Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu


စာပေမြို့ တော်သို့  လာရောက်ကြသူ အပေါင်း ကျန်းမာချမ်းသာ ကြပါစေလို့  ဆုမွန်ကောင်းတောင်းလိုက်ပါသည်ခင်ဗျာ...>>အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ...မန်ဘာဝင်ပြီးအားပေးနော်..။

စာပေမြို့တော်တွင် Member၀င်ရန်

Followers


စာလုံးပြောင်းရန်
အသေး ပုံမှန် +ကြီး ++ကြီး
Showing posts with label Language Learning. Show all posts
Showing posts with label Language Learning. Show all posts

Thursday, December 12, 2013

လေယာဉ်ခရီးစဉ်အတည်ပြုခြင်း

လေယာဉ်နဲ့ ခရီးသွားတဲ့အခါ မိမိနိုင်ငံမှာဘဲ ခရီးသွားကုမ္ပဏီကို တယ်လီဖုန်းဆက်ပြီးတော့ လက်မှတ်ဝယ်ရ ပါမယ်။ အဲဒီအပိုင်းကိုတော့ ကိုယ့်ဘာသာစကားနဲ့ ပြောနိုင်မှာဖြစ်တဲ့အတွက်ကြောင့် ထည့်မရေးတော့ပါဘူး။ အင်္ဂလိပ်စကားပြောတဲ့နိုင်ငံဘက်ကို ရောက်လာပြီးချိန်မှ လေယာဉ်ခရီးစဉ်ပြောင်းဖို့ လိုအပ်လာပြီ ဆိုရင်တော့ အင်္ဂလိပ်လို ပြောဖို့ဆိုဖို့ လိုလာနိုင်ပါတယ်။ အခြားနိုင်ငံမှာလည်း မိမိဘာသာစကားကိုပြောတတ်တဲ့လူတွေ ရှိဖို့ များပါတယ်။ ဒါပေမယ့် လိုလိုမယ်မယ် လေယာဉ်နဲ့ခရီးသွားတဲ့အခါ အသုံးပြုနိုင်မယ့် အထွေထွေ အကြောင်းအရာတွေကို အခု ဖော်ပြသွားပါမယ်။

အချို့လေကြောင်းလိုင်းတွေက လေယာဉ်ခရီးစဉ်ထွက်ခွာမယ့် နေ့စွဲမတိုင်ခင် ရက်အနည်းငယ်လောက် ကြိုတင်ပြီးတော့ အတည်ပြုချက်ယူဖို့ သတ်မှတ်ပါတယ်။ အဲဒီနေရာမှာ သူတို့က မေးလာနိုင်တဲ့ စကားတွေ၊ ပြန်ပြောဖို့လိုအပ်မယ့်စကားတွေကို အခုဖော်ပြလိုက်ပါတယ်။

You: "I would like to confirm my flight." လေယာဉ်ခရီးစဉ်ကိုအတည်ပြုချင်လို့ပါ။)
Them: "Can I get your ticket number?"
(လက်မှတ်နံပါတ်သိပါရစေ။)
You: "The number is 45-6-43." 
(နံပါတ်ကတော့ ၄၅၆၄၃ ဖြစ်ပါတယ်။)
Them: "You are scheduled to depart on June 15th at 1:00 pm. Is this correct?"
(ဇွန်လ ၁၅ ရက်နေ့ နေ့လည်တစ်နာရီ ထွက်မယ် ဟုတ်ပါသလား။)
You: "Yes it is." 
(ဟုတ်ပါတယ်။)
Them: "Is anybody else traveling with you?" 
(အတူတူခရီးသွားမယ့်သူရှိပါသလား။)
You: "Yes, my wife." 
(ရှိပါတယ်။ ကျွန်တော့်အမျိုးသမီးပါ။)
Them: "Can I have the other ticket number?" 
(အခြား လက်မှတ်ရဲ့နံပါတ်ကိုရောသိရမလား။)
You: "It is 45-6-44." 
(၄၅၆၄၄ ဖြစ်ပါတယ်။)
Them: "Your tickets have been confirmed. Please arrive at the airport 3 hours before your flight departs. Thank you for calling." (လက်မှတ်ကို အတည်ပြုလိုက်ပါပြီ။ လေယာဉ်ခရီးစဉ်ထွက်ခွာမယ့် အချိန်မတိုင်ခင် ၃ နာရီ ကြိုတင်ပြီးတော့ လေဆိပ်ကို ရောက်စေချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။)
အခြား မေးလာနိုင်တဲ့မေးခွန်းအချို့ကတော့ လေဆိပ်ကောင်တာမှာကြားရတတ်တဲ့ မေးခွန်းတွေနဲ့ ဆင်တူပါတယ်။

