Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu


စာပေမြို့ တော်သို့  လာရောက်ကြသူ အပေါင်း ကျန်းမာချမ်းသာ ကြပါစေလို့  ဆုမွန်ကောင်းတောင်းလိုက်ပါသည်ခင်ဗျာ...>>အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ...မန်ဘာဝင်ပြီးအားပေးနော်..။

စာပေမြို့တော်တွင် Member၀င်ရန်

Followers


စာလုံးပြောင်းရန်
အသေး ပုံမှန် +ကြီး ++ကြီး

Friday, May 31, 2013

ကိုဘယ်နေ့သေမလဲသိချင်သလား?

အရင်ဆုံးအောက်မှာ ပေးထားတာတွေ ကိုဖြည့်လိုက်ပါ...
ပြီးရင် Check Your Death Clock ကိုနှိပ်လိုက်တာနဲ့
Firebox အသစ်လေးကျလာလိမ့်မယ်.... အဲ့မှာ သင်သေမယ့်နေ့ ပေါ်လာပါလိမ့်မယ်ဗျာ..။
ဟုတ်မဟုတ်တော့မသိဘူး အပျော်သက်သက်ပေါ့...
ဒီကနေ သွားလိုက်နော်....
Ye Tay Za Kyaw**

home
Death Clock: The Internet's friendly reminder that life is slipping away...
The Death ClockObituaryYour WillMortuaryDead Letter OfficeTestamentYour Prayer
Death Clock Poll
What was your preferred out of the following movies?
Slumdog millionaire
The Curious Case of Benjamin Button
Star Trek
X-Men Origins: Wolverine




Welcome to the Death Clock(TM), the Internet's friendly reminder that life is slipping away... second by second. Like the hourglass of the Net, the Death Clock will remind you just how short life is.
Graveyard
Day of Birth:
Month of Birth:
Year of Birth:
Sex:
Mode:
BMI*:
Smoking Status:
*To determine your Body Mass Index (BMI), enter your height and weight below.

The Lethal Danger of Being Fat
Excess weight has a dramatic impact on one's health. The BMI (body mass index) is a way to measure your disease risk based on your height to weight ratio. People with a BMI of 25 to 29 are considered overweight and those with a BMI of 30 or more are considered obese.
Height: Ft In
Weight: Lbs
 
 
 
To view your Death Clock, simply complete the fields in the form to the left and hit the Check Your Death Clock button.
Find out how famous people died

Extend your life with vitamins

This Site Tracked by OneStat.com

အဲ့ဂလိုမမ

Thursday, May 30, 2013

# 21 ရာစု ချစ်သူ #


  
ကောင်လေး။     ။မောင်တို့ဟာလမ်းလေးသာ ခြားတယ်ဆိုပေမဲ့ မောင့်စိတ်ထဲမှာတော့
ကမ္ဘာခြားနေသလို  ခံစားရတယ်။စက္ကန့်နဲ့အမျှ မ ကို
           သတိရနေမိတယ် ။ မ ကိုတွေ့ရဖို့အတွက်ဆိုရင် ဓားတောင်ကို
             ကျော်ရ ကျော်ရ၊မီးပင်လယ်ကိုဖြတ်ရ ဖြတ်ရ၊သားရိုင်းတွေပေါတဲ့
  တောကိုပဲတိုးရ တိုးရ မောင်ဝန်မလေးပါဘူး မ ရယ်......
ကောင်မလေး။     ။မောင့်ကိုယုံပါတယ်။ လာမဲ့စနေနေ့ ညအိမ်ရှေ့ကိုလာခဲ့ပါလားမောင်။ 
   ကောင်လေး။    ။မိုးမရွာရင်မောင်လာခဲ့မယ် ..................  :

♦♦ ဘယ်ကောင်လဲကွ ငါ့ကိုရေကန်ထဲကန်ချတာ ♦♦♦


 ကျွန်တော် ဆိုဒ်ကိုလာလည်တဲ့ ဘလော့အစ်ကို ၊အစ်မတွေကိုအားလုံး
ပျော်ရွင်စေချင်တာဟာလည်း ကျွန်တော်ဆန္ဒတစ်ခုပါပဲ ။ ဟာသလေးကို အားပေးသွားကြဦးနော် မရီရဘူးဆိုရင်တောင်မှ
ပြုံးသွားရင် ကျေနပ်ပါပြီ :D

