင့် တစ်ရှုးလေးနှင့် စင်ကြယ်အောင် သုတ်ပေးလိုက်တာနှင့် ဖြူဝင်းနေတဲ့သွားများကို သင်တွေ့လိုက်ရပါမယ်
- ဒီနည်းလေးကတော့ အရိုးရှင်းဆုံးနည်းလမ်းလေး တစ်ခုပါ
- ပြီးတော့ သင့်အတွက်လည်း မပင်ပန်းစေမယ့် နည်းလမ်းလေးပါ
- နေ့တိုင်းမဟုတ်သည့်တိုင် တစ်ပတ်ကို ( 4 ) ရက်လောက် တိုက်ပေးနိုင်ပါတယ်
- အားလုံးအဆင်ပြေပါစေ
Labels:
ကျန်းမာရေး,
အလှအပနှင့်ကျန်းမာရေး
Monday, September 30, 2013
ဘ၀အောင်မြင်တိုးတက်ဖို့အတွက်
ယုံသင့်တာယုံပါ. အကန်းယုံမဖြစ်စေနဲ့
သုံးတော့သုံးပါမဖြုန်းပါနဲ့
လှူတော့လှူပါ.ဥာဏ်အမြင်မကန်းပါနဲ့
ဆုတောင်းချင်ဆုတောင်းပါ .အလုပ်လုပ်ဖို့ မမေ့ပါနဲ့
သူများတွေကိုမကြည်ညိုရင်နေ.ကိုယ့်ကိုကိုယ် အကြည်ညိုမမဲ့လေနဲ့
ဒီစာသားလေးကဆရာမတယောက်ရဲ့လက်စွဲဆောင်ပုဒ်လေးပါ.မူရင်းရေးသားသူက ဆရာမကိုယ်တိုင်လား.တခြားရေးသားသူလားကျွန်တော်မသိပါဘူး
ဒါပေမဲ့တွေးလေမှန်လေပါပဲ..ဒါကြောင့်မျှဝေလိုက်တာပါ.
ရိုးတော့ရိုးပါ.မ အ ပါနဲ့
အမှန်ပါပဲ.လူတောင်တော်များများကရိုးတာနဲ့အတာကိုတတွဲထဲထင်နေတတ်ကြပါတယ်.မဟုတ်ပါဘူး. ရိုးတယ်ဆိုတာ ရိုးသားခြင်းကို ဆိုလိုတာပါ.ရိုးသားခြင်းရဲ့ အနှစ်သာရက သစ္စာရှိခြင်း၊ကံ(၅)ပါးလုံခြင်းလို့ နားလည်မိပါတယ်.
အတယ်ဆိုတာက အရိပ်အခြေမသိတာ.နားမလည်တာ.အကင်းမပါးတာကိုဆိုလိုတာပါ. လည်တယ်ဆိုတဲ့မြန်မာစကားကို လူတွေကြောက်ကြပါတယ်. ကိုယ့်ကိုလည်တယ်ပြောရင် စိတ်ဆိုးတတ်ကြပါတယ်. အမှန်လည်တယ်ဆိုတဲ့
အဓိပယ်က လူရည်လည်ခြင်းပါ.လူရည်လည်ခြင်းဆိုတာက အကင်းပါးခြင်း.နားလည်ခြင်း တတ်ကျွမ်းခြင်းလို့ ဆိုလိုတာပါ. လူလောကမှာနေမှတော့ လူရည်လည်ရပါမယ်.လူအကြောင်းအကောင်းအဆိုးသိရပါမယ်.ကိုယ်နဲ့ပေါင်းသင်း
နေတဲ့သူတွေဟာ လူကောင်းလားလူဆိုးလား.နားလည်ခြင်း တတ်ကျွမ်းခြင်း ခွဲခြားနိုင်တဲ့အရည်အချင်း ရှိရပါမယ်.လူကောင်းလူဆိုးကို ဘယ်လိုခွဲခြားမလဲ.အကြမ်းဖျင်းတော့ ကိုယ့်ပေါ်ကောင်းရင်လူကောင်း.ကိုယ့်ပေါ်ဆိုးရင်လူဆိုးလို့သတ်မှတ်ကြပါတယ်.
ဒီမှာတဆင့်တက်လို့ လူအဖွဲ့အစည်းပေါ်ကောင်းရင်လူကောင်း.လူအဖွဲ့အစည်းပေါ်ပေါ်ဆိုးရင်လူဆိုး.တခါတဆင့်တက်ပြန်တော့ ဘာသာတရားတိုင်းရဲ့ အဆုံးအမ ကျင့်ဝတ်တွေကို ဖောက်ဖျက်ရင် လူဆိုး လိုက်နာရင် လူကောင်းလို့သတ်မှတ်
ကြပါတယ်.ဒီတော့ လူလုပ်နေရတဲ့လူတယောက်အဖို့ လူကောင်းလူဆိုး.သတ်မှတ်မှုက ကိုယ်ပိုင်စံနဲ့ ပဲဆိုင်ပါတော့တယ်.ဘယ်လိုပဲသတ်မှတ်ပါစေ ကိုယ်စံနဲ့ ကိုယ် လူဆိုးတွေကို ရှောင်နိုင်ဖို့က ကိုယ်က လည်မှ.တနည်းအားဖြင့်လိမ်မာပါးနပ်ဖို့လိုပါတယ်.
လူ့ဘ၀မှာ ကြုံလာတဲ့ ရလာတဲ့ အခွင့်အရေးတိုင်းကို အသုံးချရပါမယ်. ဒီလို အသုံးချတဲ့အခါ သူတပါးကို နင်းပြီးကိုယ်ကတက်သွားတာ မဖြစ်ဖို့ ဂရုပြုရမှာဖြစ်သလို ကိုယ်က သူတပါးရဲ့လှေခါးမဖြစ်အောင်လဲ သတိထားရပါမယ်.
လူတိုင်းက ကိုယ့်ဘ၀ကိုယ်လျှောက်. ကိုယ့်သမိုင်း ကိုယ်ရေးနေကြတာဖြစ်လို့ သူတပါးနဲ့ပြိုင်ဆိုင်နေစရာမလိုပါဘူး . ကံဆုံလို့တွေ့ပြီး ကံကုန်တော့လည်းခွဲရတာပါပဲ.ခဏတာကြုံတဲ့သူတွေကို ပြိုင်မနေပါနဲ့.ယှဉ်ပြိုင်မှုတိုင်းမှာ အနိုင်နဲ့အရှုံး (၂)ခုပဲရှိပါတယ်.
ကိုယ်နိုင်ရင် ပြုံးဖို့ ကျေနပ်ဖို့လိုသလို အရှုံးရှိလာရင်လည်း လက်ခံရဲတဲ့ သတ္တိရှိအောင် ကိုယ့်စိတ်ကိုကိုယ်လေ့ကျင့်ထားရပါမယ်.ဘယ်သူဖြစ်ဖြစ်ဘယ်လောက်တော်တော် လေ့ကျင့်ရေးသတ္တ၀ါတွေပါပဲ.
ကိုယ့်ကိုကိုယ်ပဲပြိုင်ပါ. မနေ့ကငါထက်ဒီနေ့ငါဟာ တိုးတက်သွားဖို့လိုအပ်ပါတယ်. ကိုယ်သွားမဲ့လမ်ူကိုသေချာသိဖို့ ပန်းတိုင်အရောက်လှမ်းဖို့က လူသားတွေရဲ့ သမိုင်းပေးတာဝန်ပါပဲ.အဲ..ကိုယ့်လမ်းကိုယ်လျှောက်နေတုန်းမှာတော့ သူများက ကိုယ်လမ်းကို ၀င်မနှောက်အောင် အမြဲသတိရှိဖို့လိုအပ်ပါတယ်.ဒါကြောင့် ရိုးသားမှုတော့ရှိပါစေ မအကြပါနဲ့.
