Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu


စာပေမြို့ တော်သို့  လာရောက်ကြသူ အပေါင်း ကျန်းမာချမ်းသာ ကြပါစေလို့  ဆုမွန်ကောင်းတောင်းလိုက်ပါသည်ခင်ဗျာ...>>အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ...မန်ဘာဝင်ပြီးအားပေးနော်..။

စာပေမြို့တော်တွင် Member၀င်ရန်

Followers


စာလုံးပြောင်းရန်
အသေး ပုံမှန် +ကြီး ++ကြီး

Monday, September 30, 2013

ဘ၀အောင်မြင်တိုးတက်ဖို့အတွက်

ရိုးတော့ရိုးပါ.မ အ ပါနဲ့
ယုံသင့်တာယုံပါ. အကန်းယုံမဖြစ်စေနဲ့
သုံးတော့သုံးပါမဖြုန်းပါနဲ့
လှူတော့လှူပါ.ဥာဏ်အမြင်မကန်းပါနဲ့
ဆုတောင်းချင်ဆုတောင်းပါ .အလုပ်လုပ်ဖို့ မမေ့ပါနဲ့
သူများတွေကိုမကြည်ညိုရင်နေ.ကိုယ့်ကိုကိုယ် အကြည်ညိုမမဲ့လေနဲ့

ဒီစာသားလေးကဆရာမတယောက်ရဲ့လက်စွဲဆောင်ပုဒ်လေးပါ.မူရင်းရေးသားသူက ဆရာမကိုယ်တိုင်လား.တခြားရေးသားသူလားကျွန်တော်မသိပါဘူး
ဒါပေမဲ့တွေးလေမှန်လေပါပဲ..ဒါကြောင့်မျှဝေလိုက်တာပါ.

ရိုးတော့ရိုးပါ.မ အ ပါနဲ့
အမှန်ပါပဲ.လူတောင်တော်များများကရိုးတာနဲ့အတာကိုတတွဲထဲထင်နေတတ်ကြပါတယ်.မဟုတ်ပါဘူး. ရိုးတယ်ဆိုတာ ရိုးသားခြင်းကို ဆိုလိုတာပါ.ရိုးသားခြင်းရဲ့ အနှစ်သာရက သစ္စာရှိခြင်း၊ကံ(၅)ပါးလုံခြင်းလို့ နားလည်မိပါတယ်.
အတယ်ဆိုတာက အရိပ်အခြေမသိတာ.နားမလည်တာ.အကင်းမပါးတာကိုဆိုလိုတာပါ. လည်တယ်ဆိုတဲ့မြန်မာစကားကို လူတွေကြောက်ကြပါတယ်. ကိုယ့်ကိုလည်တယ်ပြောရင် စိတ်ဆိုးတတ်ကြပါတယ်. အမှန်လည်တယ်ဆိုတဲ့
အဓိပယ်က လူရည်လည်ခြင်းပါ.လူရည်လည်ခြင်းဆိုတာက အကင်းပါးခြင်း.နားလည်ခြင်း တတ်ကျွမ်းခြင်းလို့ ဆိုလိုတာပါ. လူလောကမှာနေမှတော့ လူရည်လည်ရပါမယ်.လူအကြောင်းအကောင်းအဆိုးသိရပါမယ်.ကိုယ်နဲ့ပေါင်းသင်း
နေတဲ့သူတွေဟာ လူကောင်းလားလူဆိုးလား.နားလည်ခြင်း တတ်ကျွမ်းခြင်း ခွဲခြားနိုင်တဲ့အရည်အချင်း ရှိရပါမယ်.လူကောင်းလူဆိုးကို ဘယ်လိုခွဲခြားမလဲ.အကြမ်းဖျင်းတော့ ကိုယ့်ပေါ်ကောင်းရင်လူကောင်း.ကိုယ့်ပေါ်ဆိုးရင်လူဆိုးလို့သတ်မှတ်ကြပါတယ်.
ဒီမှာတဆင့်တက်လို့ လူအဖွဲ့အစည်းပေါ်ကောင်းရင်လူကောင်း.လူအဖွဲ့အစည်းပေါ်ပေါ်ဆိုးရင်လူဆိုး.တခါတဆင့်တက်ပြန်တော့ ဘာသာတရားတိုင်းရဲ့ အဆုံးအမ ကျင့်ဝတ်တွေကို ဖောက်ဖျက်ရင် လူဆိုး လိုက်နာရင် လူကောင်းလို့သတ်မှတ်
ကြပါတယ်.ဒီတော့ လူလုပ်နေရတဲ့လူတယောက်အဖို့ လူကောင်းလူဆိုး.သတ်မှတ်မှုက ကိုယ်ပိုင်စံနဲ့ ပဲဆိုင်ပါတော့တယ်.ဘယ်လိုပဲသတ်မှတ်ပါစေ ကိုယ်စံနဲ့ ကိုယ် လူဆိုးတွေကို ရှောင်နိုင်ဖို့က ကိုယ်က လည်မှ.တနည်းအားဖြင့်လိမ်မာပါးနပ်ဖို့လိုပါတယ်.
လူ့ဘ၀မှာ ကြုံလာတဲ့ ရလာတဲ့ အခွင့်အရေးတိုင်းကို အသုံးချရပါမယ်. ဒီလို အသုံးချတဲ့အခါ သူတပါးကို နင်းပြီးကိုယ်ကတက်သွားတာ မဖြစ်ဖို့ ဂရုပြုရမှာဖြစ်သလို ကိုယ်က သူတပါးရဲ့လှေခါးမဖြစ်အောင်လဲ သတိထားရပါမယ်.
လူတိုင်းက ကိုယ့်ဘ၀ကိုယ်လျှောက်. ကိုယ့်သမိုင်း ကိုယ်ရေးနေကြတာဖြစ်လို့ သူတပါးနဲ့ပြိုင်ဆိုင်နေစရာမလိုပါဘူး . ကံဆုံလို့တွေ့ပြီး ကံကုန်တော့လည်းခွဲရတာပါပဲ.ခဏတာကြုံတဲ့သူတွေကို ပြိုင်မနေပါနဲ့.ယှဉ်ပြိုင်မှုတိုင်းမှာ အနိုင်နဲ့အရှုံး (၂)ခုပဲရှိပါတယ်.
ကိုယ်နိုင်ရင် ပြုံးဖို့ ကျေနပ်ဖို့လိုသလို အရှုံးရှိလာရင်လည်း လက်ခံရဲတဲ့ သတ္တိရှိအောင် ကိုယ့်စိတ်ကိုကိုယ်လေ့ကျင့်ထားရပါမယ်.ဘယ်သူဖြစ်ဖြစ်ဘယ်လောက်တော်တော် လေ့ကျင့်ရေးသတ္တ၀ါတွေပါပဲ.
ကိုယ့်ကိုကိုယ်ပဲပြိုင်ပါ. မနေ့ကငါထက်ဒီနေ့ငါဟာ တိုးတက်သွားဖို့လိုအပ်ပါတယ်. ကိုယ်သွားမဲ့လမ်ူကိုသေချာသိဖို့ ပန်းတိုင်အရောက်လှမ်းဖို့က လူသားတွေရဲ့ သမိုင်းပေးတာဝန်ပါပဲ.အဲ..ကိုယ့်လမ်းကိုယ်လျှောက်နေတုန်းမှာတော့ သူများက ကိုယ်လမ်းကို ၀င်မနှောက်အောင် အမြဲသတိရှိဖို့လိုအပ်ပါတယ်.ဒါကြောင့် ရိုးသားမှုတော့ရှိပါစေ မအကြပါနဲ့.

Saturday, September 28, 2013

စပျစ်ဝိုင်၏ အသုံးဝင်ပုံ



(၁) သင့်တင့်သော စပျစ်ဝိုင်ကို သောက်သုံးပေးခြင်းဖြင့် နှလုံးရောဂါဖြစ်ပွါးမှုကို ကာကွယ်ပေးနိုင်သည့်အပြင် နှလုံးသွေးကြောများကိုလည်း ပြုပြင်ထိန်းသိမ်းပေးနိုင်သည်။ တစ်ကြိမ်တွင် ၂၅~၅ဝဂရမ်ဖြင့် တစ်ရက်တွင် တစ်ကြိမ် (သို့) နှစ်ကြိမ်သောက်သုံးနိုင်သည်။

(၂) စပျစ်ဝိုင်ဖြူသည် ချိုမြပြီး ချဉ်စုတ်စုတ်အရသာရှိသည်။ ထမင်းစားပြီး သောက်သုံးခြင်းဖြင့် အစာချေရည်ကို နှိုးဆွခြင်း၊ သည်းခြေရည်ဖြစ်ပေါ်ခြင်း၊ အဆီကိုချေပေးခြင်းများ ပြုလုပ်ပေးသည်။

(၃) စပျစ်ဝိုင်တွင် သကြားဓာတ်၊ Amino acidများပါဝင်သည့်အပြင် ပြည့်ဝသော ဗီတာမင် B12, B1、B2 နှင့် ဗီတာမင်C များပါဝင်သောကြောင့် သွေးအားနည်းရောဂါအတွက် အကောင်းဆုံးဖြစ်သည်။

(၄)စပျစ်ဝိုင်ဖြင့် တုပ်ကွေးရောဂါကို ကုသနိုင်သည်။ ကုသနည်းမှာ စပျစ်ဝိုင် ၃ဝ~ ၉ဝgအား အနွေးဓာတ်ပေးပြီး တစ်နေ့ ၂ကြိမ်မှ ၃ကြိမ်အထိ သောက်ပေးခြင်းဖြစ်သည်။
=================================================================

လက်ဖက်ခြောက်

လက်ဖက်ခြောက်သည် သွေးတိုးရောဂါဖြစ်ခြင်းမှ ကာကွယ်ပေးသည်။ လက်ဖက်ခြောက်တွင်ပါဝင်သော catechins၊ ဗီတာမင်Cနှင့်ဗီတာမင်Pများသည် သွေးကြောပျော့ပျောင်းခြင်း၊ သွေးထဲတွင်ပါဝင်သော ကိုလက်စထရောအား လျော့ချပေးခြင်း၊ အသဲတွင်စုနေတတ်သော အဆီဓာတ်များကို ချေဖျက်ပေးခြင်းများ ပြုလုပ်ပေးခြင်းဖြင့် သွေးတိုးရောဂါ၊ နှလုံးလုပ်ဆောင်အားနည်းခြင်းနှင့် အသည်းအဆီဖုံးခြင်းကို ကာကွယ်ပေးသည်။ အသုံးပြုနည်းမှာ တစ်ကြိမ်တွင် Green Tea (မလှော်ရသေးသည် လက်ဖက်ခြောက်အစိမ်း) ၁~၂gနှင့် Crataegusအခြောက်၅gကို နေ့စဉ်အတူထည့်ခတ်သောက်ပါ။ အမြဲသောက်သုံးပေးရန် လိုပါသည်။

ရယ်မောပျော်ရွှင်နိုင်တဲ့သူဖြစ်ဖို့ လွယ်ကူတဲ့ အချက်(10)ချက်

1-ရယ်မောပါ

သင့်အနေနဲ့ အူလှိုက်သည်းလှိုက် ရယ်မောပြီးနောက်ပိုင်းမှာ ပိုပြီးနေလို့ ထိုင်လို့ကောင်းလာတာမျိုး ခံစားဖူးမှာပါ ။ ရယ်မောပြီးချိန်မှာ ပုံမှန်အနေထား ပြန်ရောက်သွားပြီဆိုရင်
သင့်ရဲ့စိတ်ညစ်စရာ ပြသနာတွေထဲက ခဏတာ လွတ် မြောက်ခွင့် ရသွားလို့
ပိုပြီးလန်းဆန်းသစ်လွင်လာတာကို ခံစားမိမှာပါ။ဒါဟာ လတ်ဆတ်တဲ့ အမြင်သစ် ၊
အတွေးသစ် တွေရရှိဖို့ နည်းကောင်းတစ်ခုပါပဲ။



2-အနားယူချိန် သတ်မှတ်ပါ..

တစ်ခဏတာ စိတ်ကိုအနားပေးပြီး သင့်ရဲ့စိတ်ကူးတွေထဲမှာ မျောနေပါစေ။ ဒါမှမဟုတ် ( 10 )မိနစ်လောက် ကိုယ်နှစ် သက် ရာ ဘလော့ဂ်တွေကို
ဝင်ကြည့်တာဖြစ်ဖြစ် ၊ စိတ်ရှင်းသွားအောင် လမ်းလျှောက်တာဖြစ်ဖြစ်
လုပ်ပေးပါ။ ဒီလို အနားယူချိန်လေး ထားပေးခြင်းအားဖြင့် သင့်စိတ်ကို
တစ်ဖန်ပြန်လည် လန်းဆန်းစေနိုင်ပါတယ်။



3-သင့်မှာ အရာအားလုံးတော့ မရှိနိုင်တာ သဘောပေါက်ပါ

ပိုကောင်းတဲ့အရာကို ရှာဖို့အတွက် သင့်မှာရှိနေတာတစ်ခုကို လက်လွှတ်ဖို့ ကိုယ့်ကိုယ်ကို ဖိအားပေးနေမိတယ်ဆိုရင် ဒါဟာသင့်ကိုယ်သင် စိတ်ပျက်မှု့ တွေဆီကို ခေါ်ဆောင်သွားတာပါပဲ ။ ဒါကြောင့်ဆုံးဖြတ်ချက်ကို
ခိုင်မြဲစွာချပြီး
ကိုယ့်ကိုကိုယ်ပြန်ပြီး မေးခွန်းမထုတ်မိအောင် ကြိုးစားပါ။



4-ရှုပ်ပွမှု့တွေကို ရှင်းလင်းပါ

သင့်ဘ၀ဟာ ရှုပ်ထွေးနေတာပဲလို့ ခံစားနေရပါသလား။ ဒါဟာ သင့်အခန်း ၊ စားပွဲပေါ်နဲ့ မြင်နိုင်သမျှ နေရာအားလုံး မှာ သင့်အတွက် မလိုအပ်တာတွေ ပြည့်နှက်နေလို့လဲ ဖြစ်နိုင်ပါတယ်။ မနေ့က အမှိုက်သရိုက်ကို
ဒီနေ့မှာရှင်းပစ်နိုင်ဖို့ နည်းနည်းဒုက္ခခံကြိုးစားကြည့်ပါလား။ ဒါပြင်
အခန်းသန့်ရှင်းရေးလုပ် ခြင်းကြောင့် ဒီအခန်းထဲမှာ ဘာတွေကတော့
သင့်အတွက်လိုအပ်နေတယ် ။ ဘာတွေကတော့ မလိုအပ်တော့ဘူးဆိုတဲ့ စာရင်းကိုပါ
ပြုစုပြီးသားဖြစ်နေ ပါလိမ့်မယ်။



5-၀ါသနာကို ဖော်ထုတ်ပါ

အတွေ့အကြုံသစ်တွေဟာ သင့်ကိုအသိအမြင် တိုးစေတဲ့အပြင် လိုက်လျှောညီထွေသူတစ်ယောက် ဖြစ်စေနိုင်ပါတယ်။ ဟင်းချက်တာနဲ့ အက လေ့ကျင့်ခန်း လုပ်တာမျိုးတွေဟာ ရိုးရှင်းပေမယ့် ၀ါသနာပါသူတစ်ယောက်ကို
စိတ်ကျေနပ် နှစ်သိမ့်မှု့ ပေးစွမ်းနိုင်ပါတယ်။ ဒါပြင်
အသစ်အသစ်သောဝါသနာတွေကိုပါ အပြောင်းအလဲ လုပ်ကြည့်နိုင်ပါတယ်။



6-အရေးကြီးတဲ့နေရာတွေမှာ ရင်းနှီးမြုပ်နှံပါ

ကျွန်မတို့ဟာ ရိုးသားမှု့ ၊ သစ္စာရှိမှု့ စတဲ့ မိမိတန်ဖိုးထားတဲ့အရာတွေကို ဆုပ်ကိုင်ထားပြီး ရှင်သန်နေကြတာပါ။ ကိုယ်ချစ်တဲ့သူတွေနဲ့အတူ ၄င်းအရာ တွေကို ပျိုးထောင်ပါ။ ကိုယ့်ကို
ပြုမူဆက်ဆံစေချင်တဲ့ ပုံစံအတိုင်း အခြားသူ တွေကို ဆက်ဆံပြုမူပါ။
သင်ပေးအပ်တာနဲ့ ညီမျှတဲ့ တန်ပြန်သက်ရောက် မှု့မျိုး ရရှိလာပါလိမ့်မယ်။



7-ငြင်းဆန်ဖို့ ကြိုးစားပါ

သင်မုန်းတီးနေတဲ့အရာတွေကို မလုပ်နိုင်တဲ့အပေါ် ကိုယ့်ကိုယ်ကို အပြစ်မြင်ဖို့ မလိုပါဘူး။ တကယ်လို့ သင့်မိသားစုနဲ့ သင့်သူငယ်ချင်းတွေက သင့်ကို အပြစ်တင်မယ်ဆိုရင် သူတို့ကို ဘာလို့ငြင်းဆန်ရတယ်ဆိုတာ ပြောပြပါ။
ဒါဆိုရင် သင့်ရဲ့ဆုံးဖြတ်ချက်ကို သူတို့လဲ နားလည်နိုင်ပါလိမ့်မယ်။

8-အကောင်းမြင်ပါ

ကျွန်မတို့ အမြဲလိုလို မျက်စိလျှမ်းနေတက်တာက ကျွန်မတို့ရဲ့ ကံကြမ္မာကိုကျေးဇူးတင်ဖို့ပါ။ လေ့လာချက်များအရ ကိုယ်တန်ဖိုးထားတဲ့အရာ( ဥပမာ - မိသားစုနဲ့ အတူနေရခြင်း ) ကိုရရှိတဲ့သူတွေဟာ တစ်ခုခုကို
တန်ဖိုးမထားတက် တဲ့လူတွေ ( ဥပမာ - ငွေကိုသာရှာဖွေနေခြင်း) ထက်
ပိုပြီးပျော်ရွှင် ကြပါတယ်တဲ့ ။ ငွေကြေးနဲ့ အောင်မြင်မှု့တွေဟာ
ပျော်ရွှင်မှု့ကို မ၀ယ်ယူနိုင်ပါဘူး။ ဒါကြောင့် ကိုယ့်မှာရှိတဲ့အရာတွေကို
မြတ်နိုးတန်ဖိုးထားတက်တဲ့ သူတစ်ယောက် ဖြစ်အောင်
ကြိုးစားနေထိုင်မယ်ဆိုရင် ပျော်ရွှင်တဲ့သူတစ်ယောက် ဖြစ်နိုင်ပါပြီ။