ဟိုရှေးရှေးတုန်းကပေါ့  တိုင်းပြည်တစ်ပြည်မှာ စစ်တပ်အင်အားတွေ အလွန်အားနည်းတယ် ။
ဘုရင်ကြီးကစဉ်းစားတာပေါ့ " ငါ့တိုင်းပြည်မှာ စစ်တပ်အင်အားတွေဟာတော်တော်ကို နည်းပါးနေတယ် ။
ရုတ်တရက်စစ်တွေဖြစ်လာရင်တောင် ငါ့တိုင်းပြည်က ပြန်ခုခံနိုင်မှာမဟုတ်လောက်ဘူး " လို့ ဘုရင်ကြီးက
စဉ်းစားမိတယ် ။ အဲဒါကြောင့် သူ့တိုင်းပြည်မှာ စစ်တပ်အင်အားတွေပြန်လည် များပြားလာအောင်
သူ့ရဲ့ အမတ်တွေကို ရွာတိုင်းရွာတိုင်းမှာ မောင်းထုပြီးတော့ ရွာတိုင်းကို လိုက်ကြေညာခိုင်းတော့တာပေါ့။
 " တိုင်းသူပြည်သားများခင်ဗျား မနက်ဖြန် နန်းတော်အတွင်းမှာ
 သူရဲကောင်းရွေးပွဲ ကျင်းပမည်ဖြစ်ပါသောကြောင့် အိမ်တိုင်းအိမ်တိုင်း
လာရောက်ဝင်ပြိုင်ရန် ၊ သူရဲကောင်းရွေးချယ်ခံရသူအား ဘုရင့်သမီးတော်နဲ့ထိပ်မြားပေးမည်
ဖြစ်ကြောင်း နှင့် ဆုတော်ငွေအသပြာ(×××××××)ချီးမြှင့်မည်ဖြစ်ကြောင်းကြော်ညာအပ်ပါသည် ။
သည်လိုနဲ့ ပြိုင်ပွဲရက်ကိုရောက်လာတော့ နန်းတော်အတွင်း ရွာသူရွာသားတွေနဲ့ပြည့်နေတာပေါ့ ။
လာရောက်အားပေးတဲ့သူတွေ၊ ပြိုင်ပွဲဝင်မည့်သူတွေနဲ့ပြည့်နေတာပေါ့ ။
အဲအချိန်မှာ ဘုရင်ကြီးကလည်း ပြိုင်ပွဲစည်းကမ်းကိုစတင်ကြေညာတော့တာပေါ့ ။
" တိုင်းသူပြည်သားများခင်ဗျား သည် ကန်ထဲက မိကျောင်း ရန်ကို ခုခံကျော်ဖြတ်ရင်း  ကန်တစ်ဖက်ကို
ရောက်သူအား သူရဲကောင်းခန့်မည်ဖြစ်ကြောင်းကြော်ညာလိုက်တာပေါ့ "
မိကျောင်းဆိုတာ သိတယ်မလား ဘယ်သူမှ မဆင်းရဲကြဘူး ကန်ထဲကို ........
" ဘုရင်ကြီးကစိတ်တိုတာပေါ့ တိုင်းပြည်မှာ သူရဲကောင်းတစ်ယောက်မှ မရှိဘူးလားဆိုပြီးတော့ "
အော်ပြောလိုက်တာပေါ့ ......
အဲဒီအချိန်မှာ လူငယ်တစ်ယောက်ဟာရေကန်ထဲကို " ၀ုန်းကနဲ " ခုန်ဆင်းပြီး မိကျောင်းတွေရဲ့ရန်ကို
တစ်ကောင်ပြီး တစ်ကောင် ခုခံကျော်ဖြတ်ရင်းနဲ့ နောက်ဆုံး ကန်ထိပ်ကိုရောက်သွားခဲ့ပါတယ် ။
အဲချိန်မှာ လက်ခုပ်သံတွေဟာလည်း နန်းတော်တစ်ခုလုံး ပြန့်လွင့်သွားတာပေါ့ ။
ဘုရင်ကြီးလည်း ၀မ်းသာအားရစွာနဲ့ ထိုလူငယ်အား " သည်မှာသူငယ် သူငယ်ဟာ သူရဲကောင်း တစ်ဦး
ပီသလှပါပတယ် ။ ပရိသတ်များအားလုံး ရှေ့မှာ အမှတ်တရ စကားလေးတစ်ခွန်းလောက်မိန့်တော်မူပါဦး "
လို့ ဘုရင်ကြီးက ထိုလူငယ်အားပြောလိုက်တာပေါ့ ။
အဲသည်ချိန်မှာ လူငယ်ကလည်း စိတ်တိုတိုနဲ့ အော်ပြောလိုက်သည်မှာ
" ဘယ်ကောင်လဲကွ ငါ့ကိုရေကန်ထဲကန်ချတာ " တဲ့
ဟဲဟဲ အားလုံးပျော်ရွင်နိုင်ကြပါစေနော် ......
အားလုံးကိုခင်မင်လေးစားလျှက်

အတိုအစ ဟာသများ


ကွာလိုက်ပုံက

ငါအဖေလုပ်ထားတဲ့ စာခြောက်ရုပ်က ဘယ်လောက်ကောင်းသလဲဆိုရင် တိုလယ်ရဲ့
သုံးမိုင်အတွင်းမှာ ဌက်တစ်ကောင်တစ်လေတောင် လာမနားဘူး
ဒါလား ဘာဟုတ်သေးလို့လဲ၊ ငါ့ဦးလေး စာခြောက်ရုပ်ကမှသည့်ထက်တောင်ကောင်းတာ၊
ဌက်တွေဆိုမနှစ်ကချီသွားတဲ့စပါးနှံတွေတောင် ပြန်လာပြီးထားရတယ်လေ………..

အိပ်ယာထချိန်

ဘက်စ်ဆဲလားစာရေးဆရာမတစ်ယောက်အားတွေဆုံမေးမြန်းလိုက်၏။
"ခင်ဗားနွေရာသီဆို ဘယ်အချိန် အိပ်ယာထသလဲ"
"ကျွန်မ အိပ်ခန်းပြူတင်းပေါက်ကနေ နေရာင်ခြည်ဝင်လာတာနဲ့ အိပ်ယာထဖြစ်ပါတယ်"
"ဟာ…ဒီလိုဆို စောကြီးထတာပေါ့နော်"
"ဟင့်အင်း…..ကျွန်မအိပ်ခန်းက ပြူတင်းပါကကိုနောက်ဘက်အရပါမျက်နှာမူထားပါတယ်"

တစ်ခုတော့ခွင်ပြုပါ

ဥရောပနှင့် မြောက်မေရိကတိုက်သွားသည်လေယာဉ်ခရီးစဉ်၌ စင်္ကာပူလေကြောင်းဌာနမှ
လေယာဉ်ပေါ် ဆေးလိပ်မသောက်ရန် ပိတ်ပင်တားမြစ်ထားသသည်။
       ခရီးသသည်တစ်ဦးက စည်းကမ်းမဲ့သောက်မည်အပြုလုပ်သဖြင့် လေယဉ်မယ်ရောက်လာပြီး-
                           "ဆေးလိပ်သောက်ဖို့ခွင့်မပြုပါဘူးရှင့်"
                           "ဒါဆို မသောက်တော့ပါဘူး၊ လေယာဉ်ပေါ်မှာ
တစ်ယောက်ထဲသွားရတဲ့ ကျွန်တော့်ကို အပျင်းပြေရည်းစားစကားတော့
ပြောခွင့်ပြုစေချင်ပါတယ်"


မရှိတာမသိလို့

                   အင်တာဗျူးတစ်ခု၌
မေးသူ  -     မင်းအမေ အိမ်ထောင် မပြုခင်က ဘာလုပ်သလဲ၊
ဖြေသူ  -      သူအိမ်ထောင်မပြုခင်ကျွန်တော့်မှာ အမေမှမရှိဘဲ။


