Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu


စာပေမြို့ တော်သို့  လာရောက်ကြသူ အပေါင်း ကျန်းမာချမ်းသာ ကြပါစေလို့  ဆုမွန်ကောင်းတောင်းလိုက်ပါသည်ခင်ဗျာ...>>အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ...မန်ဘာဝင်ပြီးအားပေးနော်..။

စာပေမြို့တော်တွင် Member၀င်ရန်

Followers


စာလုံးပြောင်းရန်
အသေး ပုံမှန် +ကြီး ++ကြီး

Monday, April 29, 2013

ကိုယ့်ချစ်သူက သင့်ရဲ့ဖူးစာရှင် ဟုတ်မဟုတ် သိချင်ကြဘူးလား



ကိုယ့်ချစ်သူက သင့်ရဲ့ဖူးစာရှင် ဟုတ်မဟုတ် သိချင်ကြဘူးလား၊ နည်းကတော့ လွယ်လွယ်လေးပါ။ သင်ရယ်၊ သင့်ရဲ့
ချစ်သူမွေးနေ့သက္ကရာဇ် အားလုံးပေါင်းကြည့်၊ နောက်ဆုံး ရလာတဲ့ကိန်းတစ်လုံးကအဖြေပေါ့။ကဲအစမ်းလေးလုပ်ကြည့်
ရအောင်။ သင်က 23.4.1991 သင့်ချစ်သူက 14.7.1992 ဆိုပါစို့။

သင့်မွေးနေ့ + သင့်ချစ်သူမွေးနေ့ = အဖြေ
23 + 4 + 1991 + 14 + 7 + 1992 =4031

မွေးနေ့၂ခုပေါင်းထားတဲ့ အဖြေ
4 + 0 + 3 + 1 = 8
အဖြေက 8 ပေါ့။

ရှင်းပြီနော်။ ကဲ..တွက်ကြည့်ကြရအောင် ...

အဖြေ- ၁
(၁) ရတဲ့သူကတော့ သင်ဟာသူ့ကိုအသက်ပေးနိုင်လောက်အောင်ချစ်ပေမယ့် သူ့အတွက်ကတော့ ရည်းစားဟောင်း
ကပစ်သွားလို့ အသဲကွဲပြီးခဏလာနားတဲ့ Bus ကားမှတ်တိုင်လိုဖြစ်နေတာပါ။ သင်နဲ့အတူနေတဲ့အချိန်မှာ သူဟာပျော်
ရွှင်နေပေမယ့် အဲဒီပျော်ရွှင်ခြင်းက ဟိုမရောက်ဒီမရောက်နဲ့ဖြစ်နေတတ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ပွေရှုပ်တတ်တဲ့
သူ့အကျင့်က သင့်ထက်သာမယ့်သူကို အမြဲတမ်းရှာဖွေနေလို့ပဲဖြစ်တယ်။ဒါကြောင့် သူ့ရဲ့ နောက်ဆုံးအချစ်ဖြစ်ဖို့အခွင့်
အလမ်းဟာ မျောက်တစ်ကောင်သစ်ပင်ပေါ်ကပြုတ်ကျတာနဲ့ အတူတူလိုဖြစ်နေတာပါ။ နောင် Bus ကားအသစ်ဟာ
သူ့ဆီဆိုက်ကပ်လာခဲ့ရင် သူတစ်ခါတည်းပြေးတက်သွားဖို့ဝန်လေးမှာမဟုတ်သလို သင့်ကိုဘယ်လိုဖြစ်ပြီး ကျန်ခဲ့မှာ
လဲဆိုပြီး ခေါင်းပြန်စောင်းငဲ့ဖို့တောင်အချိန်ရှိမှာမဟုတ်ဘူး။

အဖြေ- ၂
(၂) ရတဲ့သူကတော့ သင်နဲ့သူဟာ ချစ်တော့ချစ်ကြပါတယ်။ ဒါပေမယ့် မုန်းတီးမှုနဲ့ပေါက်ဖွားလာတဲ့ချစ်ခြင်းဖြစ်တယ်။
တူတူနေခဲ့ရင်လည်း လက်ဝှေ့ပွဲကိုကြည့်နေရသလို နေ့စဉ်ထသတ်မှာအမှန်ပါပဲ။ အကျင့်တွေကလည်း တစ်ယောက်နဲ့
တစ်ယောက် မတူကြပါဘူး။ တစ်ယောက်ပြင်းလာရင် ကျန်တဲ့တစ်ယောက်ကလည်း အလျှော့ပေးမှာမဟုတ်ဘူး။
ဒါတောင်မှ သင်တို့မှာသုံးပွင့်ဆိုင်မရှိသေးဘူးနော်။ တစ်နေ့ကျရင် သူကခဏဝေးဝေးလောက် နေကြည့်ကြရအောင် လို့
ပြောလာခဲ့ရင်သင်သူ့ကိုနားလည်ပေးလိုက်ပါ။ သူကသင့်ကိုမချစ်တာမဟုတ်ပါဘူး။တစ်ယောက်ကိုတစ်ယောက် နားလည်
နိုင်တဲ့အချိန်တစ်ခုလောက်တော့ထားပေးလိုက်ကြပေါ့နော့...

အဖြေ- ၃
(၃) ရတဲ့သူက Yahoo! နောက်ဆုံးတော့လည်း သင်က အစစ်အမှန်ကိုတွေ့တာပဲလေ။ သင်တို့နှစ်ယောက်ရဲ့တွေ့
ဆုံခြင်းဟာ ရေစက်လို့ခေါ်လို့ရတယ်။ ဘာပဲဖြစ်ဖြစ်တူညီနေတာပဲ။ အကျင့်၊ အကြိုက်၊ ညစ်ပတ်ခြင်း၊ ပေါခြင်း၊ အရူး
ထခြင်းတွေပေါ့။ ဒါကြောင့် သူ့ကိုတွေ့တဲ့အချိန်ဆို ကိုယ့်ကိုယ်ကိုမှန်ကြည့်နေရသလိုပဲ။ သင်တို့အချစ်ဟာ ဘာအရ
သာမှမရှိပေမယ့် ခိုင်မြဲမှုရှိတာတော့အမှန်ပဲလေ။ ကြည့်လိုက်တာနဲ့နှလုံးသားထိမြင်ရတယ်ဆိုတာပေါ့။ အဲ..တစ်ခု
တော့ရှိတယ်။ သင်သတိထားရမှာက ကိုယ့်စိတ်ကိုယ်ပဲ၊ သင့်အတွက်သူဟာ ငြီးငွေ့စရာကောင်းနေတယ်။ ဒါကြောင့်
သင်ဟာ ဒီထက်ပိုကောင်းတဲ့အချစ်တွေကိုရှာဖွေနေတယ်။ နောက်ဆုံးတော့လည်း ဘယ်လူမှ သင့်ရဲ့အခုလိုအရသာ
မရှိတဲ့ ပေါရွှတ်ရွှတ်လူထက်ပိုပြီးကောင်းမှာမဟုတ်ဘူးဆိုတာသင်သိလိမ့်မယ်။ မသိနိုင်ဘူးလေ။ အဲဒီအချိန် ရောက်ခဲ့
ရင် နှောင်းချင်လည်းနှောင်းသွားမှာပေါ့။

အဖြေ- ၎
(၄) ရတဲ့သူက သင်နဲ့သူ့ရဲ့အချစ်ဟာ စေးကပ်ကပ်ကြီးလိုဖြစ်နေတယ်။ ဘယ်လို ခွာခွာ ခွာလို့မရတဲ့ပုံစံ၊ ဘဝကို
ဘယ်လိုဖြတ်သန်းရမှန်းမသိတဲ့ ပုံစံနဲ့တူနေတယ်။ သင်ကလည်း အိနြေ္ဒရှင်ပီသစွာနဲ့ သူ့ကိုချစ်တယ်လို့ ဖွင့်ပြောဖို့မရဲ
ဘူးဖြစ်နေတယ်။ ဒါကြောင့် ဟိုဖက်ကိုလည်းမသွား၊ ဒီဖက်ကိုလည်းမရောက်ဖြစ်နေတာပေါ့။ အကောင်းဆုံးကတော့
သင်တို့နှစ်ယောက်ခေါင်းချင်းဆိုင်ပြီး ပြဿနာကိုတူတူဖြေရှင်းကြတာအကောင်းဆုံးပဲလေ။ မဟုတ်ရင်တော့ သင်တို့ထဲ
ကတစ်ယောက်မဟုတ်တစ်ယောက်ဟာ အသစ်တွေ့ပြီး သင်တို့ရဲ့ဇာတ်လမ်းလေးက ဇာတ်သိမ်းသွားလိမ့်မယ်နော်။

အဖြေ- ၅

(၅) ရတဲ့သူက သင်နဲ့သူ့ရဲ့အချစ်က သွေးရဲရဲသံရဲရဲအချစ်ပေါ့။ဘာဂိုဏ်းညာဂိုဏ်းတွေ မာဖီးယားဂိုဏ်းတွေလိုက်ရင်း
အသက်လုပြီးဖြစ်ပေါ်လာတဲ့အချစ်စစ်။သင်တို့အချစ်လမ်းကြောင်းမှာ ဘယ်လောက်ပဲအန္တရာယ်ရှိပေမယ့် သင်တို့က
တစ်ယောက်နဲ့တစ်ယောက်ကိုနားလည်ပြီး နှလုံးသားအစစ်နဲ့အမှန်ချစ်တာဖြစ်တယ်။ သင်တို့နှစ်ယောက်က ခုချိန်မှာ
ချစ်သူအဆင့်တွေမဟုတ်တော့ပါဘူး။ နှစ်လွှာပေါင်းမှတစ်ရွက်ဆိုပြီးဖြစ်နေကြပါပြီ။ အသက်ပေးပြီးချစ်ကြတဲ့ သူတွေ
အဆင့် ရောက်နေကြပါပြီ။ သင်ဟာသူ့ရဲ့နောက်ဆုံးအချစ်မဟုတ်ဘူးလို့ မယုံသင်္ကာမဖြစပါနဲ့။ ဘာလို့လဲဆိုတော့ သူ
ဟာယုံကြည်နေပါပြီ။ သင်ဟာ ဘုရားကပေးလာတဲ့ ဖူးစာရှင်အစစ်လို့....။


အဖြေ- ၆
(၆) ရတဲ့သူက ခုချိန်တွေမှာ ဘာစားစားသကြားထည့်ဖို့တောငမလိုပါဘူး။ ဘာလို့လဲဆိုတော့ သင်တို့အချစ်ရဲ့ချိုမြိန်
ခြင်းက သကြားရဲ့အချိုဓာတ်ကိုတောင်ဝါးမြိုသွားလို့ဖြစ်တယ်။ ဒါပေမယ့်လည်း ဒီပျောရွှင်မှုဟာ မပြည့်စုံသေးဘူးလို့
သင်ခံစားရမယ်။ ရေမြောင်းပုပ်မှာ လရိပကိုမြင်ရသလိုပေါ့။ သင်ဟာ သင့်ချစ်သူနဲ့ ဒီလိုအမှတ်တရအချိန်လေးတွေကို
ဘယ်လောက်ကြာကြာခံစားရဦးမလဲဆိုတာ မသေချာသေးဘူး။သို့ပေမယ့်လည်း သင်ဟာ ခုချိန်မှာအရမ်းပျော်နေ
တယ်လို့တော့ ပြောနိုင်တယ်လေ။ အကယ်လို့သူ့ပြဿနာတစ်ခုခုရှိပြီး သင့်ကိုမသိစေချင်ရင်လည်း သင်က ဘာမှမသိ
သလိုနေမှာအသေအချာပဲ။ သင်ဟာသူ့ရဲ့နောက်ဆုံးအချစ်ဖြစ်ပြီလားလို့မေးရရင်တော့ သင့်ရဲ့အစွမ်းအစပေါ်မှာမူ
တည်ပါတယ်။ ပြီးတော့ သူ့ရဲ့ခိုင်မာမှုနဲ့လည်းဆိုင်တယ်လေ။ သူ့ရဲ့ပြဿနာကိုဖြေရှင်းနိုင်ရဲ့လားဆိုတာ...

အဖြေ- ၇
(၇) ရတဲ့သူက ဒီတစ်ယောက်ကသင့်ကိုအမြင်ရှင်းသွားအောင်လုပ်ပေးနိုင်စွမ်းရှိတယ်။ အနိမ့်စားလူတစ်ယောက်က
ဘယ်လိုလဲဆိုတာပေါ့၊ဘာဖြစ်လို့လဲဆိုတော့ အဲဒီသူနဲ့အတူပါလာတာက တစ်ကိုယ်ကောင်းဆန်စိတ်၊ ကိုယ့်ကိုယ်ကို
အထင်ကြီးမှု၊ အများကြီး အများကြီးပေါ့။ သင့်ကိုတစ်ခုခုကူညီလိုက်ရင် ကျေးဇူးအတင်ခံချင်တာကအရင်ပေါ့။
ကျေးဇူးမမေ့နဲ့၊ ကျေးဇူးမမေ့နဲ့ဆိုတာ သူ့ပါးစပ်ကပြောလာတဲ့စကားတွေပေါ့။ပွေလည်းပွေတယ်။ ကပ်စေးလည်းနဲ
တယ်။ ဆိုးသောအရသာမျိုးစုံနဲ့ပြည့်စုံနေတဲ့သူပေါ့။ သင်နဲ့ရည်းစားလာဖြစ်တာကလည်း အထွေအထူးမဟုတ်ပါဘူး။
super casanova ဆိုတဲ့ ဂုဏ်ထူးကြီးကြောင့်ပဲဖြစ်တယ်။သင်ဟာ ရုပ်မရှိရင်အဲဒီတစ်ယောက်က သင့်ကိုမျက်စောင်း
လေးတောင် ထိုးကြည့်မှာမဟုတ်ဘူး။ ပြီးတော့ သင်မသိသေးတဲ့ သူ့ရဲ့အတွဲပေါင်းများစွာကိုလည်း ဂိုဒေါင်ကြီးထဲ
ထည့်ထားရတဲ့အထိ၊ ဒါကြောင့် သူ့ရဲ့နောက်ဆုံးအချစ်ဖြစ်ခွင့်ကတော့ လုံးဝမမျှော်လင့်နေပါနဲ့တော့နော်။

အဖြေ- ၈

(၈) ရတဲ့သူက သူ့ရဲကနောက်ဆုံးအချစ်ဖြစ်ဖို့အခွင့်အရေးဟာ ၅ဝ% = ၅ဝ% ပါပဲ။ သင်တို့အချစ်ဟာကြာပြီး အားလုံး
နေရာကျနေပြီလေ။ တစ်ယောက်အကြောင်းကိုတစ်ယောက်သိနေပြီလေ။ ဒါကြောင့်အတူနေတဲ့အချိန်ဆို စိတ်ချမ်း
သာရတယ်။ အဲဒီစိတ်ချမ်းသာတာကချိုတာတွေ romatic တာတွေ မရှိတဲ့ခံစားချက်၊ သဝန်တိုခြင်း၊ လိုချင်တပ်မက်မှု
မရှိတဲ့အချစ်ဖြစ်နေပါတယ်။ ဒါကြောင့် သင်တို့အချစ်က သကြားပြတ်သွားတဲ့အချစ်နဲ့တူတယ်လေ။ သင်တို့နှစ်ယောက်
က တစ်ယောက်ကိုတစ်ယောက်သိကြမှာပါ။ တစ်ယောက်အပေါ်တစ်ယောက်ဘယ်လောက်နားလည်နိုင်စွမ်းရှိတယ်
ဆိုတာ သူ့အပြင်သင့်အပေါ်မှာနောက်ထပ်နားလည်နိုင်မယ့်သူလည်း ရှာလို့တွေ့တော့မှာမဟုတ်တော့ဘူးလေ...)


