Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu


စာပေမြို့ တော်သို့  လာရောက်ကြသူ အပေါင်း ကျန်းမာချမ်းသာ ကြပါစေလို့  ဆုမွန်ကောင်းတောင်းလိုက်ပါသည်ခင်ဗျာ...>>အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ...မန်ဘာဝင်ပြီးအားပေးနော်..။

စာပေမြို့တော်တွင် Member၀င်ရန်

Followers


စာလုံးပြောင်းရန်
အသေး ပုံမှန် +ကြီး ++ကြီး

Monday, October 21, 2013

ထူးဆန်းထွေလာပြည်မြန်မာ

 
(၁)မြန်မာနိုင်ငံတွင် ပထမဆုံးရေသုံး ၍ အိမ်သာတက်ခဲ့သော ဘုရင်မှာ ဘိုးတော် ဦးဝိုင်း ( ၁၇၈၂- ၁၈၁၉ ) ဖြစ်သည်။

 (၂)၁၈၈၅ ခုနှစ်တွင် သူ့ကျွန်ဘ၀ ကျရောက်ပြီး ၁၈၈၆ ခုနှစ်တွင်ဖွင့်လှစ် ခဲ့သောစက်ရုံသည် မန္တလေး ဘီယာ နှင့် အရက်ချက်စက်ရုံဖြစ်သည်။

 (၃)တယ်လီဖုန်းအား လေပေါ်မြှောက်ကာ ဝှေ့ရမ်း၍ လိုင်းရှာရသော နည်းပညာ ကို မြန်မာနိုင်ငံမှ စတင် တီထွင်ကာ ရောင်းချခဲ့သည်။

ဟာသများ

ငါဘယ်သူပါလိမ့်

လင်မယားနှစ်ယောက် အိပ်ခန်းထဲတွင်အိပ်မောကျနေကြသည်။ ရုတ်တရက်
လူခေါ်ခေါင်းလောင်းအဆက်မပြတ်မြည်လာသည်။မိန်းမဖြစ်သူကအိပ်မှုန်စုံ
မွှားဖြင့်အိပ်ရာမှထသည်။ပါးစပ်မှလည်းအလန့်တကြားဖြင့် ပြောသည်။
"ယောကျာ်းပြန်လာပြီ၊ ပြတင်းပေါက်ကနေမြန်မြန်ခုန်ဆင်းစမ်းပါရှင်"
ယောကျာ်းဖြစ်သူကအိပ်မှုန်စုံမွှားဖြင့်အိပ်ရာမှထပြီးပြတင်းပေါက်မှခုန်ဆင်း
သည်။ အောက်သို့ကျရာလမ်းတလျှောက်တွင်စဉ်းစားလာသည်။
"ငါဘယ်သူပါလိမ့်"


 

မှိုမကြိုက်လို့
။။။။။။။။။။။။။။။။။။။။။။။။။။။။
အမျိုးသမီးတစ်ယောက်သည် ၄ ကြိမ်မြောက်မင်္ဂလာဆောင်မည်ဟုကြေငြာလေသည်။
"အရမ်း ၀မ်းသာပါတယ် စကားမစပ် စိတ်မဆိုးဘူးဆိုရင် သိချင်တာလေးမေးလို.ရမလားဟင်"
"ရပါတယ် သူငယ်ချင်းရဲ."
"မင်းရဲ.ပထမယောင်္ကျားကဘယ်လိုဆုံးတာလဲ"
"မှိုဟင်းစားပီးအဆိတ်သင်.သွားတာလေ"
"စိတ်မကောင်းလိုက်တာ စိတ်မဆိုးဘူးဆိုရင်ဒုတိယတစ်ယောက်ကရော"
"သူလဲ မှိုဟင်းစားပီးအဆိတ်သင်.သွားတာပဲလေ"
"အိုး...ကံဆိုးလိုက်တာနာ် နောက်ဆုံးတစ်ယောက်ကိုမေးတောင်မေးရဲတော.ဘူး"
"သူကတော. လည်ပင်းကြိုးပြီးသေတာ"
"ဟင်.....လည်ပင်းကြိုးတာ"
"ဟုတ်တယ် သူက မှိုမကြိုက်ဘူးပြောလို. "
 