ခိုးသွားမယ်မထင်မိပါလို့

သမင်ပစ်ရန် တောသို့ နှစ်ယောက်တစ်တွဲစီ ထွက်လာခဲ့ကြသည်။
ထို့နောက်လူစုဠခွဲပြီး နောက်တစ်နေ့ပြန်ဆုံသောအခါတစ်ဖွဲ့မှသမင်တစ်ကောင်ကို
ထမ်းလာကြောင်းတွေ့ရသသည်။
"ဟယ်ရီရော ဘယ်မှာကျန်ခဲ့သလဲ" ဟယ်ရီဖော် သမင်ထမ်းလာသူက-
"သူ ဟိုနား သုံးမိုင်လောက်မှာ သတိမေ့ကျန်ခဲ့တယ်"
"ဟင်……မင်ကသူ့ကို ခေါ်မလာဘဲ ဘာကြောင့် သမင်ကြီးထမ်းပြီပြန်လာရတာလဲ"
"ခက်တာပဲ ဟယ်ရီ့ကိုဘယ်သူမှ ခိုးသွားမယ်လို့မယ်လို့မထင်ဘူးလေ"


ခြားနားချက်မရှိပါဘူး

   စီးပွားရေးကျဆင်းနေသောမြိုသို့ နယ်လှည့်အရောင်းကိုယ်စားလှယ်မှာ
တည်းခိုစရာလိုက်ရှာရင်း မြို့သားတစ်ဦးကိုမေးမြန်လိုက်မိသည်။
" သည်မြို့  မှာရှိတဲ့ ဟိုတယ်နှစ်ခု ဘယ်မှာတည်းသင့်သလဲပြောစမ်းပါ"
"သိပ်တော့မခြားနားပါဘူး၊ တစ်ခုမှာတည်းမိရင် နောက်တစ်ခု မှာလည်း
ဒီတိုင်းပဲမှတ်လိုက်ပါ"

ဘာဖြစ်မယ်ထင်သလဲ

"ခင်ဗျားနားရွက် ဘယ်ဖက်ကိုဖြစ်လိုက်ရင်ဘာဖြစ်မယ်ထင်သလဲ"
စိတ်ရောဂါကုဆရာဝန်က လူနာအားမေးလိုက်၏။
    "ကျွန်တော်ဘယ်ကြားရတော့မလဲဆရာ"
    "ဟုတ်ပြီ၊ ဒါဆိုညာဘက်ပါထပ်ဖြတ်လိုက်မယ်ဆိုရင်ကောဗျာ"
    "ကျွန်တော် မမြင်ရတော့ဘူး"
    "ဘာလို့လဲ"
     "ဆရာကလည်း ကျွန်တော့်မျက်မှန် ဘယ်မှာချိတ်လို့မလဲ"


အိပ်မယ်ထဲမှာ

"မင်းမိန်းမကို ငါအိပ်မက်မက်တယ်"
"ဟေ……ဟုတ်လား သူကဘာပြောသလဲ"
"တစ်ခွန်းမှ မပြောဘူး"
"ဒါဆို မင်းမှားပြီ ငါ့မိန်းမလုံးဝမဖြစ်နှိုင်ဘူး"


လူပြောင်

မောင်လှနှင့်မောင်ဘ ရှေ့မှလျှောက်လာသောလူမှာအလွန်ထူးဆန်းသဖြင့်
ငေးမောကြည့်လိုက်မိသသည်။
ကျော်သွားသောအခါမှ -
       "ဒီလူက တစ်မျိုးပဲ၊လျှာထုတ်ပြီးလမ်းလျှောက်တယ်ဆိုတာမျိုးဟာ
သူငယ်နာရှိသလားမသိဘူး"
       "မဟုတ်ဘူးဗျ သူကစာတိုက်တံဆိပ်ခေါ်င်းကပ်တဲ့ ဌာနမှာလုပ်နေတဲ့အလုပ်သမားလေ"


စံနမူနာမဖြစ်စေချင်ပါ

အလွန်ပျင်ရိသော အလုပ်သမားအား အလုပ်ရှင်မှ ပြုပြင်စေလိုသဖြင့် -
"အလုပ်လုပ်လို့သေတဲ့မသာမရှိဘူးကွ မှတ်ထား"
"မှန်ပါတယ်ဆရာ ၊ကျွန်တော်လည်း အဲဒီလို အလုပ်လုပ်ပြီး သေခဲ့ရင် နောက်လူတွေ
စံနမူနာမဖြစ်စေချင်ပါဘူး"


ကံစမ်းမဲ

စီးပွားရေးအရ အနောက်နှိင်ငံများတွင် လူသုံးကုန်ပစ္စည်းရောင်းချရာတွင်
စံချိန်တင်နှိင်ရန်ကံစမ်းမဲထည့်တတ်ကြသည်။
စက်ရုံတစ်ခုမှာအရာင်းစံချိန် ချိုးသွားသဖြင့်-
         "ဘာကြောင့် စံချိန်ချိုသွားရတာလဲ"
     "စက်ရုံပိုင်ရှင် အမျိုးသမီးကြီးရဲ့ ယောက်ျား ရွှေးမယ့်ကံစမ်းမဲ
တီထွင်လိုက်လို့ပါပဲ"

တာဝန်အတွက်

`ကျွန်တော်တာဝန်မကျေသလို
ဖြစ်နေလို့ သွားတွေပြန်စိုက်ချင်ပါ
တယ်ခင်ဗျာ၊ ကူညီပါ´
`သွားမရှိတာနဲ့ ဘယ်လို
တာဝန်မကျေဖြစ်ရတာလဲ´
`မနက်အိပ်ရာထတာနဲ့ သွား
တိုက်ဖို့ တာဝန်ပျက်ကွက်နေရလို့ပါ´

နောင်တ

`မင်းတို့လင်မယား ရန်ဖြစ်လို့
ဆို´
`အေးကွ´
`မင်းမိန်းမရဲ့သွားတွေ အကုန်
ကျိုးအောင် ရိုက်ပစ်လိုက်တယ်ဆို´
`မမေးစမ်းပါနဲ့ကွာ၊ ရိုက်မိပြီးမှ
နောင်တရလွန်းလို့ပါ။ ခုတော့ အသစ်
တစ်ခုထပ်ဝယ်ပေးရတော့မယ်ကွ´

ကြော်ငြာ

ဈေးထိပ်မှာ သွားတိုက်ဆေး
ရောင်းတဲ့ကားက ကြော်ငြာနေတယ်။
`ကျွန်တော်တို့ရဲ့ သွားတိုက်
ဆေး ဘူးသေးကိုက တစ်နှစ်တိတိ
သုံးရပါတယ်ခင်ဗျာ။ ဘိုးဘွား ရိပ်
သာက သွားမရှိတဲ့ အဘိုးကြီး ၂၀
နဲ့ အဘွားကြီး ၁၅ ယောက်က
ထောက်ခံထားပါတယ်´