အဖြေ- ၉
(၉) ရတဲ့သူက အားရိုးရိုး...သင်တို့အချစ်ကိုနှိုင်းရရင်တော့နံနက်နေထွက်ချိန်နဲ့ ညနေနေဝင်ချိန်၊ ကောင်းကင်နဲ့မြေကြီး၊
သူချမ်းသာနဲ့သူဆင်းရဲ့၊ နတ်ပန်းနဲ့ ငရဲပန်း စတာတွေပေါ့။ ဒါကြောင့် သင်တို့အချစ်ကို သင်တို့ကိုယ်တိုင်တောင်
နားမလည်နိုင်ပဲဖြစ်နေရတယ်။နောက်ထပ် ဘာထူးဆန်းစရာတွေထပ်လာဦးမလဲဆိုပြီးတော့ သင်တို့နှစ်ယောက်ရဲ့
အချစ်အကြောင်းဟာ ဟာသတစ်ပုဒ်လိုပဲဖြစ်နေတယ်။သင်တို့နှစ်ဦးကလည်းသိနေတယ်လေ။ ကြာရှည်လက်တွဲလို့မရ
ဘူးဆိုတာပေါ့။ ခဏတစ်ဖြုတ်လေးလက်တွဲတာကလည်း ကိုယ့်ဘဝမှာရယ်စရာအမှတ်တရအဖြစ်ထားခဲ့ချင်လို့ပဲဖြစ်
တယ်။ သင်တို့နှစ်ဦးဟာအလွန်ခြားနားလွန်းလို့ တူတူသွားလို့မရဘူးဆိုပြီးတော့ပေါ့။ သင်တို့နှစ်ဦးလမ်းခွဲသွားခဲ့ရင်
လည်း သူငယ်ချင်းကောင်းတွေဆက်ဖြစ်ဦးမှာပါ။.....
ဆရာဇံဇာဏီရဲ့ တွက်နည်းပါ.....(ရဲတေဇကျော်)

လူနက္ခတ်၊နတ်နက္ခတ်၊ဘီလူးနက္ခတ်




မြန်မာမွေးသက္ကရာဇ်ကို (၃) နဲ့စားပါ။

(၁)-ကြွင်းရင်- နတ်နက္ခတ်။
(၂)-ကြွင်းရင်-လူနက္ခတ်။
(၀)-ကြွင်းရင်- ဘီလူးနက္ခတ်။

  ကိုယ့်ရဲ့ မြန်မာမွေးသက္ကရာဇ်ကို ကိုယ်ပြန်တွက်ကြည့်ပါ။ ကိုယ် ဘာနက္ခတ်လဲ ဆိုတာ။ စက္ကန့်ပိုင်းအတွင်း သိရပြီ ဟုတ်။

နက္ခတ်နဲ့ စရိုက်။

နတ်နက္ခတ်။
နတ်နက္ခတ်မွေးဖွားတဲ့ လူတွေဟာတဲ့ နှလုံးသား နူးညံ့ပျောပျောင်းတယ်။ သူတို့က အချော့ကြိုက်တယ်။ အလှအပ အနုအရွလေးတွေကို မြတ်နိုးတတ်တယ်။ ညင်ညင်သာသာ ဆက်ဆံတာကို ကြိုက်တယ်။ သူတို့ကို သွားပြီး ကြမ်းလို့ မရဘူး။ တိုးတိတ်ညင်သာစွာ ဆက်ဆံတာကို လိုချင်တယ်ဆိုတော့ သင် စဉ်းစားရမှာက သင်ဆက်ဆံရမယ့်လူက ဘာနက္ခတ်လဲပေါ့။ နတ်နက္ခတ်ဖြစ်နေပြီ ဆိုရင်တော့ ပထမဆုံး သင့်ရဲ့ အသံကို (၃)ပေါက်လောက်အထိ လျှော့ချပစ်ရမယ်။ လုံးဝ အသံလေးက နူးနူးညံ့ညံ့လေး။ ဟုတ်ပြီနော်။ သင်ပြောတဲ့ စကားသံလေးတွေ စကားလုံးလေးတွေက စပြီး သတိထားရတော့မယ်။ စကားလုံးလေးတွေက လည်း တကယ့်ကို အနုအရွလေးတွေနဲ့ ပြောရမယ်နော်။ အရေးကြီးတာက နတ်နက္ခတ်သမားကို သွားပြီး မအော်မိစေနဲ့နော်။ ဒါ အရေးကြီးဆုံးပဲ။

လူနက္ခတ်။
အဲ လာပြီ လူနက္ခတ်က တကယ့် ဆရာကြီးတွေ။ လူဆိုတော့ စဉ်းစား ဆင်ခြင်ညာဏ် များတယ်ပေါ့။ သူက ဘလိုင်းကြီး လက်မခံဘူး။ အကျိုးအကြောင်း ခိုင်ခိုင်လုံလုံနဲ့ ပြောမှ သူက လက်ခံတာ။ အသံအနေအထား ကတော့ပုံမှန်ဆိုရပြီ။ တိုးဖို့လဲ မလိုဘူး။ ကျယ်ဖို့လဲ မလိုဘူး။ အနေအထားကတော့ မတိုးမကျယ်ပေါ့။ ဒါပေမယ့် အရေးကြီးတာက ကိုယ် ဆက်ဆံနေရတဲ့ လူက လူနက္ခတ်ဆိုတာကို မမေ့နဲ့။ အဲဒီတော့ ကိုယ်ပြောရမှာက ဘလိုင်းကြီး သွားပြောလို့ သူက လက်မခံဘူး။ အကျိုးအကြောင်း ပြချက်တွေ ခိုင်လုံမှ သူက လက်ခံမှာ။ ဥပမာ ဆိုကြပါစို့။ ၂၀၁၂-ခုနှစ်မှာ ကမ္ဘာကြီးပျက်မယ်လို့ လုံးဝ သွားမပြောနဲ့။ သူက ခင်ဗျားစကားကို လုံးဝလက်ခံမှာ မဟုတ်ဘူး။ အခု အနေအထားက ဘယ်လိုဖြစ်နေတဲ့ အတွက်ကြောင့် အဲ.. ၂၀၁၂ ခုနှစ်ရောက်ရင် ကမ္ဘာကြီးက ပျက်မယ်လို့ ပြောကြတယ်။ ဘာညာပေါ့။ အဲဒီလို အကျိုးအကြောင်း ခိုင်ခိုင်လုံလုံနဲ့ ပြောမယ်ဆိုရင်တော့ သူက နားထောင်လိမ့်မယ်။


ဘီလူးနက္ခတ်။
ဘီလူးဆိုတဲ့အတိုင်း ခပ်ကြမ်းကြမ်းနဲ့ စရမယ်။ ကြားဖူးတယ် မမဟုတ်လား။ ဘီးလူးဆိုင်းတီးပြီး ၀င်လာတယ် ဆိုတာ။ ဘီလူးနက္ခတ်သမားတွေက သူတို့က ပြတ်သားမှကြိုက်တယ်။ သူတို့ကို သွားပြီး ဖွဲ့နွဲ့နေလို့ လုံးဝ မကြိုက်ဘူး။ နောက် အသံအနေအထား။ သူကတော့ ထုံးစံအတိုင်း (၇)သံချဉ်ပေါ့။ အသံကလည်း ကျယ်မှ ။ စကားကလည်း တိုတိုတောင်းတောင်း ပြတ်ပြတ်သားသားမှ ကြိုက်တာ။ ပျော့စိစိတော့ သွားမလုပ်နဲ့နော်။ သူက ခင်ဗျားကို အချောက်ထင်သွားလိမ့်မယ်။
         (ရဲတေဇကျော်)

မိမိဘာဖွားလဲသိပြီး....ဘာလဲမသိသူတွေအတွက်(ဗေဒင်)



ပုတိ ။........။
အရှုပ်အရှင်းအမျိုးမျိုးကို အမြဲတစေ ဖြေရှင်းနေရမယ်။ လုပ်သမျှအပေါ် အားမလိုအားမရ ဖြစ်မယ်။ ကိုယ့်စိတ်ကို ကိုမပိုင် ဆုပ်ကိုင်လို့ မရဖြစ်မယ်။ ကျန်းမာရေး ချို့တဲ့မယ်။ အနာရောဂါများမယ်။ တိတိကျကျ ပြောထားလုပ်ထားတဲ့ ကိစ္စတွေအားလုံး လုပ်လက်စနဲ့ ကျက်စီးကုန်မယ်။ရည်မှန်းထားတာတို့ ဖြစ်မလာတတ်ပါ။ ကပ်စေးနဲ့မယ်။ ဘယ်နေရာမှ မမြဲတတ်ပါ။ ဟိုယောင်ယောင် ဒီယောင်ယောင် ဖြစ်နေမယ်။ စိတ်အားငယ်စရာ ကိစ္စများ မကြာခဏ ကြုံတွေ့နေရမယ်။ လုပ်ရကိုင်ရတဲ့ အလုပ်တွေမှာ သတ္တိရှိမယောင်နဲ့ ကြောက်နေမယ်။ အတွက်အချက်တွေ မှားမယ်။ ရည်ရွယ်ချက် ကင်းမဲ့နေမယ်။ စိတ်သောက် ရောက်ပြီးမှ ကိစ္စတစ်ခု အောင်မြင်မယ်။

ဘင်္ဂ။......။
စိတ်နှလုံး ပူပန်ရတတ်တယ်။ ကျန်းမာရေး ချို့တဲ့မယ်။ စီးပွားဥစ္စာ တဖြည်းဖြည်း ပျက်လာတတ်တယ်။ ဥစ္စာဓန မခိုင်မြဲတတ်ပါ။ ထိတ်လန့် စိုးရိမ်နေတတ်တယ်။ ရင်ထဲမှာ မရှင်းမလင်း ဖြစ်နေမယ်။ ခပ်လွယ်လွယ် ကိစ္စလေး တွေအားလုံး ခက်ခဲနေမယ်။ ခပ်လွယ်လွယ် ကိစ္စတွေအားလုံး ခက်ခဲနေမယ်။ စိတ်ထဲ ညိုးမှိုင်းပြီး ဘာလုပ်ရမှန်း မသိ ဖြစ်နေမယ်။ စိတ်နှလုံးကို အစိုးမရ ဖြစ်နေမယ်။ မခိုင်မြဲတဲ့ လုပ်ငန်းတွေကို လုပ်မိမယ်။ ပြီးပြီးသား ပြဿနာတွေ ပြန်ပြီး အစပေါ်နေမယ်။ စိတ်ကို ဆောက်တည်ရာမရ ဖြစ်မယ်။ ခြိမ်းခြောက်ခံရမယ်။ ရန်ပြုခံရမယ်။ ရန်မူတတ်တယ်။


မရဏ။.......။
ဘယ်ဟာကို လုပ်လုပ် အများရဲ့ အဖျက်ခံရမယ်။ ကျန်းမာရေး ချို့တဲ့မယ်။ ချူချာနေမယ်။ ဘေးဥပ္ပါဒ် တစ်စုံတစ်ရာနဲ့ အမြဲတမ်းကြုံတွေ့မယ်။ ထိခိုက်မှု့များမယ်။ ထိခိုက်မှု့များမယ်။ မမျှော်လင့်ထားတဲ့ ထိတ်လန့် ချောက်ချားဖွယ်ရာ အန္တရာယ်တွေကို မကြာခဏ ကြုံတွေ့ရမယ်။ ကိုယ်နဲ့ ပါတ်သက်တဲ့ လူတွေအတွက် စိတ်ညစ်နေရမယ်။ ဘယ်ကိစ္စမဆို အမှားအယွင်းတွေ ရှိပြီး ကိုယ့်ရဲ့ တာဝန်မကင်း ဖြစ်နေမယ်။ ပျက်စီးလွယ်မယ်။ ဖြစ်လိုက်ရင် နလန်မထူနိုင်အောင် ဖြစ်မယ်။ အပူအပင်တစ်ခုက အမြဲတမ်း ကိုယ့်ဘ၀မှာ ၀င်တိုးနေလေ့မယ်။

အထွန်း။.......။
ရန်သူတွေအပေါ် အနိုင်ယူရမယ်။ သြဇာအာဏာရှိမယ်။ ထက်မြက်မယ်။ ထင်ပေါ်ကျော်ကြားမယ်။ ဘယ်ကိစ္စမဆို ထွန်းထွန်းကားကား ဖြစ်အောင် လုပ်နိုင်မယ်။ ဦးဆောင်မှု့ပေးနိုင်မယ်။ တက်ကြွမယ်။ လုပ်ချင်တဲ့ကိစ္စကို မအောင်မြင်မချင်း ဇွဲနဲ့ လုပ်နိုင်စွမ်းရှိတယ်။ အောင်မြင်မှု့ အနှစ်သာရကို ခံစားရမယ်။ ညာဏ်ပညာ ကြီးတယ်။ ရဲစွမ်းသတ္တိရှိတယ်။ ရတဲ့အခွင့်အရေးကို မှန်ကန်စွာ အသုံးပြုတတ်မယ်။ သတ္တိရှိတယ်။ စွန့်စားဝံ့တယ်။ ဘေးဥပ္ပါဒ် အန္တရာယ်ကင်းတယ်။ လုပ်ရဲကိုင်ရဲ လက်ရဲဇက်ရဲ ရှိတယ်။ ကတိတည်တယ်။ အမြဲတမ်း တစ်ခုခုကို လုပ်နေရမှ ကျေနပ်တယ်။ ပျော်ပျော်ပါးပါး အချိန်ကုန်လေ့ရှိမယ်။ အပေါင်းအသင်း ဆံ့တယ်။ မိတ်ဆွေပေါတယ်။