Labels:
ကျန်းမာရေး,
အလှအပနှင့်ကျန်းမာရေး
Saturday, September 28, 2013
စပျစ်ဝိုင်၏ အသုံးဝင်ပုံ
(၁) သင့်တင့်သော စပျစ်ဝိုင်ကို သောက်သုံးပေးခြင်းဖြင့် နှလုံးရောဂါဖြစ်ပွါးမှုကို ကာကွယ်ပေးနိုင်သည့်အပြင် နှလုံးသွေးကြောများကိုလည်း ပြုပြင်ထိန်းသိမ်းပေးနိုင်သည်။ တစ်ကြိမ်တွင် ၂၅~၅ဝဂရမ်ဖြင့် တစ်ရက်တွင် တစ်ကြိမ် (သို့) နှစ်ကြိမ်သောက်သုံးနိုင်သည်။
(၂) စပျစ်ဝိုင်ဖြူသည် ချိုမြပြီး ချဉ်စုတ်စုတ်အရသာရှိသည်။ ထမင်းစားပြီး သောက်သုံးခြင်းဖြင့် အစာချေရည်ကို နှိုးဆွခြင်း၊ သည်းခြေရည်ဖြစ်ပေါ်ခြင်း၊ အဆီကိုချေပေးခြင်းများ ပြုလုပ်ပေးသည်။
(၃) စပျစ်ဝိုင်တွင် သကြားဓာတ်၊ Amino acidများပါဝင်သည့်အပြင် ပြည့်ဝသော ဗီတာမင် B12, B1、B2 နှင့် ဗီတာမင်C များပါဝင်သောကြောင့် သွေးအားနည်းရောဂါအတွက် အကောင်းဆုံးဖြစ်သည်။
(၄)စပျစ်ဝိုင်ဖြင့် တုပ်ကွေးရောဂါကို ကုသနိုင်သည်။ ကုသနည်းမှာ စပျစ်ဝိုင် ၃ဝ~ ၉ဝgအား အနွေးဓာတ်ပေးပြီး တစ်နေ့ ၂ကြိမ်မှ ၃ကြိမ်အထိ သောက်ပေးခြင်းဖြစ်သည်။
=================================================================
လက်ဖက်ခြောက်
လက်ဖက်ခြောက်သည် သွေးတိုးရောဂါဖြစ်ခြင်းမှ ကာကွယ်ပေးသည်။ လက်ဖက်ခြောက်တွင်ပါဝင်သော catechins၊ ဗီတာမင်Cနှင့်ဗီတာမင်Pများသည် သွေးကြောပျော့ပျောင်းခြင်း၊ သွေးထဲတွင်ပါဝင်သော ကိုလက်စထရောအား လျော့ချပေးခြင်း၊ အသဲတွင်စုနေတတ်သော အဆီဓာတ်များကို ချေဖျက်ပေးခြင်းများ ပြုလုပ်ပေးခြင်းဖြင့် သွေးတိုးရောဂါ၊ နှလုံးလုပ်ဆောင်အားနည်းခြင်းနှင့် အသည်းအဆီဖုံးခြင်းကို ကာကွယ်ပေးသည်။ အသုံးပြုနည်းမှာ တစ်ကြိမ်တွင် Green Tea (မလှော်ရသေးသည် လက်ဖက်ခြောက်အစိမ်း) ၁~၂gနှင့် Crataegusအခြောက်၅gကို နေ့စဉ်အတူထည့်ခတ်သောက်ပါ။ အမြဲသောက်သုံးပေးရန် လိုပါသည်။
Labels:
ကျန်းမာရေး,
အလှအပနှင့်ကျန်းမာရေး
Wednesday, September 25, 2013
ထမင်းမစားမီ ဟင်းရည်တစ်ခွက်သောက်ဖို့ မမေ့ပါနှင့်
ထမင်းမစားမီ ဟင်းရည်ပူပူ အရင်သောက်ခြင်းဖြင့် ခန္ဓာကိုယ်ဝိတ်အား ထိန်းသိမ်းပေးသည်။ အမေရိကန်ပညာရှင်များက ခန္ဓာကိုယ် ဝဖြိုးသူအယောက်(၁ဝဝဝ)ဖြင့် လေ့လာဆန်းစစ်ရာတွင် ထမင်းမစားမီ ဟင်းရည်ပူသောက်သူသည် စားသောထမင်းနပ်တိုင်းတွင် ကယ်လိုရီ ၅၅ကတ် လျှော့နည်းရရှိစေသည်။ သာမန်အားဖြင့် ထမင်းစားမြန်သူသည် အဝလွယ်သည်။ အကြောင်းမှာ ဦးနှောက်အတွင်းရှိ (အာသာ) ချင်ခြင်းအကန့်မှ "စားဝပြီ" ဆိုသည့်သတင်းရဖို့ အချိန်အနည်းငယ်ယူရသည်။ ထိုအချိန်ယူနေစဉ်အတွင်းတွင် အစားမြန်သောသူက ပိုလွန်သောအစားများ စားသုံးပြီးဖြစ်သည်။ အကယ်၍ ထမင်းမစားမီ ဟင်းရည်တစ်ခွက်သောက်ခြင်းဖြင့် ထမင်းအစားနည်းစေပြီး ဝခြင်းမှကာကွယ်ပေးနိုင်သည်။
===================================================================
အကောင်းဆုံး ရေသောက်ချိန်
ယေဘုယျအားဖြင့် လူတစ်ဦးသည် တစ်နေ့လျှင် အနည်းဆုံး ရေ(၁၅ဝဝcc) သောက်သင့်သည်။ နှလုံးနှင့် ကျောက်ကပ်ဆောင်ရွက်အားနည်းသူမျှလွဲ၍ ရေကိုလုံလောက်စွာ သောက်သင့်သည်။ အထူးသဖြင့် ပူသော(သို့) လေအေးစက်ဖွင့်ထားသော နေအိမ်နှင့်ရုံးခန်းတွင် လေထုခြောက်ကပ်သောနေရာတွင် ပိုမိုသောက်သင့်သည်။ နေ့စဉ်ထမင်းသုံးနပ်ကြားနှင့် ထမင်းစားချိန်တွင် ရေမကြာခဏသောက်ပေးသင့်သည်။ သို့သော် တစ်ကြိမ်တည်းတွင် အလွန်အမင်း မသောက်သင့်ပေ။
မနက်စာ အစားဝရုံမက အကောင်းစားသင့်သည်
"မနက်စာ ဝဝစား၊ နေ့လယ်စာ ကောင်းကောင်းစား၊ ညစာ နည်းနည်းစား" ဆိုသည့်အတိုင်း "မနက်စာ ဝဝရင်ရပြီ" ဟု လူအများက ဆိုကြသည်။ ထိုထက်သာမက မနက်စာသည် တစ်နေ့တာအတွက် အရေးပါသော နပ်တစ်နပ်ဖြစ်သည်။ အာဟာရပြည့်သော၊ ပရိုတင်းဓာတ်ပါသော မနက်စာသည် ဂလုကို့ကို ခန္ဓာထဲတွင် ကြာရှည်ထိန်းထားပေးနိုင်သည်။ မနက်စာတွင် hot drinkဖြစ်သော ကော်ဖီ၊ လက်ဖက်ရည်အပြင် ကောက်ပဲသီးနှံစာများ (ဂျုံဖြင့်စီမံထားသော အစားအစာ)၊ တိရစ္ဆာန်မှရသော ပရိုတင်း(နွားနို့၊ ဒိန်ချဉ်၊ ကြက်ဥ)၊ သစ်သီး (သို့) သစ်သီးဖျော်ရည်နှင့် အချိုဓာတ်၊ အဆီဓာတ်နည်းသော အစားအစာများကို စားသုံးသင့်သည်။ မနက်စာကို အဝစားရုံမက အကောင်းစားသင့်သည်။
အမေရိကန် ချီကာဂိုတက္ကသိုလ်မှ လေ့လာချက်အရ ပရိုတင်းဓာတ်များသောမနက်စာကို စားသုံးခြင်းဖြင့် ဂလုကို့မှာ (၁၅)မိနစ်အတွင်း မစားသုံးမီ ၇ဝ~ ၈ဝ Mg ထက် ၁၄ဝ~၁၅ဝMg ထိမြင့်တက်သွားသည်ကို တွေ့ရသည်။ (သာမန် ကလုကို့အဆင့်မှာ ၈ဝ~၁၂ဝMg ကြားတွင်ရှိသည်)။ လူ့ခန္ဓာအတွက် အားအင်ကို သာမန်ထက် (သို့) သာမန်ထက်မြင့်သော သွေးဖိအားမှ ရရှိခြင်းဖြစ်သည်။
Labels:
ကျန်းမာရေး,
အလှအပနှင့်ကျန်းမာရေး
Tuesday, September 24, 2013
ဆန့်ကျင်ဘက် လိင်ကို ဘာကြောင့် ချစ်ကြ တာလဲ
သဘာဝ တရား အရ ယောက်ျားတွေဟာ ကိုယ် နဲ့ သွေးမတော် သားမစပ် တဲ့ အမျိုးသမီးတွေ နဲ့ ချစ်ကျွမ်းဝင်ကြ ပါတယ်။ တချို့ စုံတွဲတွေ က ရုပ်ရည် အ သွင်အပြင်၊ ၀ါသနာ၊ စိတ်ဓာတ် စတာ တွေမှာ တူညီ တတ်ကြ ပေမယ့် တချို့စုံတွဲတွေ ကတော့ လားလားမှ မတူဘဲ ကွဲပြား ခြားနား နေတတ် ပါတယ်။ ဒါပေမဲ့ အသွင် စရိုက်တွေ မတူတဲ့ စုံတွဲတွေဟာလည်း အသွင်စရိုက် တူတဲ့ စုံတွဲတွေ လိုပဲ အိမ်ထောင်ရေးမှာ အဆင်ပြေ နေတတ် ပါတယ်။