မယားဓါတ်ပုံ

မယား - ရှင် ကျွန်မဓါတ်ပုံ ကို နေ.တိုင်း ရုံးတက်တဲ.အိတ်ထဲထည်.ထည်.ထားတယ်။ ဘာလို.လဲ။
လင် - သြော် ဘယ်လောက် ကြီးမားတဲ. အခက်ခဲ ကြုံရ ပါစေ မင်းဓါတ်ပုံကိုကြည်.လိုက်တာနဲ. အားလုံးကို ကျော်လွားနိုင်ခဲ.တယ်။
မယား - ကြည်.စမ်း၊ ကျွန်မ ဟာ ရှင်.အတွက် ဘယ်လောက်တောင် တန်ဖိုးရှိသလဲ နော်။
လင် - ဟုတ်ပါ.၊ မင်းဓါတ်ပုံကို ကြည်.ပြီး ငါ.ကိုယ်ငါ ပြန်မေးကြည်.တယ်
"ဒီထက်ဆိုးတဲ. အခက်အခဲ ဘာရှိနိုင်ဦးမှာလဲ" လို.
အမလေး ရှင်မပြန်သေးဘူးလား?

အိမ်ထောင်ရှိသူ အမျိုးသားတစ်ယောက် က သူ.ရဲ. small လေး ဆီကို
အလည်သွားပါတယ်။ သူ.ရဲ. small လေးကလဲ သူ.ကိုတွေ.တိုင်း

Small လေး - "ရှင်.ရဲ. ပသိုင်းမွေး တွေ ကို ရိတ်လိုက်ပါလား ရှင်။ ဒါမှ
ရှင်ရဲ. အင်မတန် ခန်.ညားတဲ. ရုပ်ကို ကျွန်မ ကောင်းကောင်းကြီး ခံစားလို.ရမှာ"
အမျိုးသား - "ငါ.အိမ်က အဖွားကြီးက အဲ.ဒီ အမွေးကို ကြိုက်တယ်ဟ။ ငါ.သာ
အဲ.ဒီ ပသိုင်းမွေး ကို ရိတ်လိုက် ရင် ငါကို သတ်မှာ။ ဒါဆို ချစ်လေးနဲ.
ဝေးပြီ။"
Small လေး - "တိုတို ကလဲ ရိတ်လိုက်ပါ ချို အဟွန်.အဟွန်."
Small လေး ရဲ. အချွဲကောင်းမူကြောင်. ထိုအမျိုးသားလဲ သူ.ရဲ. ပသိုင်းမွေး
ကို ရိတ်လိုက်ပါတယ်။
အဲဒီည မှာ ပဲ သူက ကျောပေးပြီး အိပ်နေသော သူ.မယားကြီး ခုတင်ပေါ်ကို
တိတ်တိတ်လေး တက်ပြီး လဲလိုက်စဉ်။ မယားကြီး က ရုတ်တရက် နိုးလာပြီး
လှည်.မကြည်.ပဲ သူ. ရဲ. မျက်နှာ ကို ပွတ်သတ်အာရုံခံလိုက်ခါ "အမလေး
ရှင်မပြန်သေးဘူးလား။ ခဏ နေရင် အိမ်က နွားကြီး ပြန်လာတော.မှာနော်"

နောင်တရမိတယ်

ညတစ်ည သန်းခေင်ယံအချိန်တွင် ဇနီးဖြစ်သူတစ်ရေးနိုးလာ၍ ယောက်ျားဖြစ်သူကို ရှာရာ မီးဖိုချောင်ထဲ၌ ရှိက်ကြီးတငင် ငိုကြွေးနေသည်ကို တွေ့ လိုက်၇လေသည်။
ဇနီး ။ မောင်…ဘာဖြစ်လို့ ငိုနေတာလဲ
ကျား ။ တို့ တတွေ သမီးရည်းစားဘ၀ချိန်းတွေ တုန်းက မင်းအဖေကြီးနဲ့ မိသွားတော့ မင်းအဖေကြီးပြောတဲ့ စကားကို မင်းမှတ်မိသေးရဲ့ လား…။ မင်း ငါ့သမီးကို အတည်ယူမှာလား… မယူရင်တော့ ထောင်ထဲမှာ အနှစ်နှစ်ဆယ် သွားနေပေတော့ ဆိုတာလေ ..
ဇနီး ။ မှတ်မိသားဘဲ …အဲဒါဘာဖြစ်လို့ လဲ
ကျား ။ အေး….အဲဒီတုန်းက ထောင်သာကျခဲ့ ရင် ဒီနေ့ လွတ်ပြီ ..အီး ဟီးဟီးဟီး …ရွှတ်.

ဒါပေမယ့်

"သမီး အဲလိဇဘတ်…မနေ့ ကမင်း ဖေဖေ ပြန်လာတော့ မူးနေသေးလား"
" မူးတော့ မူးမယ်မထင်ဘူး မေမေ ။ဒါပေမယ့် သူဘယ်သူလဲဆိုတာကို သိချင်တယ်ဆိုပြီးတော့ မှန်တော့ ယူခိုင်းတယ်

အာဇာနည်နေ့

တူမလေးက သူ့အမေကို ပြောတယ်။
"မာမား.. မနက်ဖြန် အာဇာနည်နေ့ ကျောင်းတစ်ရက် ပိတ်တယ်လို့ ဆရာမက ပြောတယ်"
ဒါကို မူကြိုတက်နေတဲ့ တူအငယ်ဆုံးက မေးပါတယ်။
"မာမား... လေးဖြူနေ့က ဘယ်နေ့လဲ? လေးဖြူနေ့မှာ ကျောင်းဘယ်နှရက် ပိတ်မှာလဲ" !_!