သိုက်။.......။
လုပ်ငန်းကြီးတွေ လုပ်တတ်တယ်။ အကြံကြီး ကြံတတ်တယ်။ ပိုင်မှ လုပ်တတ်မယ်။ တိကျခိုင်မာတဲ့ ရည်မှန်းချက်တွေ ရှမယ်။ အများတကာရဲ့ ကြည်ညိုမှု့ ရိုသေမှု့ ကိုးစားခံရမှု့ အမြော်အမြင်ကြီးမယ်။ အများချီးမြောက်ခံရမယ်။ ဘယ်ကိစ္စမဆို တလေးတစား လုပ်တတ်မယ်။ တည်ကြည်မယ်။ တက်ကြွမယ်။ ရိုးသားတယ်။ ပွင့်လင်းတယ်။ ခေါင်းဆောင်ကောင်း ပီသတယ်။ ချမ်းသာလွယ်တယ်။ အခွင့်အရေး ရလွယ်တယ်။ ကိစ္စတစ်ခု မြန်မြန်ဆန်ဆန် ပြီးတတ်မယ်။ ပြိုင်ဘက်တွေကို ပရိယာယ်ကြွယ်ဝစွာ အနိုင်ယူတတ်တယ်။ စိတ်မှတ်ကြီးတယ်။ စိတ်နှလုံးကောင်းတယ်။ အထင်ကြီးအောင် နေတတ်တယ်။ စကားပြောကောင်းတယ်။ ပတ်ဝန်းကျင်နဲ့ တည့်အောင်နေနိုင်အောင် ကြိုးစားမယ်။

ရာဇ။........။
အခွင့်အရေး ရလွယ်မယ်။ လူကြီးသူမရဲ့ လေးစားခြင်း အားကိုးခြင်းခံရမယ်။ ပြောတဲ့အတိုင်း မဖြစ်မနေ လုပ်ပေးတတ်တယ်။ ကတိတည်တယ်။ တက်ကြွတယ်။ ရိုးသားတယ်။ ပွင့်လင်းတယ်။ ဟန်ပန်မရှိတတ်ပါ။ ပီပြင်တဲ့ လုပ်ရပ်တွေကိုပဲ လုပအ်တတ်မယ်။ ဘယ်ကိစ္စမဆို စိတ်ရောကိုယ်ပါ လုပ်တတ်လို့ အောင်မြင်လွယ်တယ်။ ယုံကြည်ချက်ပျင်းထန်တယ်။ ရာထူးတက်လွယ်တယ်။ နေရာပေးခြင်း ခံရမယ်။ ကိုယ်ကျွမ်းကျင်တဲ့ အတတ်ညာနဲ့ ကောင်းစွာ ထွန်းကားမယ်။ မင်းရဲ့ ချီးမြောက်ခြင်း ခံရမယ်။ တပည့်တပန်းများမယ်။ လက်လွယ်မယ်။ မိတ်ဆွေကောင်း ပေါများမယ်။ ချစ်ခင်သူပေါ့မယ်။။ လုပ်တဲ့ လုပ်ငန်းပေးမှာ စေတနာထားမယ်။

အဓိပတိ။.......။
ပရိသတ်ရဲ့ အးပေးချီးမြောက်ခြင်း ခံရမယ်။ ကျော်ကြားလွယ်တယ်။ အနုပညာလုပ်ငန်းနဲ့ အကျိုးပေးတယ်။ စကားပြောခြင်း အတတ်ပညာနဲ့ ကောင်းစားမယ်။ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်နိုင်မယ်။ စကားပြောကောင်းမယ်။ ဆွဲဆောင်မှု့ ရှိတယ်။ စိတ်ကူးစိတ်သန်းကောင်းမယ်။ ဆုံးဖြတ်ချက် မှန်ကန်တယ်။ ပရိသတ်ရှိတယ်။ သီချင်းဆိုခြင်း ၊ ရုပ်ရှင်ရိုက်ခြင်း၊ အနုပညာလုပ်ခြင်းမှာ ထွန်းကားတယ်။ စိတ်ကူးယဉ်တယ်။။ လုပ်ရဲတယ်။ ၇ထားတဲ့နေရာမှာ အပိုင်လုပ်တတ်တယ်။ ကောင်းစားမယ်။ အောင်မြင်မယ်။အပူအပင်နည်းမယ်။ ပျော်ပျော်ပါးပါး နေတတ်မယ်။ သူများကို အားနာတတ်မယ်။ လုပ်ချင်တဲ့အလုပ်ကို ဇွတ်လုပ်နေမယ်။ ကိစ္စတစ်ခု မပြီးခင် နောက်တစ်ခု လုပ်လေ့ရှိမယ်။
့(ရဲတေဇကျော်)