အချစ်မြေပုံ
Labels:
ကျန်းမာရေး,
ချစ်သူများအတွက်
Monday, September 23, 2013
ကော်ဖီသောက်ခြင်း၏ ကောင်းကျိုးဆိုးကျိုးများ (Advantages & Disadvantages Of Coffee)
အေဒီ ၉ ရာစုတွင် အီသီယိုးပီးယား နိုင်ငံမှ စတင် တွေ့ရှိ သုံးစွဲခဲ့တဲ့ ကော်ဖီဟာ ကမ္ဘာ တစ်ဝှမ်း သောက်သုံးမှု များသော သုံးဆောင် စရာများထဲ အနက် တစ်ခု အပါ အဝင် ဖြစ် ပါတယ်.. ကော်ဖီဟာ အာရုံ နိုးကြားစေသော သောက်သုံးစရာ တစ်မျိုးဖြစ်ပြီး အဓိက ပါဝင်တဲ့ ဓါတ်ပစ္စည်းကတော့ ထရိုင်မီသိုင်းဇန်သင်း (Trimethylxanthine) ခေါ် ကဖင်း (caffeine) ဓါတ်ပဲ ဖြစ်ပါတယ်.. ကဖင်းဓါတ်ဟာ ကော်ဖီစေ့ထဲမှာ ၁% မှ ၂ % ထိ ပါဝင် ပါတယ်.. အခြား ပါဝင်တဲ့ ဓါတ်ပစ္စည်း များဖြစ်တဲ့ ဟိုက်ဒ ရောက်ဆီ ဆစ်ထရစ် အက်စစ် (Hydroxycitric acid)၊ ခရိုမီယမ် (Chromium)၊ လိမ္မော်ခါး (Bitter Orange) တို့ဟာ ခန္ဓာကိုယ် ဖီဝကမ္မ ဖြစ်ပျက် မှုနှုန်း (metabolic rate) ကို ၃၀%ထိ ပိုမို မြန်စေ ပါတယ်.. ကော်ဖီ သောက်သုံးခြင်းဖြင့် အယ်လ်ဇိုင်းမား ရောဂါ (Alzheimer's disease)၊ ပါကင်ဆန် ရောဂါ (Parkinson's disease)၊ လူကြီး သူငယ်ပြန် ရောဂါ (Demantia)၊ နှလုံးရောဂါ (heart disease)၊ အမျိုးအစား-၂ ဆီးချို သွေးချို ရောဂါ (diabetes mellitus type 2)၊ အသည်းခြောက် ရောဂါ (cirrhosis of the liver)၊ ဂေါက်ရောဂါ (Gout) ဖြစ်ပွားနှုန်း တို့ကို လျော့ကျ စေပါတယ်.. အစားအသောက် ပျက်သူများ အနေဖြင့် ကော်ဖီနံ့ ရရှိပါက အစာ စားချင်စိတ် ပြန်လည် ဖြစ်ပေါ် စေပါတယ်.. အရက်မူး လွန်ပြီး လေးလံထိုင်း မှိုင်းသူများ အဖို့ ကော်ဖီ သောက်လိုက်ပါက လန်းဆန်းမှုကို ရရှိစေ ပါတယ်.. ကော်ဖီသည် ဆီးရွှင် စေသော (Diuretic effect) သတ္တိ ရှိပါတယ်..
ကော်ဖီဟာ စွဲစေတတ်သော သတ္တိ ရှိတဲ့အတွက် နေ့စဉ် ကော်ဖီ ၃ ခွက်မှ ၅ ခွက် သောက်သုံး နေသူများထဲမှ ၁၀% ခန့်ဟာ ကော်ဖီ ဖြတ်လိုက်တဲ့ အချိန်မှာ စိတ်ဓါတ်ကျဆင်းခြင်း (Depression)၊ စိတ်ပူပန်မှု များလာခြင်း (Anxiety) တို့ ဖြစ်ပေါ် လာတတ်ကြောင်း တွေ့ရှိရ ပါတယ်.. အူမှ သံဓါတ် စုပ်ယူမှုကို အဟန့်အတား ဖြစ်စေ နိုင်သဖြင့် နို့တိုက် မိခင်နှင့် ကလေးငယ် တို့တွင် သံဓါတ် ချို့တဲ့သော သွေးအားနည်း ရောဂါ (Iron deficiency anaemia) ဖြစ်စေ နိုင်ပါတယ်.. ကော်ဖီ သောက်သုံး ခြင်းကြောင့် သွေးလွှတ် ကြော နံရံ များ တင်းမာမှု ဖြစ်ပေါ်စေပြီး ကော်ဖီကြောင့် နှလုံး သွေးကြောဆိုင်ရာ ရောဂါ ဖြစ်ပွားကြောင်း မတွေ့ ရှိရသေးပေ.. ကော်ဖီ သည် နှလုံးခုန်နှုန်း မြန်စေသဖြင့် သွေးတိုး အနည်းငယ် မြင့်မား စေပါတယ်.. အစာအိမ် အက်စစ် ပြန်ကန်မှု (acid reflux) ဖြစ်ပေါ် စေတတ် သဖြင့် လေတက် ရင်ပူ တတ်သူများ (Heart burn) အဖို့ သတိထား သုံးစွဲ သင့်ပါတယ်..
မည်သို့ပင် ဆိုစေကာမူ တန်ဆေး လွန်ဘေး ဆိုသည့် စကားအတိုင်း သင့်တင့်သော သောက်သုံးမှု ဖြင့် ကျန်းမာရေး အတွက် ဂရုစိုက် ရန် လိုအပ်ပါတယ်.. သင့်တင့်သော သုံးစွဲမှု သည် ဆိုးကျိုးထက် ကောင်းကျိုး များကြောင်း ပညာရှင် များမှ ဆိုထားပါတယ်.. ကော်ဖီနှင့် ကျန်းမာရေး ဆက်စပ်သော ကောင်းကျိုး ဆိုးကျိုး များကိုလည်း ဆက်လက် လေ့လာ သုတေသန ပြုနေဆဲ ပင် ဖြစ်ပါကြောင်း တင်ပြ လိုက်ရပါတယ်..
Labels:
ကျန်းမာရေး,
အလှအပနှင့်ကျန်းမာရေး
Thursday, September 19, 2013
အမြန်ဝိတ်ကျစေမည့် အစား ၁၀ မျိုး
ခန္ဓာကိုယ်တွင် မလိုအပ်သော အဆီပိုများ ရှိပါက အမြန်ဆုံး ကျဆင်းစေရန် ရည်ရွယ်၍ ရေးသားလိုက်ရခြင်း ဖြစ်ပါတယ်။ အောက်ဖော်ပြပါ အစား ၁၀ မျိုးကို စားပါက မလိုအပ်သော အဆီပိုများ အမြန်ဆုံး ကျဆင်းစေနိုင် ပါတယ်။
ဂျုံ
ဂျုံများများ စားပါ။ ဂျုံစားခြင်းအားဖြင့် ကိုလက်စရောဓာတ်ကို လျော့ကျ စေတဲ့ အပြင် အစာခြေ စနစ်ကိုလည်း ကောင်းမွန်စေ ပါတယ်။ ဒါကြောင့် ဂျုံကို များများ စားသင့်ပါတယ်။
ဥမျိုးမျိုး
Labels:
ကျန်းမာရေး,
အလှအပနှင့်ကျန်းမာရေး
Monday, September 16, 2013
ကျန်းမာရေး သော့ချက်များ
သော့(၁) WATER
မနက်ရေတစ်ခွက်သောက်ခြင်းသည် ခန္ဓာကိုယ်နှင့်ရေ ညီမျှစေ၏။
သော့(၂) SLEEP
အိပ်ချိန် ညာစောင်း၍ လေးကိုင်းသဏ္ဍာန်အိပ်ခြင်းသည် အိပ်ရေးဝစေ၏။
သော့(၃) APPETITE
အစာကို ၇ပုံမျှသာအဝစားခြင်းသည် ခန္ဓာကိုယ်အား ကျန်းမာစေ၏။
သော့(၄) EXERCISE
အားကစားလုပ်ခြင်းသည် စိတ်ခန္ဓာအား တက်ကြွစေ၏။
သော့(၅) MUSIC/LITERATURE
ဂီတသည် နှလုံးကိုရွှင်စေ၏။ စာဖတ်ခြင်းသည် အသိဥာဏ်ကို တိုးစေ၏။
သော့(၆) BEANS
ပဲအမြဲစားခြင်းဖြင့် အသက်ကိုစေရှည်သည်။
သော့(၇) VICES
ဆေးလိပ်၊ အရက်ကို လက်ပြနှုတ်ဆက်ပါ။
သော့(၈) LOVE/SEX
လိင်နှင့်အချစ်ကို ညီမျှပါစေ။
သော့(၉) LONELINESS
အထီးကျန်ခြင်းက ရုန်းထွက်နိုင်လျှင် သင်ကျန်းမာပြီ။
သော့(၁ဝ) MIND
ဦးနှောက်ကို မပြတ်သုံးပေးခြင်းဖြင့် အိုမင်းခြင်းကို ကာကွယ်နိုင်သည်။
သော့(၁၁) TEA
ရေနွေးကြမ်း အမြဲသောက်သုံးခြင်းသည် ဝိတ်ကျစေ၏၊ ကင်ဆာကို ကာကွယ်ပေး၏၊ အရွယ်တင် နုပျိုစေ၏။
Labels:
ကျန်းမာရေး,
အလှအပနှင့်ကျန်းမာရေး
မမတို့ အတွက်.. အန္တရာယ်ရှိသော ကြက်တောင်ပံများ..