Saturday, December 7, 2013

“Heart နှင့် ပတ်သက်သော အီဒီယမ်များ အပိုင်း (၁)”

အီဒီယမ်ဆိုတာ နေ့စဉ်ဘဝ စကားပြောထဲအခါ မပါမဖြစ်မဟုတ်ပေမယ့် အသုံးများသည်မှာ အမှန်ပါ။ အင်္ဂလိပ်ဘာသာစကား လေ့လာသူများ အနေဖြင့် သာမန်ပြောစကားပုံစံများအပြင် အီဒီယမ်များ ကိုလည်း သိရှိထားရန် လိုအပ်ပါသည်။ သို့ပါ၍ အင်္ဂလိပ်ဘာသာစကား လေ့လာသူများအတွက် အသုံးဝင်နိုင်သော၊ အသုံးများနိုင်သော အီဒီယမ်များကို သက်ဆိုင်ရာ ခေါင်းစဉ်အလိုက် ရေးသား သွားပါမည်။ ယခုတစ်ပတ်တွင် Heart နှင့် ပတ်သက်သော အီဒီယမ် အသုံးအနှုန်းများကို မျှဝေလိုက် ပါသည်။
Photo: “Heart နှင့် ပတ်သက်သော အီဒီယမ်များ အပိုင်း (၁)” အီဒီယမ်ဆိုတာ နေ့စဉ်ဘဝ စကားပြောထဲအခါ မပါမဖြစ်မဟုတ်ပေမယ့် အသုံးများသည်မှာ အမှန်ပါ။ အင်္ဂလိပ်ဘာသာစကား လေ့လာသူများ အနေဖြင့် သာမန်ပြောစကားပုံစံများအပြင် အီဒီယမ်များ ကိုလည်း သိရှိထားရန် လိုအပ်ပါသည်။ သို့ပါ၍ အင်္ဂလိပ်ဘာသာစကား လေ့လာသူများအတွက် အသုံးဝင်နိုင်သော၊ အသုံးများနိုင်သော အီဒီယမ်များကို သက်ဆိုင်ရာ ခေါင်းစဉ်အလိုက် ရေးသား သွားပါမည်။ ယခုတစ်ပတ်တွင် Heart နှင့် ပတ်သက်သော အီဒီယမ် အသုံးအနှုန်းများကို မျှဝေလိုက် ပါသည်။ 1. Aching heart [IDM] – အသည်းကွဲဝေဒနာ He spent the whole year alone with her aching heart. သူက တစ်နှစ်ပတ်လုံး အသည်းကွဲဝေဒနာနဲ့ တယောက်တည်းနေသည်။ 2. After one’s own heart [IDM] – အကြိုက်ချင်းတူသည်။ My new boss loves to go fishing. He is a man after my own heart. ကျွန်တော့်သူဌေးအသစ် က ငါးသွားမျှားရတာ ကြိုက်တယ်၊ သူက ကျွန်တော်နဲ့ အကြိုက်ချင်းတူသူပါ။ 3. At heart [IDM] – ပင်ကိုအားဖြင့် The man seems to be very angry all the time but actually he is very gentle person at heart. သူက တစ်ချိန်လုံး စိတ်ဆိုးနေပုံ ပေါက်ပေမယ့် တကယ်တော့ သူက ပင်ကိုယ်အားဖြင့် စိတ်သဘောထား သိမ်မွေ့ သူတစ်ယောက်ပါ။ 4. Break someone’s heart [IDM] – အသည်းခွဲ/ ကွဲသည်။ It broke my heart when she left. သူထွက်သွားတော့် ကျွန်တော့် အသည်းကွဲပြီဗျာ။ 5. By heart [IDM] – အာဂုံ၊ အလွတ် I learn this poem by heart. ကျွန်တော် ဒီကဗျာကို အဂုံဆောင်ထားတယ်၊ အလွတ်ကျက် ထားတယ်။ 6. Close/ dear/ near to someone’s heart [IDM] – အလွန်စိတ်ပါဝင်စားသည်။ This subject is very close to my heart. ဒီဘာသာရပ်ကို ကျွန်တော် အလွန် စိတ်ပါ ဝင်စားတယ်။ 7. Do someone’s heart good [IDM] – ပျော်ရွှင်ကြည်နူးစေသည်။ It does my heart good to see enjoying the children themselves. ကလေးတွေ သူတို့ဖာသာ ပျော်ရွှင်နေကြတာက ကျွန်တော့်ကို ပျော်ရွှင်ကြည်နူး စေတယ်။ 8. Follow one’s heart [IDM] – ခံစားချက်အတိုင်းလုပ်သည်။ The boy followed his heart and decided to study music. ကောင်လေးက သူခံစားချက်အတိုင်း ဂီတကို လေ့လာဖို့ ဆုံးဖြတ်လိုက်တယ်။ 9. From the bottom of one’s heart [IDM] – အူထဲအသည်းထဲက၊ အူလှိုက်သည်းလိုက် This feeling comes from the bottom of my heart. ဒီခံစားချက်က ကျွန်တော့် အူထဲအသည်းထဲက လာတာပါ။ 10. From heart [IDM] – ရိုးရိုးသားသား I give the advice from the heart. ကျွန်တော် ဒီအကြံကို ရိုးရိုးသားသား ပေးတာပါ။ (ဆက်လက်ဖော်ပြပါမည်) အင်္ဂလိပ်ဘာသာစကား လေ့လာသူတိုင်း အင်္ဂလိပ်စာအရည်အသွေး တိုးတက်မြင့်မားကြပါစေ ………… အောင်ကိုဦး(UMK)