Tuesday, April 23, 2013

# မြန်မာသက္ကရာဇ် (၁၃၇၅)ခုနှစ် (၇)ရက်သားသမီး ဟောကိန်းများ

myanmarthingyan (500 x 355).
မြန်မာသက္ကရာဇ် (၁၃၇၅)ခုအတွက် (၇)ရက်သားသမီးဗေဒင် လေးကို နှစ်ဆန်းတစ်ရက်နေ့ကတည်းက တင်ပေးချင်ပေမယ့် ရေးဖို့ မအားနိုင်တာကြောင့် ကနေ့မှ ရေးပေးလိုက်ရပါတယ်။
ဒါတောင်မှ တနင်္ဂနွေ ကနေ ဗုဒ္ဓဟူး အထိ (၄)နေ့သာ ရေးနိုင်ပါတယ်။ မနက်ဖြန်ကျမှ ကျန်(၄)နေ့ကို တင်ပေးနိုင်ပါတော့မယ်။
(၇)ရက်သားသမီးဗေဒင် ဟာ ယေဘူယျဟောကိန်း ဖြစ်ပေမယ့် တွက်နည်း (၄)(၅)မျိုး နဲ့ ညှိပြီး “မတူတာ ဖယ်၊ တူတာကို ယူ” ပြီး တွက်မှ လူတိုင်းလောက် နီးပါးနဲ့ အကျုံးဝင်မှာ ဖြစ်လို့ လူတစ်ယောက်ခြင်း တွက်တာထက် ပိုခက်ပါတယ်။ ပိုဦးနှောက်စားပါတယ်။ (သူများတွေ ဘယ်လိုတွက်လည်းတော့ မသိဘူး)။ ဒါကြောင့် ယနေ့ နေ့နံ(၄)ခု ရေးအပြီး ဦးနှောက်ပင်ပန်းသွားလို့ နားလိုက်ရပါတယ်။ ကျန်သူတွေ နောက်နေ့မှာ ဆက်ဆက်တင်ပေးပါမည်။
——————————————————————————————————–
.
## တနင်္ဂနွေ သားသမီးများ ကံဇာတာ
# အလုပ်/စီးပွား
ဒီနှစ်အတွက် တနင်္ဂနွေသားသမီးများ အလုပ်အကိုင် အခွင့်အလမ်းတွေ တိုးတက်ကောင်းမွန်နိုင်တဲ့ နှစ်ဖြစ်တယ်။ ရည်မှန်းချက်တွေ အောင်မြင်လာမယ်။ လူငယ်လူရွယ်တွေ ၊ လူလတ်ပိုင်း စီးပွားရေးသမားတွေအတွက် ကံကောင်းမွန်တဲ့ နှစ်ဖြစ်လိမ့်မယ်။ စပ်တူလုပ်ငန်း လုပ်ဖို့ အခွင့် အလမ်းတွေ ပေါ်ပေါက်တတ်ပြီး လုပ်ရင်လည်း အဆင်ပြေတိုးတက်ကိန်း ရှိပါတယ်။ အလုပ်အကိုင် အပြောင်းအလဲ လုပ်ချင်သူများအတွက် အပြောင်းအလဲဖြစ်နိုင်တဲ့ အခြေအနေမျိုး ရှိမယ်။ ဒီနှစ်မှာ အလုပ်အကိုင်အတွက် ကံကောင်းမှုတွေ များနိုင်ပေမယ့် အစစအရာရာ သတိရှိဖို့တော့ လိုမယ်။ အလောတကြီး အလျှင်စလို ပြုမူတာမျိုး မလုပ်သင့်ဘူး။ ချင့်ချင့်ချိန်ချိန် သတိထားလုပ်ဖို့တော့ လိုမယ်။ “အလှမ်းကျယ်လို့ အလယ်လပ်” တတ်တဲ့ အဖြစ်မျိုး ကြုံနိုင်တယ်။
# ငွေကြေး
ဒီနှစ်မှာ တနင်္ဂနွေ သားသမီးအတော်များများ ငွေကြေးကံ ကောင်းကြပါလိမ့်မယ်။ အလုပ်အကိုင်တိုးတက်ပြီး ၀င်ငွေကောင်းလာတာမျိုး ၊ မမျှော်လင့်တဲ့ ငွေကြေးလာဘ်လာဘ ၀င်လာတာမျိုးတွေ ရှိမယ်။ စိတ်ကူးစိတ်သန်းကောင်း ၊ အကြံကောင်းဉာဏ်ကောင်းတွေ ၊ တီထွင်ဖန်တီးမှုတွေကနေ ငွေကြေးဓနဥစ္စာ တိုးတက်လာကိန်းရှိတယ်။ ပြောရရင် တနင်္ဂနွေသားသမီးအတော်များများအတွက်တော့ ဒီနှစ်ဟာ ငွေကြေးအတွက် စိတ်မပူရမယ့် နှစ်လို့ ပြောနိုင်တယ်။
# ပညာရေး
ဒီနှစ်မှာ တနင်္ဂနွေ သားသမီးများအတွက် ပညာရေးကံ အသင့်အတင့်မျှသာ ကောင်းပါတယ်။ မိမိရည်မှန်းသလောက် ၊ ကြိုးစားသလောက်ဖြစ်ရန် အခွင့်အလမ်း နည်းပါတယ်။ ကံအားနည်းတော့ ဉာဏ်အား ၊ ၀ီရိယအား ကို ပိုမိုအလေးပေးကြိုးစားပါ။
# အချစ်
ဒီနှစ်ဟာ တနင်္ဂနွေ သားသမီးများအတွက် အချစ်ရေးကံ ကောင်းမွန်မှု ရှိမယ်။ ချစ်သူ မရှိသေးသူများ ၊ အချစ်ဟောင်းနဲ့ လမ်းခွဲလိုက်ရသူများအတွက် အချစ်သစ် တွေ့ရှိနိုင်တယ်။ အချစ်ရေး အဆင်မပြေဖြစ်နေသူများလည်း ပြန်လည်အဆင်ပြေကောင်းမွန်လာနိုင်တယ်။ ချစ်သူစုံတွဲများ လက်ထပ်ဖို့ အခြေအနေတွေ ဖြစ်ပေါ်လာမယ်။ ကောင်းမြတ်တဲ့ မင်္ဂလာအခန်းအနားတွေ နဲ့ လက်ထပ်ခွင့်ကြုံမယ်။
# မိသားစု/အိမ်တွင်းရေး
မိသားစု အိမ်တွင်းရေးနဲ့ ပတ်သက်ရင်တော့ ကံကြမ္မာ အညံ့ပြနေတယ်။ အိမ်ထောင်ရှင်တွေအတွက် တင်းမာတဲ့ အိမ်ထောင်ရေး အခြေအနေတွေ ကြုံနိုင်တယ်။ မိသားစုအတွင်း ကျန်းမာရေး နဲ့ ထိခိုက်အန္တရာယ်တွေ ဖြစ်နိုင်တယ်။ အိမ်ထောင်ဘက် တစ်ဦးနဲ့တစ်ဦး သံသယဖြစ်ဖွယ် ကိစ္စတွေ ၀င်ရောက်လာနိုင်တယ်။ သောကဖိစီးဖွယ်ရှိတယ်။ အိမ်ထောင်ရေးကိစ္စတွေမှာ Tension, Stress များရမယ့် နှစ်ဖြစ်ဖွယ် ရှိတယ်။
# ကျန်းမာရေး
ကျန်းမာရေး ညံ့ခြင်း ၊ ရောဂါဟောင်းပေါ်ခြင်း ၊ ရောဂါတိုးခြင်းများ ဖြစ်နိုင်တယ်။ ကျန်းမာရေး အထူးဂရုစိုက်ရမယ်။ ထိခိုက်ရှနာ ဒဏ်ရာရခြင်းများလည်း ဖြစ်နိုင်တယ်။ ဆေးရုံဆေးခန်းများ နှင့် ပတ်သက်ရဖွယ်ရှိတယ်။ အသက်ကြီးသူများ ကျန်းမာရေး ပိုဂရုစိုက်ရမယ်။ ဒီနှစ်ထဲမှာ အနားမယူဘဲ အလုပ်ကို ပြင်းပြင်းထန်ထန်လုပ်ခြင်း ၊ စိတ်ဖိအား နှင့် သောကများခြင်းများဟာ ကျန်းမာရေးကို ထိခိုက်စေမည့် အကြောင်း များဖြစ်တတ်လို့ အနားယူခြင်း ၊ အပန်းဖြေခရီးထွက်ခြင်း ၊ ၀ိပဿနာ ရှုမှတ်ခြင်းများဖြင့် ကျန်းမာရေးကို တိုးတက်ကောင်းမွန်စေနိုင်တယ်။
# အနှစ်ချုပ် ကံကြမ္မာ
တနင်္ဂနွေ သားသမီးများအတွက် ယခုနှစ် ကံကြမ္မာ အချုပ်ပြောရရင် အလုပ်အကိုင်၊ စီးပွားရေး ၊ ငွေရေးကြေးရေး ၊ အချစ်တွေမှာ ကံကောင်းတိုးတက်မှု များပါမယ်။ အိမ်တွင်းရေး ၊ ကျန်းမာရေးတွေမှာ သတိပြုရမယ်။ လူမျိုးခြား ၊ ဘာသာခြား ၊ လူအိုလူမင်း ၊ ကျန်းမာရေးမကောင်းသူများ အတွက် စိတ်ဒုက္ခရောက်စရာ ရှိတယ်။ မိသားစု ဆွေမျိုအရင်းအချာတွေထဲကနေ နာရေးကိစ္စတွေ ပေါ်တတ်တယ်။
ယတြာ
ယတြာ အားသန်သူများအတွက် ဒီနှစ်မှာ ဆေးရုံ ၊ ဆေးကုသမှု ၊ ဘိုးဘွားရိပ်သာတွေမှာ အလှူဒါန များများ လုပ်ပေးပါ။ အလွန်ဆင်းရဲ ဒုက္ခရောက်နေတဲ့ လူမျိုးဘာသာခြားတစ်ယောက်ကို စေတနာ အပြည့် နဲ့ လှူဒါန်း ကူညီလိုက်ပါ။ ဒီနှစ်ထဲမှာ အနက်ရောင်ကို လုံးဝ အသုံးမပြုပါနဲ့။ အနက်ရောင် “ခိုက်” မယ့် နှစ်ဖြစ်တယ်။ မိမိနေအိမ်ဘုရားမှာ “အုန်းထမင်း” မကြာခဏ ကပ်လှူပေးပါ။ “ကံ့ကော်ပန်း” “ကံ့ကော်ညွှန့်” မကြာခဏ ကပ်လှူပေးပါ။
.
## တနင်္လာ သားသမီးများ ကံဇာတာ
# အလုပ်/စီးပွား
တနင်္လာ သားသမီးများ ယခုနှစ်မှာ အလုပ်အကိုင် အပြောင်းအလဲ နှင့် အတူ အလုပ်နှစ်မျိုးနှစ်ခွ လုပ်ရခြင်း ၊ တာဝန်ကြီးများ ယူရခြင်း ၊ ကိုယ်ပင်ပန်း စိတ်ပင်ပန်းသော အလုပ်များကို လုပ်ရခြင်း ၊  အောက်ခြေသိမ်းအလုပ်များကိုပါ လိုက်လုပ်နေရခြင်းများ ကြုံရဖွယ် ရှိပါတယ်။ အလုပ်ခွင်အတွင်းမှာလည်း လုပ်ဖော်ကိုင်ဖက်များ နှင့် သဘောထားကွဲလွဲခြင်း ၊ မသင့်မတင့် ဖြစ်ခြင်းများ ဖြစ်နိုင်ပါတယ်။ သိပ်ကံဇာတာ ညံ့သူများမှာ လုပ်ဖော်ကိုင်ဖက်ရဲ့ သစ္စာဖောက်မှု ၊ အကောက်ကြံမှုများကို ခံရနိုင်ပါတယ်။ သို့သော် ယေဘူယျအားဖြင့်တော့ အခက်အခဲ ပြဿနာများ ကြားကဘဲ လုပ်ငန်း/စီးပွား တိုးတက်ရမယ့် ကိန်းတော့ ရှိပါတယ်။ အလုပ်အကိုင်အပြောင်း လုပ်လိုသူများ အလုပ်အပြောင်းအလဲ ဖြစ်ဖွယ် ရှိပါတယ်။ သို့မဟုတ် လက်ရှိအလုပ်အပြင် အခြားအလုပ်သစ်တစ်ခု ပူးတွဲ ထမ်းဆောင်ရဖွယ် ရှိပါတယ်။ မိမိအလုပ်အပေါ်မှာ မရိုးမသားပြုလုပ်ခဲ့သူများ ယခုနှစ် အလုပ်ပြုတ် ၊ အလုပ်ရပ်စဲ ခံရကိန်း ရှိပါတယ်။
# ငွေကြေး
ဒီနှစ် တနင်္လာသားသမီးများအတွက် ငွေကြေးကံကတော့ သိပ်မဆိုးပါဘူး။ ဒါပေမယ့် အချောင်တော့ မ၀င်တတ်ဘူး။ လူပင်ပန်းပြီးမှ ငွေဝင်တတ်သလို ၊ ငွေဝင်သလောက် လူပင်ပန်းမယ်။ ရန် ၊ အတိုက်အခံ ၊ အပြိုင်အဆိုင်နဲ့ ယှဉ်ပြီး ငွေရှာရတတ်တယ်။ ငွေဝင်များသလို ငွေထွက်လည်း များမယ်။ စုမိဆောင်းမိဖို့ ခက်တယ်။ ဘာဘဲဖြစ်ဖြစ် ငွေကြေးအကျပ်အတည်းတော့ မကြုံနိုင်ဘူးလို့ ယူဆပါတယ်။
# ပညာရေး
တနင်္လာ သားသမီးများအတွက် ယခုနှစ်ဟာ ပညာရေး တိုးတက်ကောင်းမွန်ပါမယ်။ ကြိုးစားသလောက် အောင်ပန်းဆွတ်ခူးနိုင်ပါမယ်။ ပညာရေးအတွက် မိသားစုအတွင်းမှာ ပျော်ရွှင်မှုများ ရရှိနိုင်ပါမယ်။ ပညာရေးအတွက် ဂုဏ်ယူနိုင်ပါလိမ့်မယ်။
# အချစ်
တနင်္လာသားသမီးများအတွက် ဒီနှစ်ဟာ အချစ်ရေးအတွက် ကံသိပ်မကောင်းနိုင်ပါ။ အချစ်ရေး ရှုပ်ထွေးမှု ၊ နာမည်ပျက်မှု ၊ မရိုးမဖြောင့် အလုပ်ခံရမှု တွေ ကြုံနိုင်တယ်။ မိမိကိုယ်တိုင်လည်း အချစ်ရေးမှာ စိတ်ကုန်ခမ်းမှု ဖြစ်နေတတ်တယ်။ ချစ်သူစုံတွဲများမှာလည်း အချစ်ရေး ပြဿနာတွေ မကြာခဏ ဖြစ်နေတတ်တယ်။ အချစ်ရေးအတွက် အမှုကိစ္စ ပွေလီရှုတ်ထွေးတတ်တယ်။ မလွတ်လပ်သောသူများနှင့် ညိစွန်းတတ်တယ်။ သိပ်မကောင်းပါ။
# မိသားစု/အိမ်တွင်းရေး
မိသားစု အိမ်တွင်းရေးအတွင်းမှာ အခက်အခဲ အကြပ်အတည်းတွေ ကြုံရတတ်တဲ့ နှစ်ဖြစ်နိုင်တယ်။ များသောအားဖြင့် မိသားစုကျန်းမာရေး ၊ ငွေရေးကြေးရေး သုံးစွဲမှု ၊ စိတ်သဘောထား မတိုက်ဆိုင်မှုများ ဖြစ်ဖွယ် ရှိတယ်။ သို့မဟုတ် မိသားစုများအတွင်း ခွဲခွာရမှု ၊ မယ်တစ်ရွာ မောင်တစ်မြို့ ဖြစ်ရမှု ကိစ္စများလည်း ဖြစ်နိုင်တယ်။ ယေဘူယျအားဖြင့်တော့ ဒီနှစ်မှာ တနင်္လာ သားသမီးများအတွက် အိမ်ထောင်ရေး အိမ်တွင်းရေး မသာယာမှု ၊ အထီးကျန်ဆန်မှုများ တွေ့ကြုံရနိုင်တဲ့ နှစ်ဖြစ်တယ်။