အလှအပကိုကြိုက်နှစ်သက်ကြတဲ့ မမ..တို့ ရေ..
ကြက်တောင်ပံကြော်ကို နေ့ စဉ်ရက်ဆက်စားသုံးခြင်းဟာ အမျိုးသမီးတွေအတွက်တကယ့်
အန္တရာယ်တခုဆိုတာကို မျှဝေလိုက်တာပါ…
ဒါကတော့ စင်ကာပူက အမျိုးတမီးတဦးရဲ့ ဖြစ်ရပ်မှန် အကြောင်းလေးပါ။
မကြာသေးမီက အမျိုးတမီး တယောက် သူ့ ရဲ့ဗိုက်ထဲမှာ သွေးခဲလိုလို ပြည်တည်သလိုလို အခဲတခု ဖြစ်ပြီး
ကြီးကြီးလာတာကြောင့် ခွဲစိတ်ပြီး ထုတ်ပြစ်လိုက်ရတဲ့အထိဖြစ်သွားပါတယ်…
အဲဒီအခဲဟာ ခွဲစိတ်ပြိးကြည့်လိုက်တော့ မဲပုပ်နေတဲ့သွေးခဲကြီးပါတဲ့...
သူမကတော့ ခွဲစိတ်ကုသပြီးနောက်မှာ ပုံမှန်ပြန်ကောင်းလာမယ်လို့ ပဲ ထင်ခဲ့တာပေါ့..
ဒါပေမယ့်.. သူထင်တာနဲ့ တတ်တတ်စင်အောင်လွဲခဲ့ပါ့တယ်..
ခွဲစိတ်ထုတ်ပစ်ပြီး လအနည်းငယ်အကြာမှာ အရင်လိုပဲ ဗိုက်ထဲမှာ သွေးခဲလိုလို ပြည်ခဲလိုလို ပြန်ဖြစ်လာပြန်ရောတဲ့…
ဒုက္ခပါပဲနော်..
သူလဲ အရမ်း စိတ် သောကရောက်ရတာပေါ့..
ဒါနဲ့ သားဖွားမီးယပ်ပါရဂူ တယောက်ဆီ ချက်ချင်းသွားပြကြည့်တော့..
ဆရာဝန်က သူမကို မေးခွန်းတခုမေးတယ်.. မေးခွန်းက သူမအတွက်တော်တော်ကိုထူးဆန်းနေတယ်....
Labels:
ကျန်းမာရေး
Friday, September 13, 2013
မှတ်ဥာဏ်ထက်သန်စေမည့် နည်းငါးသွယ်
စကားလုံးအသုံးအနှုန်းတစ်ခုခုကို ပြောခါနီးမှ ပါးစပ်ဖျားလေးတင် မေ့နေတာမျိုး၊ ဖုန်းနံပါတ်ကို မေ့နေ တတ်တာမျိုးဖြစ်တတ်ပါလား။ ဦးနှောက်တစ်သျှူးတွေဟာ အသက်အရွယ်ရလာတာနဲ့အမျှ
ပျက်စီးဆုံး ရူံးတတ်ပါတယ်။ စီးကရက်နဲ့ စိတ်ဖိစီးမှုတွေကြောင့်လည်း
ဦးနှောက်ပျက်စီးလွယ်ပါတယ်။ ဒါပေမဲ့ မပူပါနဲ့။ မှတ်ဥာဏ်တွေ အခုထက်ပိုပြီး
ထက်မြက်စေဖို့ ဦးနှောက်လေ့ကျင့်ပေးမယ့် နည်းတွေရှိပါတယ်။
၁။ စိတ်အေးအေးထားပါ
စိုးရိမ်ပူပန်စိတ်၊ စိတ်ဖိစီးမှုဖြစ်ပေါ်တဲ့အခါ ထွက်ရှိလာတဲ့ ဟော်မုန်းတွေဟာ ဦးနှောက်လုပ်ငန်းဆောင် တာတွေကို ပျက်စီးပြီး မှတ်ဥာဏ်အသစ်ဖြစ်ပေါ်ဖို့လည်း
တားဆီးပေးပါတယ်။ ဒါကြောင့် စိတ်အေးအေး ထားပါ။ တရားမှတ်ခြင်း၊
ယောဂကျင့်ခြင်းတို့ ပြုလုပ်ပေးပါ။
၂။ လေ့ကျင့်ခန်းလုပ်ပါ
လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် သွေးလည်ပတ်မှုအားကောင်းစေပြိး သီးနှောက်ထက်မြက်စေပါတယ်။ အသက်အရွယ်ရလာတာနဲ့အမျှ ဦးနှောက်ဆဲလ်(neuron) တွေ
ကျုံ့ဝင်ပြီး ဆလ်ြတစ်ခုနဲ့တစ်ခုအကြား ဆက်သွယ်ပေးတဲ့ neurotransmitter
တွေကိုလည်း ဟန့်တားတဲ့အတွက် သော့ဘယ်မှာ ထားသလဲဆို တာကို မေ့မေ့နေတတ်တယ်။
ဒါပေမဲ့ နှလုံးသွေးခုန်နှုန်းမြန်ခြင်းဖြင့် မှတ်ဥာဏ်နဲ့ ဦးနှောက် လုပ်ငန်း
ဆောင်တာကို ကောင်းမွန်စေပါတယ်။ လမ်းလျှောက်ခြင်း၊ ရေကူးခြင်း၊
သစ်ပင်စိုက်ခြင်းစတဲ့ ဘယ်ကိုယ်လက် လှုပ်ရှားမှု အကျိုးရှိမှာပါ။
၃။ ဈေးဝယ်ထွက်ပါ
လေ့လာချက်တွေအရ သက်ကြီးရွယ်အို အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ယှဉ်တဲ့အခါမှာ မှတ်ဥာဏ်သာလွန်တာ တွေ့ရပါတယ်။
ဘာကြောင့်လဲဆိုတော့ ဈေးဝယ်ထွက်ခြင်းကြောင့်ပါ။ ဈေးဝယ်ထွက်ခြင်းဖြင့်
ကိုယ်ရော၊ စိတ်ပါလှုပ်ရှားကာ လေ့ကျင့်ခန်းလုပ်နေသလိုပါပဲ။ ဘာဝယ်မယ်ဆို တာ
တွက်ချက်ခြင် ဘယ်လောက်ကျသလဲဆိုတာ တွက်ချက်ခြင်းဖြင့် ဦးနှောက်ကို
သွက်လက်ထက် မြက်နိုင်ပါတယ်။
၎။အနုပညာလေ့လာပါ
ရူပ်ထွေးတဲ့ ရုပ်ပုံအသစ်တွေဟာ ဦးနှောက်ပျက်စီးမှုကို နှေးစေပါတယ်။ ဦးနှောက်ဟာ ပထမဆုံးပန်ချီ ကား၊ ရုပ်ပုံရဲ့ ထင်သာ မြင်သာတဲ့ အပိုင်းတွေကို
သတိထားမိပြီးနောက် ဆန်းသစ်ကွဲပြားတဲ့ အပိုင်းတွေ ကို လေ့လာမိမှာပါ။
ဒါကြောင့် မြင်နေကျပုံတွေကိုကြည့်မယ့်အစား ဦးနှောက်အတွက်
ကောင်းမွန်စေနိုင် တဲ့ ဆန်းပြားတဲ့ ပုံတွေ၊ ပန်းချီကားတွေကို ကြည့်ပါ။
စိတ္တဇပန်ချီကားတွေကိုကြည့်တဲ့အခါ ဦးနှောက်ကို
လေ့ကျင့်ခန်းလုပ်ပေးသလိုပါပဲ။
၅။ ဦးနှောက်လေ့ကျင့်ခန်း
နောက်တစ်ခါ သင်ရဲ့ဆရာ သင့်ကို ခက်ခဲတဲ့ အလုပ်တွေလုပ်ခိုင်းပါက ကျေးဇူးတင်လိုက်ပါ။ အသက် ၃၀ မှ ၅၀ ကြားအရွယ်မှာ ဦးနှောက်သုံးရတဲ့
အလုပ်တွေလုပ်ပါက အသက်ကြီးတဲ့အခါ ဖြစ်တတ်တဲ့ အယ်လ်ဇိုင်းမားရောဂါကို
ကာကွယ်ပေးနိုင်ပါတယ်။ နေ့စဉ် ဦးနှောက်သုံးခြင်းဖြင့် ဦးနှောက်လုပ်ငန်း
ဆောင်တာကို ပိုမိုကောင်းမွန်စေပါတယ်။ ဒါကြောင့် သင့်အလုပ်မှာ
ဦးနှောက်သုံးစရာမလိုပါက ဘာသာစကားအသစ်သင်ခြင်း၊ ပဟေဠိဖြေခြင်း၊
ဦးနှောက်အသုံးပြုတဲ့ ကစားနည်းကစားခြင်းကို ပြုလုပ် ခြင်းဖြင့်
သီးနှောက်ကို လေ့ကျင့်ခန်းလုပ်ပေးပါ
Labels:
Knowledge,
ကျန်းမာရေး
နံနက်စာ ပုံမှန်စားလေ့မရှိသူများ နှလုံးရောဂါဖြစ်နိုင်ခြေ ပိုများ