9-သင့်ရဲ့ စွမ်းဆောင်နိုင်မှု့ကို အသုံးပြုပါ

စိတ်ပညာရှင်တွေရဲ့ တွေ့ရှိချက်များအရ သင့်စွမ်းရည်ကို ယုံကြည်စိတ်ချပြီး ပုံမှန်အသုံးပြုပေးမယ်ဆိုရင် သင့်ကိုပိုမို ပျော်ရွှင်စေနိုင်တယ်လို့
ဆိုပါတယ်။တကယ်လို့ သင်ကပုံဆွဲတော်သူ တစ်ယောက်ဆိုရင် သင့်သူငယ်ချင်းရဲ့
မင်္ဂလာ ဖိတ်စာအတွက် ဒီဇိုင်းလေးတွေ ဖန်တီးနိုင်ပါတယ်။ ဒါဟာလည်း
သင့်စွမ်းအားတွေကို အသုံးချခြင်းတစ်မျိုးပါပဲ။ ဒါမှမဟုတ်
ဝက်ဘ်ဆိုဒ်တစ်ခုကို ဖန်တီးရတာ ၀ါသနာထုံတယ်ဆိုရင်လဲ အသစ်အသစ်တွေကို
ဖန်တီးနိုင်ပါတယ် ။ ဒီလိုလုပ်ခြင်းဟာ သင့်ရဲ့လုပ်ဆောင်မှု့ စွမ်းရည်နဲ့
ကိုယ့်ကိုကိုယ်တန်ဖိုးထားခြင်းကို မြင့်တင်စေနိုင်ပါတယ်။



10-စိတ်စေတနာကောင်းထားပါ။

ဒီအချက်တွေကို လိုက်နာနိုင်မယ်ဆိုရင် သင်ဟာဒီထက်ပိုမို ကျေနပ်ပျော်ရွှင်ပြီး နှိုင်းယှဉ်မရတဲ့ ပီတိကို ခံစားရပါလိမ့် မယ်။
အများအကျိုးအတွက် မိမိရဲ့ကိုယ်ပိုင်ငွေကို လှူဒါန်းနိုင်သူတွေဟာ
ကိုယ်ကျိုးအတွက် သုံးစွဲသူတွေထက် ပိုမို
ပျော်ရွှင်မှု့ရတက်ကြပါတယ်။အလှူဒါနပြုသူတွေဟာ ၀င်ငွေကောင်း သည်ဖြစ်စေ ၊
မကောင်းသည်ဖြစ်စေ စေတနာ ဖြူစင်တဲ့အတွက် စိတ်ချမ်းသာမှု့ ရကြပါတယ်။
ဒါကြောင့် သူတစ်ပါးအပေါ် စိတ်စေတနာကောင်းထားပြီးကူညီပေး ကြရအောင်ပါ။

Thursday, September 26, 2013

လူငယ်တွေအတွက် မရှိမဖြစ်အရာနှစ်မျိုး




လူငယ်တွေရောက်လာ စကားပြောကြတဲ့အခါတိုင်း ကျွန်တော်တို့ ဘာ လိုနေလဲ။ ဘာတွေကြိုးစားရမလဲဆိုတဲ့ မေးခွန်းကို မေးလေ့ရှိကြတယ်။ သူတို့ကို ဝေဖန်ပါ၊ ထောက်ပြပါလို့ ပြောတဲ့ သဘောဆောင်တဲ့ အတွက် ၀မ်းသာရပါတယ်။

ချီးကျူးရမယ့် စိတ်

တစ်ဆက်တည်းပဲ လူငယ်တွေအတွက် မရှိမဖြစ်လိုအပ်တဲ့ အရာများကို လည်း ပြောပြပေးပါလို့ တောင်းဆိုတတ်ကြတယ်။ ဝေဖန်ရေးကို လိုလိုလား လား တောင်းခံတဲ့စိတ်မျိုးရှိတာ လူငယ်တွေကို ချီးကျူးရမယ်။ ရင့်ကျက်တဲ့ အရွယ် လူကြီးတွေတောင် ဝေဖန်ရေးကို လက်ခံတတ်ကြတာ မဟုတ် ဘူး။ ဝေဖန်သူကို ‘ကက်ကက်လန်’ပြန်ပြီး ရန်တွေ့တတ်ကြတယ်။ ကိုယ့် မှာ ဖြည့်ဆည်းဖို့ လိုအပ် နေတာတွေကို သိချင်စိတ် ရှိတာလည်း ကောင်း တာပဲ။ တစ်ပါးသူကို ထောက် ပြပေးပါလို့ တောင်းဆိုတာက ပိုပြီး နှစ် လိုဖွယ် ကောင်းတယ်။ ပလွှားစိတ် မရှိ တာကို ညွှန်ပြတယ်။ ဒီအချက်
တွေကြောင့်လည်း လူငယ်တွေနဲ့ ‘ပလဲနံပသင့်’ တာ ဖြစ်တယ်။ လူကြီးတွေ(အထူးသဖြင့်) မြို့သားပညာတတ် လူကြီးတွေက အများအားဖြင့် ဟန်များတယ်။ (ခုခေတ်စကားနဲ့ဆို ပဲများတယ်ပေါ့)။ တကယ် သိတာ မဟုတ်ဘဲနဲ့ သိချင်တတ်ချင်ယောင် သိပ်လုပ်တတ်ကြတယ်။

သရေဆိုတာ ပွဲမပြီးတာ

အိပ်မက်နှင့်ပတ်သက်သော နိမိတ်များ




အိမ်မက်နိမိတ်အတွက် မသိသေးသောသူများအတွက် 


(အိမ်မက်အမျိုးမျိုးနှင့်အသားလှုပ်နိမိတ်)စာအုပ်မှကူးယူဖော်ပြပေးထားပါသည်

 

အိပ်မက်ကို လူတိုင်းမက်သည်။ သို့သော မိမိတို့ အိပ်မက်၏ကောင်းကျိုး ဆိုး ကျိုးကို ကြိုတင်၍ သတိမထားသည့်အတွက် အကျိုးခံစားသင့်သော အရာ များလွဲချော်သွားသည်လည်း ရှိပေသည်။ မကောင်းကျိုးကို မခံစားရမီ ကြိုတင်၍ နိမိတ်အနေအထားအားဖြင့် အိပ်မက်မြင်မက်သည်ဖြစ်လျက် မိမိတို့၏ အိပ်မက်ကို သတိမမူ၍ ဖြစ်စေ၊ အဓိပ္ပာယ်ကို နားမလည်၍ဖြစ်စေ အမှုမဲ့ အမှတ်မဲ့နေသည့်အတွက် ဒုက္ခမတွေ့သင့်လဲနှင့် တွေ့ရတတ်သည်။

ဓာတ်လေချောက်ချား၍ မြင်မက်ခြင်းသည်လည်း ရှိတတ်၏။ ထိုအိပ်မက်ကို အမှန်မယူနိုင်ပါ။အကယ်၍ ပုဗ္ဗနိမိတ်အဖြစ်ဖြင့် မြင်မက်သည်ဟု ယူဆမိလျှင် မိမိမြင်မက်သော အိပ်မက်၏ ကောင်းကျိုး ဆိုးပြစ်ကို ဝေဖန်တတ်သူကို ရှာ၍ ထိုသူအား ပြောပြရမည်။ သို့မဟုတ် အိပ်မက်ဆိုင်ရာ ကျမ်းစာအုပ် တို့ကို ဖတ်၍ ဝေဖန်ချက်ချပြီးလျှင် ကောင်းကျိုးပေးမည့်အိပ်မက်ဖြစ်က ပေး ရန် အချိန်ကာလကို စောင့်ဆိုင်းလျက်အထူး သတိနှင့် နေရမည်။ ဆိုးကျိုးေ ပးမည့် အိပ်မက်ဖြစ်က ထိုပေးလတ္တံ့သော အကျိုးကို မပေးရန် အဟောသိ ကံ ဖြစ်သွားအောင် ရတနာသုံးပါး၊ ဆရာသမား၊ ဘိုးဘွားမိဘတို့ကိုကိုးကွယ် ဆည်းကပ်၍ ယတြာများဆင်ရပေမည်။ ဤသို့ ညွှန်ပြအပ်သည့်အတိုင်း အိပ်မက်မြင်မက်တိုင်း ဂရုပြုရန် သတိရှိကြစေလိုသည်။ ဤသို့ ကျမ်း အစောင်စောင်တို့ အဆိုမတူညီကြ၊ သို့သော်လည်း အိပ်မက်မကောင်း ထင်မြင်လျက် မက်သည့်အချိန်အခါ နေ့၌ မက်သော အိပ်မက်ဖြစ်စေ 'ယတြာကောင်းက မင်းလောင်းပျော်က' ဆိုသကဲ့သို့ ဆေးရှစ်ပါးဖြင့် ခေါင်းေ ဆးခြင်းကိုလည်းကောင်း၊ ဘုရားပုထိုးရှိခိုးခြင်း၊ နံ့သာပန်းတို့ဖြင့် သက်စေ့ပူဇော်ခြင်း၊ တြိရန်း, စတုန်ရန်း, နံ့သင့်သစ်သား တို့ကို အောက် ခံပြု၍ ခေါင်းဆေးခြင်းကိုလည်းကောင်း ဤသို့ စသော လောက ဓမ္မယတြာ ကို ပြုခြင်းကြောင့် လွန်သည်မရှိ ကင်းပျောက်ကုန်၏။

Wednesday, September 25, 2013

ထမင်းမစားမီ ဟင်းရည်တစ်ခွက်သောက်ဖို့ မမေ့ပါနှင့်





ထမင်းမစားမီ ဟင်းရည်ပူပူ အရင်သောက်ခြင်းဖြင့် ခန္ဓာကိုယ်ဝိတ်အား ထိန်းသိမ်းပေးသည်။ အမေရိကန်ပညာရှင်များက ခန္ဓာကိုယ် ဝဖြိုးသူအယောက်(၁ဝဝဝ)ဖြင့် လေ့လာဆန်းစစ်ရာတွင် ထမင်းမစားမီ ဟင်းရည်ပူသောက်သူသည် စားသောထမင်းနပ်တိုင်းတွင် ကယ်လိုရီ ၅၅ကတ် လျှော့နည်းရရှိစေသည်။ သာမန်အားဖြင့် ထမင်းစားမြန်သူသည် အဝလွယ်သည်။ အကြောင်းမှာ ဦးနှောက်အတွင်းရှိ (အာသာ) ချင်ခြင်းအကန့်မှ "စားဝပြီ" ဆိုသည့်သတင်းရဖို့ အချိန်အနည်းငယ်ယူရသည်။ ထိုအချိန်ယူနေစဉ်အတွင်းတွင် အစားမြန်သောသူက ပိုလွန်သောအစားများ စားသုံးပြီးဖြစ်သည်။ အကယ်၍ ထမင်းမစားမီ ဟင်းရည်တစ်ခွက်သောက်ခြင်းဖြင့် ထမင်းအစားနည်းစေပြီး ဝခြင်းမှကာကွယ်ပေးနိုင်သည်။
===================================================================

အကောင်းဆုံး ရေသောက်ချိန်

ယေဘုယျအားဖြင့် လူတစ်ဦးသည် တစ်နေ့လျှင် အနည်းဆုံး ရေ(၁၅ဝဝcc) သောက်သင့်သည်။ နှလုံးနှင့် ကျောက်ကပ်ဆောင်ရွက်အားနည်းသူမျှလွဲ၍ ရေကိုလုံလောက်စွာ သောက်သင့်သည်။ အထူးသဖြင့် ပူသော(သို့) လေအေးစက်ဖွင့်ထားသော နေအိမ်နှင့်ရုံးခန်းတွင် လေထုခြောက်ကပ်သောနေရာတွင် ပိုမိုသောက်သင့်သည်။ နေ့စဉ်ထမင်းသုံးနပ်ကြားနှင့် ထမင်းစားချိန်တွင် ရေမကြာခဏသောက်ပေးသင့်သည်။ သို့သော် တစ်ကြိမ်တည်းတွင် အလွန်အမင်း မသောက်သင့်ပေ။

မနက်စာ အစားဝရုံမက အကောင်းစားသင့်သည်


"မနက်စာ ဝဝစား၊ နေ့လယ်စာ ကောင်းကောင်းစား၊ ညစာ နည်းနည်းစား" ဆိုသည့်အတိုင်း "မနက်စာ ဝဝရင်ရပြီ" ဟု လူအများက ဆိုကြသည်။ ထိုထက်သာမက မနက်စာသည် တစ်နေ့တာအတွက် အရေးပါသော နပ်တစ်နပ်ဖြစ်သည်။ အာဟာရပြည့်သော၊ ပရိုတင်းဓာတ်ပါသော မနက်စာသည် ဂလုကို့ကို ခန္ဓာထဲတွင် ကြာရှည်ထိန်းထားပေးနိုင်သည်။ မနက်စာတွင် hot drinkဖြစ်သော ကော်ဖီ၊ လက်ဖက်ရည်အပြင် ကောက်ပဲသီးနှံစာများ (ဂျုံဖြင့်စီမံထားသော အစားအစာ)၊ တိရစ္ဆာန်မှရသော ပရိုတင်း(နွားနို့၊ ဒိန်ချဉ်၊ ကြက်ဥ)၊ သစ်သီး (သို့) သစ်သီးဖျော်ရည်နှင့် အချိုဓာတ်၊ အဆီဓာတ်နည်းသော အစားအစာများကို စားသုံးသင့်သည်။ မနက်စာကို အဝစားရုံမက အကောင်းစားသင့်သည်။

အမေရိကန် ချီကာဂိုတက္ကသိုလ်မှ လေ့လာချက်အရ ပရိုတင်းဓာတ်များသောမနက်စာကို စားသုံးခြင်းဖြင့် ဂလုကို့မှာ (၁၅)မိနစ်အတွင်း မစားသုံးမီ ၇ဝ~ ၈ဝ Mg ထက် ၁၄ဝ~၁၅ဝMg ထိမြင့်တက်သွားသည်ကို တွေ့ရသည်။ (သာမန် ကလုကို့အဆင့်မှာ ၈ဝ~၁၂ဝMg ကြားတွင်ရှိသည်)။ လူ့ခန္ဓာအတွက် အားအင်ကို သာမန်ထက် (သို့) သာမန်ထက်မြင့်သော သွေးဖိအားမှ ရရှိခြင်းဖြစ်သည်။

လိုင်းမကောင်းတဲ့အချိန်မျိုးမှာAndroid Version ဟာ facebook ကို PC ပေါ်မှာ သုံးမယ်


 
Facebook Vs Connection
Monday, July 29, 2013

လိုင်းမကောင်းတဲ့အချိန်မျိုးမှာ www.facebook.com ကနေ သုံးတဲ့အခါ အရမ်းကြာနေတာမျိုး ကြုံဖူးကြ မှာပါ... ဒီလိုအချိန်မှာ လိုင်းပေါ်တက်ဖို့ မဖြစ်မနေလိုအပ်လာပြီဆိုရင်တော့ မိုဘိုင်းလ်ဗားရှင်းတွေ ကိုသုံး တာ အကောင်းဆုံးဖြစ်ပါတယ်... လိုင်းမကောင်းတဲ့အခါ အသုံးပြုဖို့ မိုဘိုင်းလ်ဗားရှင်းသုံးမျိုးကို အခု တင်ပြဆွေးနွေးပေးပါ့မယ်...

၁) Android Version
----------------------------------------------------------------

Tuesday, September 24, 2013

သင်တို့ကြိုက်သော သစ်သီးများနဲ့ သင်တို့ရဲ့ အိမ်ထောင်ရေး

ဘာသာပြန်လေး တစ်ခုကပါ... ဆိုင်ချင်မှတော့ ဆိုင်မယ် ... အပျော်သဘောလေးပေါ့
... သင်တို့ကြိုက်သော သစ်သီးများနဲ့ သင်တို့ရဲ့ အိမ်ထောင်ရေး ... တဲ့ ...
ကဲ ... အောက်က ရေးပြထားတဲ့ သစ်သီးတွေထဲက ... ဘယ်အသီးကို အကြိုက်ဆုံးလဲ
သရက်
ဖရဲ
သေဘာၤ
ဒူးရင်း
လိမ္မော်
စပျစ်
... ခင်ဗျားတို့ရဲ့ အကြိုက်ဆုံးတစ်မျိုးလောက် ... ပြောပြပါလား ..
ပြီးမှ အဖြေကို ၀င်ကြည့်ပေးပါနော်..
အရင် အသီးတစ်ခုခု ကို ရွေးပြီးပြီ ဆိုမှ အဖြေကိုကြည့်နော်...