# ကျန်းမာရေး
တနင်္လာသားသမီးများမှာ ဒီနှစ် ကျန်းမာရေးပုံစံ နှစ်မျိုးတွေ့ရတယ်။ တစ်ခုက လုံးဝကျန်းမာနေသူများအတွက် ရုတ်တရက် နာမကျန်းဖြစ်တာ ၊ ထိခိုက်ဒဏ်ရာရတာ၊ ခွဲစိတ်ကုသခံရတာ မျိုးဖြစ်နိုင်တယ်။ နောက်တစ်ခုက နဂိုကတည်းက ကျန်းမာရေး မကောင်းဖြစ်နေသူများ ယခုနှစ်မှာ ဆရာကောင်း၊ ဆေးကောင်း တွေ့ပြီး ကျန်းမာရေးတိုးတက်ကောင်းမွန်လာတာမျိုးဖြစ်တယ်။ ကျန်းမာရေး ကောင်းသူအတွက် မကောင်း / ကျန်းမာရေး မကောင်းသူအတွက် ကောင်း ဆိုတာမျိုးလိုဖြစ်နေတယ်။ ဘာဘဲဖြစ်ဖြစ် သိပ်ဆိုးဆိုးဝါးဝါးတော့ မတွေ့ရပါဘူး။ ကျန်းမာရေး မကောင်းဖြစ်ရင်လည်း ကိုယ့်ကျန်းမာရေးကို တဖြည်းဖြည်းတည်ဆောက်ယူရင်းနဲ့ ပြန်ကျန်းမာလာပါလိမ့်မယ်။ ခွဲစိတ်ကုသဖို့ လိုအပ်ပေမယ့် နေ့ရွှေ့ညရွှေ့ ရွှေ့ဆိုင်းနေသူများ ယခုနှစ်မှာ ခွဲစိတ်ကုသမှု လုပ်ကိုလုပ်မှ ကျန်းမာရေး ကောင်းလာမှာ ဖြစ်ပါတယ်။
# အနှစ်ချုပ် ကံကြမ္မာ
တနင်္လာ သားသမီးများအတွက် နှစ်ချုပ်ကံကြမ္မာကို ပြောရရင်တော့ ဒီနှစ်ဟာ ကိုယ်ထင်သလို မဖြစ်ဘဲ မထင်မှတ်တာတွေ ဖြစ်တတ်တဲ့ နှစ်ဖြစ်တယ်။ ကိုယ်ထင်ထားတာ မျှော်လင့်ထားတာထက် ပိုပြီး အခက်အခဲများနိုင်တဲ့ နှစ်ဖြစ်တယ်။ တစ်နှစ်လုံး ကံကြမ္မာဟာ နိမ့်လိုက်မြင့်လိုက် ဖြစ်နေမယ်။ ဒီနှစ်ဟာ အရာရာကို ကိုယ့်စိတ်တိုင်းကျ လုပ်လို့မရဘူး။ ကံကြမ္မာအတိုင်း အလိုက်သင့် အလျားသင့် နေတတ်ဖို့လိုတယ်။ ကြံဆုံလာရတဲ့ အဖြစ်အပျက်တွေပေါ်မှာ လိမ္မာပါးနပ်ဖို့လိုတယ်။ ဒီနှစ်ထဲမှာ ငွေကြေးရရှိဖို့အတွက် မရိုးမသားပြုဖို့ မစဉ်းစားပါနဲ့။ အဲဒီ နောက်ဆက်တွဲအဖြစ် ဒုက္ခတွေ တသီကြီး လိုက်လာတတ်တယ်။ ဒီနှစ်ဟာ အရာရာကို ပါးနပ်လိမ္မာဖို့လိုတယ်။ “ညောင်သီးလည်းစား ၊ လေးသံလည်း နားထောင်” ရမယ့် နှစ်ဖြစ်တယ်။ ကိုယ် အနေတတ်ရင် ကံဆိုးမယ့် နှစ်မဟုတ်ပါ။
# ယတြာ
ယတြာ ပြုလုပ်လိုသူများအတွက် နာရေးကူညီမှု အသင်းများကို ငွေလှူဒါန်းပေးပါ။ အသက်ကြီးပြီး ဆင်းရဲဒုက္ခရောက်နေသူများကို ကူညီလှူဒါန်းပေးပါ။ တန်ခိုးကြီးဘုရားတစ်ဆူမှာ ရွှေသင်္ကန်း ကပ်လှူပူဇော် ပေးပါ။ (ကိုယ်စား လှုခိုင်းလျှင်လည်း ရပါသည်) ဒီနှစ်ထဲမှာ အနက်ရောင် ၊ နက်ပြာရောင်များကို မ၀တ်ဆင်ပါနဲ့။ နေအိမ်ဘုရားမှာ “ဒံပေါက်ဆွမ်း” မကြာခဏ ကပ်လှူပေးပါ။
.
## အင်္ဂါ သားသမီးများ ကံဇာတာ
# အလုပ်/စီးပွား
အင်္ဂါသားသမီးများအတွက် ယခုနှစ်ဟာ အလုပ်အကိုင် ၊ စီးပွားရေး အခြေအနေများ တိုးတက်ကောင်းမွန်နိုင်တဲ့ နှစ်ဖြစ်တယ်။ ၀န်ထမ်းများ ရာထူးတက်ခြင်း ၊ တာဝန်ကြီးများ ယူရခြင်းများ ကြုံရနိုင်တယ်။ အလုပ်နဲ့ ပတ်သက်ပြီး အပြိုင်အဆိုင် ၊ အတိုက်အခံများပေမယ့် သမာအာဇီဝကျတဲ့ လုပ်ငန်းမျိုးကို လုပ်ကိုင်နေသူများအတွက် အခက်အခဲ အားလုံးကို ကျော်လွှားနိုင်မယ်။ ကံဇာတာကောင်းတဲ့ အသက်ပိုင်း(သက္ခတ်)ထဲရောက်နေသူများ ဒီနှစ်ထဲမှာ “ဆရာကြီး” ဖြစ်မယ်။ နာမည်နဲ့လုပ်စားသူများ ဒီနှစ်ထဲမှာ “နာမည်ကြီးကိန်း” နဲ့ “နာမည်ပျက်ကိန်း” နှစ်ခုစလုံး ရှိတယ်။ သမာအာဇီဝမကျတဲ့ အလုပ်တွေကို လုပ်နေသူများ အလုပ်တွေနဲ့ အသက်မွေးနေသူများကျတော့ ယခုနှစ်မှာ အလုပ်အကိုင်အတွက် အမှုအခင်း ဖြစ်ဖို့ ကျိန်းသေသလောက်ပါဘဲ။ ဥပဒေအရ အရေးယူ ခံရကိန်း ရှိလိမ့်မယ်။ ဒီနှစ်ဟာ အင်္ဂါသားသမီးများအတွက် အလုပ် စင်ကြယ်လျှင် ကံကောင်းပြီး အလုပ် မစင်ကြယ်လျှင် ကံဆိုးနိုင်တဲ့ နှစ်ဖြစ်တယ်။
# ငွေကြေး
ငွေကြေးကံတော့ မညံ့ပါဘူး။ ဒါပေမယ့် အ၀င်/အထွက် များနေမယ်။ စီးပွားရေး လုပ်ငန်းကြီးများကို လုပ်နေသူများအတွက် ဒီနှစ်မှာ အလွန်အသားများတဲ့ လုပ်ငန်းကြီးတွေ လက်လွတ်ဆုံးရှုံးကိန်း ရှိတယ်။ လက်ထဲရောက်နေတဲ့ ၊ (ရောက်ပြီလို့ ထင်နေတဲ့) လုပ်ငန်းကြီးအတော်များများ စွန့်လွှတ်ရကိန်း ရှိတယ်။ သဒ္ဓါတရား ထက်သန်သူများကျပြန်တော့လည်း ဒီနှစ်မျိုးမှာ သိန်းပေါင်းများစွာ လှူဒါန်းမှုများကို ပြုလုပ်ခွင့် ကြုံမယ်။ သာမန် ၀န်ထမ်းများ နှင့် လုပ်ငန်းရှင် အသေးစားများအတွက်တော့ ပုံမှန်ဝင်နေပါလိမ့်မယ်။ ဒီနှစ်အတွက် ငွေကြေးပူပင်စရာလိုမည် မထင်ပါ။
# ပညာရေး
အင်္ဂါသားသမီးများ ယခုနှစ် ပညာရေး အောင်ပန်းကို ဆွတ်ခူးနိုင်ပါလိမ့်မယ်။ ဆုတံဆိပ်များ ရရှိခြင်းရဲ့ သင်္ကေတနှစ်ဖြစ်ပါတယ်။ ဘွဲ့ထူးဂုဏ်ထူးများဖြင့် ပညာရေးအောင်ပန်းကို ရရှိနိုင်ကြပါလိမ့်မယ်။
# အချစ်
အင်္ဂါသားသမီးများအတွက် ယခုနှစ်ဟာ အချစ်သစ် ၀င်ရောက်နိုင်တဲ့ နှစ်ဖြစ်ပေမယ့် ကံကောင်းတယ်လို့တော့ မဆိုနိုင်ပါ။ အချစ်ရေးကိစ္စတွေမှာ အကျဉ်းအကျပ် ကျနိုင်တယ်။ ရှေ့မတိုး နောက်မဆုတ်သာ အခြေအနေတွေ ကြုံနိုင်တယ်။ ဆုံးဖြတ်ရခက်တဲ့ အခြေအနေတွေ ကြုံနိုင်တယ်။ ရည်စားများတဲ့ သူများမှာ ဘယ်သူ့ကို အပြီးအပြတ်ရွေးရမလဲဆိုတဲ့ ပြဿနာ ကြုံနိုင်တယ်။ ဒါပမေယ့် များသောအားဖြင့်တော့ ရွေးချယ်မှု မှားတတ်ကြတယ်။ မိန်းမသားများမှာ အချစ်ရေးကံ ပိုညံ့တယ်။ သစ္စာဖောက်ခံရမှုမျိုး (ယောင်္ကျားလေးများထက်) ပိုကြုံရဖွယ် ရှိတယ်။ အချစ်ရေး အတွက် စိတ်ရှုတ်ရမယ့် နှစ်ဖြစ်တယ်။
# မိသားစု/အိမ်တွင်းရေး
အိမ်ထောင်မကျသေးတဲ့ သူများအတွက် အချစ်ရေး ကိစ္စတွေမှာ ပြဿနာ များနိုင်ပေမယ့် အိမ်ထောင်ရှင် မိသားစုများအတွက်တော့ ကံညံ့စရာ သိပ်မရှိပါဘူး။ ဒီနှစ် အိမ်ထောင်ရေး ၊ အိမ်တွင်းရေး ၊ မိသားစုအရေး အေးချမ်းဖို့ များပါတယ်။ မိသားစုအားလုံး ၀ိုင်းဝန်း လုပ်ကိုင်တဲ့ စီးပွားရေးလုပ်ငန်းတစ်ခုခု လုပ်ဖြစ်တတ်ပြီး အောင်လည်း အောင်မြင်တတ်တာကြောင့် စိတ်ချမ်းသာမှု ရတတ်ပါတယ်။ အခြား ကျန်းမာရေး ၊ လူမှုရေး ပြဿနာများလည်း အလွန်နည်းပါလိမ့်မယ်။
# ကျန်းမာရေး
ကျန်းမာရေးမှာ မတော်တဆ ထိခိုက်မှု ၊ သွေးထွက်သံယိုမှု ၊ မီး နှင့် လျှပ်စစ် အန္တရာယ် ဖြစ်မှုများ ကြုံတွေ့နိုင်ပေမယ့် ပြင်းထန်မှုတော့ မရှိနိုင်ပါ။ ဒီနှစ် အင်္ဂါ သားသမီးများ ယေဘူယျ ကျန်းမာရေး ကောင်းပါလိမ့်မယ်။ အနာရောဂါ စွဲကပ်နေသူများပင် ဆရာကောင်း ဆေးကောင်းတွေ့ပြီး ရောဂါ သက်သာရာ ကနေ လုံးဝပျောက်ကင်းသည်အထိ ဖြစ်နိုင်ပါတယ်။ မော်တော်ကား Accident ဖြစ်ဖွယ်ရှိတာကိုတော့ သတိထားပါ။
# အနှစ်ချုပ် ကံကြမ္မာ
အင်္ဂါသားသမီးများအတွက် ဒီနှစ်ကံကြမ္မာ အနှစ်ချုပ်ကတော့ လူကောင်းများမှာ ကံကောင်းတတ်ပြီး လူဆိုးများမှာ ကံဆိုးတတ်ပါတယ်။ (လူကောင်းဆိုတာ ကောင်းသော အသက်မွေးမှု ရှိပြီး သူများကို ဒုက္ခမပေးသူ ၊ လူဆိုးဆိုတာကတော့ မကောင်းသော အသက်မွေးမှုရှိပြီး သူများကို ဒုက္ခအမြဲပေးနေသူ)။ ကား Accident လို မတော်တဆ ဖြစ်မှု အသေးစားလေးတွေ ၊ ခွဲစိတ်မှု အသေးစားလေးတွေ ရှိနိုင်ပေမယ့် စိုးရိမ်စရာ မရှိနိုင်ပါ။ ထူးခြားချက်ကတော့ အင်္ဂါသားသမီးများ ဒီနှစ် အိုးအိမ်၊ တိုက်ခန်း (မြေမပါ) နဲ့ ပတ်သက်ပြီး ကံကောင်းတတ်ပါတယ်။ အိုးအိမ်ပိုင်ဆိုင်ခွင့် ရှိတတ်ပါတယ်။ ရာထူးတိုးရန် ကြန့်ကြာနေသူများ ရာထူးတိုးကိန်း ရှိပါတယ်။ ယေဘူယျပြောရရင် ဒီနှစ် အင်္ဂါသားသမီးတွေ ကံကောင်းမှု များပါလိမ့်မယ်)
# ယတြာ
ယတြာ ပြုလုပ်လိုသူများအတွက် ကျန်းမာရေးကောင်းသူများ “သွေး” လှူဒါန်းပေးပါ။ မီးဘေးသင့် သူများအတွက် အိုးအိမ်ဆောက်လုပ်လှူဒါန်းငွေများ လှူဒါန်းပေးပါ။ ဒီနှစ်ထဲမှာ မလိုအပ်ဘဲ စက်ပစ္စည်းအသစ် မ၀င်ပါစေနဲ့။ “စိန်” ထည် ၀တ်စားဆင်ယင်မှု မပြုပါနဲ့။ Accident ကြုံတတ်ပါတယ်။ စိတ်ကောင်းမွေးပါ။ သူတစ်ပါးကို “စိတ်” ဒုက္ခမပေးပါနဲ့။
.
# ဗုဒ္ဓဟူး သားသမီးများ ကံဇာတာ
# အလုပ်/စီးပွား
ဗုဒ္ဓဟူး သားသမီးများအတွက် ဒီနှစ်ဟာ အလုပ်/စီးပွားနှစ် လို့ ပြောလို့ရပါတယ်။ အလုပ်အကိုင်တွေ သိသိသာသာတိုးတက်ကောင်းမွန်မယ်။ အလုပ်သစ် အကိုင်သစ်တွေ တိုးချဲ့ရမယ်။ မိမိ လုပ်ကိုင်နေတဲ့ လုပ်ငန်းရဲ့ နာမည်ဂုဏ်သတင်း မွှေးပျံ့မယ်။ ကျော်ကြားမယ်။ အလုပ်စီးပွား တိုးတက်မယ် ဆိုတော့ လူပင်ပန်း စိတ်ပင်ပန်းရမှာတော့ ပြောစရာ မလိုတော့ဘူးပေါ့။ ဒါပေမယ့် ပင်ပန်းသလောက် အကျိုးခံစားရမယ်။ သက္ခတ်ကောင်းများအတွင်း ရောက်နေသူများကတော့ ဒီနှစ်ဟာ “ဘ၀မှတ်တိုင်” Turning Point ဖြစ်သွားနိုင် လောက်တဲ့ နှစ်ဖြစ်မယ်။ ကံကောင်းမှု ရှိနေပြီဆိုတော့ ဉာဏ် နဲ့ ၀ီရိယကို စိုက်ထုတ်ဖို့ဘဲ လိုပါတော့တယ်။