တစ်ဖက်တွင်လည်း နံနက်စာကို ကျန်းမာရေးနှင့် လျော်ညီသင့်တင့်သည့် ရွေးချယ်မှုမျိုးဖြင့် စားသောက်သင့်ကြောင်း သုတေသီများက ပြောကြားခဲ့သည်။ ဟားဗက် ပြည်သူ့ကျန်းမာရေး ဆေးကျောင်းမှ ပညာရှင်များက မနက်စာ လွတ်သွားခြင်းကြောင့် ခန္ဓာကိုယ်သည် ဇီဝကမ္မ ဖြစ်စဉ်များအတွက် ပိုမို အားစိုက် လှုပ်ရှားရလေ့ရှိကြောင်း ရှင်းပြခဲ့သည်။ ထိုအနေအထားကြောင့် ခန္ဓာကိုယ် သွေးလှည့်ပတ်မှုတွင် အဓိက အစိတ်အပိုင်းဖြစ်သော နှလုံးသည် ထိခိုက်မှု ပိုကြီးလာတတ်ကြောင်းလည်း သိရသည်။
ဗြိတိသျှ နှလုံးဖောင်ဒေးရှင်းကလည်း မနက်စာကို လျော်လျော်ကန်ကန် စားသုံးခြင်းသည် လူအများအနေဖြင့် သကြားဓာတ် လွန်ကဲသည့် Snackကဲ့သို့ သရေစာမုန့်များ စားသောက်ခြင်းကို အတားအဆီးတစ်ရပ် ဖြစ်သွားစေလေ့ရှိကြောင်း ထောက်ခံထားသည်။ အသက်(၄၅)နှစ်မှ (၈၂)နှစ်ကြား လူပေါင်း (၂၇၀၀၀)တို့၏ (၁၆)နှစ်ကြာ ကျန်းမာရေး မှတ်တမ်းများနှင့် နေထိုင်မှု ဓလေ့စရိုက်များကို သုတေသီများက ယှဉ်တွဲ လေ့လာခဲ့ပြီး ယင်းတို့အနက် (၁၅၀၀)ခန့်သည် နှလုံးဖောက်ပြန်မှု၊ သေဆုံးသည်အထိ ဆိုးရွားသည့် နှလုံးရောဂါ ထိုးနှက်မှုများနှင့် ကြုံခဲ့ရကြောင်း တွေ့ရှိခဲ့သည်။ အဓိကအားဖြင့် ယင်းတို့အနက် အများစုသည် မနက်စာ ပုံမှန်စားသောက်သည့် အလေ့အကျင့်မျိုး ကင်းကွာနေသည်ကို ဖော်ထုတ်နိုင်ခဲ့သည်။
Labels:
ကျန်းမာရေး
Tuesday, September 10, 2013
လေဖြတ်ခြင်း, အပူရှပ် မေ့မျောသွားခြင်း
့နေတဲ့သွေးကြော ပေါက်ခြင်း(သို့)ပိတ်ခြင်းကြောင့်ဖြစ်ရပါတယ်။
လေဖြတ်ခြင်းရဲ့  ဆိုးကျိုးတွေနောက်ဆက်တွဲတွေကို အားလုံးသိကြမှာပါ။လူတစ်ယောက်ဟာ ပုံမှန်မသန်စွမ်းတော့ဘဲ အိပ်ရာပေါ်မှာနေသွားရဖို့ များပါတယ်။အိပ်ရာပေါ်မလဲတောင် ပုံပျက်ပန်းပျက်နဲ့ 
အသက်ရှင်သွားရမှာပါ။ဖြစ်ပြီးမကြာခင်မှာလဲ အသက်ဆုံးနိုင်ပါတယ်။ဒါကြောင့်လေဖြတ်မှန်းသိပြီး ချက်ချင်းကုနိုင်ရင်ဖို့  အောက်ပါရိုးရှင်းတဲ့  အချက်ကလေးတွေကို မှတ်ထားစေချင်ပါတယ်။
ကိုယ်တွေ့ ဖြစ်ရပ်တစ်ခု
အကင်မျိုးစုံကျွေးတဲ့  ဧည့်ခံပွဲတစ်ခုမှာ ကျွန်မသူငယ်ချင်းမတစ်ယောက်ဟာ ခလုတ်တိုက်ပြီး လဲကျသွားပါတယ်။အားလုံးကဆေးရုံကားခေါ်ပေးမယ်လုပ်တော့ သူမက ဘာမှမဖြစ်ပါဘူး၊အုတ်ခဲကိုခလုတ်တိုက်မိလို့  လဲသွားတာပါလို့ ပြောပြီး စားစရာဆက်စားပါတယ်။သူမကြည့်ရတာ မူပျက်နေတယ်ထင်ရပေမယ့် ဧည့်ခံပွဲပြီးတဲ့ အထိနေသွားပါတယ်။ညကျမှ သူ
့အမျိုးသားလှမ်းဖုန်းဆက်လို့  ကျွန်မတို့ သိလိုက်ရတာက သူမကို ညနေ ၆
နာရီမှာဆေးရုံတင်လိုက်ရပြီး ဘာမှမလုပ်ရသေးခင်မှာပဲ
ဆုံးသွားပြီဆိုတာပါပဲ။တကယ်ဝမ်းနည်းစရာကောင်းတဲ့  အဖြစ်ပါ။သူမဟာဧည့်ခံပွဲမှာကတည်းက လေဖြတ်ခြင်းကို စခံစားခဲ့ ရတာဖြစ်ပါတယ်။ဘေးနားကလူတွေကသာ လေဖြတ်ခြင်းရဲ့ 
လက္ခဏာတွေကို ခွဲခြားသိနိုင်ခဲ့ မယ်ဆိုရင် သူမဟာဒီနေ့ ထိလူ
့လောကမှာရှိနေဦးမှာ ဖြစ်ပါတယ်။ဒါဟာကျွန်တော်တို့ အတွက် သင်ခန်းစာပါပဲ။
လူတိုင်းသိသင့်
ဦးနှောက်နဲ့  အာရုံကြော အထူးကုဆရာဝန်ကြီး တစ်ယောက်ကတော့ လေဖြတ်တယ်လို့  သိသိရခြင်း ၃
နာရီအတွင်းလူနာဟာ ဆရာဝန်နဲ့ တွေ့ ခွင့်ရမယ်ဆိုရင် ပြန်ကောင်းနိုင်ပါတယ်လို
့ ပြောပါတယ်။ ဆရာဝန် တစ်ယောက်သာဆို ဒီလိုဘာဖြစ်လို
့ဖြစ်မှန်းမသိဖြစ်တာကို လေဖြတ်တာလို့  ချက်ချင်းသိနိုင်လို့ 
ချက်ချင်းစမ်းသပ် အတည်ပြုနိုင်ပါမယ်။ ပြီးတော့ အနည်းဆုံး ၃နာရီအတွင်းမှာ
လူနာကို ဆေးကုသမှု ခံယူစေနိုင်ရင် လူနာဟာ ဝေဒနာမျိုးစုံ ခံစားရတော့မှာ
မဟုတ်ပါဘူး။ ဒါပေမယ့် မနားမှာ ဆရာဝန်တစ်ယောက်မှ မရှိဘူးဆိုရင်
ဘယ်လိုလုပ်ကြမလဲ။ ဒါကြောင့် အားလုံးအတွက်ရော၊ ကိုယ့်အတွက်ပါ
လူတိုင်းသိသင့်တဲ့ လေဖြတ်ခြင်း ဟုတ်မဟုတ်ခွဲနိုင်တဲ့ 
အချက်လွယ်လွယ်လေးတွေကို ဆရာဝန်ကြီးက ပြောပြပေးခဲ့ ပါတယ်။
လေဖြတ်ခြင်းရဲ့  ရုတ်တရက်လက္ခဏာများ
Stroke လို့ ခေါ်တဲ့  လေဖြတ်ခြင်းဟာ ဦးနှောက်အတွင်းပိုင်း သွေးကြော
တစ်ခုခုပေါက်လို့ ၊ ဒါမှမဟုတ် ပိတ်သွားလို့  ဦးနှောက်တစ်နေရာမှာ
သွေးမရတော့ဘဲ အလုပ်မလုပ်နိုင်တဲ့  အတွက် ခန္ဒာကိုယ် ထိခိုက်သွားတာ
ဖြစ်ပါတယ်။ ဦးနျောက်မှာဖြစ်တဲ့ နေရာတွေက တစ်ယောက်နဲ့ တစ်ယောက် မတူတဲ
့အတွက် လေဖြတ်ခြင်းရဲ့ လက္ခဏာတွေက တစ်ခါတစ်လေမှာ ခွဲခြားရခက်ပါတယ်။
ကံဆိုးချင်လို့ ဘေးလူတွေက မသိ နားမလည်ရင်တော့ သေပြီပေါ့ဗျာ။
ဒီတော့လေဖြတ်တာရဲ့  လက္ခဏာတွေ၊ လုပ်ရမှာတွေကို အင်္ဂလိပ်လို
အတိုကောက်မှတ်ချင်ရင် သူ့ ရောဂါရဲ့ နာမည်အတိုင်း STROKE လို
့မှတ်နိုင်ပါတယ်။ မြန်မာလိုသိထားလဲ တူတူပါပဲ။ အရင်ဆုံး လူနာကို S,T,R