------------------------------------------------------


အဖြေ

ဖရဲသီးကို စွဲစွဲလန်းလန်းနဲ့ စားတတ်ကြသူတွေက ... အိမ်ထောင်ဖက်နဲ့
ချစ်သူတစ်ယောက်ထဲ ... ဖြစ်တတ်ကြပါသတဲ့လေ
သရက်သီးကို စွဲစွဲလန်းလန်း ကြိုက်သူတွေရဲ့ အိမ်ထောင်ရေး အခြေအနေကတော့
မိဘစီမံရာကို နာခံတတ်ကြသတဲ့လေ ... ကိုယ်ကြိုက်ကြိုက် မကြိုက်ကြိုက်ပေါ့
လိမ္မော်သီး ကြိုက်တတ်သူများကတော့ ... အိမ်ထောင်တစ်ဆက်ထက်ပိုမယ် ဖြစ်ပါကြောင်း
သဘောင်္သီး ကြိုက်တတ်တဲ့ သူတွေကတော့ ... အိမ်ထောင်ကျရင် သူငယ်ချင်းနဲ့
ကျတတ်ပါသတဲ့
စပျစ်သီးကြိုက်တဲ့သူတွေ ... သူ့ အတွက်အဖြေကတော့ အားလုံးအိုကေပါတဲ့ ...
မိဘတွေ စီစဉ်ပေးတဲ့ သဘောတူတဲ့ အိမ်ထောင်ဖက်ကို ... ကိုယ်တိုင်ကလဲ
အရမ်းချစ်မိနေပါသတဲ့ လေ ...
ဒူး ရင်း သီး... ကိုယ့်ရဲ့ရွေးချယ်မှု့ကို ... မိဘက သဘောမတူ ... တတ်ပါဘူးတဲ့

ဖတ်မိသမျှ

ဆန့်ကျင်ဘက် လိင်ကို ဘာကြောင့် ချစ်ကြ တာလဲ



သဘာဝ တရား အရ ယောက်ျားတွေဟာ ကိုယ် နဲ့ သွေးမတော် သားမစပ် တဲ့ အမျိုးသမီးတွေ နဲ့ ချစ်ကျွမ်းဝင်ကြ ပါတယ်။ တချို့ စုံတွဲတွေ က ရုပ်ရည် အ သွင်အပြင်၊ ၀ါသနာ၊ စိတ်ဓာတ် စတာ တွေမှာ တူညီ တတ်ကြ ပေမယ့် တချို့စုံတွဲတွေ ကတော့ လားလားမှ မတူဘဲ ကွဲပြား ခြားနား နေတတ် ပါတယ်။ ဒါပေမဲ့ အသွင် စရိုက်တွေ မတူတဲ့ စုံတွဲတွေဟာလည်း အသွင်စရိုက် တူတဲ့ စုံတွဲတွေ လိုပဲ အိမ်ထောင်ရေးမှာ အဆင်ပြေ နေတတ် ပါတယ်။
 

အချစ်မြေပုံ

အပျိုကြီးများ၏သနားစဖွယ် အားငယ်ရသည့်အချက်များ... ( ဟာသ )


အပျိုကြီးများ၏သနားစဖွယ် အားငယ်ရသည့်အချက်များ... ( ဟာသ )

 
 ၁- ရေချိုးပြီးသနပ်ခါးသွေးပေးမယ့်သူမရှိခြင်း

၂-အိပ်မက်ဆိုးများဖြင့်ညတရေးနိုးလန့်နိုးသော်...နှစ်သိမ့်ရာမရှိခြင်း

၃-အတင်းပြောသမျှ ခေါင်းတညိတ်ညိတ်ဖြင့်နားထောင်ပေးမယ့်သူမရှိခြင်း

၎-ဈေးဝယ်ထွက်ရာတွင် အထုပ်ပေါင်းများစွာကို ကိုယ့်အားကိုကိုးဆွဲသယ်ရခြင်း

(သင်ဘယ်အချိန်တွင်မွေးသနည်း)




ညသန်းကောင်ကျော်တွင်မွေးသူများ ညမွန်းတည့်(၁၂)နာရီကျော်၍ တစ်နာရီ၊ နှစ်နာရီစသည့် အချိန်ပတ်ဝန်းကျင်တွင်မွေးဖွား သူများဖြစ်လျှင် ဘ၀တစ် လျှောက်လုံးတွင် ဆွေမျိုးညီအစ်ကိုမောင်နှမများနှင့် နီးစပ်ဆက်သွယ်ရသော အကျိုးကိုပေးကိုရလိမ့်မည်။ ညီအစ်ကိုမောင်နှမ ဆွေမျိုးသားချင်းများသည် ဇာတာရှင်၏ဘ၀တွင် ကောင်းကျိုးဆိုးကျိုးပြုကြကုန်သောအဓိက ဇတ်ဆောင်များဖြစ်ကြလိမ့်မည်။ မိဘမောင်ဘွားများကြောင့် အိမ်ထောင်ရေး အချစ်ရေးတို့တွင် အနှောင့်အယှက် အတားအဆီးတွေ့ရသူများ ၊ မိဘမောင်ဘွားများကိုငဲ့ညှာ၍ အလွယ်တကူ အိမ်ထောင်မပြုနိုင်ဘဲ ရှိကြသူများသည် သန်းခေါင်ယံကျော်တွင်မွေးကြသူများသာ ဖြစ်ပါသည်။ 


ညမွန်းတည့်သန်းခေါင်မှ (၂)နာရီအတွင်း မွေးကြသူများသည် ဘ၀တစ်လျှောက်လုံးတွင် ခရီးတိုများမနားမနေသွားရခြင်းများလိမ့်မည် ။ ကိုယ်စိတ်နှစ်ပါးနားနေငြိမ်ဆိတ်ရသည်ဟူ၍ မရှိပဲ တက်ကြွလှုပ်ရှားသူများဖြစ်သဖြင့် ခရီးသွားလာခြင်းအပြင် စာပေရေးသားခြင်း လေ့လာလိုက်စားခြင်း သိပ္ပံပညာ စိတ်ပညာ ဘာသာရေးတို့တွင် လေ့လာထူးချွန်ခြင်းတို့ဖြစ်လိမ့်မည်။ နံနက်နေမထွက်မီ မွေးဖွားသူများ ညသန်းခေါင်ကျော်အချိန်နှင့် နံနက်အာရုံတက်နေထွက်ချိန် အကြားကာလ နေမထွက်မီတွင်မွေးလျှင် စီးပွားရေး၊ ငွေရေးကြေးရေးတွင် ကံကောင်းထူးချွန်သူများဖြစ်လိမ့်မည်။ 

Monday, September 23, 2013

ကလေးတွေကို(စိတ်ဓာတ်) ပျိုးထောင်ခြင်း

လူတိုင်းမတူညီတဲ့ စိတ် နဲ့ ကွဲပြားတဲ့အတွေးအခေါ်ဆက်ဆံရေးတွေပိုင်ဆိုင်ကြပါတယ်.ဒီလိုမတူ တာဟာ ရှင်သန်ခဲ့ရတဲ့ငယ်ဘ၀တွေမတူကြလို့ပါ.စိတ်ပညာမှာတော့ လူတိုင်းဟာ အတိတ်ရဲ့ အရိပ်တွေရဲ့ အကျိုးသက်ရောက်မှုတွေအရ အခု လက်ရှိ ပုံစံတွေဖြစ်နေရတာပါတဲ့.ဆိုလိုတာကခက်ထန်ကြမ်းတမ်းတဲ့ လူဟာ ဒီလိုဖြစ်လာစရာအကြောင်းတွေနဲ့ ရင်ဆိုင်ခဲ့ရလို့ ဒီလိုဖြစ်လာရတာပါတဲ့..
ဗုဒ္ဒတရားမှာတော့ အကျိုးကြောင့်အကြောင်းဖြစ်တယ်ဆိုထားပါတယ်.အတိတ်ကပြုခဲ့တဲ့အကြောင်းကြောင့် ဒီအကျိုးဆက်ကိုခံစားရတာပါ..
ဒါကြောင့်နုနယ်တဲ့ကလေးတွေရဲ့ အနာဂတ်အတွက် ဘယ်လိုအပြုအမူတွေဟာ ဘယ်လိုအကျိုးဆက်တွေဖြစ်လာနိုင်တယ်ဆိုတာ ကို
ဆရာလူထုဦးစိန်ဝင်းရဲ့ စာလေးကိုတင်ပြလိုက်ပါတယ်
ဒီလိုလူ တယောက်ကိုတွေ့ခဲ့တာနဲ့ သူရှင်သန်ခဲ့ရတဲ့ အတိတ် ကိုမှန်းပြီး နားလည်ခွင့်လွတ်မှုပေးနိုင်ကြပါစေ

* ပြစ်တင် ရှုံ့ချခံရမှုတွေနဲ့ နေခဲ့ရတဲ့ကလေးဟာ

သူရဲဘောကြောင်လူတောမတိုးတဲ့စိတ်ဓာတ်တွေ ရလာစေတယ်။

* ဝေဖန်မှုတွေနဲ့ နေခဲ့ရတဲ့ ကလေးဟာ

ပုတ်ခတ်ပြောဆိုတတ်တဲ့ စိတ်ဓာတ်ကို ရလာစေတယ်။

* ယုံကြည်စိတ်ချမှု ကင်းမဲ့စွာနေခဲ့ရတဲ့ကလေးဟာ

လိမ်လည်လှည့်စားတဲ့ စိတ်ဓာတ်ကို ရလာစေတယ်။

* ရန်ဘက်ပဋိပက္ခတွေနဲ့ နေခဲ့ရတဲ့ကလေးဟာ

ရန်လိုမင်းထက်ပြုမူတတ်တဲ့စိတ်တွေရလာစေတယ်။

* ချစ်ခင်နှစ်သက်မှုနဲ့နေခဲ့ရတဲ့ကလေးဟာ

ချစ်တတ်ခင်တတ်တဲ့စိတ်ဓာတ်ကိုရလာစေတယ်။

* မှန်ကန်ဖြောင့်မတ်သူတွေနဲ့နေခဲ့ရတဲ့ကလေးဟာ

တရားမျှတမှုစိတ်ဓာတ်ကိုရလာစေတယ်။

* ချီးကျုးထောပနာပြုမှုတွေနဲ့နေခဲ့ရတဲ့ကလေးဟာ

တန်ဖိုးထားလေးစားတတ်တဲ့စိတ်ဓာတ်ကိုရလာစေတယ်။

* မျှဝေခံစားမှုတွေနဲ့ နေခဲ့ရတဲ့ကလေးဟာ

စာနာသက်ညှာတတ်တဲ့စိတ်ဓာတ်ကိုရလာစေတယ်။

* အသိဥာဏ်ဗဟုသုတတွေနဲ့နေခဲ့ရတဲ့ကလေးဟာ

သည်းခံတတ်တဲ့စိတ်ဓာတ်ကိုရလာစေတယ်။

* ပျော်ရွှင်မှုတွေနဲ့နေခဲ့ရတဲ့ကလေးဟာ

မေထ္ထာတရားနဲ့ အလှအပတို့ကိုရှာဖွေတွေ့ရှိလိမ့်မယ်။

<လူထုစိန်ဝင်း>

ကော်ဖီသောက်ခြင်း၏ ကောင်းကျိုးဆိုးကျိုးများ (Advantages & Disadvantages Of Coffee)


အေဒီ ၉ ရာစုတွင် အီသီယိုးပီးယား နိုင်ငံမှ စတင် တွေ့ရှိ သုံးစွဲခဲ့တဲ့ ကော်ဖီဟာ ကမ္ဘာ တစ်ဝှမ်း သောက်သုံးမှု များသော သုံးဆောင် စရာများထဲ အနက် တစ်ခု အပါ အဝင် ဖြစ် ပါတယ်.. ကော်ဖီဟာ အာရုံ နိုးကြားစေသော သောက်သုံးစရာ တစ်မျိုးဖြစ်ပြီး အဓိက ပါဝင်တဲ့ ဓါတ်ပစ္စည်းကတော့ ထရိုင်မီသိုင်းဇန်သင်း (Trimethylxanthine) ခေါ် ကဖင်း (caffeine) ဓါတ်ပဲ ဖြစ်ပါတယ်.. ကဖင်းဓါတ်ဟာ ကော်ဖီစေ့ထဲမှာ ၁% မှ ၂ % ထိ ပါဝင် ပါတယ်.. အခြား ပါဝင်တဲ့ ဓါတ်ပစ္စည်း များဖြစ်တဲ့ ဟိုက်ဒ ရောက်ဆီ ဆစ်ထရစ် အက်စစ် (Hydroxycitric acid)၊ ခရိုမီယမ် (Chromium)၊ လိမ္မော်ခါး (Bitter Orange) တို့ဟာ ခန္ဓာကိုယ် ဖီဝကမ္မ ဖြစ်ပျက် မှုနှုန်း (metabolic rate) ကို ၃၀%ထိ ပိုမို မြန်စေ ပါတယ်.. ကော်ဖီ သောက်သုံးခြင်းဖြင့် အယ်လ်ဇိုင်းမား ရောဂါ (Alzheimer's disease)၊ ပါကင်ဆန် ရောဂါ (Parkinson's disease)၊ လူကြီး သူငယ်ပြန် ရောဂါ (Demantia)၊ နှလုံးရောဂါ (heart disease)၊ အမျိုးအစား-၂ ဆီးချို သွေးချို ရောဂါ (diabetes mellitus type 2)၊ အသည်းခြောက် ရောဂါ (cirrhosis of the liver)၊ ဂေါက်ရောဂါ (Gout) ဖြစ်ပွားနှုန်း တို့ကို လျော့ကျ စေပါတယ်.. အစားအသောက် ပျက်သူများ အနေဖြင့် ကော်ဖီနံ့ ရရှိပါက အစာ စားချင်စိတ် ပြန်လည် ဖြစ်ပေါ် စေပါတယ်.. အရက်မူး လွန်ပြီး လေးလံထိုင်း မှိုင်းသူများ အဖို့ ကော်ဖီ သောက်လိုက်ပါက လန်းဆန်းမှုကို ရရှိစေ ပါတယ်.. ကော်ဖီသည် ဆီးရွှင် စေသော (Diuretic effect) သတ္တိ ရှိပါတယ်..

ကော်ဖီဟာ စွဲစေတတ်သော သတ္တိ ရှိတဲ့အတွက် နေ့စဉ် ကော်ဖီ ၃ ခွက်မှ ၅ ခွက် သောက်သုံး နေသူများထဲမှ ၁၀% ခန့်ဟာ ကော်ဖီ ဖြတ်လိုက်တဲ့ အချိန်မှာ စိတ်ဓါတ်ကျဆင်းခြင်း (Depression)၊ စိတ်ပူပန်မှု များလာခြင်း (Anxiety) တို့ ဖြစ်ပေါ် လာတတ်ကြောင်း တွေ့ရှိရ ပါတယ်.. အူမှ သံဓါတ် စုပ်ယူမှုကို အဟန့်အတား ဖြစ်စေ နိုင်သဖြင့် နို့တိုက် မိခင်နှင့် ကလေးငယ် တို့တွင် သံဓါတ် ချို့တဲ့သော သွေးအားနည်း ရောဂါ (Iron deficiency anaemia) ဖြစ်စေ နိုင်ပါတယ်.. ကော်ဖီ သောက်သုံး ခြင်းကြောင့် သွေးလွှတ် ကြော နံရံ များ တင်းမာမှု ဖြစ်ပေါ်စေပြီး ကော်ဖီကြောင့် နှလုံး သွေးကြောဆိုင်ရာ ရောဂါ ဖြစ်ပွားကြောင်း မတွေ့ ရှိရသေးပေ.. ကော်ဖီ သည် နှလုံးခုန်နှုန်း မြန်စေသဖြင့် သွေးတိုး အနည်းငယ် မြင့်မား စေပါတယ်.. အစာအိမ် အက်စစ် ပြန်ကန်မှု (acid reflux) ဖြစ်ပေါ် စေတတ် သဖြင့် လေတက် ရင်ပူ တတ်သူများ (Heart burn) အဖို့ သတိထား သုံးစွဲ သင့်ပါတယ်..

မည်သို့ပင် ဆိုစေကာမူ တန်ဆေး လွန်ဘေး ဆိုသည့် စကားအတိုင်း သင့်တင့်သော သောက်သုံးမှု ဖြင့် ကျန်းမာရေး အတွက် ဂရုစိုက် ရန် လိုအပ်ပါတယ်.. သင့်တင့်သော သုံးစွဲမှု သည် ဆိုးကျိုးထက် ကောင်းကျိုး များကြောင်း ပညာရှင် များမှ ဆိုထားပါတယ်.. ကော်ဖီနှင့် ကျန်းမာရေး ဆက်စပ်သော ကောင်းကျိုး ဆိုးကျိုး များကိုလည်း ဆက်လက် လေ့လာ သုတေသန ပြုနေဆဲ ပင် ဖြစ်ပါကြောင်း တင်ပြ လိုက်ရပါတယ်..

“သင့်ကိုယ်သင် ပြန်ကြည့်ပါ”



1. ကိုယ့်ဘ၀ကို သူများတွေနဲ့ မယှဉ်ပါနဲ့။ သူတို့ ဘာလမ်းကြောင်းကိုလျှောက်လမ်းနေတယ်ဆိုတာ သင် မသိနိုင်ဘူးလေ။

2. ကိုယ်မထိမ်းချုပ်နိုင်တဲ့ အရာတွေပေါ်မှာ မကောင်းမြင်စိတ်တွေမထားပါနဲ့။ အဲ့ဒါတွေကြောင့်လည်း စိတ်ဆင်းရဲ မနေပါနဲ့။ လက်ရှိကိုယ့်မှာရှိနေတာလေးကို တန်ဘိုးထားပြီး ဒါတွေကိုပဲ ပိုကောင်းအောင်လုပ်လိုက်ပါ။

3. အလုပ်တွေကိုလည်း အလွန် အကျွံ မလုပ်ပါနဲ့.. Limit တစ်ခုထိပဲ လုပ်တာ ကောင်းပါတယ်။

Sunday, September 22, 2013

သင်နံပါတ်ဘယ်လောက်လဲ? (ဗေဒင်)

၁ ဂဏန်းသမားများ


မည်သည့်လတွင်မဆို ၁၊ ၁၀၊ ၁၉၊ ၂၈ ရက် မွေးသူများကို ၁ ဂဏန်းသမားများဟု ခေါ်သည်။ ၁ ဂဏန်းပိုင်ရှင်များက အချစ် မေတ္တာဟူသည် နှလုံးသားနှင့်ဦးနှောက် ပေါင်းစပ်ဆုံး ဖြတ်ရသော အချင်းအရာ ဖြစ်သည်ဟု ယူဆကြသည်။ ဘ၀အဖေါ်ကို ရွေးချယ် သောအခါ ဦးနှောက်၏ ဆုံးဖြတ်ချက်ကို ထည့်သွင်း စဉ်းစားလေ့ရှိသည်။ မိမိအပေါ် နားလည်ခွင့်လွှတ်၍ ပံ့ပိုးကူညီ ခြင်းရှိသူကို ရွေးချယ်တတ်သည်။ ကံခေသည်မှာ အချစ်ဆုံးနှင့် ကွေကွင်းရတတ်ပြီး ချစ်သူက တစ်ယောက်၊ လက်ထပ်ရသူက တစ်ဦး ဖြစ်တတ်သည်။ အသက် ၁၆ မှ ၂၂ နှစ်ကြား မေတ္တာ ကံခေ၍ ၂၂ ကျော်မှ ရင့်ကျက်သော နှလုံးသားဖြင့် ခိုင်မြဲသောချစ်ခြင်းမေတ္တာ ပိုင်ဆိုင်ခွင့်ရှိမည်။

၂ ဂဏန်းသမားများ
မည်သည့်လတွင်မဆို ၂၊ ၁၁၊ ၂၀၊ ၂၉ ရက်မွေးသူများကို ၂ ဂဏန်းသမားများ ဟုခေါ်သည်။ အချစ်နှင့်အမှန်းကြား နယ်နိမိတ်သည် မျဉ်းကြောင်းငယ်လေးမျှသာဖြစ်မည်။ ချစ်မိ၊ တွယ်တာ မိပြီဆိုက အရာရာပေးဆပ်တတ်ပြီး မုန်းပြီဆိုက လှည့် မကြည့်။ အလွန် ချစ်တတ်သလို အငြိုး အတေး ကြီးတတ်သည်။ မေတ္တာတရားနှင့် ချစ်ခြင်းအပေါ် အလေးအနက်ထား၍ ဘ၀အဖေါ် ရွေးချယ်လင့်ကစား ဂုဏ်၊ ငွေကြေးတို့ကို အဓိကထားသည်ဟု အများမှ အထင်လွဲ ခြင်းခံရ တတ်သည်။ အသက် ၂၅ နှစ်မတိုင်မီ သူတစ်ပါး ကတိစကားများ အပေါ် ယုံစားမိ၍ စိတ်သောက ခံစားရတတ်သည်။ အချစ်ဦးနှင့် ဆုံဆည်းကိန်း မရှိသော်လည်း အချစ်ဆုံးသူနှင့် လက်တွဲရမည်။