# ငွေကြေး
ဒီနှစ်ဟာ အလုပ်စီးပွားကောင်းသလို ငွေကြေးကံလည်း တိုးတက်ကောင်းမွန်မယ်။ ငွေစုငွေပုံ ၀င်ရောက်နိုင်တယ်။ ထီဝါသနာ ပါသူများ ထီပေါက်ကိန်း ရှိတယ်။ (၁)(၂)(၃)(၆) ဂဏန်း များများပါအောင် ထိုးပါ။ ငွေအ၀င်များသလို အထွက်လည်း များမယ်။ အိမ်ခြံမြေ ရင်းနှီးမြုတ်နှံထားသူများ ၎င်းရင်းနှီးမြုတ်နှံမှုများမှ အကျိုးအမြတ်ကြီးစွာ ရမယ်။ လူမှုဆက်ဆံရေး နယ်ပယ် ကျယ်ပြန့်သူများ ၊ နဂိုကတည်းက နာမည်ကြီးပြီးသား လုပ်ငန်းများ ငွေကြေးဝင်ရောက်မှု ပိုမိုများပြားမယ်။ ဒီနှစ်ဟာ သာမန် အလုပ်ဝင်စ လူငယ်များတောင်မှ ရာထူး၊ လစာတိုးတက်လွယ်တဲ့ နှစ်တနှစ်ဖြစ်လိမ့်မယ်။
# ပညာရေး
ဒီနှစ် ပညာရေးကံ အလွန်တိုးတက်ကောင်းမွန်ပါမယ်။ ဂုဏ်ထူးများ ခရက်ဒစ်များနှင့် အောင်မြင်နိုင်ပါတယ်။ ပညာရေးနဲ့ ပတ်သက်ရင် ကိုယ့်ထက် ညံ့သူများကို စိတ်ပါလက်ပါကူညီပါ။ ကိုယ်ပါ ကံတက်လာပြီး အောင်မြင်မှုတွေ ပိုရလာပါမယ်။
# အချစ်
ဒီနှစ်မှာ အချစ်ရေး ကိစ္စတွေမှာ လျှို့ဝှက်မှုတွေ အရှုပ်အထွေးတွေ ရှိမယ်။ အချစ်ရေးနဲ့ ပတ်သက်ပြီး စိတ်မချမ်းသာစရာ ကိစ္စတွေ ကြုံနိုင်တယ်။ မလွတ်လပ်သောသူများ ၊ အိမ်ထောင်ရှင်များနှင့် ညိစွန်းတတ်တယ်။ ဘာသာခြား ၊ လူမျိုးခြားများနှင့် ဖူးစာဆုံတတ်တယ်။ ဒီနှစ်ဟာ အချစ်ရေးကိစ္စတွေမှာ ငြိမ်ငြိမ်နေရင် ကောင်းတယ်။ ရှုတ်ထွေးမှု ပြုမယ်ဆိုရင်တော့အသည်းကွဲခြင်း (သို့) နာမည်ပျက်ခြင်းများနဲ့ အဆုံးသတ်ရလိမ့်မယ်။ ချစ်သူစုံတွဲများမှာလည်း အချစ်ရေးမှာ စိတ်ချမ်းသာမှု မရှိတတ်ကြပါ။
# မိသားစု/အိမ်တွင်းရေး
မိသားစု အိမ်တွင်းရေးကိစ္စတွေမှာ တာဝန်ဝတ္တရားတွေ ကြီးမားလာတတ်တယ်။ မိသားစုအတွက် အလုပ်တွေ ပိုကြိုးစားလာရတတ်တယ်။ မလိုလားအပ်တဲ့ တာဝန်တွေ (ဥပမာ- ဆွေမျိုးတာဝန်တွေ) ကြောင့်ပါ ပိုပြီး ၀န်ပိလာတတ်တယ်။ အေးအေးချမ်းချမ်း သက်တောင့် သက်သာ နေရမယ့် နှစ်မဟုတ်ပါ။ မိသားစု ၊ သားသမီး ၊ ဆွေမျိုးတွေရဲ့ တာဝန်တွေ အလွန်ကြီးမားတတ်ပါတယ်။
# ကျန်းမာရေး
ဒီနှစ်မှာ ကျန်းမာရေးတိုးတက်ကောင်းမွန်နေပါမယ်။ ရောဂါကြီးကြီးမားမား ဖြစ်စရာ မရှိပါ။ နဂို ရောဂါခံ ရှိသူများပင် ယခုနှစ်မှာ ကျန်းမာရေး တိုးတက်ကောင်းမွန်လာပါမယ်။ ဆရာကောင်း ဆေးကောင်း တွေ့ပြီး ကျန်းမာရေး တိုးတက်လာဖို့ ရှိပါတယ်။ ဒီနှစ်မှာ ကြင်နာသနားခြင်း ၊ မေတ္တာတရား ၊ အားနည်းသူတို့အား ကူညီခြင်း ၊ လှုဒါန်းပေးကမ်းခြင်း ၊ ခွင့်လွှတ်ခြင်း စိတ်ထားများကို များများမွေးပေးပါ။ ကျန်းမာရေး သိသိသာသာ အံ့သြဖွယ်ကောင်းလောက်အောင် တိုးတက်လာပါလိမ့်မယ်။
# အနှစ်ချုပ် ကံကြမ္မာ
ဗုဒ္ဓဟူး သားသမီးများရဲ့ ဒီနှစ် ကံကြမ္မာကတော့ သိသာစွာ တိုးတက်ကောင်းမွန်မှု ရှိပါမယ်။ အထူးသဖြင့် မနှစ်က အလွန်ကံညံ့ခဲ့ကြသူများ ယခုနှစ်မှာ ပိုပြီးသိသာစွာ ကံကောင်းမှုကို ခံစားရပါလိမ့်မယ်။ “လ ငပုပ်ဖမ်းရာကနေ လွတ်မြောက်လာသလိုမျိုး” လွတ်မြောက်မှု ရရှိလာပါလိမ့်မယ်။ ဒါပေမယ့် ဒီနှစ်ဟာ မိမိကိုယ်ကိုယ် ယုံကြည်မှုကို မြှင့်တင်ဖို့ လိုပါတယ်။ မိမိရဲ့ စိတ်ဓာတ်ခွန်အားကို မြှင်ပေးဖို့ လိုပါတယ်။ အလုပ်တွေများများ ပြီးမြောက်အောင် လုပ်ဆောင်ဖို့ လိုပါတယ်။ စိတ်ကောင်းတစ်ခု မွေးဖို့ လိုပါတယ်။ ဒါမှသာ ယခုနှစ်ရဲ့ ကံကောင်းမှုများကို လက်တွေ့ခံစားရပါလိမ့်မယ်။
# ယတြာ
ယတြာပြုလုပ်လိုသူများအတွက် ဆေးရုံ ၊ မိဘမဲ့ ဂေဟာ ၊ စာသင်ကျောင်း စတဲ့ လူမှုရေး ဆိုင်ရာ အဆောက်အဦများ ၊ သိမ် ၊ ဇရပ် ၊ ကျောင်း ဆောက်လုပ်ရာမှာ ပါဝင်လှူဒါန်းပေးပါ။ အိမ်ကဘုရားမှာ “ဆိတ်သားဟင်း” နဲ့ မကြာခဏ ဆွမ်းကပ်ပေးပါ။ စက္ခုအလင်းဒါနများမှာ ပါဝင်လှူဒါန်းပါ။
.
## ကြာသပတေး သားသမီးများ ကံဇာတာ # အလုပ်/စီးပွား
ဒီနှစ်ဟာ ကြာသပတေး သားသမီးများအတွက် မိမိလုပ်ငန်း ၊ မိမိဘ၀အခြေအနေတွေကို ပြန်လည် သုံးသပ်ရမယ့် နှစ်ဖြစ်တယ်။ များသောအားဖြင့် မနှစ်ကတော့ ကြာသပတေးသားသမီး အတော်များများဟာ ကံဇာတာ ကသောင်းကနင်းဖြစ်ခဲ့ကြတာ အတော်များတယ်။ ဒါကြောင့် ဒီနှစ်ဟာ မိမိရဲ့ လုပ်ငန်းနဲ့ စီးပွားရေး အခြေအနေတွေကို ပြန်လည် သုံးသပ်ခြင်း ၊ ပြုပြင်တည်ဆောက်ခြင်းများ ပြုရမည့် နှစ်ဖြစ်တယ်။
အခက်အခဲတွေကတော့ ရှိနေဦးမယ်။ အလုပ်လုပ်ရာမှာ နှေးကွေးကြန့်ကြမှုတွေ ၊ ပိတ်ပင်တားဆီးမှုတွေ ကြုံရဦးမယ်။ ဒါပေမယ့် စီးပွားရေးအခြေအနေတွေရဲ့ Trend ကတော့ အကောင်းဖက်ကို ဦးတည်နေပြီလို့ ဆိုနိုင်ပါပြီ။ သတိထားရဦးမှာက ဒီနှစ်ထဲမှာ ကြာသပတေးသားသမီးတွေအတွက် “စုတ်” အား (တနည်းအားဖြင့် လိင်ကိစ္စ)တွေ ရှုပ်ထွေးဝင်ရောက်မှုတွေ များပြားမယ့် အခြေအနေမျိုး ရှိနေပြီး ဒီကိစ္စဟာ အလုပ်စီးပွားအပေါ်မှာ အတိုင်းအတာတစ်ခုအထိ ထိခိုက်စေနိုင်မှာ ဖြစ်တယ်။ မိမိက အဲဒီဖက်မှာ အလေးပေးရင် ပေးသလောက် အလုပ်စီးပွားအပေါ်မှာ
ဆိုးကျိုးသက်ရောက်စေလိမ့်မယ်။ ဒါကြောင့် ဒီနှစ်မှာ ကြာသပတေးသားသမီးများအတွက် “စုတ်အား” နဲ့ “လာဘ်အား” နှစ်ခု အနက် တစ်ခုကို ရွေးချယ်ရမှာဖြစ်တယ်။ “စုတ်အား” ကို အလေးပေးလိုက်ရင်တော့
ဒီနှစ်မှာလည်း ကံဇာတာ တက်ဖို့ အလားအလာမရှိသေးဘူးလို့ဘဲ ပြောရမှာ ဖြစ်ပါတယ်။
# ငွေကြေး
ဒီနှစ်မှာ ကြာသပတေး သားသမီးတွေအတွက် ငွေကြေးကိစ္စမှာ အထူး(အထူး) သတိထားရမည့် နှစ်ဖြစ်တယ်။ ပုံမှန် ငွေကြေးဝင်ရောက်မှု အနေနဲ့ ပြဿနာ မရှိလှပေမယ့် စုဆောင်းထားတဲ့ငွေ ၊ သူများကို ချေးငှားထားတဲ့ငွေများအတွက် စိတ်ပူစရာ အခြေအနေရှိတယ်။ ငွေကြေးအမြောက်အများ ဆုံးရှုံးကိန်း ရှိတယ်။ သူခိုး၊ ဓါးပြ ၊ မီးဘေး စတဲ့ ရန်သူမျိုး(၅)ပါးကြောင့်ဖြစ်စေ ၊ မိမိ အယုံကြည်ရဆုံး သူက သစ္စာဖောက်လို့ဖြစ်စေ ၊ ငွေကြေးအမြောက်အမြား ဆုံးရှုံးနစ်နာဖွယ်ရှိတယ်။ အချို့ အလွန်ညံ့သော သက္ခတ်များအတွင်း ရောက်နေသူများမှာ ငွေကြေးအတွက် အသက်အန္တရာယ်ကိုတောင်မှ ဖြစ်စေနိုင်တာကို
အထူးသတိပြုရမယ်။ ဒါကြောင့် ဒီနှစ်မှာ ကြာသပတေးသားသမီးများအတွက် အထူးအကြံပေးလိုတာက သူများကို ငွေကြေးချေးငှားခြင်း ၊ လုပ်ငန်းသစ်များတွင် အစုရှယ်ယာဝင်ခြင်းများကို ရှောင်ကျဉ်သင့်တယ်။
သဘာဝ ဘေးအန္တရာယ်ကြောင့် ပျက်စီးမှု မရှိအောင် အကာအကွယ် ကြိုတင်လုပ်ထားသင့်တယ်။ ငွေကြေးနဲ့ ပတ်သက်ပြီး လူယုံသတ်တတ်တဲ့ နှစ်ဖြစ်တယ်။ ငွေကြေးနဲ့ ပတ်သက်ပြီး အမှုအခင်းဖြစ်တတ်တဲ့ နှစ်ဖြစ်တယ်။ ငွေကြေးပျက်စီး ဆုံးရှုံးတတ်ပေမယ့် ပုံမှန်ဝင်ငွေကိုတော့ ထိခိုက်ဖွယ် မရှိပါဘူး။ ၀င်ငွေ နည်းတဲ့နှစ်တော့ မဟုတ်နိုင်ဘူး။
# ပညာရေး
ကြာသပတေး သားသမီးများအတွက် ယခုနှစ်မှာ ပညာရေး အားမကောင်းလှဘူး။ စိတ်ဓာတ်လေလွင့်နေမယ်။ ပညာရေးဖက်ကို စိတ်ဝင်စားမှု နည်းနေမယ်။ အချို့ ပညာအရမ်းကြီးစားတဲ့ သူတွေ
ကျပြန်တော့လည်း မိမိကိုယ်ကို ယုံကြည်မှု နည်းနေပြီး မိမိအဆင့်ကျသွားမှာကို စိုးရိမ်ထိတ်လန့်နေမယ်။ ဒီနှစ်အတွက် ပညာသင်ကြားဆဲ မောင်မယ်များကို အကြံပေးလိုတာက ၀ိပဿနာလေးကို များများ
ရှုမှတ်ပေးပါ။ ပညာရေး တိုးတက်ကောင်းမွန်လာပါမယ်။
# အချစ်
ဒီနှစ်ဟာ စုတ်အားအလွန်ကောင်းတဲ့ နှစ်ဖြစ်လို့ အချစ်ရေးကိစ္စတွေ ၀င်ရောက်လာမယ်။ ချစ်သူမရှိသေးသူရော ၊ ရှိပြီးသူရောပါ အချစ်သစ်တွေ ထပ်ဝင်တတ်တယ်။ အဲဒီအတွက် ရှုတ်ထွေးပွေလီမှုတွေ များလာမယ်။ အစပိုင်းမှာ စိတ်ပျော်ရမလိုလိုနဲ့ နောက်ပိုင်း စိတ်ညစ်ရှုတ်ထွေးလာမယ်။ ချစ်သူရှိပြီးသူများ မိမိသစ္စာတရားကို ထိမ်းသိမ်းနိုင်ပြီး “စုတ်အား” ကို ကျောခိုင်းထားပါမှ ဒီနှစ်မှာ အချစ်ရေး ပြဿနာ
နည်းမယ်။ နဂိုကတည်းက အချစ်ရေး ရှုတ်ထွေးတတ်သူများအတွက် ဒီနှစ်မှာ အချစ်ရေး အရှုပ်ထုပ်ကြီးကို ဖြေရှင်းလို့ မပြီးနိုင်မယ့် နှစ်မျိုးဖြစ်တတ်တယ်။
# မိသားစု/အိမ်တွင်းရေး
မိသားစု အိမ်တွင်းရေးကတော့ ဒီနှစ်မှာ အိမ်ထောင်ဦးစီးက အဓိက အကျဆုံးဖြစ်နေပါတယ်။ သူ့ရဲ့ ကိုယ်ကျင့်တရား ၊ သမာဓိ ၊ မိသားစု စိတ်ဓာတ်များအပေါ်မှာ မူတည်ပြီး
အိမ်တွင်းရေး သာယာမှု မသာယာမှုများ ဖြစ်နိုင်ပါတယ်။ အဓိကကတော့ အထက်က ပြောခဲ့သလို “စုတ်” အားကောင်းတာကို ရှောင်နိုင်ရင် ဒီနှစ်အတွက် အိမ်ထောင်ရေး ပြဿနာ မရှိသလောက်ပါဘဲ။ အခြား