လာမစမ်းနဲ့

အမတ်လောင်း  ။            ။ ကျွန်တော်တို့ဟာ  ဒီကနေ့အခြေအနေအရ  ဂျုံကို ပိုစိုက်ဖို့လိုအပ်ပါတယ်။
လူပြောင်တစ်ဦး။             ။ မြက်ကိုပိုစိုက်ဖို့မလို ဘူးလားခဗျာ။
အမတ်လောင်း  ။            ။ အခုကျွန်တော် တင်ပြဆွေးနွေးနေတာ လူ့စားစရာအကြောင်း ဖြစ်ပါတယ်။ မကြာခင်မှာ ခင်ဗျားနှစ်သက်တဲ့ မြက်အကြောင်းကိုလည်း တင်ပြမှာပါ။

"ထာဝရလက်တွဲချင်သူ ချစ်သူတို့ လိုက်နာသင့်တဲ့ကျင့်ဝတ်များ"



(1) တစ်ယောက်ကိုတစ်ယောက်ချစ်မြတ်နိုးပါ။

(2) မလိမ်ပါနဲ့။

(3) ပွင့်ပွင့်လင်းလင်းဆက်ဆံပါ။

(4) ချိုချိုသာသာ ဆက်ဆံပါ။

(5) ရန်ဖြစ်ပြီးတိုင်း ခွင့်လွှတ်ဖို့ ကြိုးစားပါ။

(6) တကယ်မရည်ရွယ်ပဲ ဘယ်တော့မှ လမ်းခွဲဖို့သွားမပြောပါနဲ့။

(7) ကိုယ်တကယ်အဆင်မပြေဘဲ ကိုယ့်ချစ်သူကို အဆင်ပြေပါတယ်လို့ လိမ်မပြောပါနဲ့။

(8) ကိုယ် မာနကို ဘေးဖယ်ထားဖို့ သင်ယူပါ။

(9) ကိုယ် မှားတယ်ဆိုရင် ချက်ချင်းတောင်းပန်ဖို့ကြိုးစားပါ။

(10) အရင်က ကိစ္စတွေနဲ့ အခုကိစ္စတွေကို နှိုင်းမယှဉ်ပါနဲ့။

(11) အရင် ရည်းစားအကြောင်းကို ဘယ်တော့မှထုတ်မပြောပါနဲ့။

(12) အပေးနဲ့အယူ မျှအောင်လေ့ကျင့်ပါ။

(13) ကိုယ့်ချစ်သူရဲ့ ခံစားချက်ကို အမြဲဂရုစိုက်ပါ။

(14) ကိုယ်ချစ်သူနဲ့တွေ့ရင် သူ့ကို တစ်မိနစ်လောက်အမြဲဖက်ထားပေးပါ။

(15) လောကမှာ ပြီးပြည့်စုံတဲ့ချစ်သူဆိုတာ မရှိပင်မယ့် ကိုယ့်အတွက် ပြီးပြည့်စုံအောင် ကြိုးစားပေးချင်တဲ့ ချစ်သူဆိုတာတော့ အမြဲရှိပါတယ်။

ဒီအချက် ၁၅ချက်လေးကိုပဲ ၁၀၀ရာခိုင်နှုန်းလောက်ကြိုးစားအားထုတ်မယ်ဆိုရင် သယ်ချင်းတို့ လိုချင်တဲ့
ရေရှည်ခိုင်မြဲမယ့် ၁၅၀၀အချစ်လေးကို ရရှိလာမှာပါ။