၃ ဂဏန်းသမားများ
မည်သည့်လတွင်မဆို ၃၊ ၁၂၊ ၂၁၊ ၃၀ ရက် မွေးသူများကို ၃ ဂဏန်းသမား များဟုခေါ်သည်။ မျက်နှာပွင့်၍ လူချစ်လူခင် ပေါများမည်။ ချစ်သူရည်းစား တစ်ဦးမကရှိမည်။ သူတစ်ပါး အပေါ် အနိုင်ယူ ဗိုလ်ကျရမှ ကျေနပ်သူများ ဖြစ်ပေရာ အချစ်စိတ်နှင့် ခံယူမူမှာ ဆိုးနွဲ့ သမျှကို နားလည် ခွင့်လွှတ်သောသူ၊ အနိုင်ယူ ရမည့်သူကို ရွေးချယ်တတ်သည်။ နှလုံးသားကို ဦးစားပေး၍ ဆုံးဖြတ်ပြီးမှ မှားယွင်းသလို ပြန်ခံစားတတ်သည်။ နောက်ဆုံးတွင်ကား အရင်ဆုံး ချစ်သူအပေါ် စိတ်ပြန်လည်သွားမည်။ တစ်ဦးကို အသည်းနှလုံး ပုံပေး၍ ချစ်တတ်သလို တစ်ပြိုင်တည်း အခြားသူ တစ်ဦးအပေါ် ချစ်နိုင်စွမ်း ရှိသည်။ နှလုံးသားအပေါ် ဦးစားပေး လွန်းသူဖြစ်သည်။

၎ ဂဏန်းသမားများ
မည်သည့်လတွင်မဆို ၄၊ ၁၃၊ ၂၂၊ ၃၁ ရက်နေ့ မွေးသူများကို ၄ ကဏန်းသမားများ ဟုခေါ်သည်။ အစွဲအလမ်းကြီးခြင်း၊ တစ်ဖက်စွန်း ကျလွန်းခြင်းကြောင့် နှလုံးသားရေးရာ စိတ်သောက ကြုံရတတ်သည်။ ဂုဏ်အနိမ့်အမြင့် မတူသူများ အနက် နိမ့်ကျသူကို ဦးစားပေး ရွေးချယ်၍ အလိုလိုက် အကြိုက်ဆောင်ကာ ဘ၀မြှင့်တင်ပေးကာမှ မိမိ၏အသည်းကို ခွဲသွားခြင်း ခံရတတ်သည်။ စိတ်လှုပ်ရှားမူနှင့် ဆန်းသစ်သော အတွေ့အကြုံများကို လိုလားသော နှလုံးသားကို ပိုင်ဆိုင်သည်။ သို့သော် ဦးနှောက်နှင့် နှလုံးသားအကြား အမြဲတွေဝေ ဒွိဟဖြစ်ကာ မေတ္တာရေးရာ တွင်စိတ်ဓါတ် တက်လွယ်၊ ကျလွယ်သည်။ ဖြောင့်မှန်ရိုးသာ၍ မိမိကြောင့် တစ်ပါးသူ စိတ်ချမ်းမြေ့ အေးချမ်းရခြင်းကို လိုလားသူဖြစ်သည်။ ပေးဆပ် အနစ်နာ ခံသည်။

၅ ဂဏန်းသမားများ
မည်သည့်လတွင်မဆို ၅၊ ၁၄၊ ၂၃ ရက်မွေးသူများကို ၅ ဂဏန်းသမားများ ဟုခေါ်သည်။ တွေဝေ ဒွိဟဖြစ်တတ်သော သဘော သဘာဝရှိသော်လည်း စိတ်ဓါတ် အလွန်ခိုင်မြဲသည်။ အလွယ်တကူ ဆုံးဖြတ်ရွေးချယ်လေ့မရှိ။ မိမိအပေါ် တလေးတစားနှင့် တန်ဖိုးထားသူ၊ တစ်စုံတစ်ရာ အထောက် အကူပြုပံ့ပိုးနိုင်သူကို ရွေးချယ်တတ်သည်။ အရွေးရခက်အောင် အခွင့်အရေး နှစ်မျိုး ကြုံလာပါက နှလုံးသား၏ တောင်းဆိုမူအပေါ် ရဲဝံ့ပြတ်သားစွာ အလေးပေးမည့် သူဖြစ်သည်။ မိမိနှင့် အသက် အရွယ်၊ ၀န်းကျင်ဇာတိ သဘာဝမတူ ကွာခြားသူများနှင့် မေတ္တာမျှတတ်သည်။ ချစ်သူနှင့် ခွဲခွာရလေ သံယောဇဉ် ပြင်းထန်လေဖြစ်သည်။ အလွန်စိတ်ကူးယဉ် ဆန်သော နှလုံးသားဖြစ်သည်။


၆ ဂဏန်း သမားများ
မည်သည့်လတွင်မဆို ၆၊ ၁၅၊ ၂၄ ရက်မွေးသူများကို ၆ ဂဏန်းသမားများဟု ခေါ်သည်။ သံယောဇဉ်ကြီး၍ ခိုင်မာသော မေတ္တာတရားနှင့် မိမိက ချစ်ရသူအပေါ် အမြဲစိတ်ချမ်းသာအောင် ဖြည့်ဆည်းပေးရမည်ဟူသော အယူအဆရှိသည်။ ချစ်ခဲ၍ အချစ်မြဲသည်။ မိသားစု အသိုင်းအ၀ိုင်း မတူညီသူကို ရွေးချယ်၍ အားလုံးနှင့် ဆန့်ကျင်ရန် ၀န်မလေး။ အပျော်သဘော စိတ်ကစားခြင်း မရှိဘဲ သစ္စာ တရားရှိမှ အချစ်မေတ္တာသည် ပြီးပြည့်စုံသည်ဟု ယူဆထား သူဖြစ်သည်။ သို့သော် သူတစ်ပါးအပေါ် မိမိပေးဆပ်သလောက် ထပ်တူ ပြန်ကောင်း သူရရန် ခဲယဉ်းပေသည်။ အချစ် မေတ္တာထက် တစ်စတစ်စ ရစ်နွယ်လာသော သံယောဇဉ်ကို နှစ်သက်သူဖြစ်သည်။

၇ ဂဏန်းသမားများ
မည်သည့်လတွင်မဆို ၇၊ ၁၆၊ ၂၅ ရက်မွေးသူများကို ၇ ဂဏန်းသမားများဟု ခေါ်သည်။ အခိုင်အမာ ဆုံးဖြတ်၍ လေးလေးနက်နက် ချစ်တတ်သည့် အလွန်အေးချမ်းမြင့်မြတ်သော မေတ္တာပိုင်ရှင် ဖြစ်သည်။ တစ်ပါးသူအပေါ် လွန်လွန်ကဲကဲ စာနာနားလည်တတ်ည်။ အချစ်အတွက် အရာရာ ရင်ဆိုင်ဆန့်ကျင် တိုက်ခိုက်ရန် ၀န်မလေးသော်လည်း အချစ်ကိုဖွင့်ဟ ပြောဆိုရန် အလွန်ရှက် သဖြင့် မချစ်တတ် သောသူဟူ၍ အထင်မှားခံရတတ်သည်။ မိမိအား နားလည်မူ ရှိသူကိုဦးစားပေး ရွေးချယ်သင့်သည်။ အလွန်စန်းပွင့် သော်လည်း ချစ်သူများရန် ၀န်လေးသည် ဘ၀လမ်းကြောင်းတွင် မွေးရပ်၊ ဘာသာ၊ ဓလေ့ ထုံးစံမတူသူများနှင့် မေတ္တာမျှ ရတတ်သည်။

၈ ဂဏန်းသမားများ
မည်သည့်လတွင်မဆို ၈၊ ၁၇၊ ၂၆ ရက်မွေးသူများကို ၈ ဂဏန်းသမားများဟုခေါ်သည်။ အရာရာတွင် ထိန်းချုပ်နိုင်သောစိတ်ရှိသလောက် မေတ္တာတရားတွင် ထိန်းချုပ်နိုင်ခြင်းမရှိ။ ချစ်သူကို အလိုလိုက်လွန်း၊ ဦးစားပေးလွန်းသဖြင့် စိတ်သောက ခံစားရတတ်သည်။ ချစ်သူကို အရာရာပြည့်စုံ စေလိုသဖြင့် ပေးဆပ်တတ်သော သဘာဝကြောင့် မိမိနှလုံးသားကို ခုတုံးလုပ်ခြင်း မျိုးပင် ခံရတတ်သည်။ သီးသန့် အေးချမ်းစွာနေတတ်ပြီး မနာလိုဝန်တိုခြင်းကင်းသော ကြီးမြတ်သည့် နှလုံးသားအား ပိုင်ဆိုင်သည်။ မိမိကိုယ်မိမိ အထီးကျန်ဆန်ကာ အားငယ် နေတတ်သော ခံစားချက်ရှိသည်။ သူတစ်ပါး ပစ်ပယ်ထားသူကို စာနာစိတ် အပြည့်နှင့် မေတ္တာ ထားတတ်သည်။


၉ ဂဏန်းသမားများ
မည်သည့်လတွင်မဆို ၉၊ ၁၈၊ ၂၇ ရက်မွေးသူများကို ၉ ဂဏန်း သမားများဟုခေါ်သည်။ အလွန်အချစ်ခံလိုသည်။ မိမိ အပေါ် အေးအေးချမ်းချမ်း သိမ်သိမ်မွေ့မွေ့ နူးညံ့စွာ အလေးပေး ဆက်ဆံသူအား လိုလားသည်။ အချစ်အတွက် ဘာမဆို ပေးဆပ်ရဲသည်။ အလွန်မျက်နှာများ၍ ရည်းစား မှိုလိုပေါက်အောင် အပြိုင်ထားလင့်ကစား အိမ်ထောင်ရေးရာတွင် အချစ်ဆုံးနှင့် လွဲချော်၍ နီးစပ်မူ အရှိဆုံးသူနှင့် ဆုံဆည်းရတတ်သည်။ မည်မျှဆိုးသော အိမ်ထောင်ဖက်ဖြစ်စေ အိမ်ထောင် တစ်ဆက်တည်း မြဲစေရန် အစဉ်ကြိုးပမ်းလေ့ရှိသည်။ အပြင်ပန်းအရ ကြမ်းတမ်းခက်ထန် သည်ဟု ထင်ရလင့်ကစား အတွင်းစိတ်နူးညံ့၍ အပေးသမားသာဖြစ်သည်။



ကဲ..မိတ်ဆွေတို့ရော နံပါတ် ဘယ်လောက်လဲ?

Windows Password နှင့် အခြား User Password မေ့သွားခဲ့လျှင်.


 
oင်းဒိုးကို F8 နဲ့ ဝင် safemode နဲ့ တက်။ ပြီး၇င် admin account တစ်ခုထပ်ပေါ်လာမယ်။ အဲဒီထဲကိုဝင် control panel ထဲက user accoount ထဲကိုသွားပြီး ကိုမေ့သွားတဲ့ account password ကို ဖျက်လိုဖျက် ၊ ပြင်လိုပြင်လုပ်လို့ ရပါပြီ။ မှတ်ချက်။ သူများစက်တွင်စမ်းရန်မသင့်ပါ။
--------------------------------------

Saturday, September 21, 2013

အိမ်ထောင်ရေးဖောက်ပြန်ခြင်း(တွေးစရာလေးပါ)

အမျိုးသား - ကျွန်တော်ကအိမ်ထောင်ရှိပါတယ်။ ဒါပေမဲ့ အခြားမိန်းကလေးတစ်ယောက်ကို
ရူးရူးမူးမူး ချစ်မိနေတယ်။ အဲဒါဘယ်လို လုပ်ရမလဲ။

အတိုင်ပင်ခံ - ဒီမိန်းကလေးဟာ သင့်ဘ၀အတွက် နောက်ဆုံး ချစ်နိုင်တဲ့
မိန်းကလေးဆိုတာ သင်သေချာလား။

အမျိုးသား - ဟုတ်ပါတယ်။

အတိုင်ပင်ခံ - ကွာရှင်းပြီး ခုမင်းချစ်နေတဲ့ တစ်ယောက်ကို ယူလိုက်။

အမျိုးသား - ဒါပေမဲ့ ခုလက်ရှိမိန်းမက နားလည်ပေးတယ် သည်းခံတယ် တော်တယ်။
ကျွန်တော်ဒီလို လုပ်ရင် သူ့အတွက် ရက်စက်ရာ ကျမလား။

အတိုင်ပင်ခံ - အိမ်ထောင်ရေးဆိုတာ တရားတယ် ရက်စက်တယ်လို့ ဆိုတာတွေ မရှိပါဘူး။ ခု
မင်းချစ်နေတာက တခြားမိန်းကလေးဖြစ်နေပြီ။

အမျိုးသား - ဒါပေမဲ့ ကျွန်တော့် မိန်းမက ကျွန်တော့်ကို အရမ်းချစ်တာ။

အတိုင်ပင်ခံ - ဒါဆို သူက ပေးဆပ်မှုနဲ့ ပျော်ရွှင်နေတယ်။

အမျိုးသား - ကွာရှင်းပြီး တခြားမိန်းကလေးကို လက်ထက်လိုက်ရင်
သူနာကျင်ခံစားရလိမ့်မယ်။

အတိုင်ပင်ခံ - အိမ်ထောင်အရပြောရရင် မင်းကို ချစ်နေတဲ့ အချစ်ကို သူမ
ပိုင်ဆိုင်နေမယ်။ ဒါပေမဲ့ ဒီအိမ်ထောင် မှာ မင်းက သူ့ကို ချစ်တဲ့ အချစ် မင်းမှာ
မရှိတော့ဘူး။ မင်းက တခြားတစ်ယောက်ကို မင်းရဲ့အချစ်တွေပေးလိုက်လို့။ မင်း သူ့ကို
မချစ်တော့တဲ့ အတွက် မင်းဆုံးရှုံးနေတာ နာကျင်မှာ မင်းပဲ။

အမျိုးသား - ကျွန်တော် နောက်တစ်ယောက်နဲ့ ပျော်ရွှင်တဲ့ အိမ်ထောင်သစ်ကို
အစပြုတော့မှာ။ သူ့ ကျွန်တော့်ကို ဆုံးရှုံးတာ။

အတိုင်ပင်ခံ - မင်းမှားနေပြီ။ သူမ က ဒီအိမ်ထောင်မှာ ဒီအချစ်စစ် တစ်ခုနဲ့
သူလျှောက်လှမ်းနေတာ။ သူ့ရဲ့ အချစ်စစ်ကို သူပေးဆပ်တယ်။ သူ ပျော်တယ်။ မင်းသာ
မင်းကို အချစ်စစ်နဲ့ ချစ်နေတဲ့သူကို မင်းလက်လွတ်ဆုံးရှုံးရမှာ။


အမျိုးသား - သူမပြောဖူးတယ်။ သူမက ကျွန်တော်ကလွဲပြီး တခြားတစ်ယောက်ကို
မချစ်နိုင်တော့ဘူးတဲ့။

အတိုင်ပင်ခံ - ဒီလို စကား မင်းကော ပြောဖူးသလား။

အမျိုးသား - ကျွန်တော်………..

Thursday, September 19, 2013

သွေးအမျိုးအစားက လူ၏စိတ်သဘောထားနဲ့ ကိုယ်ရည်ကိုယ်သွေးကို တိတိကျကျညွှန်ပြနေ





''လူတစ်ဦးစီ၏ သွေးအမျိုးအစားသည် ထိုသူ၏ စိတ်နေ သဘောထားနှင့် ကိုယ်ရည်ကိုယ်သွေး တို့ကို သိပ္ပံ နည်းကျစွာ တိတိကျကျ ညွှန်ပြနေပါသည်'' ဟု ဂျပန်နိုင်ငံ တိုကျိုမြို့ သွေးအုပ်စု အမျိုးအစား သုတေသန သိပ္ပံ၏ ဌာနမှူး ''တိုရှီတာကာနိုမီ'' ဆိုသူက ရှင်းလင်း တင်ပြခဲ့သည်။

သူသည် သွေးအမျိုးအစား ပိုင်ရှင် လူအမျိုးမျိုး တို့ကို နှစ်ပေါင်းများစွာသုတေသန ပြုခဲ့သူ ဖြစ်ရာ သူ၏ အယူအဆမှာ များစွာ လက်ခံနိုင်စရာ ရှိသည်။
အခြေခံ စိတ်နေသဘောထား
လူတို့သည် အေ၊ ဘီ၊ အေဘီနှင့် အို ဟူ၍သွေးအမျိုးအစား လေးမျိုး ရှိသည်။
မိမိ၏ သွေးအမျိုးအစား အလိုက် ရှိကြသော အခြေခံ စိတ်နေ သဘောထား များမှာ အောက်ပါအတိုင်း ဖြစ်သည်။ ဘဝပေး အခြေအနေ၊ အချိန်အခါ၊ ပတ်ဝန်းကျင်အရ အနည်းနှင့် အများသာ ကွာခြား တတ်ကြသည်။


အိုသွေးပိုင်ရှင် တို့သည် လွန်စွာ ပြင်းပြင်းထန်ထန် တိတိကျကျ ပြတ်ပြတ်သားသား ဆောင်ရွက်တတ်သူများ ဖြစ်၍ ရည်မှန်းချက် ကြီးကြီးမားမား ထားတတ်ကာ မဖြစ်မနေ လုပ်ဆောင်တတ်ကြသည်။ ထို့ပြင် အားသွန်ခွန်စိုက် ဆောင်ရွက် တတ်သူများ ဖြစ်သည်။

အမြန်ဝိတ်ကျစေမည့် အစား ၁၀ မျိုး



 
ခန္ဓာကိုယ်တွင် မလိုအပ်သော အဆီပိုများ ရှိပါက အမြန်ဆုံး ကျဆင်းစေရန် ရည်ရွယ်၍ ရေးသားလိုက်ရခြင်း ဖြစ်ပါတယ်။ အောက်ဖော်ပြပါ အစား ၁၀ မျိုးကို စားပါက မလိုအပ်သော အဆီပိုများ အမြန်ဆုံး ကျဆင်းစေနိုင် ပါတယ်။

ဂျုံ

ဂျုံများများ စားပါ။ ဂျုံစားခြင်းအားဖြင့် ကိုလက်စရောဓာတ်ကို လျော့ကျ စေတဲ့ အပြင် အစာခြေ စနစ်ကိုလည်း ကောင်းမွန်စေ ပါတယ်။ ဒါကြောင့် ဂျုံကို များများ စားသင့်ပါတယ်။