 

အမေတစ်ယောက် လိမ်ညာမှုများ

ဒီဖြစ်ရပ်တွေဟာ ကျွန်တော်ကလေးဘ၀မှာ စတင်ခဲ့ပါတယ်..။ ကျွန်တော်ဟာ ဆင်းရဲတဲ့မိသားစုမှ မွေးဖွားလာရပါတယ်..။ တစ်ခါတစ်လေ တစ်မိသားစုလုံး စားဖို့မရှိလို့ ဗိုက်မှောက်နေခဲ့ရတဲ့ ဘ၀ပါ..။ ထမင်းစား တဲ့အချိန်တိုင်းမှာ အမေဟာ သူ့ပန်းကန်ထဲက ထမင်းအနည်းငယ်ကို ကျွန်တော့်ကို ခွဲပေးလေ့ ရှိပါတယ်..။ အဲ့လိုအချိန်မျိုးမှာလည်း အမေက "စား...သားလေး..၀အောင်စား…အမေက မစာဘူး.." ပြန်ပြောလေ့ရှိပါတယ်..။ အဲ့ဒါကတော့ အမေ့ရဲ့ ပထမဆုံးအကြိမ် လိမ်ညာမှုပါ.။
ကျွန်တော် ကြီးကောင်ဝင်လာခဲ့အခါ…ဇွဲကောင်းတဲ့ အမေဟာ သူမရဲ့ပိုတဲ့အချိန်တွေကို မြစ်ဘေးမှာ ငါးမြှားရင်း ကုန်ဆုံးစေခဲ့ပါတယ်..။ ဖမ်းမိလို့ရလာတဲ့ ငါးအကြီးတွေကို ကျွန်တော့်ကြီးထွားမှု အဟာရ အတွက်ချက် ပြုတ် ကျွေးမွေးလေ့ရှိပါတယ်..။ ကျွန်တော် အမေချက်ပေးတဲ့

စိတ်အပန်းဖြေစေဖို့ ကမ္ဘာကျော် "အက" တွေ ကြည့်ကြစို့....







Saturday, October 19, 2013

"အမေ "



ဘ၀မှာ အောင်မြင်တဲ့ လူတစ်ယောက်အဖြစ် ရပ်တည်နေနိုင်ပြီဖြစ်တဲ့ ကျွန်တော့်မှာ အပြင်းထန် ဆုံး ဆန္ဒတစ်ခုရှိပါတယ်..။ အဲ့ဒါကတော့ ငယ်စဉ်ကတည်းက ကျွန်တော့်အတွက် စွန့်လွတ်အနစ်နာခံ ပြုစု ပျိုးထောင်ပေးခဲ့တဲ့ အမေ့ကို တစ်ခုခု ပြန်လည် ပေးဆပ်ချင်တာပါပဲ..။ ဒါကြောင့် တစ်နေ့မှာ….
"အမေ… အမေ့ကို ကျွန်တော် တစ်ခုခုပေးချင်တယ်..။ တစ်ခုခု လုပ်ပေးချင်တယ်..၊ အမေ သားအပေါ်မှာ ချစ်ခဲ့သမျှ စွန့်လွတ်အနစ်နာခံခဲ့သမျှတွေအတွက် သား တစ်ခုခု ပြန်လည် ပေးဆပ်ချင်တယ်.."
အမေက ကျွန်တော့်ကို အံ့သြတဲ့ပုံစံနဲ့ကြည့်ပြီး

အာဖရိကန် မြွေဖမ်းသမားများ...



ကြောက်မက်ဖွယ်ရာ ကမ္ဘာမြေကြီး...