ကလေးတို့၏ ထူးဆန်းသော အမူအကျင့် များ

ကလေးတို့ သည် ချစ်စဖွယ်ကောင်း ကြသလို ထူးဆန်းသော အပြု အမူများကို လည်းလုပ်ဆောင် တတ်ကြသည်။ ၄င်းတို့ ၏ ဦးနှောက်နှင့် အာရုံကြော စနစ်များ သည် အပြည့် အဝဖွံ့ဖြိုးမှု မရှိကြသေးသလို ဘဝ အတွေ့အကြုံလည်း သုညပင်ဖြစ် သည်။ ထို့ကြောင့်လူကြီးများ ဖြစ်ကြသော ကျွန်ုပ်တို့အတွက် အဓိပ္ပါယ် မရှိသော ကိစ္စ များအား ပြုမူကြ သည်မှာ မဆန်းပါ။ ကလေး၏ တစ်နှစ်အတွင်းသို့မဟုတ် ကလေး ဘဝ တစ်လျှောက်ပြုလုပ် တတ် သော အမူအကျင့် ခုနစ်ခုအကြောင်းကို သင်သိသွားပါက သင့်ကလေး အတွက် စိုး ရိမ်ပူပန်မှု များ အထိုက်အလျောက် လျော့ ကျသွားပါလိမ့်မည်။
ထူးဆန်းသော အမူအကျင့်(၁) လိင်အင်္ဂါများအား ကိုင်တွယ်ခြင်း
သင့်ကလေး (ယောကျာ်းလေး) ရှူး ရှူးပေါက်လိုက်၍ သို့မဟုတ် အဝတ်အ စားလဲရန်အဝတ်များချွတ်၍ ကိုယ်လုံးတီး ဖြစ်သွားပြီဆိုပါစို့။ ထိုအချိန်တွင် ကလေး သည် ယခင်ကလိုငြိမ်ငြိမ်မနေဘဲ လက် များက အောက်ဘက်သို့ရောက်သွားကာ လိင်အင်္ဂါကို ကိုင်တွယ်တတ်ပါသည်။ ၄င်း သည် ကလေးက အာရုံခံစားမှုရလို၍ဟု သင်ထင်မိပါသလား။ "ကလေးတွေဟာ ငါးလ၊ ခုနှစ်လအရွယ်ရောက်လာရင် သူတို့ရဲ့ လိင်အင်္ဂါတွေကို ကိုင်တွယ်ဆော့ ကစားလေ့ရှိတတ်ပါတယ်။ ဒါဟာ လူကြီး တွေ ထင်သလိုတော့မဟုတ်တာသေချာပါ တယ်" ဟု အရီဇိုးနားပြည်နယ် စကော့ ဒေးကျန်းမာရေးစောင့်ရှောက်မှုဌာနမှ ဒီအန်ဒေးဗစ်က ဆိုပါသည်။ ကလေးများ သည်စပ်စုလိုစိတ်သက်သက်ဖြင့်သာ ကိုင်တွယ်ကြခြင်းဖြစ်ကြောင်းသူမက ရှင်း ပြပါသည်။ " ဒီအရွယ်ကလေးတွေဟ သူတို့ကိုယ်သူတို့အပါအဝင် သူတို့ရဲ့လက် နဲ့ထိတွေ့ကိုင်တွယ်ရတဲ့အရာတိုင်းကို စူး စမ်းလိုစိတ်၊ သိလိုစိတ်ရှိတတ်ကြပါတယ်။ သင့်ကလေးတွေ တစ်ခြားအချိန်မှာ ခြေ တွေ၊လက်တွေနဲ့ထိတွေ့ကစားတဲ့ အရာ များစွာရှိတာကိုတွေးကြည့်ရင်မြင်လာမှာ ပါ။ ဒါပေမဲ့ အခုလို လိင်အင်္ဂါတွေကို ကိုင်တွယ်တာမျိုးကို သင်သတိမထားမိ လို့ပါ}ဟု ပညာရှင်တစ်ဦးဖြစ်သူ ပီတာ ဗစ်တန်ကလည်း ရှင်းပြပါသည်။ အကယ်၍ ဤကိစ္စသည် သင့်အ တွက် စိတ်အနှောက်အယှက်ဖြစ်နေပါက ကလေးအဝတ်အစားလဲချိန်တွင် သူကိုင် တွယ်ရန် အရုပ်တစ်ခုဖြစ်ဖြစ် လက်ထဲ ထည့်ပေးထားလိုက်ပါ။ သို့မဟုတ်ပါက လည်း ဒီအတိုင်းထားလိုက်ပါ။ ]ကိုယ့် ကိုယ်ကို ကိုင်တွယ်ခြင်းအား ကလေး တစ်ချို့ပြုလုပ်နေကျအလုပ်ဆိုတာ လက် ခံလိုက်ပါ။ ဒါဟာ သူတို့ရဲ့ ခန္ဓာကိုယ် အကြောင်း သင်ယူတဲ့ နည်းလမ်းတစ် ရပ်လည်းဖြစ်ပါတယ်" ဟု ဒေးဗစ်က ဆိုပါ သည်။
ထူးဆန်းသော အမူအကျင့် (၂) ငှက်သဖွယ် လက်ကားယား၊ ခြေ ကားယားပြုမူခြင်း
အမေတစ်ယောက် ကလေးအားချီ ၍ ဈေးဝယ်စဉ်၊ အပြင်ထွက်စဉ် ကလေး တစ်ယောက် ရုတ်တရက် အမေပေါ်မှ ပြုတ်ကျမတတ်ဖြစ်လေ့ရှိပါသည်။ ထို အခါမျိုးတွင် ကလေးများ ပြုတ်မကျ အောင် ပြုကျင့်တတ်သော ခုခံမှုပုံစံတစ် မျိုးကို မြင်တွေ့ရတတ်ပါသည်။ အနည်း ဆုံးတော့ ပညာရှင်များက Moro reflex ဟုခေါ်ကြသော သဘာဝအလျောက် တုံ့ ပြန်မှုတစ်မျိုးကို ပြုတတ်ကြပါသည်။ ကလေးပေါက်စတစ်ယောက်သည် သူ ပြုတ်ကျတော့မည်ဟု ထင်သောအခါ သို့ မဟုတ်ထိတ်လန့်သွားသောအခါ သူ့လက် မောင်းများက ဘေးတစ်ဘက်တစ်ချက် သို့ ဆန့်ကားသွားကြပြီး ငှက်တစ် ကောင် ပျံသန်းသလိုပုံစံမျိုးပြုလုပ်တတ်ကြသည်။ ]အကယ်၍ အမေ့လက်ထဲက ကလေး လွတ်ကျသွားရင် ဒီအပြုအမူဟာ သူ့ရဲ့ အသက်ကို တကယ်ကို ကယ်တင်နိုင် ပြီး အမေ့အနေနဲ့ သူ့ကို ဖမ်းမိဖို့အချိန် အနည်းငယ်ရစေပါတယ်}ဟု ဒေးဗစ်က ရှင်းပြပါသည်။ Moro reflex ကို ကလေးတစ် ယောက်ပြုလုပ်နေချိန် မြင်တွေ့ရပါက ထိတ်လန့်စရာဖြစ်သော်လည်း ၄င်းသည် ကလေး ၏ အာရုံကြောစနစ် ကောင်းစွာ ဖွံ့ဖြိုးကြောင်းဖော်ပြသည့် လက္ခဏာ ကောင်းတစ်ရပ်ဖြစ်သည်။ သို့သော် ၄င်း သည် ကလေးအားစိတ်ဖိစီးမှုဖြစ်စေပြီး အသက်ရှူနှုန်းနှင့် နှလုံးခုန်နှုန်းကို မြန် စေပါသည်။ ထို့ပြင် သင်က မတော်တ ဆ ကလေးအား ထိတ်လန့်စေလျှင်လည်း ကလေးက ထိုကဲ့သို့ပင် ပြုမူတတ်သဖြင့် ထိုအချိန်တိုင်း သင့်စိတ်ထဲအပြစ်ရှိသကဲ့ သို့ခံစားရတတ်ပါသည်။ စိတ်မပူပါနှင့်။ ကလေးအသက်သုံးလခန့်တွင် ဤအပြု အမူပျောက်ကွယ်သွားပါလိမ့်မည်။