ဥမျိုးမျိုး

Wednesday, September 18, 2013

အောင်မြင်သော ဘ၀တစ်ခု၏ သင်္ကေတများ…

ဆရာဒေါက်တာခင်မောင်ညို(ဘောဂဗေဒ)ဘာသာပြန်ဆိုထားတဲ့စာအုပ်ထဲက
> အောင်မြင်သောဘ၀တစ်ခုကို ပိုင်ဆိုင်နိုင်ဖို့အတွက်
> သတိပြုသင့်တဲ့အချက်လေးနဲ့ ထားရှိရမည့်စိတ်ထားတွေကို ကမ္ဘာသစ်သူငယ်ချင်းများအတွက်
> မျှဝေ ပေးလိုက်ပါတယ်.
>
> (၁) အောင်မြင်ခြင်း၏ တည်နေရာ…
>
> …ဘ၀မှာအောင်မြင်မှုဆိုတာ ကိုယ့်ရဲ့ခံစားမှုနဲ့ ကိုယ့်ရဲ့အတွေးပေါ် မူတည်ပါတယ်.
> ကိုယ့်ခံစားချက်. ကိုယ့်အတွေးဆိုတာကလည်း ကိုယ့်စွမ်းအားကို
> ဘယ်လိုအသုံးချတယ်ဆိုတဲ့အပေါ် မူတည်ပါတယ်.
> ငွေရေးကြေးရေးအချိန်တွေလိုဘဲ ကိုယ့်ရဲ့စိတ်စွမ်းအားဟာလည်း အရေးပါတဲ့
> စွမ်းအားတစ်ခုဖြစ်ပါတယ်.
>
>
>
> (၂) ပေးသူလား. ယူသူလား…
>
> …လောကမှာလူနှစ်မျိုးရှိတယ်. ပေးသူနဲ့ယူသူဖြစ်တယ်.
> …အောင်မြင်သူတွေဟာ ရှိသူ.ယူသူတွေလို့ထင်ကြတယ်.
> …တကယ်တော့ အောင်မြင်သူတွေဟာ ပေးသူတွေဖြစ်ကြပါတယ်.
>
> (၃) မတူထူးခြားတဲ့နေ့…
>
> …ဒီနေ့ဟာ ကံမကောင်းပြန်ဘူးလို့ မပြောနဲ့
> …ဒီနေ့ဟာ တစ်ခြားနေ့တွေနဲ့မတူ ခြားနားတဲ့နေ့ဖြစ်တယ်.
>
> (၄) အပင်ပန်းမခံပါနဲ့
>
> …မျက်မှောင်ကြုတ်ရန်အတွက် ကြွက်သား(၆၅)ခုလိုသော်လည်း ပြုံးရန်အတွက်
> ကြွက်သား(၁၀)ခုမျှသာ အသုံးပြုရသည်.
>
> (၅) သတိ…
>
> …သူတစ်ပါးနောက်ကွယ်မှာ မကောင်းမပြောပါနဲ့. များများချီးကြူး. နည်းနည်း ဝေဖန်.
> ထမင်းစားချိန်မှာ ငြင်းခုံစရာ မပြောပါနှင့်.
> …အိပ်ရာမ၀င်ခင်မှာ အငြင်းပွားစရာ ရှောင်ပါ.
> …အလုပ်အားလပ်ရက်မစမှီ ပြဿနာမရှာပါနှင့်.
> …သင်က ခဏလေးအတွင်းမှာ မေ့သွားမှာဖြစ်ပေမဲ့ တစ်ခြားသူတွေက တစ်သက်လုံး
> ချမှတ်သွားမယ့်စကားဆိုးတွေကို မပြောပါနဲ့.
>
>

Tuesday, September 17, 2013

၁၂ရာသီအချစ် ဗေဒင်........

မိဿအချစ်ဒဿန (ARIES)http://compubaydathukhuma.com/wp-content/uploads/2013/01/Aries-2-178-x-237.jpg

မိဿရာသီဖွားတို့၏ နှလုံးသားသည် အလွန်မြင့်မြတ်သိမ်မွေ့သည်ဟု
ကမ္ဘာ့နက္ခတ်ပညာရှင်များက တညီတညွတ်တည်း သတ်မှတ်ထားသည်။
"နှလုံးသားစစ်ပွဲများ။ဒဏ်ရာဒဏ်ချက်များ၊မီးတောက်၊မီးလျှံများကြားမှ
အလွန်ချစ်တတ်သော နှလုံးသားပိုင်ရှင်၊ မြင့်မြတ်သော အချစ်ရှိသူ"ဟု
ဖော်ကျူးထားသည်။
အပြင်သဏ္ဌာန်တွင် ကြမ်းတမ်းသည်ဟု ထင်ရလင့်ကစား အတွင်းစိတ်မှာနုညံ့သည်။
မေတ္တာရေးတွင် အပေးသမားဖြစ်သည်။ရယူခြင်းထက် ပေးဆပ်ခြင်းကို ဦးစားပေးမည်။
လူတစ်ဦးတစ်ယောက်ကိုချစ်မိလျှင် မျက်စိအောက်ကအပျောက်မခံ။
မုန်းမိလျှင်လည်း မမေ့နိုင်။ သံယောဇဉ်တနွယ်နွယ် ဖြစ်တတ်သည်။
သဘောထားကြီးမြတ်မည်။ သည်းခံခွင့်လွှတ်တတ်သော အချစ်နှင့် နှလုံးသားကို
ပိုင်ဆိုင်သည်။
"အလွန်အချစ်ခံလိုသော အချစ်ကို ပိုင်ဆိုင်ထားသည်။အချစ်အားလိုလားသည်။
မိမိအပေါ် အေးအေးချမ်းချမ်း သိမ်သိမ်မွေ့မွေ့ နူးနူး ညံ့ညံ့ အလေးပေး၍
ဆက်ဆံသူအား လိုလားသည်။ ထို့အပြင် သနားချစ်၊အားနာချစ်ကိုလည်း
ဦးစားပေးတတ်သည်"
အချစ်ရေးကိစ္စ၊အိမ်ထောင်ရေးကိစ္စ အားလုံးစုံတွင် ဦးနှောက်ကို
ဦးစားမပေး၊ နှလုံးသားနှင့် ဆုံးဖြတ်တတ်သည်။ အချစ်အတွက်
ဘာမဆိုပေးဆပ်ရဲသော သတ္တိရှိသည်။ တဇွတ်ထိုး လုပ်ခြင်း
၊စိတ်ဒေါသကြီးခြင်းများ ရှိလင့်ကစား မေတ္တာဘဝလမ်းကြေားင်းတွင်
အနှောက်အယှက်ဖြစ်လောက်အောင်အထိ မကျရောက်နိုင်ပါ။
ဤရာသီဖွားများသည် မျက်နှာများလိမ့်မည်။အပြိုင်ရည်းစားထားလိမ့်မည်။
နောက်ဆုံးအိမ်ထောင်ပြုသောအခါတွင် နီးစပ်မုအရှိဆုံးသောသူနှင့်
အိမ်ထောင်ကျမည်။ အချစ်ဦးနှင့် ဆုံစည်းကိန်းမရှိ။သို့သော်
အိမ်ထောင်ပြုသောအခါ အိမ်ထောင်တဆက်တည်းနှင့် မြဲစေရန်
အမြဲထိန်းသိမ်းကြိုးစားမည်။
မိမိသည် နာမည်ပျက်ရှိသူ (သို့) တစ်စုံတစ်ရာဘဝတွင် အချစ်ကံခေခဲ့သူအား
ပို၍ တိမ်းညွတ်ချစ်တတ်သော နှလုံးသားကို ပိုင်ဆိုင်သည်။ အချစ်ကို
ဦးစားပေးမည်။ ချစ်သူကြောင့် မိမိဝန်းကျင် အသိုင်းအဝိုင်းအတွင်း
အပြောအဆို ခံရမည်။ သို့သော် ထိုအချစ်သည်ပင် မိမိအား ပျော်ရွှင်
ချမ်းမြေ့မှု့ကို ပေးလိမ့်မည်။
ဤရာသီဖွားများ၏ အချစ်ဒဿနမှာ အသက်အရွယ်ကိုလိုက်၍ ကွာခြားသွားမည်။ အသက်
၁၅ နှစ်မှ ၁၉နှစ်ကြား လူငယ်များသည် အချစ်ကို ရင်ခုန်စရာ
စိတ်လှုပ်ရှားစရာတစ်ခုဟု သတ်မှတ်မည်။အသက် ၂၀နှစ်မှ ၂၅ ကြားအရွယ်သည်
အချစ်ကို ကြေကွဲစေခြင်း၊ဝမ်းနည်းစေခြင်း နှလုံးသားအား နာကျင်စေသော အရာဟု
သတ်မှတ်မည်။ အသက်၂၅ နှစ်မှ ၃၀ နှစ်ကြားအရွယ်သည် အချစ်ကို ပေးဆပ်ခြင်းဟု
ယူဆသော ဒဿနရှိသည်။ အသက်၃၀ နှစ်အထက်တွင်မူ ချစ်ခြင်းမေတ္တာသည် မိမိက
ပေးမှသာလျှင် တစ်ပါးသူထံမှ ပြန်လည်ရရှိမည်ဟူသော ဒဿနကိုရင်ဝယ်ထားရှိမည်။
အသက်၄၀ အထက်တွင်မူ တစ်ပါးသူက မိမိအား သံယောဇဉ်ထားခြင်း၊ အလိုလိုက်ခြင်း၊
ဂရုစိုက်ခြင်းနှင့် ချစ်မြတ်နိုးမှုကို အလွန်တောင့်တသည်။
ဤကား မိဿရာသီဖွားတို့၏ အချစ်ဒဿနပင်ဖြစ်ပေသည်။

ပြိဿအချစ်ဒဿန (TAURUS)

ပြိဿရာသီဖွားတို့၏နှလုံးသား ချစ်ခြင်းမေတ္တာသည်
အလွန်သစ္စာတရားကြီးမားပြီး ပေးဆပ်ခြင်းကို ဦးစားပေးသော
မေတ္တာတရားကြီးမားသူများဟုကမ္ဘာ့နက္ခတ်ပညာရှင်များက သတ်မှတ်ထားသည်။
၅၂၈ နှင့်၁၅၀၀ မေတ္တာလွန်ပွဲများ ဘဝကွာခြားမှုများအကြား ကျောက်ဆစ်၊
ကျောက်တောင်ကဲ့သို့ မာကျောသော နှလုံးသားအလယ်မှ ထူးခြားစွာ ပွင့်လန်းသော
နတ်ပန်းကဲ့သို့ ပွင့်ခဲ၊ ချစ်ခဲသော၊ မွန်မြတ်သောအချစ်၊ တည်တဲ့သောမေတ္တာ
အချစ်နှလုံးသားအားပိုင်ဆိုင်သူဟု ဖော်ကျူးထားသည်။
မေတ္တာတရားအား ဆုံးဖြတ်သောအခါတွင် သေချာစွာ အချိန်ယူဆုံးဖြတ်ပြီးမှ
ချစ်တတ် တွယ်တာတတ်သည်။ ပြောခဲ့သောစကား၊ ဆုံးဖြတ်ထားသော အရာအား ဘယ်တော့မှ
ပြန်မပြင် ၊ သစ္စာတရားအား ရင်ဝယ်ပိုက်ထားသူဖြစ်သည်။
ငယ်ချစ်ကို ဦးစားပေးတတ်သည်။ ခိုင်မာသော မေတ္တာ ကိုပိုင်ဆိုင်သည်။
မိမိက ချစ်ရသူအပေါ် အမြဲ စိတ်ချမ်းသာအောင် ဖြည့်ဆည်းပေးရမည် ဟူသော ဒဿန ကို
ပိုင်ဆိုင်သည်။
သံယောဇဉ်ကြီးသည်။ အချော့ကြိုက် အပျော့ကြိုက်ဖြစ်သည်။ ချစ်ခဲသည်။
အချစ်မြဲသည်။ အချစ်အတွက်ဆိုလျှင် ပတ်ဝန်းကျင်နှင့်
ဆန့်ကျင်ရန်လည်းကောင်း၊ မိသားစုနှင့်ဆန့်ကျင်ရန်လည်းကောင်း ဝန်မလေး။
ကိုယ်တိုင်ဆုံးဖြတ်မည်။ မေတ္တာလမ်းကြောင်းသည် မချောမွေ့ အခက်အခဲများမည်။
ချစ်သူနှင့်ပေါင်းဖက်ရန် ဆုံစည်း ရန်သာအဓိကထားသည်။ အပျော်ချစ်သူ
လုံးဝမထားတတ်။
အချစ်ကို ဦးစားပေးသည်။ မိမိကိုယ်တိုင်လည်း အယုအယကြိုက်မည်။
သစ္စာရှိသူကိုလည်းလိုလားမည်။ ချစ်ခြင်းမေတ္တာဆိုသည်မှာ သစ္စာတရားရှိမှ
ခိုင်မြဲသည်။ ပြီးပြည့်စုံသည်ဟု ခံယူထားသည်။
နှလုံးသားမှ အချစ်သည် သံယောဇဉ်အတွယ်အတာမှ တစ်စစ မြင့်မားလာသော
တိုးပွားလာသော ချစ်တတ်လာသော မေတ္တာအမျိုးအစားဖြစ်သည်။
ဤရာသီဖွားများသည် မိမိ ကသူတစ်ပါးအပေါ် ကောင်းသလောက် ပေးဆပ်သလောက်
မိမိကို ထပ်တူ ပြန်ကောင်းသူရရန် ခဲယဉ်းသည်။ မိသားစု ညီအကို
မောင်နှမများအား ၅၂၈ မေတ္တာ ဦးစားပေးရမှုကြောင့် ၁၅၀၀
မေတ္တာတွင်အညံ့ရှိမည်။
တခါတည်းထား တစ်ကြိမ်တည်းမြဲလိုသော ချစ်သူကိုလိုလားသည်။ သို့သော်
ဤရာသီဖွား ၈၀% သည် အချစ်ဦးနှင့်ဆုံစည်းကိန်းမရှိတတ်ပါ။
အချစ်အပေါ် ထားရှိသော ဒဿနအမြင်သည် အသက် ၁၆ နှစ်မှ ၂၂ နှစ်အတွင်း
မိမိကို တစိုက်မတ်မတ် စိတ်ဝင်စားသော နီးစပ်သူနှင့် သံယောဇဉ် တွယ်ပြီး
နီးစပ်မှုကြောင့် မေတ္တာတရားပေါ်ပေါက်သည်ဟုသတ်မှတ်သည်။ အသက်၂၃ မှ ၂၈
နှစ်ကြားတွင် ချစ်သူထက်မိဘကို ပိုချစ်သင့်သည်ဟူသော စိတ်ရှိသည်။ အသက်
၂၈နှစ်မှ ၃၅ နှစ်ကြားတွင် မေတ္တာတရားသည် ဘဝအတွက်
ထာဝရလက်တွဲရန်အဖော်ရှာခြင်းဟု သတ်မှတ်သည်။ အသက်၃၆နှစ်အထက်တွင်မူ
မေတ္တာတရားသည် သူတစ်ပါးအားပေးဆပ်ရန် အကောင်းဆုံးသော လက်ဆောင်မွန်ဟု
သတ်မှတ်သည်။
ဤကား ပြိဿရာသီဖွားတို့၏ အချစ်ဒဿနပင်ဖြစ်ပေသည်။

မေထုန် အချစ်ဒဿန (GEMINI)

ဆံသားနှင့်အရေပြားများကို ပျက်စီးစေသောအကြောင်း (၈)ရပ်




(၁) ရေနွေးပူနဲ့ မျက်နှာသစ်ခြင်း။

ခံနိုင်ရည်စွမ်းအားထက်ပိုပူတဲ့ ရေနွေးနဲ့  မျက်နှာသစ်ခြင်းက သွေးကြောတွေပျက်စီးစေကာ၊ အသားအရေခြောက်သွေ့ ပြီး အရေ ပြားများ ပက်ကျားအက်လာစေပါတယ်။ ပုံမှန်ရေအေးနဲ့ သာမျက်နှာသစ်ပါ (သို့ မဟုတ်) ကြက်သီးမွေးညင်းထရုံလောက် ရေနွေး နွေးလေး ကိုသာသုံးပါ။

(၂) အလွှာလိုက်ကွာကျစေခြင်း။

မျက်နှာပေါ်ကအမဲစက်၊ မှည့်ခြောက်၊ တင်းတိပ်တွေကို ဖယ်ရှားပေးတဲ့ ကရင်မ်တွေက မျက်နှာပေါ်ရှိ ဆဲလ်အသေတွေကို အလွှာလိုက်ကွာကျကာ မျက်နှာဖြူလာစေတာမှန်သော်လဲ၊ တစ်ပတ် ၂-ကြိမ်ထက် ပိုလိမ်းပါက အရေပြားကိုပျက်စီးသွားစေပါ တယ်။

(၃) မိတ်ကပ်တွေနဲ့ အိပ်စက်ခြင်း။

Monday, September 16, 2013

အသည်းကွဲသူ

တစ်နေ့မှာ အသည်းကွဲသူတစ်ဦးဟာ ပန်းခြံမှာထိုင်ပြီး ငိုနေခဲ့တယ်။ ဒါကို
"ဆိုကရေးတီး"ကတွေ့တော့ "ဘာဖြစ်လို့ ဒီလောက် ၀မ်းနည်းပက်လက်
ငိုကြွေးနေသလဲ" လို့ မေးလိုက်တယ်။

အသည်းကွဲသူက "ကျွန်တော့်ချစ်သူ ကျွန်တော့်ကိုထားသွားလို့
အရမ်းခံစားရနေတယ်" လို့ ပြန်ဖြေတယ်။ သူ့အဖြေကို ကြားတာနဲ့ ဆိုကရေးတီးက
တဟားဟား အော်ရယ်ပြီး "မင်း တော်တော်တုံးတယ်" လို့ ပြန်ပြောလိုက်တယ်။

အသည်းကွဲသူက ကိုယ့်အဖြစ်ကို လှောင်ရယ်နေတဲ့ ဆိုကရေးတီးကို ဒေါသဖြစ်ပြီး
"ခင်ဗျား ဘာရီတာလဲ.. ကျွန်တော်ဒီလောက်ခံစားနေရတာကို မနှစ်သိမ့်တဲ့အပြင်
ရီနေရသလား" လို့ ပြောတော့ "မင်းတော်တော်တုံးတယ်။ ဒါကို မင်းဝမ်းနည်းနေစရာ
မလိုဘူး။ ၀မ်းနည်းရမှာက မင်းကို ထားသွားခဲ့တဲ့လူကွ.. မင်းကို မချစ်တဲ့
လူတစ်ယောက်ကိုပဲ မင်းဆုံးရှုံးသွားတာ.. သူက သူ့ကိုချစ်တဲ့ လူတစ်ယောက်ကို
ဆုံးရှုံးတဲ့အပြင် လူတစ်ယောက်ကိုချစ်တဲ့ စွမ်းရည်တွေပါ ကျသွားတာ" လို့
ဆိုကရေးတီးက ပြန်ဖြေခဲ့တယ်။

ကျန်းမာရေး သော့ချက်များ




သော့(၁) WATER
မနက်ရေတစ်ခွက်သောက်ခြင်းသည် ခန္ဓာကိုယ်နှင့်ရေ ညီမျှစေ၏။

သော့(၂) SLEEP
အိပ်ချိန် ညာစောင်း၍ လေးကိုင်းသဏ္ဍာန်အိပ်ခြင်းသည် အိပ်ရေးဝစေ၏။

သော့(၃) APPETITE
အစာကို ၇ပုံမျှသာအဝစားခြင်းသည် ခန္ဓာကိုယ်အား ကျန်းမာစေ၏။

သော့(၄) EXERCISE
အားကစားလုပ်ခြင်းသည် စိတ်ခန္ဓာအား တက်ကြွစေ၏။

သော့(၅) MUSIC/LITERATURE
ဂီတသည် နှလုံးကိုရွှင်စေ၏။ စာဖတ်ခြင်းသည် အသိဥာဏ်ကို တိုးစေ၏။

သော့(၆) BEANS
ပဲအမြဲစားခြင်းဖြင့် အသက်ကိုစေရှည်သည်။

သော့(၇) VICES
ဆေးလိပ်၊ အရက်ကို လက်ပြနှုတ်ဆက်ပါ။

သော့(၈) LOVE/SEX
လိင်နှင့်အချစ်ကို ညီမျှပါစေ။

သော့(၉) LONELINESS
အထီးကျန်ခြင်းက ရုန်းထွက်နိုင်လျှင် သင်ကျန်းမာပြီ။

သော့(၁ဝ) MIND
ဦးနှောက်ကို မပြတ်သုံးပေးခြင်းဖြင့် အိုမင်းခြင်းကို ကာကွယ်နိုင်သည်။

သော့(၁၁) TEA
ရေနွေးကြမ်း အမြဲသောက်သုံးခြင်းသည် ဝိတ်ကျစေ၏၊ ကင်ဆာကို ကာကွယ်ပေး၏၊ အရွယ်တင် နုပျိုစေ၏။

လိုက်နာမှတ်သား ကျင့်ဝတ်များ

လင်ကျင့်ဝတ်(၅)ပါး

၁။ နှိမ့်ချ၍ မဆက်ဆံချင်း ၊ မထီမဲ့မြင် မပြုချင်း ။

၂။ စည်းစိမ်ဥစ္စာကို အပ်နှင်းခြင်း ။

၃။ မယားအငယ် အနှောင်းမထားခြင်း ။

၎။ အ၀တ်တန်ဆာ ဆင်ပေးချင်း ။

၅။ မြတ်နိုးကြင်နာမှုရှိခြင်း ။

{ဆောင်ပုဒ်}

မထီမဲ့ကင်း ၊ အပ်နှင်းဥစ္စာ ၊ မိစ္ဆာမမှား ၊ ၀တ်စား ဆင်ယင် ၊ မြတ်နိုးကြင် ၊

ငါးအင် လင်ကျင့်ရာ။

......................................................................................