1.   Aching heart [IDM] – အသည်းကွဲဝေဒနာ
He spent the whole year alone with her aching heart.
သူက တစ်နှစ်ပတ်လုံး အသည်းကွဲဝေဒနာနဲ့ တယောက်တည်းနေသည်။

2.   After one’s own heart [IDM] – အကြိုက်ချင်းတူသည်။
My new boss loves to go fishing. He is a man after my own heart.
ကျွန်တော့်သူဌေးအသစ် က ငါးသွားမျှားရတာ ကြိုက်တယ်၊ သူက ကျွန်တော်နဲ့ အကြိုက်ချင်းတူသူပါ။

Sunday, December 1, 2013

ရုံးတွင်းအင်္ဂလိပ်စကား

General Office
ရုံးတွင်းအထွေထွေစကားစမည်ပြောစရာတွေဟာတကယ်တော့ မိမိသိပြီးသားစကားလုံးတွေ အပေါ်မှာပဲအခြေခံပါတယ်။ ဒါပေမယ့် တကယ်ပြောဖို့လိုအပ်တဲ့အခါ ၀ါကျအဖြစ် ထွက်မလာတာ၊ ပြောတတ်တဲ့သူပြောတဲ့အခါမှ “သြော် ဒါလေးများ သိတာပေါ့” ဖြစ်တတ်ပါတယ်။ ဒါဟာ input နည်းလို့ဖြစ်ရတာပါ။ မြင်ဖူး၊ ကြားထူးထားတဲ့ဝါကျလေးတွေကို အထပ်ထပ်လေ့ကျင့်လိုက်ရင် အလွယ်တကူပြောလာနိုင်မှာပါ။

ရုံးတစ်ခုမှာ မလွဲမသွေထားရှိရမည့်ပစ္စည်းတစ်ခုကတော့ ဖိုင် ပဲဖြစ်ပါတယ်။

  • "Do you know where the ABC file is at?" ABC ဖိုင်ဘယ်မှာရှိလဲသိလား။
  • "Do you have the ABC file?" ABC ဖိုင်ခင်ဗျားဆီမှာ ရှိလား။
  • "Is anybody using the ABC file right now?" တစ်ယောက်ယောက်များ ABC ဖိုင်ကိုသုံးနေလား။
  • "Did you check the file cabinet? It should be there." ဖိုင်ထားတဲ့ဗီရိုထဲမှာ စစ်ကြည့်ပြီးပြီလား။ အဲဒီမှာရှိနိုင်တယ်။
  • "Check the bin. Sometimes people throw it in there after they are done." အမှိုက်ပုံးထဲစစ်ကြည့်လိုက်ဦး။ တစ်ခါတစ်လေလူတွေကသူတို့သုံးပြီးရင် အဲဒီထဲလွှင့်ပစ်ထားတတ်တယ်။
  • "Oh... it's on my desk. I forgot to put it back." အိုး ငါ့စားပွဲပေါ်မှာ။  ပြန်ထားဖို့မေ့သွားတယ်။
  • "It's in my office. I'll get it for you." ငါ့ရုံးခန်းထဲမှာ။ ငါယူပေးမယ်။

ရုံးထဲမှာ မိမိသုံးလိုတဲ့ ဖိုင်တစ်ခု၊ စာအုပ်တစ်အုပ်ကို သူများစားပွဲပေါ်မြင်တဲ့အခါ ငှားယူတောင်းရမ်း ရပါမယ်။ အောက်မှာနမူနာပြောစရာအမေးအဖြေလေးတွေပေးထားပါတယ်။

..

..
Free Explode Red - Handwriting Cursors at www.totallyfreecursors.com

လွတ်လပ်စွာပြောဆိုနိုင်ပါသည်..။

HTML Comment Box is loading comments...
လာရောက်လည်ပတ် ကျသည့် အတွက်ကျေးဇူး အထူးတင်ပါသည်ခင်ဗျာ။
Twitter Bird Gadget