ထူးဆန်းသော အပြုအမူ(၃) မတ် တတ်ရပ်ရန်ကြိုးစားခြင်း
အသက်ဆယ်လခန့်တွင် သင့်က လေး၏ ထူးဆန်းသော ဖွံ့ဖြိုးတိုးတက်မှု မှတ်တိုင်တစ်ခုကို တွေ့ရတတ်ပါသည်။ ကလေးသည် စားပွဲ၊ ကုလားထိုင်စသည် တို့ကို ကိုင်ပြီးမတ်တပ်ရပ်နိုင်အောင် ကြိုး စားလေ့ရှိပါသည်။ ၄င်းသည် အလွန် အဆင်ချောတတ်သော်လည်း ချို့ယွင်း ချက်တစ်ခုမှာ ကလေးက ဘယ်လိုပြန် ထိုင်ရမှန်းမသိခြင်းဖြစ်သည်။ သင့်တင့် ပါးအား နောက်သို့ ထိုင်ချခြင်းသည် အလေ့အကျင့်နှင့်ပေါင်းစပ်မှုလိုအပ်ပါသည်။ ထို့ကြောင့် ကလေးတစ်ယောက် ထရပ် လျှင် အဆင်သင့်ရှိနေပါစေ။ ကလေး အား ထိုင်ချရာတွင် ကူညီသင့်သော်လည်း ကလေးကို ပွေ့ချီလိုက်ခြင်းမျိုးမလုပ် သင့်ပါ။ ထိုင်ချခြင်းသည်ကလေးတစ် ယောက် မိမိဖာသာ သင်ယူလေ့ကျင့်ရန် လိုအပ်သော ကျွမ်းကျင်မှုတစ်ခုဖြစ် သည်။ ထိုင်ချလိုက်၍ ကလေးနာကျင်သွားနိုင် သည့် အခွင့်အရေးမှာလည်း အဝတ်အ စားများ၊ အနှီးများ၊ အောက်ခံဒိုင်ပါများ ခံနေနိုင်သည့်အတွက် နည်းပါးလှပါသည်။ ကလေးအားကိုင်၍ ရပ်နိုင်အောင် ကု လားထိုင်ဘေးကဲ့သို့ စိတ်ချရသော တန်း တစ်ခုဘေးနားချထားပြီး၊ ကလေးနောက် ဘက်တွင် ခေါင်းအုံးတစ်လုံးချထားလိုက် ပါ။ မကြာမီကာလတွင် ကလေးသည် ကောင်းကောင်းထိုင်ချတတ်လာပါလိမ့် မည်။
ထူးဆန်းသော အပြုအမူ (၄) တစ်ကိုယ်လုံးတုန်ယင်နေခြင်း
ကလေးက ပထမတစ်မိနစ်တွင် ငြိမ်ငြိမ်လေးအိပ်နေသည်။ နောက်တစ်မိ နစ်တွင် သင်အိမ်သုံးစာရင်းစာရွက်ကို ဖတ်စဉ် တုန်ယင်သွားသကဲ့သို့ တုန်ယင် သွားတတ်သည်။ ဒါ ဘာကြောင့်ဖြစ်လေ သလဲ။ ၄င်းသည် အာရုံကြောစနစ် ရုတ် တရက်ပြောင်းလဲမှုကြောင့်ဖြစ်သည်ဟု ဒေးဗစ်ကဆိုသည်။ "ကလေးတွေဟာ ငယ်ရွယ်စဉ်မှာသူတို့ရဲ့ လှုပ်ရှားမှုတွေကို အာရုံကြောစနစ်ကထိန်းချုပ်နိုင်မှုသိပ်မ ကောင်းကြပါဘူး။ ဒါကြောင့်ကလေးတွေ ရဲ့ လှုပ်ရှားမှုတွေဟာ အနည်းငယ်တုန် ယင်နေတာတွေ့ရတတ်ပါတယ်။ ဒါဟာ ဖွံ့ဖြိုးတိုးတက်မှုရဲ့အစိတ်အပိုင်းတစ်ခုသာ ဖြစ်ပါတယ်" ဟု သူမက ရှင်းပြပါသည်။ သို့ရာတွင် ကလေးအေးနေသလား သိရှိနိုင်ရန် လက်ကလေးများကိုတော့ စမ်းကြည့်သင့်ပါသည်။ ဗစ်တန်၏ အဆို အရတော့သင်အနည်းငယ်ချမ်းစမ့်စိမ့်ဖြစ် နေချိန်တွင် ကလေးကပိုချမ်းပြီး တုန် ယင်နေတတ်ပါသည်။ သင့်ကလေးတွင် ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးနိုင်စွမ်း သော အဆီများ လုံလောက်စွာမရှိသေး ပါ။ ထို့ပြင် ကလေးသည် လေပြင်းပြင်း တိုက်ချိန်တွင် လက်နှစ်ဘက်ကို ပိုက် ထားတာမျိုး သင့်လိုမလုပ်တတ်သလို ဆွယ်တာအင်္ကျီလည်းကောက်မဝတ်တတ် သေးပါ။ သူတို့လုပ်နိုင်တာတစ်ခုတည်းရှိ ပါသည်။ြွကက်သားများအား ကြုံခြင်း၊ ဆန့်ခြင်းသည် ကိုယ်ခန္ဓာအပူချိန်ကို မြင့် တက်စေပါသည်။ ကလေးတစ်ယောက် တုန်ယင်နေလျှင် အဝတ်အစားထူထူလေး များ ဝတ်ပေးပြီးတုန်ယင်ခြင်ပျောက်၊ မပျောက်စောင့်ကြည့်သင့်ပါသည်။ ကလေးက မကြာခဏတစ်ကိုယ် လုံးတုန်ယင်နေပြီး ငိုပါငိုနေလျှင်တော့ ကလေးအထူးကုဆရာဝန်နှင့် ပြသခြင်း သာ အကောင်းဆုံးဖြစ်ပါသည်။ တစ်ခါတစ်ရံ တုန်ယင်နေခြင်းမျိုးမှာ တော့အခြားအကြောင်းရှိ၊ မရှိရှာဖွေကြည့် သင့်ပါသည်။
ထူးဆန်းသော အမူအကျင့် (၅) ကြို့ထိုးခြင်း