မယားကျင့်ဝတ် ( ၅ )ပါး

၁။ ချက်ပြုတ် ချုပ်လုပ်ခြင်း ၊ အိမ်တွင်းမှု ကြီးငယ်ကို ကောင်းစွာ စီမံ

လုပ်ဆောင်ခြင်း။

၂။ ရှာဖွေ စုဆောင်းရရှိသည့် ဥစ္စာကို ထိန်းသိမ်းစောင့်ရှောက်ခြင်း ။

၃။ မိမိလင်မှတစ်ပါး အခြားယောက်ျား၌ လွန်ကျူးသော အပြစ်မှကင်းခြင်း။

၎။ နှစ်ဖက်တွေမျိုးတို့ကို ချီးမြှောက်ခြင်း။

၅။ နေထွက်မှနေ၀င် အိမ်မှုကိစ္စ အမြဲမပြတ် လုပ်ဆောင်၍ ပျင်းရိမှုကင်းခြင်း။

{ဆောင်ပုဒ်}

အိမ်တွင်းမှု့လုပ် သိမ်းထုပ်သေချာ မိစ္ဆာကြည်ရှောင် လျော်အောင်ဖြန့်ချီ

ပျင်းရိမမူ ၀တ်ငါးဆူ အိမ်သူကျင့်ဝတ်သာ။

....................................................................................

အလုပ်သမားကျင့်ဝတ် (၅)ပါး

၁။ အလုပ်ရှင် အိပ်ပြီး နောက်မှ အိပ်ခြင်း။

၂။ အလုပ်ရှင် မထမီ အိပ်ယာမှ စောစောထခြင်း။

၃။ တစ်စုံတစ်ရာ ပစ္စည်းဝတ္ထုကို အရှင်သခင်က ပေးမှသာယူခြင်း။

၎။ အမှု့ကိစ္စကို စေ့စပ်သေချာစွာ လုပ်ကိုင်ဆောင်ရွက်ခြင်း။

၅။ အလုပ်ရှင်၏ ကျေးဇူးသတင်း ကျော်စောခြင်းကို ကောင်းစွာဆောင်ခြင်း။

{ဆောင်ပုဒ်}

အိပ်သော် နောက်ကျ ၊ ထသော်ရှေး ၊ ပေးမှယူအပ် ၊ စေ့စပ်ဆောင်ရွက် ၊

ကျေးဇူးမြွတ် ငါးချက် အလုပ်သမား ကျင့်ဖွယ်ရာ။

.......................................................................................

အလုပ်ရှင်ကျင့်ဝတ်(၅)ပါး

၁။ လခရိက္ခာကို ၀၀လင်လင် အဆင့်မီစွာ စားဝတ်နေနိုင်အောင် ပေးကမ်း

ထောက်မခြင်း။

၂။ ခွန်အားလျောက်သာ အလုပ်ကိစ္စကို ဆောင်ရွက်ပေးခြင်း။

၃။ မကျန်းမာသောအခါ ပြုစုစောင့်ရှောက်ခြင်း။

၅။ အခါအားလျော်စွာ အားလပ်ခွင့်ပေးခြင်း အ၀တ်တန်ဆာ

စသည်ဖြင့်ပေးခြင်း

{ဆောင်ပုဒ်}

ဝစွာကျွေးမွေး ပြုရေးစီရင် နာလျှင်ကုစေ ငှဝေရသာ အခါကိုလွှတ်

အရှင့်ဝတ် မချွတ်ငါးခုသာ။

........................................................................................

မိတ်ဆွေကျင့်ဝတ်(၅)ပါး

၁။ ပေးကမ်း ချီးမြှင့်ခြင်း။

၂။ တန်းတူ ရည်တူ ဆက်ဆံခြင်း။

၃။ အကျိုးစီးပွား ဖြစ်ထွန်းအောင် ဆောင်ရွက်ပေးခြင်း။

၎။ ယျဉ်ကျေးချိုသာ ချစ်ဖွယ်သော စကားကို ဆိုခြင်း။

၅။ မချွတ်မယွင်း မှန်ကန်တည့်မတ်ပေးခြင်း။

{ဆောင်ပုဒ်}

ပေးကမ်းချီးမြှင့် ကိုယ်နှင့်ယှဉ်ထား စီးပွားဆောင်ရွက် နှုတ်မြွတ်ချိုသာ

သစ္စာမှန်စေ ၀တ်ငါးထွေ ကျင့်လေ မိတ်သဟာ။

.............................

မမတို့ အတွက်.. အန္တရာယ်ရှိသော ကြက်တောင်ပံများ..



အလှအပကိုကြိုက်နှစ်သက်ကြတဲ့ မမ..တို့ ရေ..

ကြက်တောင်ပံကြော်ကို နေ့ စဉ်ရက်ဆက်စားသုံးခြင်းဟာ အမျိုးသမီးတွေအတွက်တကယ့်
အန္တရာယ်တခုဆိုတာကို မျှဝေလိုက်တာပါ…

ဒါကတော့ စင်ကာပူက အမျိုးတမီးတဦးရဲ့ ဖြစ်ရပ်မှန် အကြောင်းလေးပါ။

မကြာသေးမီက အမျိုးတမီး တယောက် သူ့ ရဲ့ဗိုက်ထဲမှာ သွေးခဲလိုလို ပြည်တည်သလိုလို အခဲတခု ဖြစ်ပြီး
ကြီးကြီးလာတာကြောင့် ခွဲစိတ်ပြီး ထုတ်ပြစ်လိုက်ရတဲ့အထိဖြစ်သွားပါတယ်…


အဲဒီအခဲဟာ ခွဲစိတ်ပြိးကြည့်လိုက်တော့ မဲပုပ်နေတဲ့သွေးခဲကြီးပါတဲ့...

သူမကတော့ ခွဲစိတ်ကုသပြီးနောက်မှာ ပုံမှန်ပြန်ကောင်းလာမယ်လို့ ပဲ ထင်ခဲ့တာပေါ့..

ဒါပေမယ့်.. သူထင်တာနဲ့ တတ်တတ်စင်အောင်လွဲခဲ့ပါ့တယ်..

ခွဲစိတ်ထုတ်ပစ်ပြီး လအနည်းငယ်အကြာမှာ အရင်လိုပဲ ဗိုက်ထဲမှာ သွေးခဲလိုလို ပြည်ခဲလိုလို ပြန်ဖြစ်လာပြန်ရောတဲ့…
ဒုက္ခပါပဲနော်..
သူလဲ အရမ်း စိတ် သောကရောက်ရတာပေါ့..

ဒါနဲ့ သားဖွားမီးယပ်ပါရဂူ တယောက်ဆီ ချက်ချင်းသွားပြကြည့်တော့..
ဆရာဝန်က သူမကို မေးခွန်းတခုမေးတယ်.. မေးခွန်းက သူမအတွက်တော်တော်ကိုထူးဆန်းနေတယ်....

မိန်းကလေးများ အလေးမထားမိသည့် ကျန်းမာရေး ထိခိုက်စေနိုင်သော အချက်များ



မိန်းကလေးတွေဟာ အလှအပနောက်ကိုလိုက်ရင်း ကျန်းမာရေး ထိခိုက်စေနိုင်တာတွေကို အလေးမထားမိတာမျိုး ဖြစ်တတ်ကြပါတယ်။

(၁) စိတ်ညစ်တိုင်း အစာစားလေ့ရှိခြင်း

ယောကျာ်းလေးအများစုက ပျော်ရွှင်တဲ့ အခါမျိုးမှာ အစာပိုစားတတ်ကြပြီး မိန်းကလေးတွေကတော့ စိတ်ညစ်တဲ့အခါမှာ အချိုနဲ့ ကယ်လိုရီများတဲ့ အစားအစာတွေကို ပိုစားလေ့ ရှိပါတယ်။ စိတ်ညစ်လို့ စားတဲ့ အစားအစာတွေက သင့်ခါး အနေအထားကို ပြောင်းလဲစေပြီး သင့်ကို ဝလာစေပါတယ်။ စိတ်ညစ်တာကို အစာစားပြီး ဖြေဖျောက်ဖို့ ကြိုးစားတာထက် လေ့ကျင့်ခန်းလုပ်တာ၊ ယောဂကျင့်တာ၊ အပေါင်းအသင်းတွေနဲ့ ပျော်ပျော်ပါးပါးနေတာတွေနဲ့
အစားထိုးလုပ်ဆောင် ကြည့်ပါ။

(၂) ဝသည်ဟု ထင်မြင်နေခြင်း

သင့်ရဲ့  လက်သန်းလေး တွေကို ကြည့်လိုက်ပါ........လက္ခဏာ ဗေဒင်



သင့်ရဲ့  လက်သန်းလေး တွေကို ကြည့်လိုက်ပါ။ ( အမျိုးသား ဆို ဘယ်ဘက်၊ အမျိုးသမီး ဆို ညာဘက်။ ) လက်သန်းမှာ အပိုင်း သုံးပိုင်း ကန့် ထားပါတယ်။ အဲ သုံးပိုင်း အရ အရှည်ဆုံး အပိုင်း ရဲ့  အားသာချက်တွေပါ။

1. (ပုံ 1) ထိပ်ဆုံးက အရှည်ဆုံး ဖြစ်ပါတယ်။ သင်ဟာ... ဆွဲဆောင်မှု ရှိတယ်၊ ဘာသာစကားကြွယ်ဝတယ်၊ တစ်ယောက်ယောက်ကို ဖော်ပြတဲ့ အခါမှာ ကျွမ်းကျင်တယ်၊ လေ့လာ ခြင်း ကောင်းတာကြောင့် သူများတွေရဲ့  အရူးမလုပ်ခံရပါဘူး။

2. (ပုံ 2) အလယ်ပိုင်းက တစ်ခြား အပိုင်းတွေထက် ရှည်နေမယ်ဆိုရင် သင်ဟာ သူများ ကို စိတ်ရှည်လက်ရှည် နဲ့  ပြုစု စောင့်ရှောက်ဖို့  ပင်ကို ကောင်းပြီးသားပါ။ ကျန်းမာရေး နယ်ပယ်မှာ လုပ်နေတဲ့ ၀န်ထမ်းတွေ တော်တော်များများ ဒီလို လက်သန်းမျိုး ပိုင်ကြပါတယ်။

3. (ပုံ 3) အောက်ဆုံး အပိုင်းက ပိုပြီး ရှည်နေခဲ့မယ်ဆိုရင် သင်ဟာ လွတ်လပ်ခြင်းကို နှစ်သက်တယ်။ အပူအပင်မရှိတဲ့ ဘ၀ကို အေးအေး ဆေးဆေးနေချင်တယ်။ သင်ဟာ အချက်လက်လက် ကျကျ နဲ့  စကားကို ပြန်ပြောနိုင်စွမ်းရှိတယ်။

ထိုနည်းတူစွာ အဲ သုံးပိုင်း အရ အတိုဆုံး အပိုင်း ရဲ့  အားနည်း ချက်တွေပါ။

Sunday, September 15, 2013

ချွေးပေါက်ကျဉ်းပြီး တင်းရင်းတဲ့အသားအရေဖြစ်စေဖို့


သင့်ချွေးပေါက်တွေဟာ မှန်ဘီလူးအောက်ရောက်နေသလို ကျယ်နေလို့ စိတ်ညစ်နေလား??? စိတ်မညစ်ပါနဲ့။ ချွေးပေါက်ကျဉ်းစေတဲ့ လွယ်ကူတဲ့နည်းလေးတွေရှိပါတယ်။ ချွေးပေါက်လေးတွေ ပြန်ကျဉ်းအောင်က အပေါ်က ချွေးပေါက်ကျယ်စေတဲ့အကြောင်းတွေကိုလည်း သတိထားရပါမယ်။
ပြီးတော့ ချွေးပေါက်လေးတွေ ကျဉ်းသွားအောင် လုပ်ဆောင်ရမှာတွေကို ပြောပြပေးမယ်နော်။

အသားအရေထိန်းသိမ်းမယ်

- အဆီပိုတွေနဲ့ ဆဲလ်သေတွေကြောင့် ချွေးပေါက်တွေပိုကျယ်လာစေပြီး ၀က်ခြံတွေလည်း ဖြစ်စေတော့ အသားအရေကို သေချာသန့်စင်ပေးဖို့ အရေးကြီးတယ်နော်။