Friday, October 18, 2013

" Blogger များတွက်"

 blogger များတွက်
http://www.javascriptfreecode.com

Wednesday, October 16, 2013

ဂဏန်းဗေဒင်မှလာသောအကျိုးပေးလုပ်ငန်း


ကိုယ့်ဘ၀ အတွက် အသက်မွေး ၀မ်းကြောင်း အလုပ် ရွေးချယ်တဲ့ ကိစ္စအတွက် ဒီနေရာ လေးမှာ မြန်မာ့ရိုးရာ ဗေဒင်ပညာနှင့် အကျိုးပေး လုပ်ငန်း ရွေးချယ်တာကို ဖော်ပြ ပေးခဲ့တယ်။ အခု တင်မှာက ကိုယ့်ရဲ့ အင်္ဂလိပ်မွေး ရက် မွေးဂဏန်းကို အခြေခံပြီး ရွေးချယ်တာပါ။ အဲဒီတော့ ကိုယ်က ဘာဂဏန်း သမားလဲပေါ့။ ကိုယ်ရဲ့ မွေးဂဏန်းကို အခြေခံပြီး မိမိဘ၀ ဘာလုပ်ငန်းနဲ့ အကျိုးပေးတယ်။ သင့်တော်တယ်ဆိုတာကို စနစ်တကျ ရွေးချယ် နိုင်ကြပါစေကြောင်း စေတနာကောင်းဖြင့် ဖော်ပြပေးလိုက်ပါတယ်။

Sunday, October 13, 2013

သူနဲ့ လက်ထပ်လို့ သင့်တော်ပါ့မလား


အိမ်ထောင်ရေးဇာတာတိုက်ခြင်း

အိမ်ထောင်ရေး ဇာတာတိုက်ပေးပါတဲ့..။ သမီးချစ်သူနဲ့ လက်ထပ်ရင် အဆင်ပြေမှာလားတဲ့။ ကျွန်တော့် ကောင်မလေးနဲ့ လက်ထပ်ရင် ဘ၀တစ်သက်လုံး သာယာမှာလား။ စီးပွားတိုးတက်မှာလား။ အောင်မြင်တဲ့ မိသားစုတစ်ခု ပိုင်ဆိုင်နိုင်မှာလားဆိုတဲ့ မေးခွန်းတွေနဲ့အတူ ကျွန်တော်တို့လို ဗေဒင်ဆရာဆီကို ရောက်လာပြီး မေးတတ်ကြပါတယ်။ ဗေဒင်ဟောခန်းထဲမှာ လာမေးတာလဲ ပါတယ်။ အွန်လိုင်းကနေတဆင့် အီးမေးလ် ပို့ပြီး ချစ်သူနှစ်ဦးရဲ့ ဇာတာကို တိုက်ကြည့်ခိုင်းတာလဲ ပါတယ်။

သင်၏အင်္ဂလိပ်မွေးသက္ကရာဇ်ကပြောသောသင်၏အကြောင်း



သင်၏အင်္ဂလိပ်မွေးသက္ကရာဇ်တွင် (1)ဂဏန်း ၁ လုံးပါသူများ။
အရေးထက် အပြောပိုကောင်း၏ ။ သူတစ်ပါး၏ အမြင်ကို ဂရုမစိုက်တတ်။ စကားအလွန်သွက်၏ ။ ဤ သူမျိုး၏ စကားသည် ရင်ထဲကမလာ။ ။
သင်၏အင်္ဂလိပ်မွေးသက္ကရာဇ်တွင် (1)ဂဏန်း ၂ လုံးပါသူများ။
(၁) လုံးပါသူ၏ အပြုအမူအားလုံး။ သူတစ်ပါး၏အမြင်ကို နားလည်တတ်သူဖြစ်၏ ။ သူတစ်ပါး၏ အပြုအမူကို အတုခိုး၏ ။ ဤအရည်အချင်းသည် ကောင်းမြတ်သောအရည်အချင်းဖြစ်၏ ။ မျှမျှတတပြုသူဖြစ်၏ ။ မှန်မှန်ကန်ကန် အရည်အချင်းကိုသုံးပါက အလွန်အကျိုးရှိ၏။
သင်၏အင်္ဂလိပ်မွေးသက္ကရာဇ်တွင် (1)ဂဏန်း ၃ လုံးပါသူများ။