ကလေးများကြို့ထိုးခြင်းသည် ဆက် တိုက်ဖြစ်ပေါ်လေ့ရှိသည်။ ကလေးများ ၏ ကြို့ထိုးခြင်းမှာ အနည်းငယ်ထူးဆန်း သည်။ သို့ရာတွင် သီအိုရီတစ်ခုရှိပါသည်။ သင့်ကလေးရဲ့ မျိုချခြင်းနှင့် အသက်ရှူ ခြင်းစွမ်းရည်တွေဟာ အချိုးညီညီဖြစ်ပေါ် ခြင်း မရှိသေးလို့ပါ။ သူဟာ အသက်ရှူ နေချိန်မှာ တံတွေးမျိုးချတာမျိုး တစ် ပြိုင်တည်းလုပ်တတ်ပါတယ်။ အဲဒီအခါ ကြို့ထိုးတတ်ပါတယ်}ဟု ဗစ်တန်က ရှင်း ပြသည်။ သို့သော် ဘာကြောင့်အကြာကြီး ဖြစ်ပေါ်ရသနည်း။ "ကလေးတွေဟာ ဒီလို ကိစ္စမျိုးတွေကို ဘယ်လိုကိုင်တွယ်တုန့် ပြန်ရမယ်ဆိုတာကို သင်ယူနေဆဲပဲရှိပါ သေးတယ်။ ဒါကြောင့်ကလေးတွေဟာ ကြို့ထိုးရင် လူကြီးတွေထက် ပိုကြာတတ် ပါတယ်}ဟု ဗစ်တန်က ဆိုသည်။ ကလေး အားနို့တိုက်ခြင်း၊ နို့ဘူးတိုက်ခြင်းတို့ဖြင့် သက်သာရာရစေနိုင်ပါသည်။ အကယ်၍ ကလေးကြို့ထိုးခြင်းမှာ တော်တော်နှင့်မပျောက်လျှင် ကလေးအား တိတ်ဆိတ်ငြိမ်သက်သောနေရာသို့ရွှေ့ ပြောင်းရန်စဉ်းစားကြည့်ပါ။ "ကြို့ထိုးခြင်း ဟာ ကလေးရဲ့ စိတ်ခံစားမှုကို ပတ်ဝန်း ကျင်က အနှောက်အယှက်ဖြစ်နေတယ်လို့ ထင်ရတဲ့ လက္ခဏာတစ်ရပ်လည်းဖြစ်ပါ တယ်။ ကလေးပေါက်စတွေဟာ သူတို့ နိုးနေချိန်မှာ ကြားရတဲ့ ဆူညံသံတွေကို လက်ခံနိုင်စွမ်း အားနည်းကြပါတယ်။ အခန်းကို တီဗွီသံတွေ၊ စကားပြောသံ တွေ၊ တိရစ္ဆာန်သံတွေကနေ ဝေးအောင် ပြုလုပ်ထားပါ။ အခန်းမီးကို မှိန်မှိန်ပဲ ထွန်းပါ။ သင့်ကလေးကို ကြို့မထိုးပဲ ကြာ ကြာနေစေနိုင်ပါသည်"ဟု ဒေးဗစ်က ပြော ပြပါသည်။
ထူးဆန်းသော အမူအကျင့် (၆) ချောင်းဆိုးခြင်း
သင်က အိမ်အလုပ်များလုပ်နေစဉ် သင့်ကလေးချောင်းတဟွတ်ဟွတ်ဆိုးသံကို ကြားရတတ်ပါသည်။ သင်က စိတ်ပူပြီး ပြေးကြည့်သောအခါ ဘာမှမဟုတ်ဘဲ ကလေးက ကျယ်လောင်စွာရယ်မောရင်း ချောင်းထပ်ဆိုးပြကာ သင်၏တုံ့ပြန်မှုကို စောင့်ကြည့်နေတတ်ပါသည်။ သူကား သင့်အား တမင်ချောင်းဆိုးပြနေခြင်းပင် ဖြစ်တော့သည်။ အရမ်းရယ်စရာကောင်း ပေမယ့် သင်မရယ်ဘဲ နေမိပါသလား။ ရယ်သာရယ်ချလိုက်ပါ။ ဤအပြုအမူ သည် ကလေးက ပြင်ပကမ္ဘာကိုစတင် သတိထားမိလာပြီဆိုသည့် သက်သေပင် ဖြစ်သည်။ ခြောက်လခန့်အရွယ်ရလာလျှင် ကလေးတစ်ယောက်တမင်ချောင်းဆိုးပြ တတ်ပါက ကမ္ဘာကြီးဘယ်လိုအလုပ်လုပ် သည်ကို စတင်သိရှိခြင်းပင်ဖြစ်သည်။ "သင့်ကလေးဟာ တစ်ယောက်ယောက် ချောင်းဆိုးရင် သင်သတိထားမိတာကို သိရှိပြီး သူ့ကို သတိပြုမိစေချင်လို့ တမင် ချောင်းဆိုးပြတာပါ။ သူ့ကို သူလိုချင်တာ ပေးလိုက်ပါ။ ပြုံးပြီးမြူလိုက်ပါ။ ဒါမှမ ဟုတ်ပြန်ချောင်းဆိုးပြလိုက်ပါ။ ဒါ အရမ်း ပျော်စရာကောင်းတဲ့ကိစ္စပါ" ဟု ဗစ်တန် က ဆိုသည်။
ထူးဆန်းသောအမူအကျင့် (၇) တတ်ပြီးသားများကိုမေ့သွားခြင်း
ပြီးခဲ့သော တစ်ပတ်က သင့်ကလေး တွားသွားတတ်သည် ဆိုပါစို့။ ယနေ့ ကလေးကတွားသွားတာ ဘာမှန်းမသိ ဖြစ် နေတတ်ပါသည်။ သူဘယ်လိုမေ့သွားတာပါ လိမ့်ဟု မထင်လိုက်ပါနှင့်။ သင်လည်း သင်သိထားသောအရာများအား ဤ အတိုင်း မေ့တတ်ပါသည်။ ကျွန်ုပ်တို့ အတွက် လွယ်ကူလွန်းသော ကိစ္စများ အားလည်း ကလေးများမေ့နိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုကိစ္စလေး များ သည်ပင် သူတို့အတွက် ရှုပ်ထွေးနေတတ် ပါသည်။ အခြားဖြစ်နိုင်ချေတစ်ခုမှာ နေရာပြောင်းလဲလျှင်လည်း ကလေးက အသားမကျဖြစ်၍ သူတတ်ပြီးသားများ ကို မေ့တတ်ပါသည်။ သို့မဟုတ်လျှင် နောက်ထပ်သင်ယူစရာများကို သင်ယူနေ ၍ ယခင်သင်ယူပြီးသားများက မလိုအပ်တော့၍လည်းဖြစ်နိုင်ပါသည်။ တစ်ခါတစ်ရံမှာ သင့်ကလေးက သူမကြာခင်ကမှ တတ်မြောက်ထားခဲ့တဲ့ကိစ္စတွေကို ရုတ် တရက်မလုပ်တော့ဘဲ ရပ်ပစ်လိုက်ရင် ဒါ ဟာအကောင်းလည်းဖြစ်နိုင်ပါတယ်။ ဒါ ဟာသူဆက်လက်တိုးတက်နေတာကို ထင်ဟပ်နေတာပါပဲ" ဟု ဒေးဗစ်က ရှင်း ပြခဲ့ပါသည်။
Ref; Weired Things Babies Do (and Why) By Deborah Skolnik
ဒေါက်တာကျော်စွာထွန်း (ဆေးဝါး ဗေဒ

..

..
Free Explode Red - Handwriting Cursors at www.totallyfreecursors.com

လွတ်လပ်စွာပြောဆိုနိုင်ပါသည်..။

HTML Comment Box is loading comments...
လာရောက်လည်ပတ် ကျသည့် အတွက်ကျေးဇူး အထူးတင်ပါသည်ခင်ဗျာ။
Twitter Bird Gadget