Saturday, September 14, 2013

ရွှေတိဂုံ စေတီတော်မြတ် သမိုင်း


ကမ္ဘာပေါ်ရှိ အမြင့်ဆုံး ဘုရားစေတီမှာ ၃၂၆-ပေ ရှိသော ရွှေတိဂုံ စေတီတော်ပင်ဖြစ်ပြီး ရန်ကုန်မြို့ရှိ သိင်္ဂုတ္တရ ကုန်းတော်ပေါ်တွင် တည်ရှိသည်။ လေးဆူဓာတ်ပုံ ရွှေတိဂုံ ဟုလည်း ခေါ်တွင်သည်။ စေတီအစ ရွှေတိဂုံက ဟုဆိုကြသည်။ တည်နေရာ..... ရန်ကုန်မြို့သိင်္ဂုတ္တရ ကုန်းတော် ဉာဏ်တော..်.......ဖိနပ်တော်မှ စိန်ဖူးတော်ထိ (၃၂၆) ပေ ကျော်ကြားမှု.......အစောဆုံး စေတီတော်ကြီး (ကမ္ဘာ့အံ့ဘွယ်) အမည်ခေါ်တွင်ပုံ ရန်ကုန်တိုင်းကို မွန်လူမျိုးတို့သည် ဒဂုံတိုင်းဟု သမုတ်ခဲ့ကြသည်။ ဒဂုံတိုင်းမှာ တည်ထားသော ဘုရားဖြစ်သည့် အတွက်ကြောင့် ဒဂုံတိုင်းကဘုရားဟု ခေါ်ဝေါ်ပြောဆိုခဲ့ကြသည်။ မွန်ဘာသာဖြင့် ကျာ်လဂုင် ဟုရေးသားပြီး ကျိုက်လဂုံဟုအသံထွက်ဆိုခဲ့ကြသည်။ တတိယမြန်မာနိုင်ငံကို တည်ထောင်ခဲ့သော အလောင်းမင်းတရားကြီးလက်ထက်တွင် မွန်တို့ကို တိုက်ခိုက်အောင်မြင်ပြီးနောက် ဒဂုံကို ရန်ကုန်ဟု အမည်နာမ ပြောင်းလည်ခဲ့သည်။ ကျိုက်လဂုံကို ကျိုက်ဒဂုံ ဟု ခေါ်ဆိုကြသည်။ နောက်ပိုင်းတွင် ကျိုက်လဂုံ(သို့) ကျိုက်ဒဂုံသည် မြန်မာပြည်၏ မူပိုင်သင်္ကေတ အဖြစ်ကျော်ကြားလာခဲ့သည်။ မူပိုင်ကျိုက်ဆိုသော စကားလုံးနေရာတွင် ရွှေနိုင်ငံ(Golden land)ကို ကိုယ်စားပြုသော ရွှေ ဆိုသော စကားလုံးဖြင့် အစားထိုးခဲ့ကြသည်။ ထို့အတူ လဂုံ လိုလို ဒဂုံ လိုလို ဖြစ်နေသောစကားလုံးကိုလည်း တိဂုံ ဖြင့် အတည်ပြုပေးလိုက်ကြသည်။ ထိုအချိန်မှစ၍ ကျိုက်လဂုံ သည် မြန်မာပြည်တွင်မှာ သာမက ကမ္ဘာ့  တ၀ှမ်းမှာ ရွှေတိဂုံ ဟူသော အမည်နာမဖြင့် ခေါ်ဝေါ်ခဲ့ကြသည်။ သမိုင်းကြောင်း သဗ္ဗညု မြတ်စွာဘုရားရှင်သည် ဗောဓိပင်ရင်း သတ်္တဌာန၌ (၇)ရက်စီ အလှည့်ကျစံတော်မူပြီး (၄၅)ရက် သီတင်းသုံး နေတော်မူ ခဲ့သည်။ ဤသို့ နေတော်မူ (၄)ရက်ပြည့်မြောက်ပြီး နောက် တစ်နေ့၌ ““ရာပဒတန်သတ်္တဟ”” ဖြစ်သည့် လင်းလွန်းပင်ရင်း၌ သီတင်းသုံး စံတော်မူစဉ်ကာလ။ ကုန်သည်ညီနောင် ထိုစဉ်ကာလ၌ မွန်တို့ဌာနေ၊ ဥက္ကလာပမင်းကြီး၏ နိုင်ငံတော်တွင် ပါဝင်သော အသိဉ္စနမြို့၌ သုဝဏ္ဏအမည်ရှိသော သူဌေးကြီးတစ်ဦးရှိလေသည်။ ထိုသူဌေးကြီးတွင် တပုဿနှင့် ဘလ္လိက ဟူသော သားနှစ်ယောက်ရှိသည်။ ၎င်းတို့သည် ကုန်သည်များ ဖြစ်ကြသည်။ ၎င်းကုန်သည် ညီနောင်တို့သည် ကုန်များကို သင်္ဘောဖြင့် တင်ဆောင်ကာ မဇ္ဈိမဒေသသို့ ကုန်ရောင်းသွားကြသည်။ မဇ္ဈိမဒေသပင်လယ်ဆိပ်ကမ်းသို့ ရောက်သောအခါ သင်္ဘောကို ဆိုက်ကပ်ကျောက်ချ၍ ကုန်များကို လည်းအစီးပေါင်း (၅၀၀)ပေါ်သို့ တင်ဆောင်ကာ မဇ္ဈိမဒေသ၌ လှည့်လည်ရောင်းချကြသည်။ တဖုဿ ဘလ်္လိက ကုန်သည်ညီနောင်အဖွဲ့သည် ဗောဓိပင်အနီးသို့ ရောက်ရှိ လာခဲ့ကြ၏။ ကုန်သည်တို့ မဟာဗောဓိပင် အနီးသို့ရောက်ပြီး တစ်နေ့ သို့မဟုတ် တစ်ည၌ ရုက်္ခစိုးနတ်သည် ကုန်သည်ညီနောင်အား ကိုယ်ထင်ပြခဲ့၏။ ကုန်သည်ညီနောင်တို့သည် ရုက်္ခစိုးနတ်အား မြင်လျှင် အံ့သြသွားကြ၏။ အသင်မည်သူနည်း ဟုမေး၏။ ရုက်္ခစိုးနတ်က .`အမောင်တို့ နားထောင်လော့ ကျွန်ုပ်က တခြားမဟုတ်၊ ကျွန်ုပ်သည် ဟိုးဘ၀က အမောင်တို့နှင့် ဆွေမျိုးတော်စပ်ခဲ့သူများ ဖြစ်ပြီး၊ ကျွန်ုပ်သည် ဟိုးရှေးဘ၀က ကောင်းမှုကောင်းကျိုးများ ပြုခဲ့သူ ဖြစ်သဖြင့် ယခုဘ၀တွင် ရုက်္ခစိုးနတ်ဖြစ်ခဲ့သည်။ အမောင်တို့ ယခု သင်တို့ထံသို့ ရောက်ခဲ့သည်မှာ သင်တို့နှင့်ကျွန်ုပ်သည် ယခင် ဘ၀ဆွေမျိုးတော်စပ်ဖူးသူ ဖြစ်သဖြင့် သင်တို့အား အကျိုးပြုရန် ဤသို့ ကိုယ်ထင်ပြရခြင်းဖြစ်သည် အမောင်တို့´ဟုပြောသည်။ ကုန်သည်ညီနောင်က `အသင်က မည်သို့ အကျိုးပြုဖို့လာသနည်း´ဟု ရုက္ခစိုးနတ်ကို မေး၏။ ထိုအခါ ရုက်္ခစိုးနတ်က`နားထောင်လော့ အမောင်တို့ ကျွန်ုပ်သင်တို့အား အကျိုးပြုသည်ဆိုသည်မှာ အခြားမဟုတ်ပါ။ ပြောရလျှင် အမောင်တို့ ရောက်ရှိနေသည့် မဇ္ဈိမဒေသတွင် သုံးလောကထွဋ်ထား ရှင်တော်မြတ်ဘုရားဟာ ပွင့်တော်မူပြီး လင်းလွန်းပင်ခြေရင်းမှာ သီတင်းသုံး စံတော်မူနေတာမို့ အမောင်တို့ သွားရောက် ပူဇော်လော့ တိုက်တွန်းလမ်းညွှန်လိုတယ် အမောင်တို့´ဟုဆိုလျှင် တဖုဿနှင့် ဘလ်္လိက ကုန်သည်ညီနောင်တို့ အလွန်တရာ ၀မ်းမြောက်ကြည်နူးသွားကြ၏။ ချက်ခြင်းပင် “ဒါဆို ကျွန်ုပ်အား လမ်းညွှန်ပြပါ ရုက္ခစိုးနတ်” ဟုပြော၏။ “ကောင်းပြီ ၊ အမောင်တို့၊”ထို့နောက် ရုက်္ခစိုးနတ်သည် တဖုဿနှင့် ဘလ်္လိက ကုန်သည်ညီနောင်တို့အား ဘုရားရှင် သီတင်း သုံးရာ လင်းလွန်းပင်အား လမ်းညွှန်ပြခဲ့၏။ သည်အခါ ကုန်သည် ညီနောင်တို့သည် သဒ္ဒါပီတိအပြည့်နှင့် ဘုရားရှင် သီတင်းသုံးရာ လင်းလွန်းပင်ရင်းသို့ သွားကြ၏။ မြတ်စွာဘုရားရှင်အား မုန့်ကြွပ်ကြော်၊ ပျားမုန့်ထုပ် တို့နှင့် ဘုရားရှင်အား လှူဒါန်းပူဇော်ခြင်းပြု၏။ ပထမဆုံး သရဏဂုံတည်သူ ကုန်သည်ညီနောင်တို့ မြတ်စွာဘုရားရှင်အား မုန့်ကြွပ် ကြော်၊ ပျားမုန့်ထုပ်တို့နှင့် ပူဇော်သက်္ကာကပြု လှူဒါန်းခဲ့သည်။ ဘုရားရှင်မှ ဤသို့ လှူဒါန်းပူဇော်ခဲ့သည့်အတွက် ဗုဒ်္ဓံသရဏံ ဂစ္ဆာမိ၊ ဓမ်္မံသရဏ ဂစ္ဆာမိ ဟူသည့် “ဒွေးဝါဓိက” သရဏံဂုံ တည်ခဲ့ကုန်၏။ ထိုစဉ်က “ဘုရားရတနာ၊ တရားရတနာ” တည်းဟူသည့် “ရတနာနှစ်ပါး”သည်သာ ပေါ်ထွန်းခဲ့ပြီး၊ သံဃာရတနာသည် ပေါ်ပေါက်ခဲ့ခြင်းမရှိသေးပေ။ ထို့ကြောင့် လူသူအများသည် ရတနာနှစ်ပါးအားသာ ဆည်းကပ်ပူဇော်နေကြကုန်၏။ ဗုဒ္ဓ၀င်သမိုင်းကို ပြန်ကြည့်လျှင် ဂေါတမဘုရားရှင် လက်ထက်၌ တဖုဿနှင့် ဘလ်္လိက ကုန်သည်ညီနောင်တို့သည် ထူးခြားစွာ ဘုရားရှင်အား ပထမဆုံး ဆွမ်းကပ်ရသူနှင့် ပထမဆုံး သရဏဂုံ တည်သူများ ဖြစ်ခဲ့၏။ ဆံတော်ရှစ်ဆူ ဘုရားရှင်အား ပူဇော်ခွင့်၊ ဆွမ်းကပ်ခွင့်ရခဲ့သည့်အတွက် ပီတိဖြစ်ခဲ့ရသည်။ တဖုဿနှင့် ဘလ်္လိက ကုန်သည်ညီနောင်တို့သည် ဆွမ်းကပ်လှူပူဇော်ပြီးလျှင်.“အရှင်ဘုရား၊ တပည့်တော်တို့ အရှင်မြတ်ဘုရားအား ထာဝရကိုးကွယ်ဆည်းကပ်ပူဇော်နိုင်ရန် ဘုရားရှင်ကိုယ်စား ပူဇော်ရာ တစ်ခုအား ပေးသနားတော် မူပါဘုရား” ဟုလျှောက်ထား လေ၏။ “ကောင်းပြီးချစ်သားတို့” မိန့်တော်မူပြီး သကာလ ဦးခေါင်းတော်အား သုံးသပ်ပြီး ဆံတော်မြတ် (၈)ဆူအား ကုန်သည်ညီနောင်တို့ အားပေးသနားတော်မူရာ တဖုဿနှင့် ဘလ်္လိက ကုန်သည် ညီနောင်တို့သည် ၀မ်းမြောက်ပီတိ အပြည့်နှင့် ဗုဒ္ဓဘုရားရှင်၏ ဆံတော်(၈)ဆူအား သင်္ဘောနှင့်ပင့်ဆောင်ကာ ဥက္ကလာပတိုင်းပြည် သို့ ပြန်ခဲ့၏။ တဖုဿနှင့် ဘလိ္လက ကုန်သည်ညီနောင်တို့ ဘုရားရှင်၏ ဆံတော်(၈)ဆူအား ပင့်ဆောင်ကာ ဥက္ကလာပတိုင်းပြည်သို့ ပြန်လာလျှင် ဥက္ကလာပတိုင်း၏ ပြည့်ရှင်မင်းမြတ်

ကြယ်မိုးရွာမှု မြင်ကွင်းအလှ



ယခုသီတင်းပတ် အစောပိုင်းက တွေ့မြင်ရသည့် ကြယ်မိုးရွာမှု ဖြစ်စဉ်ကို ဗြိတိန်နိုင်ငံ ညဘက်ကောင်းကင်ယံတွင် လှပစွာ တွေ့မြင်ခဲ့ရပြီး ယင်းကို Daily Mail သတင်းစာက ပြန်လည် ဖော်ပြခဲ့သည်။

အာကာသထဲတွင် ရွေ့လျားနေသည့် Swift-Tuttle ကြယ်တံခွန်၏ အကြွင်းအကျန် အစအနများကို ကမ္ဘာပတ်လမ်းက ဖြတ်သန်းဝင်ရောက်သည့် အခါများ၌ အဆိုပါ ဖြစ်စဉ်မျိုး နှစ်စဉ် ပေါ်ပေါက်လေ့ရှိကြောင်းလည်း သိရသည်။

Planet.com.mm

အသားအရေပျက်စီးရသော အကြောင်း ရင်းနှင့် ပြန်လည် ပြုပြင်နည်းများ



ကောင်းမွန်လှပတဲ့ အရေပြား ဆိုတာ အပြစ်အနာအဆာ ကင်းပြီး ချောမွေ့တင်းရင်း နေတာ မျိုးပါ။ အသားအရေ ပျက်စီးပြီဆိုရင်တော့ အရေပြားခြောက် သွေ့နေတတ်တာ၊ ကြမ်းတမ်းတာ၊ ကွဲအက်လွယ် တာ၊ ဝက်ခြံပေါက်တာ၊ အရေးကြောင်းပေါ်တာ၊ ကြည်လင်မှုမရှိတာ စတဲ့ ပြဿနာတွေ ပေါ်လာပါတော့တယ်။


အသားအရေပျက်စီးရသည့် အကြောင်းရင်း
အသားအရေ ပျက်စီးစေတဲ့ အဓိက အကြောင်းရင်းတွေရှိပါတယ်။ အဖြစ်များတဲ့ အရေပြားပျက်စီးမှုတွေကတော့

Friday, September 13, 2013

မှတ်ဥာဏ်ထက်သန်စေမည့် နည်းငါးသွယ်


စကားလုံးအသုံးအနှုန်းတစ်ခုခုကို ပြောခါနီးမှ ပါးစပ်ဖျားလေးတင် မေ့နေတာမျိုး၊ ဖုန်းနံပါတ်ကို မေ့နေ တတ်တာမျိုးဖြစ်တတ်ပါလား။ ဦးနှောက်တစ်သျှူးတွေဟာ အသက်အရွယ်ရလာတာနဲ့အမျှ
ပျက်စီးဆုံး ရူံးတတ်ပါတယ်။ စီးကရက်နဲ့ စိတ်ဖိစီးမှုတွေကြောင့်လည်း
ဦးနှောက်ပျက်စီးလွယ်ပါတယ်။ ဒါပေမဲ့ မပူပါနဲ့။ မှတ်ဥာဏ်တွေ အခုထက်ပိုပြီး
ထက်မြက်စေဖို့ ဦးနှောက်လေ့ကျင့်ပေးမယ့် နည်းတွေရှိပါတယ်။

၁။ စိတ်အေးအေးထားပါ
စိုးရိမ်ပူပန်စိတ်၊ စိတ်ဖိစီးမှုဖြစ်ပေါ်တဲ့အခါ ထွက်ရှိလာတဲ့ ဟော်မုန်းတွေဟာ ဦးနှောက်လုပ်ငန်းဆောင် တာတွေကို ပျက်စီးပြီး မှတ်ဥာဏ်အသစ်ဖြစ်ပေါ်ဖို့လည်း
တားဆီးပေးပါတယ်။ ဒါကြောင့် စိတ်အေးအေး ထားပါ။ တရားမှတ်ခြင်း၊
ယောဂကျင့်ခြင်းတို့ ပြုလုပ်ပေးပါ။

၂။ လေ့ကျင့်ခန်းလုပ်ပါ
လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် သွေးလည်ပတ်မှုအားကောင်းစေပြိး သီးနှောက်ထက်မြက်စေပါတယ်။ အသက်အရွယ်ရလာတာနဲ့အမျှ ဦးနှောက်ဆဲလ်(neuron) တွေ
ကျုံ့ဝင်ပြီး ဆလ်ြတစ်ခုနဲ့တစ်ခုအကြား ဆက်သွယ်ပေးတဲ့ neurotransmitter
တွေကိုလည်း ဟန့်တားတဲ့အတွက် သော့ဘယ်မှာ ထားသလဲဆို တာကို မေ့မေ့နေတတ်တယ်။
ဒါပေမဲ့ နှလုံးသွေးခုန်နှုန်းမြန်ခြင်းဖြင့် မှတ်ဥာဏ်နဲ့ ဦးနှောက် လုပ်ငန်း
ဆောင်တာကို ကောင်းမွန်စေပါတယ်။ လမ်းလျှောက်ခြင်း၊ ရေကူးခြင်း၊
သစ်ပင်စိုက်ခြင်းစတဲ့ ဘယ်ကိုယ်လက် လှုပ်ရှားမှု အကျိုးရှိမှာပါ။

၃။ ဈေးဝယ်ထွက်ပါ
လေ့လာချက်တွေအရ သက်ကြီးရွယ်အို အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ယှဉ်တဲ့အခါမှာ မှတ်ဥာဏ်သာလွန်တာ တွေ့ရပါတယ်။
ဘာကြောင့်လဲဆိုတော့ ဈေးဝယ်ထွက်ခြင်းကြောင့်ပါ။ ဈေးဝယ်ထွက်ခြင်းဖြင့်
ကိုယ်ရော၊ စိတ်ပါလှုပ်ရှားကာ လေ့ကျင့်ခန်းလုပ်နေသလိုပါပဲ။ ဘာဝယ်မယ်ဆို တာ
တွက်ချက်ခြင် ဘယ်လောက်ကျသလဲဆိုတာ တွက်ချက်ခြင်းဖြင့် ဦးနှောက်ကို
သွက်လက်ထက် မြက်နိုင်ပါတယ်။

၎။အနုပညာလေ့လာပါ
ရူပ်ထွေးတဲ့ ရုပ်ပုံအသစ်တွေဟာ ဦးနှောက်ပျက်စီးမှုကို နှေးစေပါတယ်။ ဦးနှောက်ဟာ ပထမဆုံးပန်ချီ ကား၊ ရုပ်ပုံရဲ့ ထင်သာ မြင်သာတဲ့ အပိုင်းတွေကို
သတိထားမိပြီးနောက် ဆန်းသစ်ကွဲပြားတဲ့ အပိုင်းတွေ ကို လေ့လာမိမှာပါ။
ဒါကြောင့် မြင်နေကျပုံတွေကိုကြည့်မယ့်အစား ဦးနှောက်အတွက်
ကောင်းမွန်စေနိုင် တဲ့ ဆန်းပြားတဲ့ ပုံတွေ၊ ပန်းချီကားတွေကို ကြည့်ပါ။
စိတ္တဇပန်ချီကားတွေကိုကြည့်တဲ့အခါ ဦးနှောက်ကို
လေ့ကျင့်ခန်းလုပ်ပေးသလိုပါပဲ။

၅။ ဦးနှောက်လေ့ကျင့်ခန်း
နောက်တစ်ခါ သင်ရဲ့ဆရာ သင့်ကို ခက်ခဲတဲ့ အလုပ်တွေလုပ်ခိုင်းပါက ကျေးဇူးတင်လိုက်ပါ။ အသက် ၃၀ မှ ၅၀ ကြားအရွယ်မှာ ဦးနှောက်သုံးရတဲ့
အလုပ်တွေလုပ်ပါက အသက်ကြီးတဲ့အခါ ဖြစ်တတ်တဲ့ အယ်လ်ဇိုင်းမားရောဂါကို
ကာကွယ်ပေးနိုင်ပါတယ်။ နေ့စဉ် ဦးနှောက်သုံးခြင်းဖြင့် ဦးနှောက်လုပ်ငန်း
ဆောင်တာကို ပိုမိုကောင်းမွန်စေပါတယ်။ ဒါကြောင့် သင့်အလုပ်မှာ
ဦးနှောက်သုံးစရာမလိုပါက ဘာသာစကားအသစ်သင်ခြင်း၊ ပဟေဠိဖြေခြင်း၊
ဦးနှောက်အသုံးပြုတဲ့ ကစားနည်းကစားခြင်းကို ပြုလုပ် ခြင်းဖြင့်
သီးနှောက်ကို လေ့ကျင့်ခန်းလုပ်ပေးပါ

နံနက်စာ ပုံမှန်စားလေ့မရှိသူများ နှလုံးရောဂါဖြစ်နိုင်ခြေ ပိုများ

နှလုံး ကျန်းမာရေးသည် မနက်စာ စားသောက်သည့် အလေ့အထနှင့် ဆက်နွယ်မှုရှိပြီး နေ့စဉ်နေ့တိုင်း နံနက်စာကို ပုံမှန် အချိန်ယူ စားသောက်သင့်ကြောင်း သုတေသီများက အကြုံပြု ပြောကြားလိုက်သည်။ Circulation (သွေးလှည့်ပတ်မှု) ဆေးပညာ ဂျာနယ်တွင် ဖော်ပြထားသည့် ဆောင်းပါးသည် လူပေါင်း (၂၇၀၀၀)၏ နေထိုင်မှု ဓလေ့စရိုက်နှင့် ကျန်းမာရေး ဆက်နွယ်မှုတို့အပေါ် အခြေခံ သုတေသန ပြုထားခြင်း ဖြစ်သည်။ သုတေသီများက နံနက်စာ မစားဘဲ နေခြင်းသည် နှလုံးတွင် ပြဿနာများ ဖြစ်ပေါ်နိုင်သည့် အန္တရာယ်ကို ပိုမို ကြီးမားလာစေနိုင်ကြောင်း ဆိုသည်။

တစ်ဖက်တွင်လည်း နံနက်စာကို ကျန်းမာရေးနှင့် လျော်ညီသင့်တင့်သည့် ရွေးချယ်မှုမျိုးဖြင့် စားသောက်သင့်ကြောင်း သုတေသီများက ပြောကြားခဲ့သည်။ ဟားဗက် ပြည်သူ့ကျန်းမာရေး ဆေးကျောင်းမှ ပညာရှင်များက မနက်စာ လွတ်သွားခြင်းကြောင့် ခန္ဓာကိုယ်သည် ဇီဝကမ္မ ဖြစ်စဉ်များအတွက် ပိုမို အားစိုက် လှုပ်ရှားရလေ့ရှိကြောင်း ရှင်းပြခဲ့သည်။ ထိုအနေအထားကြောင့် ခန္ဓာကိုယ် သွေးလှည့်ပတ်မှုတွင် အဓိက အစိတ်အပိုင်းဖြစ်သော နှလုံးသည် ထိခိုက်မှု ပိုကြီးလာတတ်ကြောင်းလည်း သိရသည်။

ဗြိတိသျှ နှလုံးဖောင်ဒေးရှင်းကလည်း မနက်စာကို လျော်လျော်ကန်ကန် စားသုံးခြင်းသည် လူအများအနေဖြင့် သကြားဓာတ် လွန်ကဲသည့် Snackကဲ့သို့ သရေစာမုန့်များ စားသောက်ခြင်းကို အတားအဆီးတစ်ရပ် ဖြစ်သွားစေလေ့ရှိကြောင်း ထောက်ခံထားသည်။ အသက်(၄၅)နှစ်မှ (၈၂)နှစ်ကြား လူပေါင်း (၂၇၀၀၀)တို့၏ (၁၆)နှစ်ကြာ ကျန်းမာရေး မှတ်တမ်းများနှင့် နေထိုင်မှု ဓလေ့စရိုက်များကို သုတေသီများက ယှဉ်တွဲ လေ့လာခဲ့ပြီး ယင်းတို့အနက် (၁၅၀၀)ခန့်သည် နှလုံးဖောက်ပြန်မှု၊ သေဆုံးသည်အထိ ဆိုးရွားသည့် နှလုံးရောဂါ ထိုးနှက်မှုများနှင့် ကြုံခဲ့ရကြောင်း တွေ့ရှိခဲ့သည်။ အဓိကအားဖြင့် ယင်းတို့အနက် အများစုသည် မနက်စာ ပုံမှန်စားသောက်သည့် အလေ့အကျင့်မျိုး ကင်းကွာနေသည်ကို ဖော်ထုတ်နိုင်ခဲ့သည်။

Thursday, September 12, 2013

သူက တကယ်ချစ်ရဲ့ လား(ဗေဒင်)

..မိန်းကလေးတွေအတွက် စံ ဇာဏီဘို ရဲ့အချစ်ဗေဒင်ထဲကတွက်နည်းလေးပေါ့...