သင်ဘယ်နေ့မှာ ဘာဖြစ်မှာလဲ


ကျွန်တော်တို့ ဂဏန်းဗေဒင်ပညာမှာ ဘယ်နေ့ကို ဘာဖြစ်မယ်ဆိုတာကို တွက်လို့ရတဲ့ တွက်နည်း ရှိပါတယ်။ ဟိုတစ်နေ့က အွန်းလိုင်းမိတ်ဆွေ တစ်ယောက်နဲ့ စကားပြောဖြစ်တော့ သူက ကျွန်တော့်ကို ဒီလို ပြောပါတယ်။

ဆရာတဲ့ အဘမင်းသိင်္ခ မရှိတော့ပေမယ့် ဆရာကြီးရဲ့ ပညာရပ်တွေကို အခုလို ဖြန့်ဝေပေးတာ ကျေးဇူးပါပဲတဲ့။ ကျွန်တော်တို့က အဘမင်းသိင်္ခရဲ့ အဝေးရောက် တပည့်တွေဆို မမှားပါဘူးတဲ့။ ဆရာကြီး မင်းသိင်္ခရဲ့ စာအုပ်တွေဆို မလွတ်တမ်းဖတ်တယ်တဲ့။ စာအုပ်ထဲမှာ ပါတဲ့ ဗေဒင်တွက်နည်းတွေဆို အမြဲတမ်းလေ့ကျင့်ပြီး တွက်နေကြတဲ့။ မိတ် ဆွေတွေ အမတွေဆိုလည်း တွက်ခိုင်းလို့ အမြဲတမ်း တွက်ပေးနေကြတဲ့။

အဲဒီမှာ ကျွန်တော်တို့ အားလုံးအတွက် အရမ်းမှန်ကန်တဲ့ ဗေဒင်တွက်နည်း တစ်ခုရှိတယ်။ ဂဏန်းဗေဒင် တွက်နည်းပါဆရာ။ ဆရာတော့ သိမလား မသိဘူး။ ရောက်ဆဲ ရက် လ ခုနှစ်ထဲက ကိုယ့်ရဲ့ မွေးရက် မွေးလ မွေးခုနှစ်ကို နှုတ်။ တစ်ခုထဲ ရအောင်ပေါင်းတယ်။ ရတဲ့ ဂဏန်းကို ကြည့်ပြီး ဒီနေ့က ကောင်းတယ် မကောင်းဘူး။ ဘာဖြစ်နိုင်တယ် ဆိုတာကို တွက်ယူလို့ရတဲ့ နည်းလေးပါ။ ဆရာ သိတယ် မဟုတ်လားဆိုတော့..

ကျွန်တော်ကလည်း သိတာပေါ့ဗျာ။ ကျွန်တော့်ရဲ့ ဘ၀မှာ အရမ်းအရေးကြီးတဲ့ ကိစ္စတွေဆိုရင် ဒီနည်းနဲ့ပဲ တွက်ကြည့်ပြီး လုပ်နေကြပေါ့လို့ ပြန်ပြောလိုက်တယ်။ အဲဒီတော့ သူကလည်း အရမ်းမှန်တာပဲ ဆရာရယ်တဲ့။ ကျွန်တော်ဆိုရင် အဲဒီနည်းနဲ့ တွက်ကြည့်လို့ မကောင်းဘူးဆိုရင် ဘာအလုပ်မှ မလုပ်တော့ဘူးတဲ။ အဲဒါနဲ့ ကျွန်တော်လည်း စိတ်ကူးတစ်ခုရတယ်။ ကျွန်တော့်ရဲ့ ဆိုက်ကို လာရောက်လည်ပတ်ကြတဲ့ မိတ်ဆွေတွေ အတွက် ဒီဏန်းဗေဒင် တွက်နည်းလေး တင်ရရင် ကောင်းမှာပဲဆိုတဲ့ ဖြူစင်သောနှလုံးဖြင့် ဒီပို့လေးကို တင်လိုက်တာ ဖြစ်ပါကြောင်း.......

..

..
Free Explode Red - Handwriting Cursors at www.totallyfreecursors.com

လွတ်လပ်စွာပြောဆိုနိုင်ပါသည်..။

HTML Comment Box is loading comments...
လာရောက်လည်ပတ် ကျသည့် အတွက်ကျေးဇူး အထူးတင်ပါသည်ခင်ဗျာ။
Twitter Bird Gadget