ဆိုပြီး ၃ခုခိုင်းကြည့်ပါ။
(S=Smile) လူနာကိုပြုံးခိုင်းပါ။ (ပုံမှန်ပြုံးသလိုဖြစ်ရဲ့ လား၊ရွဲ့ နေစောင်းနေလားကြည့်ပါ)
(T=Talk) စကားပြောခိုင်းပါ။
(R=Raise both arms) လက်နှစ်ဖက်မြှောက်ခိုင်းပါ။ ဒါတွေအကုန် ချောချောမွေ့ မွေ
့လုပ်နိုင်တယ်ဆိုရင်တော့ STR ပြီးလို့  OK ပေါ့။ တစ်ခုခုကို မလုပ်နိုင်ခဲ
့ဘူးဆိုရင်တော့ (E=Emergency) အရေးပေါ်ဖြစ်လို့  ဆေးရုံတင်မှရပါမယ်။
နောက်ထပ် လက္ခဏာတစ်ခုကိုလဲ ထပ်ကြည့်နိုင်ပါသေးတယ်။ လူနာကို
လျှာထုတ်ခိုင်းပါ။ လျှာဟာ လိမ်ခေါက်ပုံပျက်ပြီး တစ်ဖက်ဖက်ကို
စောင်းနေမယ်ဆိုရင်တော့ လေဖြတ်တာ သေချာပါတယ်။ ဒါဆိုရင်တော့ လူနာဟာ
အရမ်းစိုးရိမ်ရလို့  အမြန်ဆုံး ဆေးကုသမှုခံယူရအောင် လုပ်ပေးပါ။
ဒီတော့ဒီဆောင်းပါးမှာပါတဲ့ အချက်တွေကို သင်ကိုယ်တိုင်လဲ
မှတ်သား၊လက်လှမ်းမီသမျှလဲ ပြောပြမယ်ဆိုရင် သင်အပါအ၀င် လူပေါင်းများစွာရဲ့ 
အသက်တွေကို ကယ်တင်နိုင်မှာဖြစ်ပါတယ်။ S,T,R,O,K,E မမေ့ နဲ့  နော်။
................................................................
Labels:
ကျန်းမာရေး,
အလှအပနှင့်ကျန်းမာရေး
Friday, September 6, 2013
ပန်းနုရောင်နှုတ်ခမ်းသား
နှုတ်ခမ်းလေး တွေဆိုတာ နှာရဲ့ အရေးပါလှတဲ့ အစိတ်အပိုင်း တစ်ခုဖြစ်တယ် ဆိုတာ ပြောစရာတောင် လိုမယ် မထင်ပါ။ နှုတ်ခမ်းလေး တွေက တစ်ဖက်လူကို ဆွဲဆောင်မှု အပြည့်အဝ ရရှိစေ တယ်ဆိုတာ ယုံကြည်ပါ။ နူးညံ့ပျော့ပျောင်းပြီး စိုလက်လှ ပတဲ့ နှင်းဆီရောင် နှုတ်ခမ်းသား လေးတွေကို လူသားတိုင်း အလိုရှိ ကြပါတယ်။ ဒါပေမယ့် တစ်ခါတစ်ရံ မှာ နှုတ်ခမ်းသား လေးတွေ အရေခွံ လန်ပြီး ကြမ်းတမ်းလာ၊ အက်ကွဲ လာတာ မျိုးလည်း ကြုံရတတ်တယ်။
အရောင်စို လက်နီထွေးခြင်း မရှိဘဲ မဲတက်လာ တတ်တာ မျိုးလည်း တွေ့ရ ပါသေးတယ်။ အဲဒီလို ဘာကြောင့် ဖြစ် လာရသလဲဆိုရင် ကော်ဖီတွေ အ သောက်များ ခြင်းကြောင့် သော်လည်း ကောင်း၊ ရေအသောက်နည်းခြင်း ကြောင့်သော် လည်းကောင်း၊ ဆေးလိပ် အသောက်များ ခြင်းကြောင့် သော်လည်း ကောင်း၊ နေရောင်ခြည်နှင့် ထိတွေ့ မှုများလာတဲ့အတွက်ကြောင့်သော် လည်းကောင်း ဖြစ်နိုင်စရာ ရှိပါတယ်။ မိမိအိမ်တွင်းမှာပဲ နှုတ်ခမ်းလေး တွေ နီထွေးလာအောင် အောက်ပါ အတိုင်း ပြုလုပ်ပါ။
(၁) မျက်နှာသစ်တဲ့ အခါတိုင်း နှုတ် ခမ်းသားလေး နှစ်ခုကိုလည်း သန့်စင် ဖို့ မမေ့ပါနဲ့။ သွေးလည်ပတ်မှု ကောင်းစေရန် ၄င်းနေရာ တစ်ဝိုက် အသာအယာ နှိပ်နယ်ပေးပါ။ ဒါဟာ တစ်ရက်တည်းမဟုတ်ပါ။ နေ့စဉ် မှန် မှန်လုပ်ရမယ်ဆိုတာ မမေ့သင့်ပါ။ ဘာဖြစ်လို့လဲဆိုတော့ မိတ်ကပ်၊ နှုတ် ခမ်းနီတွေနဲ့ ဖုန်အမှုန်တွေ စေးကပ် လုံးထွေးပြီး ညစ်ပေနေတာမျိုးရှိနိုင်လို့ သန့်စင်ပေးပါက လေဝင်လေထွက် ကောင်းပြီး မွေးညင်းပေါက်၊ ချွေး ပေါက်လေးတွေပွင့် သွားစေနိုင်ပါတယ်။
(၂) ဇလုံတစ်ခုမှာ နွားနို့အနည်းငယ် နှင့် နနွင်းမှုန့် အနည်းငယ် ထည့်၍ ခပ်ပျစ်ပျစ် လေးဖြစ်အောင် မွှေပါ။ သေသေချာချာ မွှေပြီး ရောစပ်သွားပါ ကောင်းပါတယ်။ ပြီးရင် ရေအေးအေး လေးနဲ့ ပြောင်အောင် ဆေးချလိုက်ပါ။ ဒီလိုလုပ်ပေးခြင်းဖြင့် နှုတ်ခမ်းသားမှာ အမဲစက်ရှိရင် သို့မဟုတ် မဲနေလျှင် နူးညံ့စိုလက်၍ ပန်းသွေးရောင် ထလာ ပါလိမ့်မယ်။
(၃) သင့်အိမ်မှာ အလှဆီ (Glycerine) ရှိပါက နှုတ်ခမ်း သားလေးတွေ ပေါ်အစက်ချ၍ သုတ်လိမ်း ထားလိုက်ပါ။ နာရီဝက်၁ နာရီခန့်ကြာမှ ရေဆေးပါ။
(၄) နှုတ်ခမ်းသားများ မခြောက်သွေ့ စေရန် ရေများများသောက်ပါ။ အရည် ရွှမ်းသော သစ်သီးများနှင့် ဖျော်ရည် များသောက်ပါ။ နှုတ်ခမ်းသား စိုလတ်စေမယ့် အရည်အသွေး ကောင်းမွန်မယ့်တဲ့ နာမည်ကြီး အမှတ်ဆံဆိပ် အလှကုန် မျိုးကိုသာ သုံးပါ။ ဈေးကြီးပေမယ့် သင့်နှုတ်ခမ်းသား လေးများအား အစို ဓာတ် ထိန်းထားပေး ပါလိမ့်မယ်။ ထို့ အပြင် Petroleum jelly ပါရှိသဖြင့် သင့်နှုတ်ခမ်းအား နူးညံ့စေရုံသာမက သဘာဝနှုတ်ခမ်း အရောင်ကို ထပ်မံရရှိ စေပါလိမ့်မယ်။
Labels:
ကျန်းမာရေး
မပေါ့ဆသင့်သော အသေးအဖွဲပြဿနာများ
(၁) နှာခေါင်းသွေးလျှံခြင်း
ပူပြင်းခြောက်သွေ့သော ရာသီ ဥတု၊ မကြာခဏနှပ်ချေးညှစ်ထုတ် ခြင်း၊ ထိခိုက်ဒဏ်ရာရခြင်းတို့ကြောင့် နှာခေါင်းသွေးယိုတတ်ပြီး အရေးကြီး သည့်အကြောင်းရင်းမှာ သွေးတိုးခြင်း ကြောင့်လည်းဖြစ်တတ်သည်။ မိမိ သွေးပေါင်ချိန် ၁၂၀/၇၀ mmHg မှ ၁၃၉/၈၉ mmHg အတွင်းရှိနေ လျှင် သွေးတိုးစပြုသည်ဟုယူဆနိုင် ပြီး ၁၄၀/၉၀ နှင့်အထက်ဆိုပါက သွေးပေါင်ထိန်းဆေးများဖြင့် ကုသမှု ခံယူပါ။
(၂) ဒူးကိုက်ခြင်း