ဒီတွက်နည်းလေးကမြန်မာ့ရိုးရာ လက်ဆန်းနည်းလေးပါ။မိန်းခလေးတွေအတွက်သီးသန့်ပါ။အရွယ်ရောက် တဲ့မိန်းခလေးတွေက အစ အရွယ်လွန် အပျိုကြီးတွေ ..တခါတရံ တခုလပ် အိမ်ထောင်ပျက် အစရှိတဲ့ အမျိုးသမီးတွေမှာ ချစ်စကားကမ်းလှမ်းခံရတာ မေတ္တာရှိကြောင်းပြောလာတာ၊ လက်ထပ်ခွင့်ပန်လာတာတွေရှိပါလိမ့်မယ်...ရင်ခုန်ရတာ တဖက်၊ကြည်နူးရတာ တမျိုးနဲ့ နောက်ဆုံးတကယ်ချစ်တာမှ ဟုတ်ရဲ့လား ဆိုတဲ့ စိုးရိမ်စိတ်က ပေါ်လာစမြဲပေါ့၊ဒီပညာလေးကလွယ်ပါတယ်။ ဒါပေမယ့် လျှော့မတွက်ပါနဲ့ တကယ်မှန်တာ။
ကို က ဖူးကို တကယ်ချစ်မချစ် တွက်စစ်ကြည့်မယ်
အဆင့်(၁)ကို့ကိုချစ်စကားလာပြောတဲ့သူရဲ့ နာမည် အပြည့်အစုံကို ဗေဒင်သင်္ချာဂဏန်းတွေအဖြစ် ပြောင်းပါ။အက္ခရာနဲ့ သင်္ချာဂဏန်းတွဲပြထားပါတယ်
ဗျည်း ကိုသာယူပါတယ်..။
အမည်ဗျည်းအက္ခရာ ဗေဒင်သင်္ချာဂဏန်း
အ ၊ ဥ ၊သြ ၁
က ခ ဂ ဃ င ၂
စ ဆ ဇ စ် ည ၃
ယ ရ လ ၀ ၄
ပ ဖ ဗ ဘ မ ၅
သ ဟ ၆
ထ တ ဒ ဓ န ၇

ရှေ့က(မောင်၊ကို၊ဦး) အစရှိတာတွေကိုဖယ်
ဥပမာ- ကို့ နံမည်က  ဉာဏ်ဇော် ဆိုတော့
ည/ဉ + ဇ
= ၃+ ၃
= ၆
ဒီသဘောပါပဲ တခြားအမည်တွေလဲ ဒီသဘောပါပဲ..။

အဆင့်(၂)
နောက်ပြီး ကိုယ်ရောက်နေတဲ့ အသက်။ ကို့ရဲ့ မွေးနံ သင်္ချာဂဏန်း နဲ့ပေါင်းထား ပါ။

မွေးနေ့ မွေးနံသင်္ချာဂဏန်း
တနင်္ဂနွေ ၁
တနင်္လာ ၂
အင်္ဂါ ၃
ဗုဒဟူး ၎
ကြာသပတေး ၅
သောကြာ ၆
စနေ ၇

ဥပမာ မိမိရဲ့ အသက်က (၂၄) နှစ်ထဲရောက်နေရင် ဟို (၂၃) နှစ်ပြည့်ပြီးရင် အဲဒါ (၂၄) ပဲနော်..
မိမိက တနင်္လာနေ့ မှာမွေးတယ် ဆိုပါစို့။

ဖူး ရဲ့ အသက်=၂၄
ဖူးရဲ့ မွေးနေ့ သင်္ချာ နံ = တနင်္လာ = ၂
အသက် + မွေးနံသင်္ချာ= ၂၄+၂=၂၆

ချစ်ရေးဆိုသူ နာမည်ကို ဂဏန်းနဲ့ဖွဲ့ထားတဲ့ အဆင့်တစ်က ရလဒ်နဲ့ ချစ်ရေးဆိုခံ ရသူရဲ့ အသက် မွေးနံသင်္ချာပေါင်းရထားတဲ့
အဆင့် (၂) က ရလဒ် နှစ်ခုလုံးကို ပေါင်းပြီး ခုနှစ် ဂဏန်းနဲ့ စားပါ အကြွင်းကိုကြည့်...။

အဆင့် ၁ ရလဒ် = ၆
အဆင့် ၂ ရလဒ်= ၂၆
၂ ခုပေါင်း =၆+၂၆=၃၂
၃၂ ကို ၇ နဲ့စားပါ အကြွင်းက ၄ ပါ..။

ဒီအဖြေကကိုကြည့်တဲ့အချိန်မှာရင်တွေအရမ်းခုန်းနေတယ်...
အဖြေကိုကြည့်ပြီးပျော်လည်းအရမ်းပျော်သွားတယ်...ကြည်လဲကြည်နူးတယ်...ကို့ကိုလည်းသိစေချင်တယ်..
ဖူးရဲ့အဖြေက

အကြွင်း၎။ ။ ရရင် တကယ်ချစ်နေတာပါ။ အတည်ပြောတာပါ။ကို့ကိုမြတ်နိုးနေတာမှသဲသဲ လုပ်ပဲ။ကို့အတွက်ဆိုဘာကိုရင်ဆိုင်ရစေ ခိုင်မြဲတဲ့အချစ်နဲ့ မြတ်မြတ်နိုးနိုး တစ်သက်တာ လက်တွဲမယ့်သူပါ။သူက စကားနည်းတယ်။ဒီမေတ္တာစကားပြောဖို့တောင်တော်တော်အရှိန်ယူ ရပုံပဲ။
ကို့အပေါ်သူတတ်အားသလောက်တင့်တင့်တယ်တယ်ထားမှာ အမှန်ပဲ။သဘောကျရင်စဉ်းစားဖို့တကယ်ကောင်းတဲ့သူပေါ့။သူ့ဝန်းကျင် အသိုင်းအ၀န်း။
သူ့အနေအထားတွေကိုမိန်းကလေးပီပီထည့်တွက်ပေးမယ်။ အချစ်ဘက်ကတော့အမှတ်ပြည့်တကယ်ပေးထားတယ်။
ကို့သဘော ကို့အလိုတကယ်လိုက်ပြီး ကို့မျက်နှာအညိုးမခံရအောင်
သူ့ဘက်ကတကယ်ဆောင်ရွက်ပေးမှာပါ...လက်ခံလို့ရတယ်။သူဘက်ကလက်ထပ်ဖို့သေချာပါတယ်။အချိန်ယူပြီးစဉ်းစားဆုံးဖြတ်ပေါ့..။

သူငယ်ချင်းတွေအားလုံးရင်ခုန်နိုင်ဖိုကျန်တဲ့အကြွင်းတွေကိုလည်းရေးပေးထားပါတယ်။
ကို့ကို ချစ်စကားဆိုသူ က ၂ ယောက် ၃ ယောက်ဆိုရင် သူတို့နာမည်တွေနဲ့တွက်ကြည့်ပေါ့နော့်....။နောက်ဆုံး ရတဲ့အကြွင်းကိုကြည့်ပြီး လိုရာသုံးပေရော့..။

အကြွင်း၁။ ။ ရပါက သူ့စကားကတော့ မှန်ပါတယ်။တကယ်ချစ်နေတာပါ။ဒါပေမယ့် လက်ထပ်တဲ့အထိတော့ ကိယ့်အပေါ်မှာ
မစဉ်းစားသေးဘူးနော်။လက်ထပ်မယ်လို့ပြောလာရင်လဲ အပေါ်ယံ ပြောတာ။တကယ် လက်ထပ်နိုင်တဲ့အခြေအနေ လတ်တလော သူ့မှာ
မရှိသေးဘူး။သူ့မှာ ဖြေရှင်းစရာ။ရင်ဆိုင်စရာမိဘ အသိုင်းအ၀ိုင်းကြားထဲက ချစ်နေရတာ။ ချစ်သူဘ)နဲ့ တွဲသွားတွဲလာ အဖော်အနေနဲ့
တော့ကောင်းပါတယ်။ဒါပေမယ့် အိမ်ထောင်ဖက်တော့ဖြစ်လာမှာမ ဟုတ်ပါဘူး ဆိုတာသေချာပါတယ်။ချစ်တိုင်းလဲ မညားဆိုတဲ့ စကားကို
သတိရပါ..။

အကြွှင်း၂။ ။ ရခဲ့ရင်တော့ ဟန်ကျတာပဲ။ သူ့အချစ်က တကယ့်ကိုစံတင်လောက်တယ်။သူတကယ်ကို့ကိုချစ်နေတာ။သနားဖို့ကောင်း
ပါတယ်။သူ့ဘ၀ သူ့အချစ် သူ့မေတ္တာ အားလုံး ကို့ကိုပုံပေးပြီး အဖြေ တုံ့ပြန်မှုကို တကယ်မျှော်လင့်နေတာ။သဘောကလောက်တဲ့ အနေအထား ကိုလိုလားတဲ့ အခြေအနေများ ရှိရင် လက်ခံသင့်တဲ့သူပါ။တခုတော့ရှိတယ်နော်။သူက တကယ်လက်ထပ်မှာလို့ပဲပြောတာ။
ကိုက မစဉ်းစားသေးဘူးဆိုလည်းသူက နေက်ဆုတ်သွားမှာပါ..။အနှောက်အယှက်မပေးပါဘူး..။

အကြွင်း၃။ ။ ရရင်တော့ ဒီစကားမျိုး ရှင်ပြောတာ များပြီထင်ရဲ့ ကျွန်မက နံပါတ်ဘယ်လောက်လဲလို့မေးလိုက်တော့..။
မျက်နှာများတဲ့သူပဲ။ကို့ကိုသဘောကျတွဲချင်တာ ပဲ ရှိပါတယ်။လေးလေးနက်နက်ချစ်တဲ့အနေအထားတော့မဟုတ်ဘူးနော်။လက်ထပ်ပေါင်းသင်းဖို့နေနေသာသာ ရေရှည်ချစ်ပါ့မလားတောင်
မသိ။ကိုက လက်ခံမိရင် ကို့အပြင်သူနောက်ထပ်တယောက်တွဲနေတာတို့ ကို့ကိုပစ်ထားလိုက်။ပြန်လာလိုက်နဲ့ချစ်တမ်းကစားနေတာတို့
လုပ်အုံးမှာ။ အသည်းကွဲကာကွယ်ဆေးထိုးပြီးမှချစ်ပေါ့။ဒါပေမယ့် ကမ္ဘာမှာ အဲဆေးမပေါ်သေးဘူးနော်..။မိတ်ဆွေလောက်နဲ့ပဲထားဖို့ကောင်းပါတယ်။

အကြွှုင်း၅။ ။ရပါက သူကိုယ်တိုင်တောင်ဒီစကားပြောတာသေချာရဲ့လား မသိနိုင်ဘူး။တခါတလေကို့ကိုချစ်လိုက်။တစ်ခါတလေ
ကို့ကိုမေ့ထားလိုက် လုပ်မှာပါ..။ရည်းစားစကားပြော ချစ်ခွင့်ပန်ပြီး ဒီစကားပဲ သူမပြောသလိုလို။တခါလောက်ပြောပြီး ကိုက မူပြီးအချိန်
ဆွဲထားရင်ကြားထဲမှာ ထပ်အဖြေတောင်းတော့မှာမဟုတ်ဘူး။သူက တကယ်ချစ်တတ်သူမှ ဟုတ်ရဲ့လား။သူ့ရင်ထဲမှာ အသည်းနလုံးရော
ရှိရဲ့လား..။ဆိုတာကိုလေ့လာသူ့စိတ် သူ့ပါတ်ဝန်းကျင် နဲ့ကို အဆင်ပြေပါ့မလား..။တွေးကြည့်ပေါ့။ငြင်းစရာမှိလောက်အောင်ပြည့်စုံလို့
လက်ခံမယ် ။ကိုကချစ်သာနေပြီးမဆွတ်ခင်က ညွတ်ချင်ချင်ဖြစ်ပြီး သူလာပြောတာနဲ့ အဖြေပေးခဲ့မိရင် လက်ထပ်ဖို့တော့အချိန်လေးယူပါအုံး..။

အကြွင်း၆။ ။ ရပြီဆိုရင်တော့ တကယ် ကောင်းတဲ့သူဆိုတာသတ်မှတ်လိုက်ပါ။သူ့မေတ္တာက အမှန်တည်ငြိမ်ပါတယ်။ကိုမှတပါးနောက်တယောက်ထားမှာမဟုတ်ဘူး။ပြီးခဲ့တဲ့ အတိတ်မှာဘယ်လောက်ရှုပ်ရှုပ် ကိုနဲ့ကျမှတည်တည်ငြိမ်
ြိငိမ်ဖြစ်မှာ။အသက်အနေအထား ဖြတ်သန်းရတဲ့ ၀န်းကျင်တွေကြားထဲမှာ ပေါက်ဖွားလာတဲ့အချစ်စစ်။တကယ်လက်ထပ်သင့်တဲ့သူပေါ့။
သူကသိပ်ချစ်တတ်တဲ့သူ။ ကို့အလိုတကယ်လိုက်မှာ။ရေရှည်တည်မြဲပါတယ်။ကို့မိဘ ကို့အသိုင်းအ၀ိုင်းသူ့မိဘ သူ့အသိုင်းအ၀ိုင်းသာ
စပ်ဟပ် လို့ရရင်တော့ ကောင်းပြီးသားအောက်မေ့ပေတော့.။။။

အကြွင်း ၀ ။ ။ ရရင်တော့ မဟန်ပါဘူး။ကန်တော့ဆွမ်းပါပဲလို့။သူ့အချစ်နဲ့ ကို့နဲ့ မထိုက်တန်ပါဘူး။ဟိုမရှင်းဒီမရှင်း အရှုပ်ထုတ်ထဲ
ကို့ပါဆွဲသွင်းနေတာ။သူ့ကို သွားကြိုက်မိလို့ကတော့ ငါးပါးမှောက်ပြီ သာမှတ်။ရှေးစကားနဲ့ပြောတာမှတ်မိသေးတယ်
ဒူးနဲ့မျက်ရေသုတ်နေရမယ်။သူချစ်စကားကလဲ မဟန် ချစ်ရေးဆိုပုံကလည်းတစ်မျိုးနှင့် မညလမ၀ယ် မိန်းကလေးများဆိုရင်တော့..
တာ့တာ။ ပညာပါပါနဲ့သာ ဖယ်ထုတ်လိုက်ပါ။ယောင်လို့များသွားမတွဲနဲ့ ယူလို့လဲမကောင်း မယူမိရင်လဲ နောက်လိုက်နောင့်ယှက်
ဒုက္ခပေးပြီး အရှက်ခွဲမယ့် သူပေပဲ။အလိမ္မာလေးနဲ့ ငြင်းလိုက်ပါ။


ဒီနည်းက ချစ်ရေးဆိုချိန်ကို အဓိကထားပြီး ပြန်အဖြေမပေးခင် ချိန်ဆနိုင်အောင် ပေးထားတာပါ။ချစ်သူရှိပြီးသားလူတွေနဲ့ပတ်သတ်ပြီး
တွက်ကြည့်ချင်ရင် တစ်ဖက်လူကို့ချစ်စကားပြောခဲ့တဲ့အသက်နဲ့ချိန်ပြီးတွက်။ ရည်းစားမရှိသေးသူတွေကလည်းဘယ် အသက်မှာ
ဘယ်နာမည်မျိုးနဲကလူက အချစ်စစ်ကမ်းလှမ်းလာမယ်ဆိုတာ ဥာဏ်ကစားပြီးတွက်ကြည့်ပေါ့နော့်..။

သူငယ်ချင်းများအားလုံးကိုယ်ချစ်တဲ့လူနဲ့အေးချမ်းစွာအတူနေနိုင်ကြပါစေ.....

..

..
Free Explode Red - Handwriting Cursors at www.totallyfreecursors.com

လွတ်လပ်စွာပြောဆိုနိုင်ပါသည်..။

HTML Comment Box is loading comments...
လာရောက်လည်ပတ် ကျသည့် အတွက်ကျေးဇူး အထူးတင်ပါသည်ခင်ဗျာ။
Twitter Bird Gadget