လူမှုရေး ၊ ကျန်းမာရေး ကိစ္စများလည်း အကောင်းဖက်ကို ပြနေပါတယ်။ အိမ်ထောင်ဦးစီးဖြစ်သူ ဇာတ်လမ်းမရှုပ်ရင် ဒီနှစ် မိသားစု နဲ့ အိမ်တွင်းရေး သာယာအဆင်ပြေပါလိမ့်မယ်။ (အချို့ မိသားစုတွေမှာ
မိန်းမဖြစ်သူက အိမ်ထောင်ဦးစီးဖြစ်နေတာလည်း ရှိတယ်နော်)
# ကျန်းမာရေး
ကျန်းမာရေး ရုတ်တရက် ရှောင်တခင် ဖြစ်တတ်ပါတယ်။ Accident ဖြစ်ခြင်း သတိထားပါ။ မီး ၊ လျှပ်စစ် ၊ ဒါး ၊ ချွန်ထက်သော အရာများ ကိုင်တွယ်ရာမှာ သတိထားပါ။ ပေါက်ကွဲ စေတတ် သော
ပစ္စည်းများရဲ့ အန္တရာယ် ရှိပါတယ်။ ဟိုရောဂါလိုလို ဒီရောဂါလိုလို ဖြစ်နေသူများ ယခုနှစ်မှာ မိမိရောဂါကို တိကျစွာသိအောင် ဆေးစစ်ခံယူပြီး ကုသပါ။ မဟုတ်ရင် “အပ်နဲ့ထွင်းရမယ့် ကိစ္စ ၊ ပုဆိန်နဲ့
ပေါက်ရတတ်ပါတယ်” ။ ခွဲစိတ်ကုသဖို့ လိုအပ်ရင် ခွဲစိတ်ကုသလိုက်ပါ။ ယခုနှစ်မှာ ခွဲစိတ်ကုသခံရဖို့ အခြေအနေများတတ်ပါတယ်။
# အနှစ်ချုပ်ကံကြမ္မာ
မနှစ်က ကြာသပတေးသားသမီး အတော်များများ ကံဇာတာ ညံ့ဖျင်းခဲ့ကြတာကို တွေ့ရပါတယ်။ ယခုနှစ်တော့ အကောင်းဖက်ကို ပြောင်းလဲလာပြီလားလို့ တွက်ကြည့်တော့လည်း
သိပ်အားရစရာ မရှိသေးပါဘူး။ အဓိကက ဒီနှစ်မှာ ငွေကြေးပြဿနာ နဲ့ ကျန်းမာရေး ပြဿနာ ပိုများမယ်။ လိင်ကိစ္စအရှုတ်အထွေးများသူ ပြဿနာ ပိုကြီးမယ်။ လိင်ကိစ္စကို ရှောင်နိုင်သူ ၊ အိမ်ထောင်ဘက်
အပေါ် သစ္စာတည်ကြည်သူများ အခက်အခဲနည်းမယ်။ လုံးဝလည်းလွတ်မြောက်နိုင်တယ်။ ဘာသာတရားများများ လုပ်ပြီး စိတ်ထားကို စင်ကြယ်အောင် နေပါ။
# ယတြာ
ယတြာပြုလိုသူများအတွက် ယခုနှစ်မှာ အိမ်ကဘုရားမှာ “စံပယ်ပန်း” ကို မကြာခဏ ကပ်လှူပေးပါ။ နောက်ပြီး အရွတ်အဖတ် ၀ါသနာပါရင် “မေတ္တာသုတ်” ကို နံနက်တစ်ကြိမ် ၊ ညတစ်ကြိမ် ရွတ်ဖတ်ပေးပါ။ ကိုယ်မရွတ်တတ်ရင် MP3 လေးနဲ့ ဖွင့်ဖွင့်ပေးပါ။ ယခုနှစ်မှာ နီညိုရောင် ၊ မီးခိုးရောင် ၊ နက်ပြာရောင် ၊ အ၀ါရောင်များကို လုံးဝမ၀တ်ဆင်ပါနဲ့။ ကံဇာတာ နိမ့်သွားတတ်တယ်။ ဒီနှစ်မှာ
ဘာအလုပ်ဘဲလုပ်လုပ် မေတ္တာနဲ့ စေတနာကို အရင်းခံလုပ်ပါ။ အခက်အခဲနည်းပြီး အဆင်ပြေလာပါမယ်။
.
## သောကြာ သားသမီးများ ကံဇာတာ # အလုပ်/စီးပွား
ယခုနှစ်အတွက် သောကြာသားသမီးများအတွက် အလုပ်/စီးပွားအခြေအနေများ တိုးတက်ကောင်းမွန်မယ့် နှစ်ဖြစ်တယ်။ မိမိအလုပ်အကိုင်ကနေ ငွေကြေး အမြတ်အစွန်း သိသာစွာ
တိုးတက်ရရှိမည့် နှစ်ဖြစ်နိုင်တယ်။ ၀န်ထမ်းများ ရာထူးတိုးတက်ခြင်းနှင့် အတူ လစာတိုးတက်ခြင်းပါ ရရှိခံစားနိုင်တယ်။ အချို့ သောကြာသားများ ယခုနှစ်မှာ အလုပ်သစ်အကိုင်သစ်တွေ
စတင်လုပ်ကိုင်နိုင်လိမ့်မယ်။ အလုပ်ကို အလွန် ဖိဖိစီးစီး လုပ်ရမယ့် နှစ်ဖြစ်တယ်။ အလုပ်ကိစ္စကို ဦးစားပေးလွန်းမှုကြောင့် အိမ်ထောင်ရေး ပဋိပက္ခနဲ့ မပြေလည်မှုလေးတွေ အနည်းငယ် ရှိနိုင်တယ်။ မိမိအလုပ်
နာမည် သတင်းကောင်း ၊ နာမည်ကောင်း ထွက်တတ်တဲ့ နှစ်မျိုးဖြစ်တယ်။ သို့သော် အလုပ်အပြိုင်အဆိုင်များရဲ့ အနှောင့်အယှက် ၊ နာမည်ဖျက်ကိန်းတွေ ရှိနေလို့ သတိတရားထားပြီး ပြောဆိုလုပ်ကိုင်ဖို့တော့
လိုလိမ့်မယ်။
# ငွေကြေး
ဒီနှစ် ငွေရေးကြေးရေးကံ ကောင်းတယ်ဆိုရမယ်။ ငွေကြေးဓနဥစ္စာနဲ့ ပတ်သက်ပြီး မိမိရည်မှန်းချက် များ အောင်မြင်နိုင်တယ်။ ငွေကြေးမြောက်များစွာ လှူဒါန်းပေးကမ်းနိုင်တဲ့ အခြေအနေမျိုးကို
ရရှိနိုင်မယ်။ ယခုနှစ်မှာ ငွေကြေးကို စနစ်တကျ စီမံခန့်ခွဲဖို့တော့လိုတယ်။ မလိုအပ်တဲ့ ငွေဖြုန်းတီးမှုမျိုးတွေ မဖြစ်သင့်ဘူး။ အကျိုးရှိတဲ့ လှူဒါန်းပေးကမ်းမှုများကို များများ ပြုလုပ်ပေးပါ။ အကျိုးကို မျှော်တာ
မဟုတ်ပေမယ့် ဒီနှစ်ဟာ “ဘယ်ဖက်က တစ်ဆုပ်ကြဲ၊ ညာဖက်က တစ်လှည်းဝင်” ဆိုတဲ့ ကံမျိုး ရှိတဲ့ နှစ်မျိုးဖြစ်လို့ လှူဒါန်းပေးကမ်းမှုကို များများလုပ်ပေးပါ။ ငွေကြေးကံ အလွန်မြင့်မားမည့် နှစ်ဖြစ်တယ်။ # ပညာရေး
ဒီနှစ်အတွက် သောကြာသားသမီးများအတွက် ပညာရေးကံ အလွန်ထွန်းတောက်နိုင်တဲ့ နှစ်မျိုးဖြစ်တယ်။ ကံကြမ္မာရဲ့ မျက်နှာသာပေးမှုကို များစွာ ရနိုင်တယ်။ ဉာဏ်ဝီရိယနဲ့ ပေါင်းလိုက်ရင်
အလွန်မြင့်မားတဲ့ ပညာရေး ရလဒ်တွေ ရလိမ့်မယ်။ စာမေးပွဲများကို ဂုဏ်ထူးများစွာ ၊ ခရက်ဒစ်များစွာနဲ့ အောင်မြင်နိုင်တယ်။
# အချစ်
အချစ်ရေးကိစ္စတော့ ကံမကောင်းပါ။ ဒီနှစ်ထဲမှာ အချစ်ရေးမှာ အရှုံးသမားဖြစ်ရမယ့် ကံ မျိုး ရှိနေတယ်။ ၀မ်းနည်းကြေကွဲစရာ ကိစ္စများ ကြုံရဖွယ် ရှိတယ်။ ကိုယ်တကယ်ချစ်ရသူရဲ့ လျစ်လျူရှုခံရမှု ၊ စွန့်ပယ်ခံရမှုများ ဖြစ်နိုင်တယ်။ အချစ်အတွက် နှလုံးသားကြေကွဲရမယ့် နှစ်ဖြစ်တယ်။ အချစ်ရေးကံ မကောင်းနိုင်ပါ။
# မိသားစု/အိမ်တွင်းရေး
မိသားစု နဲ့ အိမ်တွင်းရေး အခြေအနေမှာ တင်းမာမှုတွေ ဖြစ်နိုင်တယ်။ စိတ်သဘောထား မညီညွတ်မှုတွေ ဖြစ်နိုင်တယ်။ တစ်ယောက်နဲ့ တစ်ယောက် စိတ်သဘောထားခြင်း ညှိနှိုင်းမှု
မရှိရင် ၊ အလျှော့ပေးသင့်သလောက် မပေးရင်တော့ အိမ်ထောင်ရေး ပြဿနာကြီးတွေ ၀င်ရောက်နိုင်တယ်။ ဒါပေမယ့် ဒီနှစ်ရဲ့ ကံကြမ္မာက ညှိနှိုင်းယူလို့ ရတဲ့ ကံကြမ္မာရှိလို့ သိပ်တော့ အဆိုးကြီးမခေါ်နိုင်ပါဘူး။
အိမ်ထောင်ဦးစီးဖြစ်သူဟာ အလုပ်ကို ဦးစားပေးလွန်းပြီး မိသားစုအပေါ် ဂရုမစိုက်နိုင်ဖြစ်ရာက ပြဿနာ တွေ စလာနိုင်ပါတယ်။
# ကျန်းမာရေး
ကျန်းမာရေးကတော့ ဒီနှစ်မှာ အနည်းငယ် ညံ့မယ့် လက္ခဏာရှိပါတယ်။ ရောဂါအခံ ရှိသူ ၊ နာတာရှည် ရောဂါရှိသူများ သတိပြုပါ။ ရင်ဝမ်းကို ဥပဒ်ပေးတတ်တယ်။ အသည်းကိုလည်း
ဥပဒ်ပေးတတ်တယ်။ ခရီးသွားလာရင်း (သို့) ခရီးသွားလာရာမှ အပြန်မှာ ရုတ်တရက် နေမကောင်းဖြစ်တတ်တယ်။ ကျန်းမာရေး ဂရုစိုက်ရမယ့် နှစ်ဖြစ်တယ်။
# အနှစ်ချုပ်ကံကြမ္မာ
နှစ်ချုပ်ကံကြမ္မာအနေနဲ့ ပြောရရင် ဒီနှစ်မှာ သောကြာသားသမီး အတော်များများ ကံကောင်းမှုကို ခံစားရပါလိမ့်မယ်။ ငွေကြေးကံ ကောင်းသလို ၊ အလှူဒါနများကိုလည်း များများ ပြုလုပ်နိုင်ပါလိမ့်မယ်။ မိသားစုအပေါ်မှာ ပိုပြီး ဂရုစိုက်ပေးမယ်ဆိုရင် အိမ်တွင်းရေး အိမ်ထောင်ရေးလည်း အလွန်သာယာမှု ဖြစ်နိုင်ပါသေးတယ်။ မိတ်ကောင်းဆွေကောင်း ၊ မိတ်သစ်ဆွေသစ်တွေ တိုးပွားမယ်။
အကူအညီရမယ်။ စပ်တူလုပ်ငန်းများမှ အကျိုးအမြတ်များ ရရှိမယ်။ ဒါပေမယ့် ဒီနှစ်မျိုးဟာ “ရုပ်ပိုင်းဆိုင်ရာ” အခြေအနေတွေ တိုးတက်ကောင်းမွန်သလောက် “နာမ်ပိုင်းဆိုင်ရာအခြေအနေ” တွေ ဆုတ်ယုတ်
နေတတ်တယ်။ ဆိုလိုတာက ဒီနှစ် ငွေရှာမယ် ၊ ရတဲ့ငွေကို သုံးမယ် ၊ ပျော်မယ် ၊ ပါးမယ် ဆိုတဲ့ “ရုပ်ဝါဒီ ဆန်မှု” တွေ များနေပြီး “သီလ၊ ကိုယ်ကျင့်တရား ၊ ကြင်နာဂရုဏာ ၊ မေတ္တာ ၊ ကူညီစောင့်ရှောက်မှု ၊
ကိုယ်ခြင်းစာတရားတွေ” စတဲ့ လူသားဆန်တဲ့ စိတ်တွေ လျှော့နည်းနေတတ်တာကို သတိပြုရမယ်။ “ရုပ်ပိုင်း” နဲ့ “နာမ်ပိုင်း” နှစ်ခုကို မျှတအောင် ကျင့်ကြံဖို့လိုပါလိမ့်မယ်။
# ယတြာ
ယတြာပြုလုပ်လိုသူများအတွက် မိမိနေအိမ်ဘုရားမှာ “ဆိတ်သားနဲ့ ပဲဟင်း” ချက်ပြီး ကပ်လှူပေးပါ။ ပညာရေးဒါနတွေ များများလုပ်ပေးပါ။ သီလရှင်များကို လှူဒါန်းမှုများများ လုပ်ပေးပါ။ သီလရှင် စာသင်တိုက်များကို စာအုပ်စာရေးကရိယာများ နဲ့ “ဆန်” အိတ်များ လှူဒါန်းပေးပါ။ ဒီနှစ်တနှစ်လုံး “ဒံပေါက်ထမင်း” မတည့်ပါ။ စားပြီး ရုတ်တရက် ကျန်းမာရေးဖောက်လာတတ်လို့ သတိပြုပါ။
.
## စနေ သားသမီးများ ကံဇာတာ # အလုပ်/စီးပွား
ယခုနှစ်အတွက် စနေသားသမီးများအတွက် ယခုနှစ်ဟာ လုပ်ငန်းသစ် ၊ ဘ၀သစ် ၊ အခြေအနေသစ်များကို
တွေ့ကြုံရနိုင်တဲ့ နှစ်ဖြစ်တယ်။ မိမိလုပ်ငန်း နဲ့ ပတ်သက်ပြီး အင်အားကြီးမားတဲ့ ပြိုင်ဖက်များကို
ကြုံတွေ့နိုင်တယ်။ ဒါပေမယ့် မိမိရဲ့ ထက်မြက်တဲ့ စွမ်းအား ပရိယာယ်ကို အသုံးပြုပြီး အောင်မြင်အောင်လည်း
လုပ်နိုင်လိမ့်မယ်။ အလုပ်နေရာတစ်ခု ၊ အဆင့်အတန်းတစ်ခုအတွက် ပြိုင်ဘက်များ နဲ့
အကြိတ်အနယ်ယှဉ်ပြိုင်နေရသူများ ယခုနှစ်မှာ အားလုံးကို အပြတ်အသတ်ပြိုင်ဆိုင် နိုင်လိမ့်မယ်။
စနေသားများအတွက် ဘယ်လိုဘ၀အဆင့်အတန်း အလုပ်အကိုင်ရှိသူဖြစ်ဖြစ် ပြိုင်ဘက်ရှိပြီး အပြိုင်အဆိုင်
အကြိတ်အနယ် အလုပ်လုပ်ရမယ့် နှစ်ဖြစ်တယ်။ ဒါပေမယ့် အောင်မြင်ဖို့ အာမခံချက် ရှိပါတယ်။