ဒူးဆစ်များနာကျင်ကိုက်ခဲနေပါ က လှုပ်ရှားမှုပြင်းထန်ခြင်းကြောင့် ဖြစ်နိုင်သည်။ အကိုက်အခဲပျောက် ဆေးလိမ်းခြင်း၊ ရေခဲကပ်ခြင်းများဖြင့် မသက်သာဘဲ သုံးလကျော်သည်အထိ ကိုက်နေသေးပါက အရိုးဆစ်ရောင်ခြင်း (osteoarthritis) ဖြစ်နိုင်သည်။
(၃) လည်ချောင်းနာခြင်း
သုံးရက်ကျော်သည်အထိ လည် ချောင်းနာမပျောက်သေးဘဲ စကား သံပါ ပျက်လာပါက Streptococcus ပိုးကြောင့်ဖြစ်နိုင်ပြီး မကုဘဲထားပါက သငန်ရည်ကျိတ်များရောင်ခြင်း၊ ပြည် ထွက်ခြင်းနှင့် အသက်ရှူလမ်းကြောင်း ပိတ်ဆို့ခြင်းတို့ ဖြစ်နိုင်သည်။
(၄) အရည်ကြည်ဖု
အပူလောင်ခြင်း၊ ဖိနပ်ပေါက် ခြင်းကြောင့် အရည်ကြည်ဖုထတတ် သည်။ သို့သော် ခြေချောင်းများကြား၌ အရည်ကြည်ဖုပေါက်လျှင် သန့်ရှင်း အောင်ဂရုစိုက်ပါ။ ဘက်တီးရီးယား၊ မှိုနှင့် ကပ်ပါးကောင်များဝင်ရောက် နိုင်သည်။ ခြေဖဝါးတစ်ခုလုံးပိုးပျံ့ပြီး ရောင်ကိုင်းလာတတ်သည်။
(၅) ဝက်ခြံ
ဝက်ခြံပေါက်တာတော်တော် နှင့်မပျောက်လျှင် ဂရုစိုက်ပါ။ လနှင့် ချီပြီးကြာနေတဲ့ဝက်ခြံကို မညှစ်ပါ နှင့်။ basal cell carcinoma လို့ ခေါ်တဲ့ အရေပြားကင်ဆာဟာ ဖြစ် ဖြစ်ချင်းကာလမှာ ဝက်ခြံနှင့်ဆင် တူပါတယ်။ အရေပြားဆရာဝန်နှင့် ပြပြီး စောစောကုလျှင် basal cell carcinoma ဟာ ရောဂါပျောက်ကင်း နိုင်ချေ (၉၅) ရာနှုန်းရှိပါတယ်။
သီဟ
Source:Men'shealth
Health Updates Journal
Labels:
ကျန်းမာရေး
Thursday, September 5, 2013
သောက်သုံးရန်မသင့်သော ရေ(၅)မျိုး
(၁) မီးဖိုပေါ်တွင် အချိန်ကြာမြင့်စွာ ဆူပွက်အောင်ထားသည့် ရေနွေး
(၂) ဓာတ်ဗူးထဲတွင် ရက်ကြာမြင့်စွာထားသည့် မလတ်ဆတ်သောရေနွေး
(၃) အကြိမ်ကြိမ်ဆူဗွက်အောင် ကြိုခဲ့သောရေနွေး
(၄) တစ်ညလွန်သောရေနွေးကို ထပ်ကြိုထားသောရေနွေး (သို့) ထပ်မကြိုထားသောရေနွေး
(၅) ထမင်း၊ ဟင်းပေါင်းခံရည်
၎င်းရေများ သောက်သုံးရန်မသင့်ခြင်းမှာ အကြိမ်ကြိမ် ဆူဗွက်ပြီးသောရေတွင် ကယ်လစီယံ၊ မက်ဂနီစီယံ၊ ဂရိုရင်းနှင့် အခြားသတ္တုများ ပိုမိုတိုးလာပြီး ကျောက်ကပ်ကို ထိခိုက်စေနိုင်သောကြောင့်ဖြစ်သည်။
================================================
သစ်သီးများ အလွန်အကျွံမစားသင့်ပေ
ဂျပန်နိုင်ငံ Kyoto University ဆေးပညာဘာသာရပ် ပရော်ဖက်ဆာ Teng Tian Ichiro၏ ပြောကြားချက်အရ သစ်သီးအလွန်ကျွံစားသုံးပါက ခန္ဓာကိုယ်တွင်း ဗီတာမင်C များပြားစေပြီး oxalic acidကို အလွယ်တကူဖြစ်ပေါ်စေသည်။ oxalic acid နှင့် လူခန္ဓာကိုယ်ရှိချွေးများ ပေါင်းစပ်ပြီး အရေပြားကြမ်းခြင်း၊ ထိခိုက်ခြင်းများ ဖြစ်စေတတ်သည်။ ပြင်းထန်ပါက ဆေးနှင့်မတည့်သော အရေပြားရောဂါများ ဖြစ်စေတတ်သည်။
အမေရိကန်ပညာရှင်များ၏ ဆန်းစစ်ချက်မှာလည်း ထိုနည်းအတူဖြစ်သည်။ မတူသောရာသီ၊ မတူသောရောဂါများတွင် သစ်သီးများကိုရွေးချယ် စားသုံးသင့်သည်ဟု ပညာရှင်များက ခန့်မှန်းကြသည်။
ဥပမာ- ဆောင်းဦးနှင့်ဆောင်းရာသီများတွင် စိုထိုင်းမှုနည်းသောကြောင်း သစ်တော်သီးနှင့် အစာကြေလွယ်သော ငှက်ပျောသီး၊ ပန်းသီးများကို စားသုံးသင့်သည်။ နှစ်ရှည်ချောင်းဆိုးသူများ သစ်တော်သီးကို စားပေးနိုင်သလို နှလုံးအားနည်းသူ၊ သွေးတိုးရှိသူ၊ အစာမကြေလွယ်သူများ Crataegusကို အမြဲစားသင့်သည်။
=================================
ကြက်ဥများ အလွန်အကျွံ မစားသင့်ပေ
အာဟာရဓာတ်များ အများအပြားပါဝင်သော ကြက်ဥသည် လူတိုင်းအတွက် အားတိုးဆေးဖြစ်သည်။ ကြက်ဥစားနည်း များစွာရှိသော်လည်း အောက်ပါစားနည်းနှစ်မျိုးမှာ အကောင်းဆုံးစားနည်းဖြစ်သည်။
(၁) ကြက်ဥအနှစ်ကို ဟင်းရည်ချက်ခြင်း (သို့) ရေနွေးဆူထဲ ဖောက်ထည့်ပြီး စားသုံးခြင်း
(၂)ကြက်ဥဟတ်ဘွိုင်ကြော်ရာတွင် သကြားအနည်းငယ်ထည့်ခြင်းဖြင့် ပိုအကျိုးရှိသော အာဟာရကိုရစေသည်။
လူတချို့က အာဟာရဓာတ်များသော ကြက်ဥကို များများစားသုံးပေးခြင်းဖြင့် အာဟာရများစွာ ရနိုင်သည်ဟု ထင်မှတ်မှားတတ်ကြသည်။ လူတစ်ဦးမှာ နေ့စဉ်ကြက်ဥတစ်လုံးမှနှစ်လုံးထိ စားသုံးခြင်းဖြင့် ခန္ဓာကိုယ်အတွက်လိုအပ်သော ပရိုတင်းဓာတ်ကို အလုံအလောက်ရနိုင်သ
Labels:
ကျန်းမာရေး,
အလှအပနှင့်ကျန်းမာရေး
Thursday, August 29, 2013
အမျိုးသားများလည်း သတိထားသင့်သည့် အမျိုးသမီးရောဂါ ခုနစ်မျိုး
မျိုးဗီဇ၊ ခန္ဓာဗေဒနဲ့ ဟော်မုန်း အဆင့် အပြောင်းအလဲကြောင့် တခိျု့ရောဂါတွေက အမျိုးသားတွေမှာထက် အမျိုးသမီး တွေမှာ ပိုပြီး ထိခိုက်မှု ဖြစ်တတ်ပါတယ်။ အမျိုးသမီးတွေမှာ ပိုပြီး အဖြစ်များရတဲ့ ဒီရောဂါတွေဟာ အမျိုးသားတွေမှာလည်း ဖြစ်နိုင်ခြေ ရှိတဲ့အတွက် သတိပြု စောင့်ကြည့်သင့်ပါတယ်။