# ငွေကြေး
ဒီနှစ် ငွေရေးကြေးရေးကံ ကတော့ “အထုပ်ကြီးအထည်ကြီး” ရနိုင်တဲ့ ကံရှိတယ်။ ပုံမှန်ဝင်ငွေ အပြင်
အခြားသော နည်းလမ်းများနဲ့လည်း ၀င်ငွေအစုအပုံရရှိနိုင်တယ်။ ထီပေါက်ခြင်း ၊ အမွေရခြင်း ၊ နှစ်ရှည်
ရင်းနှီးမြုတ်နှံမှုများမှ ပြန်လည်ငွေပေါ်ခြင်း စသည်လုပ်ငန်းများဖြင့် ငွေကြေးရရှိနိုင်တယ်။ အနုပညာရှင်များ
အနုပညာလုပ်ငန်းများဖြင့် ငွေကြေးအများအပြား ၀င်ရောက်နိုင်တယ်။ ဒါပေမယ့် ဒီနှစ်မှာ
ငွေကြေးအမြောက်အများ ၀င်ရင် အောက်ခြေမလွတ်ဖို့ ၊ အပျော်မကြူးဖို့တော့ လိုမယ်။ ငွေကြေးဝင်ရောက်မှုနဲ့
အတူ ဘေးဥပဒ် အန္တရာယ်ပါ အတူတွဲဖက်ဝင်ရောက်နိုင်ကိန်း ရှိနေတယ်။
# ပညာရေး
ဒီနှစ် စနေသားသမီးများ ပညာရေးကံ အလွန်တိုးတက်ကောင်းမွန်နိုင်တယ်။ ပညာရေးအတွက်
နာမည်ဂုဏ်သတင်း တိုးတက်ကျော်ကြားနိုင်တယ်။ မိသားစုအတွင်းမှာလည်း ပညာရေးအောင်မြင်မှုကြောင့်
ပျော်ရွှင်ဝမ်းမြောက်ကြရတတ်တယ်။
# အချစ်
စနေသားသမီးများအတွက် ယခုနှစ်မှာ အချစ်ရေး တိုးတက်ကောင်းမွန်နိုင်တယ်။ အချစ်သစ် ရှာဖွေနေသူများ
အချစ်သစ်နဲ့ ဆုံဆည်းနိုင်တယ်။ အချစ်ရေး ကံခေနေကြသူများ အချစ်ရေးကံ ကောင်းလာနိုင်တယ်။
စန်းပွင့်လာမယ်။ နှစ်ပေါင်းများစွာ အသည်းကွဲဝေဒနာ ခံစားနေရသူများ အချစ်စိတ်ကြောင့် ကိုယ်စိတ်နှစ်ပါး
ပြန်လည်လန်းဆန်းလာရတတ်တယ်။
# ကျန်းမာရေး
ဒီနှစ်မှာ စနေသားသမီးတွေ အထူး(အထူး) သတိထားရမှာကတော့ “ကျန်းမာရေး” ကိစ္စပါ။
ကျန်းမာရေးဘက်မှာ အလွန်ကံအားနည်းနေပါတယ်။ ကျန်းမာရေး ရုတ်တရက် ကျဆင်းသွားနိုင်တယ်။
မတော်တဆ ထိခိုက်နိုင်တယ်။ ဆေးရုံဆေးခန်းတွေကို တက်ရတတ်တယ်။ ဒီနှစ်အတွက် နာတာရှည်ရောဂါ
သည်များ ၊ ရောဂါအခံရှိသူများ ရောဂါတိုးတတ်ပါတယ်။ ဒီနှစ်မှာ အစားမှားခြင်း ၊ ဆေးမှားခြင်း ၊ ဆရာမှားခြင်း
များ အထူးသတိထားပါ။ အပေါင်းအသင်းမှားရာကနေ အပျော်အပါးများ လွန်ကျူးမိပြီး ကုမရတဲ့ ရောဂါကြီးများ
စွဲကပ်တတ်တယ်။ အထူးသတိထားရမှာ တစ်ခုက ဒီနှစ်မှာ မြန်မာနိုင်ငံမှာ မကြာခဏဖြစ်တတ်တဲ့ “ဆေးကုသမှု
မှားယွင်းမှု” မျိုး ဖြစ်ဖို့ အလွန်အားများလို့ မကျန်းမမာဖြစ်ရင် ဆရာအရွေးမမှားဖို့ သတိပြုပါ။
# အနှစ်ချုပ် ကံကြမ္မာ
ဒီနှစ်ဟာ စနေသားသမီးများအတွက် Struggle များမည့် နှစ်ဖြစ်တယ်။ ကိုယ့်လုပ်ငန်း အောင်မြင်ဖို့အတွက်
ရုန်းကန်တိုက်ခိုက်ရမှုများမယ်။ ဒါပေမယ့် အောင်မြင်ဖို့ ကံတရားလည်း ရှိတယ်။ ဒီနှစ်ထဲမှာ
သတိထားရမှာတွေက “ထီပေါက်ခြင်း” (သို့) “ထီပေါက်သလိုငွေစုငွေပုံဝင်ခြင်း” များ ကြုံလာရင်
ကုသိုလ်များများလုပ်ဖို့မမေ့ပါနဲ့။ နောက်ကနေ “ဘေးဥပဒ်တွေ ၊ အန္တရာယ်တွေ” လိုက်လာတတ်တယ်။
နောက်တစ်ခုက ကျန်းမာရေးကိစ္စဖြစ်လာရင် ဆရာမှား ဆေးမှားဖြစ်တတ်တယ်။ အဲဒါ(၂)ခုကို
အထူးဂရုစိုက်ရမယ်။ ကျန်တဲ့ ကိစ္စတွေကတော့ ပြဿနာ သိပ်မရှိပါ။
# ယတြာ
ယတြာပြုလုပ်လိုသူများအတွက် နာရေးကူညီမှု အသင်းများကို ငွေကြေးလှူဒါန်းပေးပါ။ အခမဲ့
ဆေးရုံဆေးခန်းများကို လှူဒါန်းပေးပါ။ ဘိုးဘွားရိပ်သာများကို ငွေကြေးလှူဒါန်းပေးပါ။ ဒီနှစ်ထဲမှာ လူမျိုးခြား ၊ ဘာသာခြား ဒုက္ခပေးတတ်လို့ ဆက်ဆံရေးပိုင်းမှာ သတိထား ဆက်ဆံပါ။ ဒီနှစ် အတွက် အနက်ရောင် နဲ့ နက်ပြာရောင်များကို လုံး၀၀တ်ဆင် အသုံးမပြုမိအောင် သတိထားပါ။
.
## ရာဟုသားသမီး (ဗုဒ္ဓဟူးနေ့မွန်းလွဲမွေး) သူများ ကံကြမ္မာ
# အလုပ်/စီးပွား ရာဟု သားသမီးများအတွက် ဒီနှစ်ဟာ “နွံအိုင်ထဲကနေ ကြာပန်းတစ်ပွင့် ပွင့်လန်းလာမယ့်နှစ်” တနှစ်လို့
ပြောလို့ရပါတယ်။ ကာလကြာရှည်စွာ အဆင်မပြေဖြစ်နေသူများ ဘ၀အခက်အခဲတွေ ကြားက အောင်မြင်မှု
“ရွှေကြာပန်း”ပွင့်လန်းလာရမယ့် နှစ်ဖြစ်ပါတယ်။အလုပ်အကိုင်တွေ သိသိသာသာတိုးတက်ကောင်းမွန်မယ်။
အလုပ်သစ် အကိုင်သစ်တွေ တိုးချဲ့ရမယ်။ မိမိ လုပ်ကိုင်နေတဲ့ လုပ်ငန်းရဲ့ နာမည်ဂုဏ်သတင်း မွှေးပျံ့မယ်။
ကျော်ကြားမယ်။ အလုပ်စီးပွား တိုးတက်မယ် ဆိုတော့ လူပင်ပန်း စိတ်ပင်ပန်းရမှာတော့ ပြောစရာ
မလိုတော့ဘူးပေါ့။ ဒါပေမယ့် ပင်ပန်းသလောက် အကျိုးခံစားရမယ်။ သက္ခတ်ကောင်းများအတွင်း
ရောက်နေသူများကတော့ ဒီနှစ်ဟာ “ဘ၀မှတ်တိုင်” Turning Point ဖြစ်သွားနိုင် လောက်တဲ့ နှစ်ဖြစ်မယ်။
ကံကောင်းမှု ရှိနေပြီဆိုတော့ ဉာဏ် နဲ့ ၀ီရိယကို စိုက်ထုတ်ဖို့ဘဲ လိုပါတော့တယ်။
# ငွေကြေး
ဒီနှစ်ဟာ ရာဟုသားသမီးများအတွက် ငွေကြေးကံကြမ္မာကတော့ ဗုဒ္ဓဟူး သားသမီးများလောက် မကောင်းပါ။
ငွေကြေး ရင်းနှီးမြုတ်နှံမှု ၊ သုံးစွဲမှုများနဲ့ ပတ်သက်ပြီး အမှားအယွင်းဖြစ်မှုလေးတွေ ရှိနိုင်တယ်။
လိမ်လည်လှည့်ဖြားခံရမှုများကြောင့် ငွေကြေး အချို့အ၀က် ဆုံးရှုံးနိုင်တယ်။ သတိထားဖို့ပါဘဲ။ သိပ်တော့
ဆိုးဆိုးဝါးဝါး မဟုတ်နိုင်ပါ။ စုဆောင်းမိနိုင်တဲ့ ကံကြမ္မာကတော့ ဗုဒ္ဓဟူးသားများလောက် မကောင်းတတ်ပါဘူး။
# ပညာရေး
ဒီနှစ် ရာဟုသားသမီးများရဲ့ ပညာရေးကံကတော့ ဗုဒ္ဓဟူး သားသမီးများထက်ပင် ပိုမိုအောင်မြင်နိုင်ပါတယ်။
အလွန်တောက်ပတဲ့ ပညာရေးကံကြမ္မာ ရှိပါတယ်။ ပညာရေးအတွက် နာမည်ကျော်ကြားကိန်း ရှိပါတယ်။
ငယ်ရွယ်သူ ပညာသင်ကြားနေသူများမှာ ပိုမိုကံကောင်းမှု ရရှိနိုင်ပါတယ်။
# အချစ်
ဒီနှစ်မှာ အချစ်ရေး ကိစ္စတွေမှာ ကံကောင်းမှုများပါမယ်။ လက်ထပ်ဖို့နှောင့်နှေးကြန့်ကြာနေတဲ့ စုံတွဲများမှာ
လက်ထပ်ဖြစ်ဖို့ ကံတရားများပါတယ်။ အချစ်ရေးနဲ့ပတ်သက်ပြီး ပျော်ရွှင်စွာ အဆုံးသတ်ရတဲ့
ကံကြမ္မာမျိုးရှိပါတယ်။ အချစ်ရေးကံကောင်းမှု များနိုင်တဲ့ နှစ်ဖြစ်ပါတယ်။
# မိသားစု/အိမ်တွင်းရေး
မိသားစု အိမ်တွင်းရေးတွေမှာလည်း ပျော်ရွှင်ချမ်းမြေ့မှုတွေ ရှိပါမယ်။ မိမိ မိသားစုအတွက် ဖြည့်ဆည်းပေးချင်တဲ့
ဆန္ဒတွေ ပြည့်ဝမယ့် နှစ်ဖြစ်ပါတယ်။ မိသားစုနဲ့ ကွဲကွာနေကြသူများ ပြန်လည်ပေါင်းစည်းဖို့ အခွင့်အရေးတွေ
ရှိပါတယ်။ ပျော်ရွှင်ဖွယ်ကောင်းတဲ့ မိသားစု အပျော်ခရီး (ပြည်တွင်း/နိုင်ငံခြား) ခရီးတွေ သွားရတတ်ပါတယ်။
မိသားစုအရေး ၊ အိမ်တွင်းရေးများ သာယာချမ်းမြေ့မယ့် နှစ်တနှစ်ဖြစ်ပါလိမ့်မယ်။
# ကျန်းမာရေး
ဒီနှစ်မှာကျန်းမာရေးတိုးတက် ကောင်းမွန် နေပါမယ်။ ရောဂါကြီးကြီး မားမား ဖြစ်စရာ မရှိပါ။ နဂို ရောဂါခံ
ရှိသူများပင် ယခုနှစ်မှာ ကျန်းမာရေး တိုးတက်ကောင်းမွန်လာပါမယ်။ ဆရာကောင်း ဆေးကောင်း တွေ့ပြီး
ကျန်းမာရေး တိုးတက်လာဖို့ ရှိပါတယ်။ ဒီနှစ်မှာ ကြင်နာသနားခြင်း ၊ မေတ္တာတရား ၊ အားနည်းသူတို့အား
ကူညီခြင်း ၊ လှုဒါန်းပေးကမ်းခြင်း ၊ ခွင့်လွှတ်ခြင်း စိတ်ထားများကို များများမွေးပေးပါ။ ကျန်းမာရေး
သိသိသာသာ အံ့သြဖွယ်ကောင်းလောက်အောင် တိုးတက်လာပါလိမ့်မယ်။
# အနှစ်ချုပ် ကံကြမ္မာ
ရာဟု သားသမီးများရဲ့ ဒီနှစ် ကံကြမ္မာကတော့ သိသာစွာ တိုးတက်ကောင်းမွန်မှု ရှိပါမယ်။ အထူးသဖြင့် မနှစ်က
အလွန်ကံညံ့ခဲ့ကြသူများ ယခုနှစ်မှာ ပိုပြီးသိသာစွာ ကံကောင်းမှုကို ခံစားရပါလိမ့်မယ်။
နေရောင်တောက်ပနေတဲ့ နေ့သစ်တစ်ခုကို အစပျိုးရသလိုမျိုး ဖြစ်ရမယ့် နှစ်မျိုးဖြစ်ပါတယ်။ နာမည်နဲ့
အသက်မွေးသူများ နာမည်အလွန်ကျော်ကြားကိန်း ရှိပါတယ်။ လူထုထောက်ခံမှုကို တခဲနက် ရနိုင်တာကြောင့်
နိုင်ငံရေး ၊ အနုပညာနဲ့ အသက်မွေးသူများအတွက် အလွန်ကံကောင်းနိုင်တဲ့ နှစ်ဖြစ်ပါတယ်။
# ယတြာ
ယတြာပြုလုပ်လိုသူများအတွက် ဆေးရုံ ၊ မိဘမဲ့ ဂေဟာ ၊ စာသင်ကျောင်း စတဲ့ လူမှုရေး ဆိုင်ရာ
အဆောက်အဦများ ၊ သိမ် ၊ ဇရပ် ၊ ကျောင်း ဆောက်လုပ်ရာမှာ ပါဝင်လှူဒါန်းပေးပါ။ အိမ်ကဘုရားမှာ
“ဆိတ်သားဟင်း” နဲ့ မကြာခဏ ဆွမ်းကပ်ပေးပါ။ ရေရှားပါးတဲ့အရပ်တွေမှာ ရေတွင်း ၊ ရေကန် ၊ စက်ရေတွင်း အလှူများမှာ ပါဝင်လှူဒါန်းနိုင်အောင် ကြိုးစားပါ။
.
(၇)ရက်သားသမီးအားလုံး မြန်မာနှစ်သစ်တွင် ဘေးဥပဒ်ကင်းပြီး ချမ်းသာခြင်းတို့နှင့် ပြည့်စုံနိုင်ကြပါစေသော်။
. ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူဗေဒ သုခုမ)

..

..
Free Explode Red - Handwriting Cursors at www.totallyfreecursors.com

လွတ်လပ်စွာပြောဆိုနိုင်ပါသည်..။

HTML Comment Box is loading comments...
လာရောက်လည်ပတ် ကျသည့် အတွက်ကျေးဇူး အထူးတင်ပါသည်ခင်ဗျာ။
Twitter Bird Gadget