(၁) ရင်သားကင်ဆာ
အမျိုးသမီးတွေမှာ ရင်သားတစ်သျှူး တွေ ပိုမို ပါရှိနေတဲ့အတွက် အမျိုးသားတွေထက် ရင်သားကင်ဆာ ဖြစ်နိုင်ခြေ ပိုများပါတယ်။ အမျိုးသားတွေဟာ ရင်သားကင်ဆာ ဖြစ်သူတွေရဲ့ တစ်ရာခိုင်နှုန်းသာ ရှိပေမယ့် အမျိုးသားတွေမှာ ဖြစ်နိုင်ခြေ ရှိတဲ့ အချက်ကို မေ့နေတတ်ကြပါတယ်။ ဒါ ကြောင့် အမျိုးသားတွေ အနေနဲ့ ရောဂါ ရှာဖွေရာမှာ ရင်သားကင်ဆာ စစ်ဆေးမှုကို မပြုလုပ်တတ်ပါဘူး။ အသက် ၅၀ ကျော်တာနဲ့ အ၀လွန်တာတွေဟာ အမျိုးသားတွေကို ရင်သားကင်ဆာ ဖြစ်နိုင်ခြေများ စေတဲ့ အချက်တွေပါ။
(၂) အရိုးပါး ရောဂါ
အရိုးပါးရောဂါဟာ အရိုးသိပ်သည်းဆကို လျော့နည်းစေပြီး အရိုးကျိုးလွယ်စေပါတယ်။ အမျိုးသမီး သုံးဦးမှာ တစ်ဦးနှုန်း အရိုးပါး ရောဂါ ဖြစ်နိုင်ခြေများတဲ့ အတွက် အမျိုးသားတွေ သတိမမူမိတာမျိုး ဖြစ်တတ်ပါတယ်။ အမျိုးသား ငါးဦးမှာ တစ်ဦးနှုန်း အရိုးပါးရောဂါ ဖြစ်နိုင်ခြေ ရှိပါတယ်။ အထူးသဖြင့် အသက် ၆၅နှစ် ကနေ ၇၀ ကျော်လာချိန်မှာ အမျိုးသားတွေရဲ့ အရိုးထုထည်ဟာ စတင် ဆုံးရှုံးလာပါတော့ တယ်။ ကျောက်ကပ် ပြဿနာ၊ သိုင်းရွိုက် ပြဿနာ၊ ဗီတာမင်ဒီ ခိျု့တဲ့တာ၊ စတီးရွိုက်ဆေး ကြာရှည်သောက်သုံးတာ၊ ကင်ဆာ ကုထုံးနဲ့ အတက်ကျဆေး သောက်တာတွေကြောင့် အရိုးသိပ်သည်းဆ ဆုံးရှုံးမှု အဖြစ်များပြီး အရိုးပါးရောဂါ ဖြစ်နိုင်ခြေ ရှိပါတယ်။
(၃) သိုင်းရွိုက် ပြဿနာများ
လည်ပင်း အလယ်အောက်ခြေမှာ ရှိတဲ့ သိုင်းရွိုက်ဂလင်းကနေ ဟော်မုန်းထွက်ရှိကာ ဇီဝကမ္မ ဖြစ်စဉ်ကို ထိန်းချုပ်ပေးပါတယ်။ သိုင်းရွိုက်ဟော်မုန်း အလွန်အမင်း ထွက်ရှိတာကြောင့် နုံးချည့်တာ၊ ကိုယ် အလေးချိန် မြင့်တက်တာ၊ မေ့လွယ်တာ၊ အရေပြားနဲ့ ဆံပင်သား ခြောက်သွေ့တာ တို့ ဖြစ်တတ်ပါတယ်။ သိုင်းရွိုက်ဟော်မုန်း အလုံအလောက် မထွက်ရှိရင် ကြွက်သား အားနည်းတာ၊ အိပ်ရေးပျက်တာနဲ့ စိတ်တိုတာတို့ ဖြစ်တတ်ပါတယ်။ အမျိုးသမီးတွေက အမျိုးသားတွေထက် သိုင်းရွိုက်ရောဂါ ဖြစ်နိုင်ခြေ ၅-၈ ဆ ပိုများပေမယ့် အမျိုးသားတွေမှာလည်း ဖြစ်နိုင်ခြေရှိတာကို သတိပြုသင့်ပါတယ်။
(၄) အစာစားခြင်းဆိုင်ရာ ပြဿနာ
Labels:
ကျန်းမာရေး
Monday, August 26, 2013
ဆေးပညာနှင့်ပတ်သက်သောအယူအဆအမှားများ
ပြည်သူလူထုအတွင်းအလွယ်တကူနှင့် ဖျောက်ဖျက်၍မရနိုင်သေးသော
ဆေးပညာနှင့် ပတ်သတ်သည့် အယူအဆအမှားများ များစွာရှိပါသည်။ ထိုများစွာသော
အယူအဆအမှားများမှ အချို့ ကိုဖော်ပြသွားပါမည်။
အင်္ဂလိပ်ဆေးနှင့်သံပုရာရည်
အင်္ဂလိပ်ဆေးနှင့် သံပုရာရည် ၊သို့ မဟုတ် အချဉ်လုံးဝမတည့်ဟူသော အယူအဆအမှားမှာ လူ ၁၀၀ တွင် လူ ၉၀ ကျော်၏
စိတ်၌စွဲမြဲစွာ ယုံကြည်လျက်ရှိသည်။ အချဉ်စားမိလို့  ဆေးမသောက်ဖြစ်ဘူး
အချဉ်စားထားမိလို့ ဆေးမထိုးပေးပါနဲ့ဆရာ အချဉ်စားပြီး ဘယ်လောက်ကြာ
ဆေးသောက်ရမလဲ စသည့်စကားမျိုးမကြာခဏကြားရသည်။
မည်သူမည်ဝါဖြင့်ဆေးထိုးပြီးသံပုရာရည်သောက်မိလို့ ဆေးရုံတင်လိုက်ရတယ် ။ သေသွားပြီဆိုသော ကောလဟာလများပင်ကြားရတတ်သည်။
ရှေးနှစ်ပေါင်းများစွာက အင်္ဂလိပ်ဆေးအချို့ သည် အချဉ်နှင့်ဓာတ်မတည့်တာမျိုး ရှိကောင်းရှိခဲ့နိုင်သည်။ ယနေ့ အချိန်တွင်
အချဉ်နှင့်မတည့်သောဆေးဟူ၍ လုံးဝမရှိပါ။ ကုမ္ပဏီအမျိုးမျိုးမှ
ထုတ်လုပ်လျက်ရှိသော သောက်ဆေးထိုးဆေး အမျိုးမျိုးတွင် အချဉ်နှင့်မတည့်ပါဟု
တားမြစ်ချက်ရှိသောဆေးဟူ၍ မရှိပါ။ အချဉ်နှင့်အင်္ဂလိပ်ဆေး မတည့်ခြင်းဆိုသည်မှာ
အယူအဆမှားတစ်ခုသာဖြစ်ကြောင်း သိစေချင်သည်။
အင်္ဂလိပ်ဆေးသောက်လျှင်မစာရှိမှသောက်ရမည်
အထက်ပါယူဆချက်မှာလည်း အမြဲမှန်ကန်မှုမရှိပါ ။ လူအများစုသည် ဆေးသောက်တော့မည်ဆိုလျှင် အစာတစ်ခုခုအလျင်စားကြသည်။ ပြီးမှသောက်ကြသည်။
ဆေးများသည် အစာမစားမီသောက်ရသောဆေး၊ အစာစားပြီးသောက်ရသောဆေး
၊အစာနှင့်ဝေးအောင်နေပြီးမှသောက်ရသောဆေး ဟူ၍အမျိုးမျိုးရှိသည်။
တချို့ သောဆေးများသည် အစာနှင့်ဝေးဝေးသောက်မှ အာနိသင်ကောင်းသည်။ အထူးသဖြင့် ပဋိဇီဝပိုးသတ်ဆေးများ ဖြစ်ကြသည်။
အစားနီးလျှင်သို့ မဟုတ် အစာစားပြီးမှသောက်လျှင် ဆေးအားစုပ်ယူနိုင်မှု
စွမ်းအားမကောင်းသဖြင့် လိုသောအာနိသင်မရနိုင်ပေ ။
မည်သည့်ဆေးကို မည်သည့်အချိန်၌ သောက်ရမည်ဆိုခြင်းကို မိမိအားဆေးသောက်ရန်ညွှန်ကြားသော ဆရာဝန်၊သို့ မဟုတ်
ကျန်းမာရေးဝန်ထမ်းများအား သေသေချာချာမေးမြန်းသင့်ကြသည်။
Labels:
ကျန်းမာရေး
Subscribe to:
Posts (Atom)
..
လွတ်လပ်စွာပြောဆိုနိုင်ပါသည်..။
HTML Comment Box is loading comments...






